သတင်းများ

သစ်သီးဝလံ၊ အမျှင်ဓာတ်၊ နို့ထွက်ပစ္စည်းနှင့် ကဖင်းဓာတ်များ စားသုံးပေးပါက နားအူမှုပြဿနာခံစားရနိုင်ခြေ လျှော့ချနိုင်

ပေကျင်း  မတ် ၂၁

သစ်သီးဝလံ၊ အမျှင်ဓာတ်၊ နို့ထွက်ပစ္စည်းနှင့် ကဖင်းဓာတ်များ စားသုံးပေးပါက နားအူမှုပြဿနာခံစားရနိုင်ခြေကို လျှော့ချနိုင်ကြောင်း မတ် ၂၀ ရက် သတင်းများအရ သိရသည်။

တရုတ် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကဖင်း၊ သစ်သီးဝလံ၊ အမျှင်ဓာတ်နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းဖြင့် နားအူမှုပြဿနာပေါ်လာနိုင်ခြေကို ၃၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း သိရသည်။

အထက်ပါ အစားအစာများသည် သွေးစီးဆင်းမှုနှင့် အင်ဆူလင်ဟော်မုန်းတုံ့ပြန်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်ပြီး နားအတွင်း ရောင်ရမ်းမှုပြဿနာ ပေါ်လာနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ဖွယ်ရှိသည်ဟု တရုတ်သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

တရုတ် သုတေသနပညာရှင်များသည် လူပေါင်း ၁၀၀၀၀၀ ကျော်ပါဝင်သည့် လေ့လာချက်များမှ ပေါ်ထွက်လာသော ရလဒ်များကို စိစစ်ခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးခြေစစ်ပွဲအောင်မြင်ခဲ့သည့် အသင်းအဖြစ် ဂျပန်အသင်းမှတ်တမ်းဝင်

တိုကျို  မတ် ၂၁

ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့် အုပ်စုပွဲစဉ်အဖြစ်ကစားခဲ့သည့် ဂျပန်အသင်းနှင့် ဘာရိန်းအသင်းတို့ပွဲစဉ်တွင် ဂျပန်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုပွဲစဉ်များမပြီးဆုံးမီ ခြေစစ်ပွဲအောင်မြင်ခဲ့သကဲ့သို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးခြေစစ်ပွဲအောင်မြင်ခဲ့သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဂျပန်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့် အုပ်စု (C) တွင် ဩစတြေးလျအသင်း၊ ဆော်ဒီအာရေဗျအသင်း၊ အင်ဒိုနီးရှားအသင်း၊ ဘာရိန်းအသင်း၊ တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ယခုအခါ ဘာရိန်းအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုခုနစ်ပွဲကစားပြီးချိန်တွင် ခြောက်ပွဲအနိုင်ရရှိခဲ့ကာ တစ်ပွဲသရေရလဒ်ဖြင့် တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိဘဲ ရမှတ် ၁၉ မှတ်ဖြင့် အုပ်စုပထမနေရာတွင် ရပ်တည်နေပြီး အုပ်စုပွဲစဉ် သုံးပွဲကစားရန် ကျန်ရှိနေသည့်အချိန်တွင် ဒုတိယနေရာမှ ဩစတြေးလျအသင်းကို ရမှတ်ကိုးမှတ်ထိ ဖြတ်တောက်နိုင်ခဲ့သည့်အတွက် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့် အုပ်စုလက်ကျန်ပွဲစဉ်များအဖြစ် မတ် ၂၅ ရက်တွင် ဆော်ဒီအာရေဗျအသင်း၊ ဇွန် ၅ ရက်တွင် ဩစတြေးလျအသင်းနှင့် ဇွန် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ဆက်လက်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ပဋိဇီဝဆေးတစ်မျိုးကို အချိန်အဆလျှော့သုံးခြင်းဖြင့် ဆံပင်ကျွတ်ထွက်မှုများကို ကာကွယ်နိုင်ဖွယ်ရှိ

နယူးယောက် မတ် ၂၁

ပဋိဇီဝဆေးတစ်မျိုးကို အချိန်အဆလျှော့၍ သုံးစွဲခြင်းဖြင့် အရေပြားရောဂါတစ်မျိုးကြောင့် ဖြစ်ပွားတတ်သော ဆံပင်ကျွတ်ထွက်မှုများကို ကာကွယ်နိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်များက မတ် ၂၀ ရက်တွင် ပြောကြားသည်။

Doxycycline အမည်ရှိ အထက်ပါ ပဋိဇီဝဆေးသည် လူ့ခုခံအးစနစ်က ဆံပင်ဂလင်းအိတ်များကို တိုက်ခိုက်မှုကြောင့် ဖြစ်ပွားတတ်သည့် ဆံပင်ကျွတ်ထွက်မှုကို ကုသရာတွင် အသုံးပြုသော ဆေးတစ်မျိုးဖြစ်သည်။

သို့ရာတွင် ၎င်းဆေးကို ဆံပင်ကျွတ်ထွက်မှု ကာကွယ်ရေးအတွက် အသုံးပြုရာတွင် ဆေးအချိန်အဆမြှင့်တင်၍ သုံးစွဲရန်မလိုဘဲ ဆေးအချိန်အဆလျှော့၍ အသုံးပြုနိုင်ကြောင်း အမေရိကန်သုတေသန ပညာရှင်များကပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Doxycycline ဆေးကို နေ့စဉ် မီလီဂရမ် ၂၀ ခန့် နှစ်ကြိမ် သောက်သုံးမှုကဲ့သို့ပင် ဆံပင်ကျွတ်ထွက်မှုကို ထိရောက်စွာ တားဆီးနိုင်ကြောင်း သိရသည်။

Doxycycline ကိုဆေးအချိန်အဆလျှော့၍ သေက်သုံးနိုင်မှုသည် ဆေးအချိန်အဆမြင့်မားမှုကြောင့် ပေါ်ထွက်လာတတ်သော ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များသည် Lymphotic Scarring Alopecia ခေါ် ဆံပင်ကျွတ်ထွက်မှုပြဿနာရှိနေသူ လူနာဦးရေ ၂၄၀ တို့ဖြင့် လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source : ရတနာပုံသတင်းစာ

Photo: Health

မွေးရာပါနှလုံးချို့ယွင်းမှုရှိသည့် ကလေးများ ကလေးဘဝ၌ ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားနိုင်

ဆိုးလ်    မတ် ၂၀

မွေးရာပါနှလုံးချို့ယွင်းမှုရှိနေသည့် မွေးကင်းစကလေးများသည် နှလုံးကျန်းမာရေးပုံမှန်ရှိသူ မွေးကင်းစကလေးများထက် ကလေးဘဝ၌ ကင်ဆာရောဂါဖြစ်နိုင်ခြေ ပိုမြင့်မားနိုင်ကြောင်း မတ် ၁၉ ရက် သတင်းများအရ သိရသည်။

တောင်ကိုရီးယားသုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ မွေးရာပါနှလုံးချို့ယွင်းမှုရှိသည့် မွေးကင်းစကလေးများ၌ ကလေးဘဝကင်ဆာရောဂါဖြစ်နိုင်ခြေမှာ ပုံမှန်ထက် ၆၆ ရာခိုင်နှုန်း ပိုမြင့်မားကြောင်း သိရသည်။

ထို့ပြင် နှလုံးသွေးကြော၊ နှလုံးအဆို့ရှင်တို့နှင့် ဆက်စပ်နေသည့် နှလုံးကျန်းမာရေး ပြဿနာများရှိနေသော မွေးကင်းစကလေးများတွင် ကင်ဆာရောဂါဖြစ်နိုင်ခြေမှာ ပို၍ပင် မြင့်မားနေတတ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

မိခင်ထံမှရရှိ‌သော မျိုးဗီဇများသည် မွေးရာပါနှလုံးချို့ယွင်းမှုရှိသူ ကလေးများ၌ ကင်ဆာရောဂါ ဖြစ်ပွားရေးအတွက် နောက်ခံအခြေအနေများ ဖန်တီးပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

တောင်ကိုရီးယား သုတေသနပညာရှင်များသည် ၂၀၀၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား မွေးဖွားခဲ့သည့် ကလေး ၃ ဒသမ ၅ သန်းကို ၁၀ နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယား သုတေသနပညာရှင်များ၏ အဆိုအရ မွေးရာပါနှလုံးချို့ယွင်းချက်ပါသူ ကလေးများ မွေးဖွားခဲ့ကြသော မိခင်များတွင်လည်း ကင်ဆာရောဂါများဖြစ်နိုင်‌ခြေ ပုံမှန်ထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း သိရသည်။

တံတားဦးခရိုင် စီမံအုပ်ရေးအချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ်ဖြေဆိုမှုအား ကြည့်ရှုအားပေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို တံတားဦးခရိုင်အတွင်း သက်ဆိုင်ရာစာဖြေဌာနအသီးသီးတွင် မတ်လ ၂၁ ရက် နံနက် (၉) နာရီအချိန်က အေးချမ်း ပျော်ရွှင်စွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည် ။

အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးခရိုင်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦး၊  ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ်ဌာနဟူ၍ သုံးခုရှိပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ရူပဗေဒ ဘာသာရပ်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၁၆)ဦး ၊ ကျောင်းသူ(၂၂၉)ဦး စုစုပေါင်း (၄၄၅)ဦး ရာခိုင်နှုန်းအားဖြင့် (၉၆.၁၁) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ (၉)ဦး စုစုပေါင်း (၂၄)ဦး ရာခိုင်နှုန်းအားဖြင့်(၈၅.၇၁) ရာခိုင်နှုန်း ရှိပါကြောင်း ၊ ထို့အပြင် ချောင်းခွစာစစ်ဌာနတွင် ‌‌ရူပဗေဒဘာသာရပ် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၅၉)ဦး၊ ကျောင်းသူ(၁၀၈)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်တွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၉)ဦး ၊ ကျောင်းသူ(၂၁)ဦး စုစုပေါင်း (၃၀)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း ရှိပါကြောင်း ၊ ငါန်းဇွန်စာစစ်ဌာနတွင် ‌ ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၁၄)ဦး ၊ ကျောင်းသူ(၁၆၂)ဦး  စုစုပေါင်း(၂၇၆)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၅၀) ရာခိုင်နှုန်း သမိုင်းဘာသာရပ် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၇)ဦး ၊ ကျောင်းသူ(၂)ဦး စုစုပေါင်း (၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း ရှိပါကြောင်း တံတားဦးခရိုင်အနေဖြင့် ရူပဗေဒဘာသာရပ်ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၉၁၉) ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၈၈၈) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၆.၆၃)ရာခိုင်နှုန်း သမိုင်းဘာသာရပ်ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၆၇)ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၆၃) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၄.၀၃) ရာခိုင်နှုန်း ရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည် ။

တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား ၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြား ဖြစ်စဉ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် လုံခြုံရေးကိုလည်း အထူးဂရုပြုကြရန် လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ ၊ တံတားဦးခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ဆရာ/များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာစာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပြောကြားကြောင်းသိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅

သာသနာတော်နှစ် ၂၅၆၈ -၂၅၆၉ ခုနှစ် သက္ကရာဇ် ၁၃၈၆ - ၁၃၈၇ ခုနှစ် မဟာသင်္ကြန် အကျ-အကြတ်-အတက်-နှစ်ဆန်း (၁) ရက်နှင့် ဝါဆို - ဝါကပ် - လ - ရက်နှင့်နေ့များ

၁။ မဟာသင်္ကြန် အကျရက်

  • ဇေယတု - မြန်မာသက္ကရာဇ် - ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူး လပြည့်ကျော် (၂) ရက်

  • ရခိုင်သက္ကရာဇ်-၁၃၈၆ ခုနှစ် တာကူးလပြည့်ကျော် (၂) ရက်

  • ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၄) ရက် တနင်္လာနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ မြန်မာစံတော် ချိန် နံနက်စက် ၆ - နာရီ၊ ၃၇ - မိနစ်၊၂၁ - စက္ကန့် အချိန်တွင် မဟာသင်္ကြန်ကျပါသည်။

၂။ မဟာသင်္ကြန် အကြတ်ရက်

  • မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၃) ရက်

  • ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တာကူးလပြည့်ကျော် (၃) ရက်

  • ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၅) ရက် အင်္ဂါနေ့သည် မဟာ သင်္ကြန်အကြတ်ရက်ဖြစ်ပါသည်။

၃။ မဟာသင်္ကြန် အတက်ရက်

  • မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၄) ရက်

  • ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တာကူးလပြည့်ကျော် (၄) ရက်

  • ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာ စံတော်ချိန် နံနက် စက် ၁၀-နာရီ၊ ၄၂-မိနစ်၊ ၃-စက္ကန့် အချိန် တွင် မဟာသင်္ကြန်တက်ပါသည်။

၄။ မြန်မာ-ရခိုင်-နှစ်ဆန်း ၁ ရက်

  • မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် (၅) ရက်

  • ရခိုင်သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တာကူးလပြည့်ကျော် (၅) ရက်

  • ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက် ကြာသပတေးနေ့သည် မြန်မာ-ရခိုင် နှစ်ဆန်း (၁) ရက်နေ့ ဖြစ်ပါသည်။

၅။ ရဟန်းတော်များအတွက် ဝါဆို-ဝါကပ်-လ- ရက်များ

ဤ ၁၃၈၇ ခုနှစ်တွင် ဝါဆိုဝါကပ်လထပ်ရက်ငင်မရှိပါ၍ ဗုဒ္ဓ ဘာသာ သာသနာတော်ဝန်ထမ်း ရဟန်းတော်အရှင်သူမြတ်တို့မှာ မြန်မာသက္ကရာဇ် - ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ ရခိုင် သက္ကရာဇ်-၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ ခရစ်နှစ်၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ ကြာသပတေးနေ့တွင် ပထမပုရိမဝါကပ် ဆိုတော်မူကြရမည်ဖြစ်ပါသည်။

ဒုတိယပစ္ဆိမဝါကို မြန်မာရခိုင်သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁) ရက်နေ့၊ ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့၊ စနေနေ့တွင် ကပ်ဆိုတော်မူကြရမည်ဖြစ်ပါသည်။

ဦးပညိန္ဒ                                                  ဦးပြေငြိမ်း

ဥက္ကဋ္ဌ                                                     ဒုတိယဥက္ကဋ္ဌ

Source: https://www.moi.gov.mm

အပူချိန်မြင့်တက်မှုက နှလုံးရောဂါဖြစ်ပွားရသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်တွင်ဖော်ပြ

အပူချိန်မြင့်တက်မှုသည် ဩစတြေးလျနိုင်ငံရှိပြည်သူများ၌ နှလုံးရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်က မတ်လ ၁၇ရက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ နှလုံးရောဂါဖြစ်ပွားမှုစုစုပေါင်း၏ ၇ ဒသမ ၃ ရာခိုင်နှုန်းသည် အပူချိန်မြင့်တက်မှုကြောင့်ဖြစ်သည်ဟု အဆိုပါလေ့လာမှုသစ်တွင် ဆက်လက်ဖော်ပြထားသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း  အပူချိန်မြင့်တက်လာမှုကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်း အက်ဒဲလေးတက္ကသိုလ်နှင့် ဩစတြေးလျသုတေသနကောင်စီမှရှာဖွေလေ့လာမှုအစီအစဉ်က ထောက်ပံ့ပေးထားသည့်လေ့လာမှုတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း၌  အပူချိန်မြင့်တက်မှုအများဆုံးဒေသမှာ တောင်ပိုင်းဒေသဖြစ်ပြီး မြောက်ပိုင်းနယ်မြေများသည်  အပူချိန်မြင့်တက်မှုအနိမ့်ဆုံးဖြစ်ကြောင်း လေ့လာမှုအတွင်းဖော်ပြထားသည်။

ထို့ကြောင့်  လာမည့်အနာဂတ်တွင် အပူချိန်ဆက်လက်မြင့်တက်လာပါက နိုင်ငံအတွင်း၌  နှလုံးရောဂါဖြစ်ပွားသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိပြီး ၂၀၅၀ ပြည့်နှစ်ခန့်တွင် နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု သုတေသီများ ကခန့်မှန်းထားသည်။

ရာသီဥတုပူပြင်းချိန် သို့မဟုတ် အပူချိန်မြင့်တက်ချိန်တွင်  လူသားများ၏နှလုံးသည်  လူသားများအေးစေရန်အတွက် ပိုမိုအလုပ်လုပ်ဆောင်ရလေ့ရှိပြီး ထိုသို့လုပ်ဆောင်ရခြင်းသည်   အန္တရာယ်ရှိကြောင်း၊  အထူးသဖြင့်  နှလုံးရောဂါရှိသူများအတွက် ပိုမိုအန္တရာယ်ရှိနိုင်ကြောင်းအက်ဒဲလေးတက္ကသိုလ် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဆေးဝါးဌာနမှ သုတေသီတစ်ဦးဖြစ်သူ ဘိုင်ပန်ကပြောကြားထားသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေး ပိုမိုလုပ်ဆောင်နိုင်မည်ဆိုပါက လာမည့်အနာဂတ်ကာလတွင်  နှလုံးရောဂါနှင့် သက်ဆိုင်သည့်   လူသေဆုံးမှုများကို ကမ္ဘာ့နိုင်ငံများ၌ လျှော့ချနိုင်မည့်အလားအလာရှိသည်ဟု ဘိုင်ပန်က ဆက်လက် ပြောကြားထားသည်။         

Ref: Xinhua

Source: https://myawady.net.mm/

ငါးခြောက်များတွင် တာရှည်ခံ ဓာတုဆိုးဆေးများ ပါဝင်နေမှု သတိထားကြရန် စားသုံးသူကာကွယ်ရေးအသင်း သတိပေး

ငါးခြောက်များတွင် တာရှည်ခံ ဓာတုဆိုးဆေးများ ပါဝင်နေသည်ကို သတိထားကြရန် စားသုံးသူကာကွယ်ရေးအသင်းက သတိပေးထားပါသည်။ မြန်မာနိုင်ငံသည် ယင်မနားသည့် ငါးခြောက်များကို ၁၀ နှစ်ကျော်လောက် စားသုံးလာခဲ့ကြပြီး ၎င်း ငါးခြောက်များတွင် ဓာတုပိုးသတ်ဆေးများ ထည့်သွင်းထားကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်း ပိုးသတ်ဆေးများသည် စားသုံးသူများအပေါ် အန္တရာယ်ပေးနိုင်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေးများ သုံးစွဲသည် ကို အဓိကတွေ့ရှိရကြောင်း စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ “ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သာရီစသည့် ကမ်းရိုးတန်းဒေသများတွင် ငါးခြောက်လုပ်င

ငါးခြောက်များတွင် တာရှည်ခံ ဓာတုဆိုးဆေးများ ပါဝင်နေသည်ကို သတိထားကြရန် စားသုံးသူကာကွယ်ရေးအသင်းက သတိပေးထားပါသည်။ မြန်မာနိုင်ငံသည် ယင်မနားသည့် ငါးခြောက်များကို ၁၀ နှစ်ကျော်လောက် စားသုံးလာခဲ့ကြပြီး ၎င်း ငါးခြောက်များတွင် ဓာတုပိုးသတ်ဆေးများ ထည့်သွင်းထားကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်း ပိုးသတ်ဆေးများသည် စားသုံးသူများအပေါ် အန္တရာယ်ပေးနိုင်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေးများ သုံးစွဲသည် ကို အဓိကတွေ့ရှိရကြောင်း စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ “ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သာရီစသည့် ကမ်းရိုးတန်းဒေသများတွင် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများက ငါးခြောက်ကို မလှန်းခင် ထဲက ထိုပိုးသတ်ဆေးစိမ်ကြကြောင်း" ၎င်းက ဆိုသည်။ 

အဆိုပါ ယင်မနားဆေးသုံးထားသော ငါးခြောက်များ စားသုံးမိပါက ကင်ဆာရောဂါ အမျိုးမျိုး၊ အာရုံကြောထိခိုက်၊ ကိုယ်တခြမ်းလေဖြတ် စသည့် ဝေဒနာများ ခံစားရနိုင်ကြောင်းသိရသည်။ ယင်မနားဆေးများ သုံးစွဲလာချိန်သည် ၁၀ နှစ်ကျော်လောက် ရှိနေပြီး လက်ရှိကာလရောက်မှ စားသုံးသူများက တိုင်တန်းလာခြင်းကြောင့် စျေးများမှ ငါးခြောက်များကို ယူဆောင်စစ်ဆေးရာမှတစ်ဆင့် ပိုးသတ်ဆေးသုံးထား‌ကြောင်း တွေ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဆေးမတို့ထားသည့် ငါးခြောက်များနှင့် ဆေးတို့ထားသည့် ငါးခြောက်များသည် အမြင်အားဖြင့် ခွဲရခက်သော်လည်း ယင်နားခြင်း၊ ယင်အုံခြင်း မတွေ့ရသည့် ငါးခြောက်များကို မစားကြရန် စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က သတိပေးထားသည်။

ကိုးကား- NP News

Harvard University က ဝင်ငွေနည်း မိသားစုများမှ ကျောင်းသားများအား ကျောင်းလခကင်းလွတ်ခွင့်ပေးမည်

Harvard University သည် တစ်နှစ်လျှင် ဒေါ်လာ ၂၀၀,၀၀၀ သို့မဟုတ် ထို့ထက်နည်းသော ဝင်ငွေရှိသည့် မိသားစုများမှ ကျောင်းသားများအား ကျောင်းလခကို ကင်းလွတ်ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် လူလတ်တန်းစား မိသားစုများမှ ကျောင်းသားများအား ကျောင်းလခ မတတ်နိုင်သည့် ပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်ပါသည်။

ထို့အပြင် တစ်နှစ်လျှင် ဒေါ်လာ ၆၅,၀၀၀ အောက် ဝင်ငွေရှိသည့် မိသားစုများမှ ကျောင်းသားများသည် နေထိုင်စရိတ်နှင့် အစားအသောက်စရိတ်များကိုပါ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းအစီအစဉ်သည် Harvard ၏ ဝင်ငွေနည်းပါးသော်လည်း ပညာတတ်ကျောင်းသားများအား ကျောင်းတက်နိုင်ရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ Ivy League တက္ကသိုလ်များထဲမှ တစ်ခု ဖြစ်သော Harvard University သည် ယခင်က တစ်နှစ်လျှင် ဒေါ်လာ ၈၅,၀၀၀ အောက် ဝင်ငွေရှိသော မိသားစုများမှ ဘွဲ့ကြို ကျောင်းသားများအား ကျောင်းလခကို အခမဲ့ပေးခဲ့ပြီး ယခုအခါတွင် လူလတ်တန်းစား မိသားစုများမှ ကျောင်းသားများအပါအဝင် ပိုမိုများပြားသော ကျောင်းသားများအတွက် ပညာရေးကို စရိတ်သက်သာစွာဖြင့် ရယူနိုင်စေရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။

Harvard ၏ ပညာသင်ဆုအစီအစဉ်သည် အမေရိကန်ပြည်ထောင်စုတွင် အထင်ရှားဆုံးသော အစီအစဉ်များထဲမှတစ်ခုဖြစ်ပြီး စီးပွားရေးအခြေအနေ အမျိုးမျိုးမှ ကျောင်းသားများအား ပိုမိုလာရောက် လျှောက်ထားပြီး Harvard ၏ ပညာရေးကို အကျိုးရှိစွာ ရယူနိုင်ရန် မျှော်လင့်ထားသည်။

ဤကြေညာချက်သည် ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ဆုများ တိုးမြှင့်ပေးခြင်းနှင့် ကျောင်းသားများ၏ ကြွေးမြီပြဿနာများကို လျှော့ချပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပညာရေးကို ပိုမိုလက်လှမ်းမီနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Harvard သည် ပိုမို ကျယ်ပြန့်ပြီး ကွဲပြားသောပညာရေးအသိုင်းအဝိုင်းကို ဖန်တီးရန် ရည်ရွယ် ထားသည်။

၂၀၂၅-၂၆ ပညာသင်နှစ်တွင် အစီအစဉ်ကို စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း တက္ကသိုလ်ကထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၄-၂၅ ပညာသင်နှစ်အတွက် နေထိုင်စရိတ်နှင့် အစားအသောက် စရိတ်များအပါအဝင် ကျောင်းလခနှင့် အခကြေးငွေများသည် ဒေါ်လာ ၈၂,၀၀၀ ကျော်ရှိကြောင်း တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။

အခြားထင်ရှားသော တက္ကသိုလ်များတွင်ပြုလုပ်ခဲ့သည့် အလားတူ လုပ်ဆောင်ချက်များနောက်ပိုင်း ဤအစီအစဉ်သည် အမေရိကန် ပြည်ထောင်စု ရှိ မိသားစုများ၏ ၈၆% ခန့်အား ပညာသင်ဆုအတွက် လျှောက်ထားစေနိုင်မည်ဖြစ်ကြောင်း တက္ကသိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ သန်းခေါင်စာရင်းအရ ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှ အိမ်ထောင်စုဝင်ငွေမှာ ဒေါ်လာ ၈၀,၆၁၀ ဖြစ်သည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ကော်ဖီကို နေ့စဉ်သောက်သုံးပါက ဦးခေါင်းနှင့် လည်ပင်းကင်ဆာများဖြစ်နိုင်ခြေ လျှော့ချနိုင်

နယူးယောက်  မတ် ၁၈

ကော်ဖီကို နေ့စဉ်သောက်သုံးပါက ကင်ဆာရောဂါတချို့ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မတ် ၁၇ ရက်သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ ယူတားတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကော်ဖီနှင့် လက်ဖက်ရည်ပုံမှန်သောက်သုံးမှုသည် ဦးခေါင်းနှင့် လည်ပင်းကင်ဆာများဖြစ်နိုင်ခြေ ကျဆင်းမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် ကော်ဖီနှင့် အထက်ပါကင်ဆာရောဂါများဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို လေ့လာထားသည့် လေ့လာချက်ပေါင်း ၁၂ ခုတို့မှ ရရှိသော အချက်အလက်များကို အသေးစိတ်ဆန်းစစ်ခဲ့ကြသည်။

လေ့လာချက်မှထွက်ပေါ်လာသည့် ရလဒ်များအရ နေ့စဉ်ကော်ဖီလေးခွက်ထိ သောက်သုံးသူများသည် မသောက်သုံးသူများထက် ဦးခေါင်းနှင့်လည်ပင်းကင်ဆာများ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပို၍ နည်းပါးသည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

ထို့ပြင် တစ်ရက်လျှင် ကော်ဖီသုံးခွက်မှ လေးခွက်ထိသောက်သုံးသူများသည် လည်ပင်းအောက်ပိုင်းကင်ဆာရောဂါ တစ်မျိုးဖြစ်သည့် Hypoharyngeal Caner ခေါ် ကင်ဆာရောဂါ ဖြစ်နိုင်ခြေမှာလည်း ၄၁ ရာခိုင်နှုန်း နည်းပါးကြောင်း သိရသည်။

ဦးခေါင်းနှင့် လည်ပင်းကင်ဆာရောဂါများသည် ကမ္ဘာပေါ်၌ သတ္တမမြောက် အဖြစ်အများဆုံးကင်ဆာရောဂါများဖြစ်ကြောင်း သိရသည်။