တရုတ်သွင်းကုန်အပေါ် အခွန်တိုးမြှင့်စည်းကြပ်သည့် အမေရိကန်ကို ကန့်ကွက်ရှုတ်ချပြီး တန်ပြန် လုပ်ဆောင်သွားမည်ဟု တရုတ်သံရုံးပြောကြား

News Image

  • တရုတ်သွင်းကုန်အပေါ် အခွန်တိုးမြှင့်စည်းကြပ်သည့် အမေရိကန်ကို ကန့်ကွက်ရှုတ်ချပြီး တန်ပြန် လုပ်ဆောင်သွားမည်ဟု တရုတ်သံရုံးပြောကြား

တရုတ်သွင်းကုန်အပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်းတိုးမြှင့်လိုက်မှုကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံ အမျိုးသားစီးပွားရေးကာကွယ်ရန် လိုအပ်သောအစီအမံ တန်ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်ကမ္ဘာ့မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် အတက်ကြွဆုံးဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့်  ပြည်တွင်း fentanyl ပြဿနာကို အကြောင်းပြပြီး အခြားနိုင်ငံများအပေါ် ထင်တိုင်းကြဲ အခွန်တိုးမြှင့်ကောက်ခံနေမည့်အစား မိမိပြဿနာကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းဆောင်ရွက်သင့်ကြောင်း တရုတ်သံရုံးပြောခွင့်ရသူတစ်ဦးက TASS ကို ပြောပြ ထားပါသည်။ 

ဖေဖော်ဝါရီ ၁ ရက်(စနေနေ့)တွင် အမေရိကန်သမ္မတ Donald Trump သည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅% (ကနေဒါစွမ်းအင် အပေါ် ၁၀%) နှင့် တရုတ်နိုင်ငံအပေါ် ထပ်ဆောင်း အကောက်ခွန် ၁၀% ကောက်ခံရန် အစီအမံချမှတ်ခဲ့ သည်။ အဆိုပါအစီအမံများသည် ဖေဖော်ဝါရီ ၄ ရက်တွင် အသက်ဝင်လာမည်ဖြစ်သည်။

ကိုးကား-TASS