စစ်ကိုင်းမြို့နယ်အတွင်း၌ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ပြည်သူများ အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် မန္တလေးမြို့သို့ ဆက်သွယ်ထားသည့် ရတနာပုံမြစ်ကူးတံတားအနီးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်ကိုင်းမြို့ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများက မြို့ရွှာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့်အတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လှည့်ကင်းပတ်ကင်းများဆောင်ရွက်ခြင်း၊ လုံခြုံရေးအရစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။
Source: www.moi.gov.mm