ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်

News Image

  • ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်

နယူးယောက်  မေ ၂၆

ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက မေ ၂၅ ရက်တွင်ပြောကြားသည်။

အမေရိကန်နိုင်ငံ ဘီဒဗလျူအိတ်ချ် ဆေးရုံမှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီဖြည့်စွက်ဆေး နေ့စဉ်သုံးစွဲသူများ၌ မျိုးဗီဇ အခြေခံ မော်လီကျူး (DNA) ပျက်စီးမှု ပုံမှန်ထက် နည်းပါးကြောင်း သိရသည်။

မျိုးဗီဇအခြေခံ မော်လီကျူးများ ပျက်စီးမှုနှုန်းနည်းပါးမှုသည် ဇရာဝင်လာမှုအရှိန် နှေးကွေးသွားမှု လက္ခဏာဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ဖြည့်စွက်ဆေးများကို တစ်နေ့သုံးကြိမ် သောက်သုံးသူများ၌ မျိုးဗီဇအခြေခံမော်လီကျူး ပျက်စီးမှုနှုန်း ပုံမှန်ထက် နည်းပါးသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သို့ရာတွင် ဗီတာမင်ဒီကို အလွန်အကျွံစားသုံးပါက သွေးအတွင်း ကယ်လ်စီယမ်ဓာတ်စုစည်းမှု များပြားလာနိုင်ကြောင်း သုတေသနပညာရှင်များက သတိပေးထားသည်။

သွေးအတွင်း ကယ်လ်စီယမ်ဓာတ် စုသည်းမှု များပြားပါက ပျို့အန်ခြင်း၊ ကျောက်ကပ်၌ ကျောက်တည်ခြင်းများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ