သတင်းများ

ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်

နယူးယောက်  မေ ၂၆

ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက မေ ၂၅ ရက်တွင်ပြောကြားသည်။

အမေရိကန်နိုင်ငံ ဘီဒဗလျူအိတ်ချ် ဆေးရုံမှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီဖြည့်စွက်ဆေး နေ့စဉ်သုံးစွဲသူများ၌ မျိုးဗီဇ အခြေခံ မော်လီကျူး (DNA) ပျက်စီးမှု ပုံမှန်ထက် နည်းပါးကြောင်း သိရသည်။

မျိုးဗီဇအခြေခံ မော်လီကျူးများ ပျက်စီးမှုနှုန်းနည်းပါးမှုသည် ဇရာဝင်လာမှုအရှိန် နှေးကွေးသွားမှု လက္ခဏာဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ဖြည့်စွက်ဆေးများကို တစ်နေ့သုံးကြိမ် သောက်သုံးသူများ၌ မျိုးဗီဇအခြေခံမော်လီကျူး ပျက်စီးမှုနှုန်း ပုံမှန်ထက် နည်းပါးသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သို့ရာတွင် ဗီတာမင်ဒီကို အလွန်အကျွံစားသုံးပါက သွေးအတွင်း ကယ်လ်စီယမ်ဓာတ်စုစည်းမှု များပြားလာနိုင်ကြောင်း သုတေသနပညာရှင်များက သတိပေးထားသည်။

သွေးအတွင်း ကယ်လ်စီယမ်ဓာတ် စုသည်းမှု များပြားပါက ပျို့အန်ခြင်း၊ ကျောက်ကပ်၌ ကျောက်တည်ခြင်းများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တံတားဦးခရိုင်/ မြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက်နေ့၊ နံနက် (၁၀) နာရီက တံတားဦးမြို့နယ်ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကား ပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အစ ဇွန်လ(၂)ရက်နေ့မှစတင်ပြီး ကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းဖွင့်သည်နှင့် တစ်ပြိုင်နက် စာသင်နိုင်ရန် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးကို ကြိုတင်ဆောင်ရွက်ရန် အလွန် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှလည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မိဘများ ကျောင်းအပ်နှံမှု လွယ်ကူစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ထားပါကြောင်း၊ မိဘများကလည်း မိမိသား၊ သမီးပညာရေးအတွက် နောင်ရေးကောင်းစေရန် ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းသို့ လာရောက် အပ်နှံဖို့ လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ မိဘပြည်သူများအား (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG)သို့အပ်နှံရန်နှင့် (၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade- 1) သို့ အပ်နှံရန်လည်း အသိပေး ကြေညာထားပါကြောင်း၊ ကျောင်းအပ်နှံရာတွင် ငွေကြေးလုံးဝမကောက်ခံရန်နှင့် အခြေခံပညာရေးကဏ္ဍမှာ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ထားကြောင်း၊ ကျောင်းစတင်အပ်နှံသည့်  မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများကိုလည်း နိုင်ငံတော်မှ ကျောင်းဝတ်စုံ ၊ ခဲတံ ၊ ဘောပင် ၊ ဗလာစအုပ်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကိုလည်း ငွေကြေးကုန်ကျမှု လုံးဝမရှိရေးအတွက် အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည် ။

ထို့နောက် တံတားဦးမြို့ အထက ၊ တောင်ဘီလူ ကျောင်းသား/သူများက “ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံစို့” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိ သူများ၊ တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသည့် ထက် ၊ လယ် ၊ မူ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်း ဝတ်စုံများကို ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် ကျောင်းသား/သူများထံသို့ပေးအပ်ကြပြီး  အလက၊ မြို့မ ကျောင်းသား/ သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းပေးခဲ့ကြောင်းသိရသည်။

ပေးပို့သူ - ဦးရဲတင့်(ပြန်/ဆက်)

၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးပိုကယ်ဖလားကို စတုဂတ်အသင်း ဆွတ်ခူး

ဘာလင်   ‌မေ ၂၅

ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲအဖြစ် တတိယတန်းကလပ်ဘီလီဖီးအသင်းနှင့် ဘွန်ဒက်လီဂါကလပ် စတုဂတ်အသင်းတို့ကစားခဲ့ရာ စတုဂတ်အသင်းက လေးဂိုး နှစ်ဂိုးဖြင့် နိုင်ပွဲရခဲ့သဖြင့် ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပိုကယ်ဖလား ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

စတုဂတ်အသင်းသည် ဘီလီဖီးအသင်းကို တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့သဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့သော်လည်း ပွဲချိန် ၁၅ မိနစ်၊ ပွဲချိန် ၂၂ မိနစ်နှင့် ပွဲချိန် ၂၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန်တွင် ဘီလီဖီးအသင်းက ချေပဂိုးရရှိရေးလူစားလဲမှုများပြုလုပ်ခဲ့ရာ ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း စတုဂတ်ဂိုးသမား နူဘယ်လက်စွမ်းပြသနိုင်မှုကြောင့် ချေပဂိုးမရရှိခဲ့သည့်အပြင် ပွဲကစားချိန် ၆၆ မိနစ်အရောက်တွင် စတုဂတ်အသင်းကသာ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် စတုဂတ်အသင်းက ပြိုင်ပွဲကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သောကြောင့် ပွဲချိန် ၈၂ မိနစ်နှင့် ပွဲချိန် ၈၅ မိနစ်တို့တွင် ဘီလီဖီးအသင်းက ချေပဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် စတုဂတ်အသင်းက လေးဂိုး ဂိုးမရှိဖြင့် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

စတုဂတ်အသင်းသည် ၁၉၉၇ ခုနှစ်ကလည်း ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင် တတိယတန်း ကလပ် ကော့ဘက်စ်အသင်းနှင့် တွေ့ဆုံခဲ့ရာ နှစ်ဂိုးပြတ်ဖြင့် နိုင်ပွဲရယူ၍ ဆုဖလားရရှိခဲ့ပြီး နောက်ပိုင်း ပိုကယ်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲနှစ်ကြိမ်တက်ရောက်ခဲ့သော်လည်း ဒုတိယဖြင့်သာ ပြီးဆုံးခဲ့ကာ ၂၈ နှစ် အကြာမှသာ ပထမဆုံးချန်ပီယံဆုဖလား ပြန်လည်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းတွင် တစ်ပတ်အတွင်း Covid ကူးစက်ခံရသူ ၅၃, ဝဝဝ ကျော်ရှိဟုဆို

ထိုင်းနိုင်ငံတွင် မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်တာ ကာလအတွင်း Covid-19 ရောဂါကူးစက်မှု ၅၃,၅ဝဝ ကျော်ရှိခဲ့ပြီး ဘန်ကောက်မြို့တွင် အများဆုံးတွေ့ရှိရကြောင်း ထိုင်းအခြေစိုက် သတင်းများ၏ ဖော်ပြမှုအရ သိရသည်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၅၃,၅၆၃ ဦးရှိခဲ့သည်ဟု သိရပြီး ဘန်ကောက်တွင် ရောဂါပိုးတွေ့ရှိသူ ၉,၅၃၉ ဦးဖြင့် အများဆုံး ဖြစ်ကာ ချွန်ဘူရီတွင် (၃,၃၇၉ဦး) ၊ စမုပရာကန်တွင် (၂,၄၉၁ ဦး) ၊ နွန်ထဘူရီတွင် (၂,၂၇၈ ဦး) နှင့် ရယောင်းတွင် (၂,၂၁၀ ဦး) ဦးတို့ ပါဝင်သည် ဟု ဆိုသည်။ 

ထိုအထဲမှ ၅ ဦးသေဆုံးကာ ဆေးရုံတက်ရောက်ကုသခံရသူ ၂,၈၂၇ ဦးနှင့် ပြင်ပလူနာ ၅ဝ,၇၃၆ ဦးရှိကြောင်းနှင့် အဆိုပါ Covid-19 ရောဂါပိုး ကူးစက်ခံရသူများတွင် အသက် ၃ဝ-၃၉ နှစ်ကြားရှိ လူနာ ၁ဝ,၇၄ဝ ဦးဖြင့် အများဆုံးအုပ်စုဖြစ်ပြီး အသက် ၂ဝ-၂၉ နှစ်ကြား (၉,၅၂၇ ဦး) ၊ အသက် ၆ဝနှင့်အထက် (၈,၁၀၇ ဦး) နှင့် အသက်လေးနှစ်အောက် ကလေးငယ် (၄,၁၁၇) ဦးတို့ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

စမုပရာကန်တွင် Covid-19 ကူးစက်မှုများ မြင့်တက်လာမှုကြောင့် ဘန်ဖလီ ခရိုင်ရှိ Ratwinit Bangkaeo ကျောင်းကို မေလ ၂၆ ရက်နေ့ (တနင်္လာနေ့)မှ မေလ ၂၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)အထိ အွန်လိုင်း သင်ကြားရေး သို့ ပြောင်းလဲခဲ့သည်ဟု သိရပြီး ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ ထိုင်းတစ်နိုင်ငံလုံးတွင် ၂ဝ၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ Covid-19 ကူးစက်မှု ၁၈၆,၉၅၅ ဦးရှိခဲ့ပြီး ၄၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား- MHT

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီး များအား ပညာသင် ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်

တံတားဦး ၊ မေ - ၂၆

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများ အားပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်ပွဲကို မေလ ၂၆ ရက်နေ့၊ မွန်းလွဲ (၁) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်သည်။

ပညာသင်ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ဝန်ထမ်းမိသားစုများ၏ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းနှင့် တက္ကသိုလ်၊ ကောလိပ် အသီးသီးတို့၌ ပညာသင်ကြားကြမည့် မိသားစုဝင် သား ၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာ စာအုပ်များ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်းသည် တစ်ဘက်တစ်လမ်းမှ ပညာကိုချီးမြှောက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည့် သား၊ သမီးများအနေဖြင့် ပညာကို ဂရုတစိုက် လေ့လာသင်ပေးစေလိုကြောင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားပြောကြားသည် ။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အသီးသီးပေးအပ်ကြသည်။ တံတားဦး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန် အတွက် ကျောင်းသား/ သူ(၄)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း၊ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ သူ(၂)ဦးအား တစ်ဦးလျှင်  ထောက်ပံ့ငွေကျပ်(၆၀၀၀၀)၊ ဗလာစာအုပ်နှစ်ဒါဇင်၊ ဘောပင်(၆) ချောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀၀)၊ ဗလာစာအုပ် တစ်ဒါဇင်နှင့်ခြောက်အုပ် ၊ ဘောပင်(၃)ချောင်း ၊ မူလတန်းအဆင့် ကျောင်းသား/သူ(၈)ဦးအား တစ်ဦးလျှင်  ထောက်ပံ့ငွေကျပ်(၃၀၀၀၀)၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ခဲတံ(၃)ချောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင်သားသမီး စုစုပေါင်း(၁၈)ဦးအတွက် ပစ္စည်းတန်ဖိုးနှင့်ထောက်ပံ့ငွေစုစုပေါင်း ( ၁,၂၆၄,၈၀၀ )ကျပ် ဖြစ်ကြောင်း သိရသည် ။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

တံတားဦးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/ သူ စုစုပေါင်း (၇၂) ဦး ကျောင်းအပ်လက်ခံပြီးစီး

တံတားဦး ၊ ဇွန် - ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့်တွဲဖက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းအပ်လက်ခံ ဆောင်ရွက်ခြင်းကို ဇွန် ၂၂ ရက်နေ့နမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အထိ အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း (၇၂) ဦး လက်ခံပြီးစီးပြီဖြစ်ကြောင်းသိရသည် ။

တံတားဦးခရိုင်တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်ဖွင့်လှစ်ခဲ့ပါကြောင်း (၂၀၂၂-၂၀၂၃) ၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် (Grade-9) အောင်မြင် သူများ၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် (Grade-10) ‌အောင်မြင်သူများ(သို့မဟုတ်)ကျရှုံးသူများ(သို့မဟုတ်) ရပ်နားထားသူများ တက်ရောက်ပညာသင်ယူကြကြောင်းသိရသည်။ 

ယခုအခါ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းသို့ စက်မှုအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူသူ(၄၂)ဦး ၊ စိုက်ပျိုးရေး အထက်တန်း ကျောင်း တက်ရောက်ပညာသင်ယူသူ(၃)ဦး ၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူသူ (၂)ဦး ၊ စုစုပေါင်း(၇၂)ဦး ကျောင်းအပ်လက်ခံပြီးစီးပြီဖြစ်ကြောင်း  အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းသို့ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူများအား ဆရာ/မများက စာတွေ့၊ လက်တွေ့သင်ကြား ပို့ချသင်ကြားပေးနေပါကြောင်း အဆိုပါကျောင်းသို့ တက်ရောက်လိုသည့် ကျောင်းသား/ သူများအနေဖြင့်လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်ချက်

မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါ ရောဂါများကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသော်လည်း အဆိုပါ ရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

-   လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့် လက္ခဏာများ ရှိသူများ အနေဖြင့် မိမိမှအခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက်-

(က)   လူထူထပ်သောနေရာများသို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်း၊

(ခ)     ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊   ချောင်းဆိုးပါက လက်ကိုင်ပဝါ/ တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊

(ဂ)     ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ/ ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း။

-      တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်(Hand sanitizer)ဖြင့် မကြာခဏ စနစ်တကျဆေးကြောခြင်း၊

-    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေးသည့်အတွက် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်း။

ကျန်းမာရေးဝန်ကြီးဌာန

ယခုတွေ့ရှိနေရသော ကိုဗစ်ဗီဇပြောင်းပိုးများသည် ပြင်းထန်မှုမရှိသည့်အတွက် လွန်စွာစိုးရိမ်ရန် မလို

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ် သတင်းထုတ်ပြန်ခြင်းအား ဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်တွင် အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကြပ်မတ် ကုသမှုပေးရသော လူနာများ မရှိခြင်း၊ သေဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်း မျိုးကွဲများသည် XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါ ပိုးများဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှုမရှိကြောင်း၊ လက်ရှိ ထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါ ပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်ကြောင်း လည်း သိရသည်။

မိုးရာသီကာလ စိုစွတ်သည့် ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့် စောင့်ကြပ်ကြည့်ရှုရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

လက်ရှိတွင် ဦးစားပေးအုပ်စုများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းအား ဆက်လက်အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသန ဦးစီး ဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲ များဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

ထို့ကြောင့် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- NP News

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိသူများအတွက် Polytechnic Institute ဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေ

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်စေရန်အတွက် Polytechnic Institute ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၃ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်ရေး Polytechnic Instituteကိုလည်း ဖွင့်လှစ်ရန်စီစဉ် ဆောင်ရွက်လျက် ရှိပြီး ပထမနှစ်တက်ရောက်အောင်မြင်ပြီးပါက အသိအမှတ်ပြု လက်မှတ် Certificate ရရှိမည်ဖြစ်ကာ နောက်ထပ် နှစ်နှစ်တက်ရောက်အောင်မြင်ပြီးပါက ဒီပလိုမာဘွဲ့ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် Polytechnic University သို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် နည်းပညာ အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Polytechnic နည်းပညာများကို သင်ကြားခြင်းဖြင့် ထူးချွန် ထက်မြတ်သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ ပိုမိုပေါ်ထွက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ လုပ်ငန်းများကိုအောင်မြင်အောင် အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားသည်။

ကြက်ငှက်တုပ်ကွေးရောဂါက ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ ရုရှားထိပ်တန်း သုတေသန ပညာရှင် သတိပေး

H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကြောင်များတွင်ပါ ကူးစက်ပျံ့နှံ့လာလျက်ရှိပြီး ထိုမှတစ်ဆင့် လူသားများသို့ ရောဂါပိုးကူးစက်ပျံ့နှံ့လာ ကြောင်း၊ အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကမ္ဘာ့ကပ်ရောဂါအဖြစ်သို့ ပင်ရောက်ရှိလာနိုင်ကြောင်း ရုရှားနိုင်ငံ၏ ထိပ်တန်းသုတေသနဌာနဖြစ်သည့် ဂါမယ် လီယာသုတေသနဌာနမှူး အလက်ဇန်းဒါး ဂျင့်စဘာ့က သတိပေးထားသည်။

ထို့ကြောင့် တိရစ္ဆာန်များအချင်းချင်း သာမက လူသားများ အချင်းချင်းကြားမှာပါကူးစက်ပျံ့နှံ့လာနိုင်သည့် ထိုရောဂါပိုး ကိုကာကွယ်နိုင်ရေးအတွက် ကာကွယ် ဆေးကို အဆင့်တစ်နှင့်အဆင့်နှစ် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ကမ္ဘာ့ပထမဆုံးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik V ကို မှတ်ပုံတင်နိုင်ခဲ့သည့် အဆိုပါသုတေသနဌာနက ထုတ်ပြန်ထားသည်။

H5N1 ရောဂါပိုး၏မျိုးရိုးဗီဇပြောင်း ရောဂါပိုးက လေထဲမှတစ်ဆင့် လူအချင်းချင်းကူးစက်နိုင်စေကြောင်း၊ ထိုသို့ကူးစက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသည် ရေကျောက်ရောဂါဖြစ်ပွားမှု ထက်ပိုမိုပြင်းထန်နိုင်ကြောင်း   သုတေသနပညာရှင် ဂျင့်စဘာ့ကပြောသည်။

မေလအစောပိုင်းတွင် မာရီလန်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ဒေသတွင်းရှိကြောင်များတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုပမာဏမြင့်တက် လာနေကြောင်း၊ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကြောင်အကောင် ၆၀၀ တွင် ထိုရောဂါ ဖြစ်ပွားနေကြောင်းနှင့် သေဆုံးနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်ဟု ပြောထားသည်။ ကြောင်များသည် ရောဂါပိုးကူးစက်ခံထားရသော ကြက်ငှက်များ၊ မွေးမြူရေး ကြက်ဘဲအစိမ်းများ၊ ရောဂါကူးစက်ခံရသော ကျွဲ၊ နွားများ၏ နို့အစိမ်းများကို စားသောက်ခြင်းတို့ကြောင့် ရောဂါကူးစက်ခြင်းဖြစ်သည်။

Source: Myawady Web Portal