သတင်းများ

ဆေးယဉ်ပါး ဗက်တီးရီးယားပေါက်ပွားမှုကို အားပေးနေတဲ့ အဝတ်လျှော်စက်များ

အဝတ်လျှော်စက်တွေမှာ ပါဝင်တဲ့ ဇီဝဖလင်ပြားတွေမှာ ရောဂါဖြစ်ပွားစေတဲ့ပစ္စည်းများနဲ့ ဆေးယဉ်ပါးမှုကိုဖြစ်ပေါ်စေနိုင်တဲ့ မျိုးရိုးဗီဇများ ပါဝင်နေတယ်လို့ သုတေသနတစ်ခုမှာ ပညာရှင်များကဖော်ပြထားပါတယ်။ ဒီအချက်ဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ယူနီဖောင်းတွေကို နေအိမ်မှာလျှော်ခြင်းက အန္တရာယ်များနိုင်တယ် ဆိုတဲ့အချက်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ယူနီဖောင်းတွေကို နေအိမ်မှာရှိတဲ့ အဝတ်လျှော်စက်တွေမှာလျှော်ခြင်းက ဆေးရုံအတွင်း ဆေးယဉ်ပါး ကူးစက်မှုတွေကို ပိုမိုပျံ့နှံ့စေဖို့ ကူညီပေးတဲ့အတွက်ဖြစ်ပါတယ်။ အခုသုတေသနကို မွန့်ဖို့တက္ကသိုလ်မှ သုတေသနပညာရှင် ကေတီလာ့က ဦးဆောင်ပြုလုပ်ထားတာပါ။

ဆေးရုံနဲ့ဆက်စပ်နေတဲ့ ကူးစက်ရောဂါတွေဖြစ်ပွားမှုဟာ  ယနေ့အချိန်အခါမှာ ပြည်သူ့ကျန်းမာရေးအတွက်   တကယ့်ကိုစိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်အဖြစ် ပေါ်ထွန်းလာနေတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ သုတေသနပညာရှင်များက ဒီလိုမျိုးဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းကို ရှာဖွေရင်း အခုလိုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်တာဖြစ်တယ်လို့ PLOS One ဂျာနယ်က ဖော်ပြထားပါတယ်။

Source: https://myawady.net.mm/

သားအိမ်ခေါင်းကင်ဆာရောဂါကို နေအိမ်မှာပင် စစ်ဆေးနိုင်သည့် ကိရိယာတစ်မျိုး FDA ခွင့်ပြု

နယူးယောက်   မေ ၁၂

သားအိမ်ခေါင်းကင်ဆာရောဂါကို နေအိမ်မှာပင် စစ်ဆေးနိုင်မည့် ကိရိယာတစ်မျိုးကို အမေရိကန်အစိုးရ အစားအစာနှင့် ဆေးဝါးလုံခြုံရေးအေဂျင်စီ (FDA) က မေ ၉ ရက်တွင် ခွင့်ပြုပေးလိုက်ကြောင်း မေ ၁၁ ရက် သတင်းများအရ သိရသည်။

The Teal Wand ဟူ၍ အမည်ပေးထားသည့် အဆိုပါ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရေးကိရိယာကို အမေရိကန်နိုင်ငံအခြေစိုက် Teal World ဇီဝ နည်းပညာကုမ္ပဏီက ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။

The Teal Wand သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရေးကိရိယာသည် Human Papillomavirus (HPV) ခေါ် ဗိုင်းရပ်ကို စစ်ဆေးပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ရှာဖွေပေးနိုင်ကြောင်း သိရသည်။

အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရမှုအများစုမှာ HPV ဗိုင်းရပ်ကြောင့် ဖြစ်ပွားရသည့် ကင်ဆာရောဂါဖြစ်စဉ်များ ဖြစ်ကြကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

FDA ၏ ခွင့်ပြုချက်အရ The Teal Wand သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုကိရိယာကို သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေမြင့်မားသည့် အသက် ၂၅ နှစ်နှင့် ၆၅ နှစ်ကြားရှိသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်တွေ့ စမ်းသပ်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များအရ The Teal Wand ကိရိယာသည် သားအိမ်ခေါင်းကင်ဆာရောဂါကို ၉၆ ရာခိုင်နှုန်း တိကျစွာဖော်ထုတ်နိုင်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

အမြဲတမ်း သွေးတိုးနေသူများကို ကုသပေးနိုင်မယ့် နည်းလမ်းအသစ်တွေ့ရှိ

သိပ္ပံပညာရှင်များက အမြဲတမ်းသွေး တိုးနေသူများကို ၁၅ ပွိုင့်လောက်အထိ သွေးပေါင်ကျအောင် ကုသပေးနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို တွေ့ရှိထား တယ်လို့ သိရပါတယ်။

အခုတွေ့ရှိထားတဲ့နည်းလမ်းက ထိန်းချုပ်လို့ မရလောက်အောင် သွေးတိုးနေတဲ့သူတွေ ဒါမှမဟုတ် သွေးတိုးရောဂါကုထုံးကို ခံနိုင်ရည် ရှိသွားသူတွေအတွက် အဓိက ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ စမ်းသပ်နေတဲ့ ကုသနည်းအတွက်ဆေး တစ်မျိုးကတော့ lorundrostat ဖြစ်ပြီး မကြာသေးခင်က လုပ်ဆောင်တဲ့ လက်တွေ့စမ်းသပ်မှုမှာ ရလဒ်ကောင်းတွေကို ရရှိထားတာဖြစ်ပါတယ်။

ဒီလိုမျိုးရလဒ်ကောင်းနဲ့ စမ်းသပ်ချက်ကို ရရှိစေဖို့အတွက် အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆေးပေးခန်းများမှ သုတေသနမှာပါဝင်သူ ၂၈၅ ဦးက ကူညီပေးခဲ့တာပါ။

အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် လက်ရှိအမေရိကန်နိုင်ငံ တစ်ဝန်းရှိ လူပေါင်း သန်း ၁၂၀ လောက်က သွေးတိုးရောဂါ ဖြစ်ပွားနေပါတယ်။  

၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံပြိုင်ပွဲများပြုလုပ်၊ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) နှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းများမှ ထူးချွန်ဆုရ သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါ ပျံသန်း

တပ်မတော်(ရေ)က ၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၂ ရက်တွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံ ရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လှေလှော်ရွက် တိုက်ပြိုင်ပွဲများကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်း

တပ်မတော်(ရေ)က ၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၂ ရက်တွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံ ရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လှေလှော်ရွက် တိုက်ပြိုင်ပွဲများကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်း အုပ်ချုပ်သူများက တက်ရောက် ကြည့်ရှုအားပေးကြသည်။

ထို့နောက် သင်တန်းအလိုက် လက်ရိုက်အလံအချက်ပြပို့ / ဖမ်းခြင်း လက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်လှေဝမ်းပြား မီတာ (၅ဝဝ) ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲတို့အား နေပြည်တော် စခန်းတန်းခွဲ (၁) ၊ နေပြည်တော်စခန်းတန်းခွဲ (၂) ၊ အင်းယားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခုတို့မှ သင်တန်းသား၊ သင်တန်းသူများက အသင်းလိုက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါ ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း၊ အမှတ်စဉ် (၁/၂ဝ၂၅) ကို သင်တန်းစခန်း ၁၁ ခုတွင် သင်တန်းသား၊ သင်တန်းသူ (၈ဝဝ) ဦးဖြင့် ဧပြီလ ၂၂ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အလားတူ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်း များမှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများကျင်းပရန်၊ လေ့လာရေး ခရီးစဉ်များ ဆောင်ရွက်ရန်၊ စုပေါင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရန်နှင့် တပ်မတော်အကြီးအကဲ၏ ဩဝါဒခံယူရန်အတွက် မေ ၁၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိကြသည်။

အဆိုပါသင်တန်းသားများအနက် သင်တန်းစခန်းအလိုက်မှ ထူးချွန်ဆုရ သင်တန်းသားများသည် မေ ၁၂ ရက်တွင် နေပြည်တော်လေတပ်စခန်း၌ လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါမပျံသန်းမီ အထွေထွေကျန်းမာရေးစစ်ဆေးခြင်းနှင့် ကြိုတင်လေ့ကျင့်သင်ကြားဆွေးနွေးခြင်းများဆောင်ရွက်ပြီး လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ အမောင်းသင် လေယာဉ်/ ရဟတ်ယာဉ်များအား လက်တွေ့ လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုးကား- MNP

နေပြည်တော် မေ ၁၁

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကဆုန်ညောင်ရေ သွန်းပွဲတော်တွင်ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ် ခေါ်ဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများသည် သတ်မှတ်ထားသည့် နေရာများအလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်တော်မူကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ညောင်ရေသွန်းလောင်းပူဇော်

ယင်းနောက် ဝတ်အသင်းအဖွဲ့များအလိုက်ယောဂီများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြား၍ ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အလားတူ ဇေယျာသီရိမြို့နယ် လောကချမ်းသာ ဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်မိသားစုများက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

“ဗုဒ္ဓနေ့”ဟု သတ်မှတ်

အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြား တော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထ မင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ယင်းနေ့များသည် ကဆုန်လပြည့်နေ့များတွင်ပင်ဖြစ်သဖြင့် “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထားကာ ကျင်းပပူဇော်လေ့ရှိကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမ မြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညုမြတ်စွာ ဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရား ဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်းရရှိသည်။

Source: MOI

Sleep Apnea ပြဿနာကြောင့် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာနိုင်

နယူးယောက်  မေ ၁၁

အိပ်စက်ချိန် လေပြွန်ပိတ်ဆို့မှု ပြဿနာ (Sleep Apnea) ကြောင့် ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း မေ ၁၀ ရက် သတင်းများအရ သိရသည်။

အိပ်စက်နေချိန် လေပြွန်ပိတ်ဆို့မှုဖြစ်ပွားချိန်တွင် သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုနှုန်း ကျဆင်းလာတတ်မှုသည် မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် ဦးနှောက်နယ်မြေများ ထိခိုက် ပျက်စီးသွားနိုင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိပ်စက်ချိန် လေပြွန်ပိတ်ဆို့မှုကြောင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုနှုန်း ပိုမိုကျဆင်းလေ ဦးနှောက်နယ်မြေများ ထိခိုက်ပျက်စီးမှုလည်း ပိုမိုကြီးမားလာလေလေဖြစ်ကြောင်း သိရသည်။

အမေရိကန်သုတေသနပညာရှင်များသည် အိပ်စက်ချိန်လေပြွန်ပိတ်ဆို့မှုပြဿနာရှိသူ ၂၇ ဦးအပါအဝင် ပျမ်းမျှ အသက် ၇၃ နှစ်အရွယ်ရှိသူ လူပေါင်း ၃၇ ဦးတို့ကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှပေါ်ထွက်သည့်ရလဒ်များအရ Sleep Apnea ပြဿနာကြောင့် သွေးအတွင်း အောက်ဆီဂျင် ကျဆင်းသွားချိန်တွင် မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် ဦးနှောက်နယ်မြေများ ပျက်စီးမှုအဆင့် မြင့်တက်လာသည်ကို တွေ့ရကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးအရွေးချယ်ခံရမှု ABC မေးမြန်းချက်ကြောင့်ထရမ့် တစ်ယောက် အကြီးအကျယ် ဒေါပွ

“အမေရိကန်လူမျိုးထဲမှ ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးချယ်ခံရမှုအပေါ် အမေရိကန်သမ္မတ၏ အခန်းကဏ္ဍက ဘယ်လို ပါဝင်ပတ်သက်နေပါသလဲ” ဟု ABC သတင်းဌာန၏ သတင်းထောက်တစ်ဦး မေးခွန်းကြောင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အကြီးအကျယ် ဒေါသထွက်သွားကြောင်း သိရပါသည်။

“ထိုမေးခွန်းက မည်သည့်နေရာက ပေါ်လာသည်ကို မသိပါ။ သူမ (သတင်းထောက်) စိတ်ထဲမှာတော့ ထရမ့်ကို မုန်းတီးလိုစိတ် အတော်ရှိနေတာပဲ” ဟု ထရမ့်က ၎င်း၏ Truth Social တွင် ရေးသားဖော်ပြထားပါသည်။

ထို့အပြင် အမေရိကန်ခေါင်းဆောင်က ပုပ်ရဟန်းမင်းကြီးသစ် Cardinal Robert Francis Prevost သည် ကက်သလစ်မဲဆန္ဒရှင်များ၏ မဲအများအပြားကို ရရှိခဲ့ကြောင်း အလေးအနက်ပြောကြားခဲ့ပြီး ABC သတင်းဌာနအကြီးအကဲ Robert Iger ကိုလည်း ဝန်ထမ်းများ ခန့်အပ်ရာတွင် ပိုမိုဂရုစိုက်ရန် သတိပေးတိုက်တွန်းလိုက်ပါသည်။

ကိုးကား- TASS

Photo: Yahoo

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တံတားဦးခရိုင်/ မြို့နယ်တို့စုပေါင်းပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာ(၁၀၈) ပါး အား ဆွမ်းလောင်းလှူပွဲကျင်းပ

၁၃၈၇ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ ၊ အလှူရှင်များစုပေါင်းပြီး သံဃာ့ (၁၀၈) ပါးအား သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲနှင့် ဆွမ်းစိမ်းလောင်းလှူပွဲကို မေလ ၁၁ ရက်နေ့၊ နံနက် (၇) နာရီက တံတားဦးမြို့နယ် ပန်းကျေးရွာ စိန်ဖူးဘုန်းတော်ကြီး ကျောင်းအတွင်း ကျင်းပကြောင်းသိရသည် ။

ရှေးဦးစွာ မြို့နယ်သံဃာ့နာယက ဩဝါဒဆရာတော်ကြီးနှင့် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ထေကြီးဝါကြီးသက်တော်ရှည်ဆရာတော်ကြီး(၉)ပါးအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်တို့က အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပေး ကြသည်။ ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များက မြို့နယ် သံဃာ့နာယက ဩဝါဒစရိယ ဂိုဏ်းထောင်ပရိယတ္တိစာသင်တိုက်  ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အပေါင်းမှ ပြည်သူပြည်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး မြို့နယ်သံဃာ့နာယက ဩဝါဒစရိယမှ အနုမောဒနာ တရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည် ။

ဆက်လက်၍ သံဃာ့ဒါနဆွမ်းလောင်းလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲကို ကျင်းပရာ မြို့ပေါ်ရပ်ကွက်မှ ဘုန်းတော်ကြီး ကျောင်းပေါင်း (၂၀) မှ ဆရာတော်သံဃာတော် (၁၀၈) ပါးအား တံတားဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ၊ စေတနာရှင်အလှူရှင်များက ဆွမ်းနှင့်ဆွမ်းဟင်းများ ၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပေးကြသည်။ အဆိုပါလှူဒါန်းပွဲတွင် ဆရာတော်သံဃာတော်များလှူဒါန်းငွေကျပ် စုစုပေါင်း(လှူဒါန်းငွေကျပ်၃,၂၃၁,၉၀၀) ဖြစ်ကြောင်း သိရသည် ။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

ကဆုန်လပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြ၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများဆောင်ရွက်

နေပြည်တော် မေ ၁၁

ယနေ့ကျရောက်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ စေတနာရှင်၊ ကုသိုလ်ရှင်များက သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်သို့လည်း နံနက်ပိုင်းကစတင်၍ အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ၊ ပြည်သူများလာရောက်၍ ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်ကိုလည်း ညောင်ရေသွန်းလောင်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကိုလည်း ရေသပ္ပာယ်ပူဇော်ကြသည်။

ထို့နောက် ဘုရားဖူးလာပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဂန္ဓကုဋိတိုက်တော်များ၊ ကျောက်စာရုံစေတီတော် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားစသည့် ဘုရား၊ ကျောင်း၊ ကန်၊ သာသနိကအဆောက်အအုံများကို လေ့လာဖူးမြော်ကြည်ညိုကြပြီး တရားဘာဝနာ ပွားများအားထုတ်ခြင်း၊ အသင်းအဖွဲ့အလိုက်ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြကာ တရားဓမ္မသံတို့ဖြင့် ထုံမွမ်းလျက်ရှိသည်ကိုလည်း တွေ့မြင်ကြားသိရသည်။

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့်အတူ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပပြီး ညပိုင်းတွင်လည်း ဘုရားဖူးလာ ပြည်သူများက ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာ အခမ်းအနားတွင် သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရဟောကြားချီးမြှင့်တော်မူသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြည်ညိုကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားစေတီတို့တွင်လည်း ဓမ္မစကြာဝတ်အသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ဘုရားဖူးလာပြည်သူများက ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်းတို့ကို ကုသိုလ်စိတ်အား ထက်သန်စွာဖြင့် ဆောင်ရွက်ကြပြီး အလှူရှင်များကရေ၊ အစားအစာနှင့် အချိုရည်များကို စတုဒိသာ အလှူအဖြစ် လှူဒါန်းကြသည်။

ညနေပိုင်းတွင်လည်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် မဟာဗောဓိပင်တို့၌ ဆီမီး၊ ပန်းမန်၊ သောက်တော်ရေချမ်း ကပ်လှူပူဇော်ကြခြင်း၊ ဝတ်ရွတ်ပူဇော်ကြခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့ကိုလည်း ကုသိုလ်သဒ္ဓါတရားထက်သန်စွာ ဆောင်ရွက်ကြသည်။

ကဆုန်လပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန်လုံခြုံရေး ဆောင်ရွက်ပေးသည်။

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။

သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော် ၏”ထင်ရှားထူးချွန်ဆရာဝန်”၊ အတ္ထုပ္ပတ္တိစာပေ ဘာသာရပ်တွင် ဗိုလ်အေးမြင့်ကြူ၏ “ကျွန်တော့်ကိုမမေ့ပါနဲ့”၊ ၂၀၁၉ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် သိန်းထွန်း(မြဝတီ)၏ “တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ”၊ ၂၀၂၀ ခုနှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ)၏ “ကျန်းမာခြင်းဆုလာဘ်”စာအုပ်တို့ကို ရွေးချယ်ခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ “ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကိုလေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)”၊ ၂၀၂၂ ခုနှစ်အတွက် ဘာသာပြန်စာပေဘာသာရပ်တွင် နေဇင်လတ်၏ “စီးပွားဖျက်သူလျှို၏ဖြောင့်ချက်”၊ စာပဒေသာဘာသာရပ်တွင် မောင်ခေတ်ထွန်း၏ “မောင်ခေတ်ထွန်း၏စာ(စိန်ရတုလက်ရွေးစင်စာပေါင်းစု)”၊ အတ္ထုပ္ပတ္တိစာပေဘာသာရပ်တွင် ဟိန်းလတ်၏ “မြန်မာ့စွမ်းအင်လူချွန်လူကောင်း”စာအုပ်တို့ကိုလည်း ရွေးချယ်ခဲ့သည်။

ထို့အတူ ၂၀၂၃ ခုနှစ်အတွက် စာပဒေသာဘာသာရပ်တွင် ဒေါက်ထွေး(ဆေး/မန်း)၏ “နိပွန်ပြည်တွင်တဒင်္ဂ”၊ သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် ကျော်ညွန့်ရည်၏ “အန်ကောခေတ်ယဉ်ကျေးမှု”၊ အသုံးချသိပ္ပံဘာသာရပ်တွင် ပါမောက္ခဒေါက်တာမြသိန်းဟန်၏ “ခွဲစိတ်ဆရာဝန်တစ်ဦး၏ဖြောင့်ချက်”စာအုပ်များကိုလည်း ရွေးချယ်ခဲ့သည်။

ဆုရရှိသူများအား တစ်သက်တာစာပေဆုအတွက် ငွေကျပ်သိန်း(၃၀)နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းစီချီးမြှင့်မည်ဖြစ်၍ ဆုရရှိသူများအနေဖြင့် စွယ်စုံမီဒီယာဂရု(ပ်) ဖုန်း ဝ၁-၃၈၅၂၉၃၊ ၀၁-၃၉၂၇၃၉၊ ၀၁-၃၇၄၄၀ဝ တို့သို့ဆက်သွယ်အကြောင်းကြားကြရန် အသိပေးခဲ့သည်။

Source: Popular Myanmar