သတင်းများ

ထရမ့်က Harvard တက္ကသိုလ်ကို နိုင်ငံခြားသားကျောင်းသားများ လက်မခံရန် တားမြစ်

အိမ်ဖြူတော်က Harvard တက္ကသိုလ်အား နိုင်ငံတကာကျောင်းသားများ စာရင်းသွင်းခွင့်ကို ရုပ်သိမ်းလိုက်ပြီး ကျောင်းဝင်းအတွင်း ဂျူးမုန်းတီးရေး လှုပ်ရှားမှုများနှင့် DEI (မတူကွဲပြားမှု၊ တရားမျှတမှု၊ ပါဝင်မှု) အစီအစဉ်များကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ Ivy League အဖွဲ့အစည်း နှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေခဲ့သည်။

မေလ ၂၂ ရက်နေ့တွင် Homeland Security အတွင်းဝန် Kristi Noem မှ ကြေညာချက်အရ Harvard အား SEVP (Student and Exchange Visitor Program) လက်မှတ်ပြန်လည်ရရှိရန် ၇၂ နာရီအတွင်း ဖက်ဒရယ် တောင်းဆိုချက်များကို လိုက်နာရမည်ဟု နောက်ဆုံးသတ်မှတ်ချက် ချမှတ်ခဲ့သည်။ ၎င်းတွင် လွန်ခဲ့သော ၅ နှစ်အတွင်း ရွေ့ပြောင်းနေထိုင်သူ မဟုတ်သော ကျောင်းသားများ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာမှတ်တမ်းများ၊ ကျောင်းဝင်းအတွင်း ၎င်းတို့၏ တရားမဝင်/ အန္တရာယ် ရှိစေသော လှုပ်ရှားမှု သို့မဟုတ် အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် အီလက်ထရောနစ်မှတ်တမ်း၊ ဗီဒီယို သို့မဟုတ် အသံဖိုင်များ လွှဲပြောင်းပေးရန် ပါဝင်သည်။

Noem က Harvard ဥက္ကဋ္ဌ Alan Garber ထံပေးပို့သည့် စာတွင် “Harvard သည် နိုင်ငံခြားသားကျောင်းသားများကို အသစ်စာရင်း သွင်းခွင့် မရှိတော့ပါ၊ လက်ရှိနိုင်ငံခြား ကျောင်းသားများသည်လည်း အခြားကျောင်းများသို့ပြောင်းရွှေ့ခြင်း သို့မဟုတ် တရားဝင်သင်ကြားခွင့်ဆုံးရှုံးခြင်းများ ရှိလာမည်” ဟုရေးသားကာ “ဤအချက်သည် အမေရိကန် ရှိ တက္ကသိုလ်များအားလုံးအတွက် သတိပေးချက်တစ်ရပ်ဖြစ်ပါသည်” ဟု ဖြည့်စွက်ထားသည်။

အုပ်ချုပ်ရေးအဖွဲ့သည် Harvard ကို ကျောင်းဝင်းအတွင်း အကြမ်းဖက်မှုများ၊ ဂျူးမုန်းတီးရေးလှုပ်ရှားမှုများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်းဆောင်ရွက်မှုများအတွက် တာဝန်ခံစေလိုသည်ဟု ၎င်းကပြောကြား ခဲ့သည်။

Harvard ၏ SEVP အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခံရမှုသည် Massachusetts ရှိ Cambridge ကျောင်းဝင်းတွင် လက်ရှိပညာ သင်ကြားလျက်ရှိသော နိုင်ငံတကာကျောင်းသား ၆,၈၀၀ နီးပါးကို ထိခိုက် စေနိုင်ပြီး ၎င်းတို့သည် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် စုစုပေါင်း ကျောင်းသားဦးရေ၏ ၂၇% ခန့်ရှိသည်။

“နိုင်ငံခြားသားကျောင်းသားများကို လက်ခံခြင်းနှင့် ဘီလီယံချီသော ကျောင်းလခများမှ အကျိုးအမြတ်ရယူခြင်းသည် တက္ကသိုလ်များအတွက် အခွင့်အရေးတစ်ရပ်သာဖြစ်ပြီး မဖြစ်မနေရရှိရမည့် အခွင့်အရေး မဟုတ်ပါ” ဟု Noem က ဖြည့်စွက်ပြောကြားခဲ့သည်။

“မိမိတို့သည် ကမ္ဘာ့နိုင်ငံ ၁၄၀ ကျော်မှ လာရောက်ပညာသင်ကြားလျက်ရှိသော နိုင်ငံတကာကျောင်းသားများနှင့် ပညာရှင်များကို လက်ခံခွင့်ပြုရန် Harvard ၏ စွမ်းဆောင်နိုင်မှုကို ထိန်းသိမ်းရန် အပြည့်အဝ ကတိပြုထား ပါသည်။ ၎င်းတို့သည် တက္ကသိုလ်ကိုသာမက နိုင်ငံတော်ကိုပါ များစွာ အကျိုးပြုလျက်ရှိပါသည်” ဟု Harvard ပြောရေးဆိုခွင့်ရှိသူ Jason Newton က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Harvard က ဖက်ဒရယ်တောင်းဆိုချက်များကို ငြင်းဆန်ကာ မိမိ၏ ကိုယ်ပိုင်စည်းမျဉ်းဖြင့် ပြဿနာများကို ဖြေရှင်းမည်ဟု ကတိပြုပြီးနောက် အုပ်ချုပ်ရေးအဖွဲ့သည် တက္ကသိုလ်သို့ ဖက်ဒရယ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံကို ရပ်ဆိုင်းခဲ့သည်။ ၎င်းသည် Harvard နှင့် ၎င်း၏ ဆက်စပ်သုတေသနအဖွဲ့အစည်းများအား ချပေးထားသော အများပြည်သူ ထောက်ပံ့ငွေ ဒေါ်လာ ၉ ဘီလီယံနီးပါး၏ စိစစ်မှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

တက္ကသိုလ်မှ အဆိုပါအရေးယူမှုများကို “နိုင်ငံရေးအရ လက်စားချေမှု” အဖြစ် ရှုတ်ချခဲ့ပြီး “ပညာရေးလွတ်လပ်ခွင့်နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ခြိမ်းခြောက်သည့် အန္တရာယ်ရှိသော ရှေ့ပြေးလက္ခဏာ” ဟု သတ်မှတ်ခဲ့သည်။ Harvard ၏ ဥပဒေအဖွဲ့သည် အဆိုပါ ဆုံးဖြတ်ချက်များကို တရားစွဲဆိုရန် အစီအစဉ်ရှိကြောင်း ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကြက်ငှက်တုပ်ကွေးရောဂါက ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ ရုရှားထိပ်တန်း သုတေသန ပညာရှင် သတိပေး

H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကြောင်များတွင်ပါ ကူးစက်ပျံ့နှံ့လာလျက်ရှိပြီး ထိုမှတစ်ဆင့် လူသားများသို့ ရောဂါပိုးကူးစက်ပျံ့နှံ့လာ ကြောင်း၊ အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကမ္ဘာ့ကပ်ရောဂါအဖြစ်သို့ ပင်ရောက်ရှိလာနိုင်ကြောင်း ရုရှားနိုင်ငံ၏ ထိပ်တန်းသုတေသနဌာနဖြစ်သည့် ဂါမယ် လီယာသုတေသနဌာနမှူး အလက်ဇန်းဒါး ဂျင့်စဘာ့က သတိပေးထားသည်။

ထို့ကြောင့် တိရစ္ဆာန်များအချင်းချင်း သာမက လူသားများ အချင်းချင်းကြားမှာပါကူးစက်ပျံ့နှံ့လာနိုင်သည့် ထိုရောဂါပိုး ကိုကာကွယ်နိုင်ရေးအတွက် ကာကွယ် ဆေးကို အဆင့်တစ်နှင့်အဆင့်နှစ် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ကမ္ဘာ့ပထမဆုံးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik V ကို မှတ်ပုံတင်နိုင်ခဲ့သည့် အဆိုပါသုတေသနဌာနက ထုတ်ပြန်ထားသည်။

H5N1 ရောဂါပိုး၏မျိုးရိုးဗီဇပြောင်း ရောဂါပိုးက လေထဲမှတစ်ဆင့် လူအချင်းချင်းကူးစက်နိုင်စေကြောင်း၊ ထိုသို့ကူးစက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသည် ရေကျောက်ရောဂါဖြစ်ပွားမှု ထက်ပိုမိုပြင်းထန်နိုင်ကြောင်း   သုတေသနပညာရှင် ဂျင့်စဘာ့ကပြောသည်။

မေလအစောပိုင်းတွင် မာရီလန်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ဒေသတွင်းရှိကြောင်များတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုပမာဏမြင့်တက် လာနေကြောင်း၊ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကြောင်အကောင် ၆၀၀ တွင် ထိုရောဂါ ဖြစ်ပွားနေကြောင်းနှင့် သေဆုံးနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်ဟု ပြောထားသည်။ ကြောင်များသည် ရောဂါပိုးကူးစက်ခံထားရသော ကြက်ငှက်များ၊ မွေးမြူရေး ကြက်ဘဲအစိမ်းများ၊ ရောဂါကူးစက်ခံရသော ကျွဲ၊ နွားများ၏ နို့အစိမ်းများကို စားသောက်ခြင်းတို့ကြောင့် ရောဂါကူးစက်ခြင်းဖြစ်သည်။

Source: Myawady Web Portal
 
ရိုးစင်းသည့် ဓာတ်စာပုံစံ နှစ်မျိုးက စိတ်ရောဂါလက္ခဏာများကို လျှော့ချနိုင်

ကင်ဘာရာ   မေ ၂၂

ရိုးစင်းသည့် ဓာတ်စာပုံစံနှစ်မျိုးသည် စိတ်ကျန်းမာရေးပြဿနာများ၏ ရောဂါလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း မေ ၂၁ ရက် သတင်းများအရ သိရသည်။

ဩစတြေးလျနိုင်ငံ ကွင်းစတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် စိတ်ကျရောဂါနှင့် စိုးရိမ်သောကဝေဒနာလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

အလားတူ အဆီဓာတ်ပါဝင်မှုလျှော့ချထားသည့် ဓာတ်စာပုံစံများသည်လည်း စိတ်ကျန်းမာရေးပြဿနာ လက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း ဩစတြေးလျ သုတေသနပညာရှင်များက ပြောကြားသည်။

အဆီဓာတ်ပါဝင်မှု လျှော့ချထားသည့် အစားအစာများ၏ အထက်ပါအကျိုးကျေးဇူးကို အဝလွန်နေသူ၊ အင်ဆူလင်ဟောမုန်းတုံ့ပြန်နိုင်စွမ်း ကျဆင်းနေသူများ၌ ပို၍ ထင်ထင်ရှားရှား တွေ့ရကြောင်း သိရသည်။

ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် ကယ်လိုရီပါဝင်မှုကို ၁၅၀၀ ခန့်ထိသာ ကန့်သတ်ထားသော အစားအစာများဖြစ်ပြီး အဆီဓာတ်ကန့်သတ်ထားသော ဓာတ်စာများမှာ စွမ်းအင်၏ ၃၀ ရာခိုင်နှုန်းကိုသာ အဆီဓာတ်မှ ရယူနိုင်သော ဓာတ်စာမျိုးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ
 
အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး

ပဲခူး    မေ     ၂၂

ပဲခူးမြို့ ခုတင်- ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက်ပိုင်းက  ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏  ဦးဆောင်မှုဖြင့်    အကြိမ်(၃၀)မြောက်  အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးကြသည်။

ထိုသို့   အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို  ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်  ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့နှင့်အတူ   ပဲခူးမြို့ ခုတင် - ၅၀၀ ဆံ့  အထွေထွေရောဂါကု  ဆေးရုံကြီးတွင်  ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး ဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတ အဖွဲ့အစည်း များက    ပူးပေါင်းပါဝင်  ကူညီဆောင်ရွက်ပေးနေမှုနှင့်   ရေသန့်နှင့် ကော်ဖီများ  အခမဲ့တိုက်ကျွေးနေမှုတို့ကို လိုက်လံကြည့်ရှုသည်။

ထို့နောက်တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့်   အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အားပေးစကား ပြောကြားကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက် မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီး  ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏   စီစဉ်မှုဖြင့်  လစဉ်  တိုင်းဒေသကြီးအတွင်း မြို့နယ်၂၈ မြို့နယ်ရှိ   ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု   စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး  တစ်လစာ လစဉ်ပံ့ပိုးပေးခြင်း၊  ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။ 

ကိုဗစ်- ၁၉ ကာကွယ်ဆေး NUVAXOVID ကို အသက်အရွယ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးရန် FDA က‌ အတည်ပြု

နယူးယောက်  မေ ၂၁

NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်- ၁၉ ကာကွယ်‌ဆေး NUVAXOVID ကို အသက်အရွယ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ အစားအစာနှင့် ဆေးဝါးလုံခြုံရေးအေဂျင်စီ (FDA) က အတည်ပြုချက်ပေးထားကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။

FDA ၏ ခွင့်ပြုချက်အရ အဆိုပါကာကွယ်ဆေးကို အသက် ၆၅ နှစ်နှင့် အထက် ရှိသူများ၊ ပန်းနာရင်ကျပ်၊ ဆီးချို၊ အဆုတ်ရောဂါကဲ့သို့ ရောဂါအခံရှိထားသူ အသက် ၁၂ နှစ်နှင့်အထက်ရှိသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အသက်အရွယ်ကြီးရင့်သူများနှင့် အခြားရောဂါအခံရှိထားသူများအနေဖြင့် NUVAXOVID ကာကွယ်ဆေးကို သုံးစွဲနိုင်ကြောင်း FDA ၏ ကြေညာချက်၌ ဖော်ပြထားသည်။

FDA သည် NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၂ ခုနှစ်မှစ၍ အရေးပေါ်သုံးစွဲခွင့်ပြုထားသည်။

NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အစဉ်အလာအရ အသုံးများသည့် ပရိုတင်းအခြေခံနည်းပညာကို အသုံးပြုဖန်တီးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

Sputnik V ဖန်တီးသူက ကမ္ဘာလုံးဆိုင်ရာ 'cat flu' ကပ်ရောဂါအကြောင်း သတိပေး

Sputnik V ကာကွယ်ဆေး ဖန်တီးသူ Alexander Gintsburg က H5N1 ကြက်ငှက်တုပ်ကွေးရောဂါသည် ကြောင်များအကြားတွင် ပျံ့နှံ့နေပြီး လူသားများဆီသို့ ကူးစက်နိုင်ကာ သေစေနိုင်သော ကပ်ရောဂါ ကြီးကို ဖြစ်ပွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ Gintsburg က ဤခြိမ်းခြောက်မှုသည် ကာကွယ်ဆေး အမြန်ထုတ်လုပ်ရန် အရေးတကြီးလိုအပ်သည့် အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကာကွယ်ဆေး၏ ရှေ့ပြေးပုံစံကို Phase I နဲ့ Phase II လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုပါသည်။ အထူးသဖြင့် တိရစ္ဆာန်များကြားမှာသာမက လူအချင်းချင်း ကူးစက်နိုင်သည့် ဗိုင်းရပ်စ်မျိုးကွဲအတွက်ပါ” ဟု Gintsburg က ဗုဒ္ဓဟူးနေ့ (မေ ၂၁) တွင် Izvestia သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Gamaleya Research Institute သည် ကမ္ဘာ့ပထမဆုံး မှတ်ပုံတင်ထားသော COVID-19 ကာကွယ်ဆေး Sputnik V ကို ထုတ်လုပ်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
Gintsburg ၏ အဆိုအရ H5N1 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှုကြောင့် လေထုမှတစ်ဆင့် လူသားများအကြား ကူးစက်ပျံ့နှံ့နိုင်ပါက ကျောက်ရောဂါထက်ပင် ပိုမိုဆိုးရွားသော အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်သည်။
“သေနှုန်းမှာ ၅၀% မှ ၇၀% အထိရှိနိုင်ပြီး လေထုကနေကူးစက်နိုင်ရင် ဗိုင်းရပ်စ်၏ နောက်မျိုးရိုး ဗီဇပြောင်းမှု တစ်ကြိမ် နှစ်ကြိမ်ခန့်ဖြင့်ပင် ကျောက်ရောဂါသည် ကလေးကစားစရာကဲ့သို့ ဖြစ်သွား နိုင်သည်” ဟု ၎င်းက ဆိုသည်။
Gintsburg က ရုရှားအနေဖြင့် ကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပြီးပြည့်စုံသည့် ရှေ့ပြေးပုံစံကို သုံးပတ်မှ လေးပတ်အတွင်း အကြီးစားထုတ်လုပ်နိုင်ရန် ပြင်ဆင်ထားပြီး ပြည်သူလူထုအတွက် အသုံးပြုနိုင်ရမည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော် ယခုအချိန်တွင် ထိုကဲ့သို့သော အစီအစဉ်မရှိသေးကြောင်း ခန့်မှန်းထားသည်။
မေလအစောပိုင်းတွင် မယ်ရီလန်းတက္ကသိုလ် သုတေသီများက အိမ်မွေးကြောင်များတွင် တုပ်ကွေး ရောဂါဖြစ်ပွားမှု မြင့်တက်လာသည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ နှစ် ၂၀ အတွင်း စုဆောင်းထား သော အချက်အလက်များအပေါ် အခြေခံသည့် လေ့လာမှုတွင် နိုင်ငံ ၁၈ နိုင်ငံမှ ကြောင်ပေါင်း ၆၀၀ ကျော်တွင် ကူးစက်ခံရပြီး သေဆုံးနှုန်း ၅၀% ကျော်ရှိကြောင်း တွေ့ရှိခဲ့သည်။
“အိမ်မွေးကြောင်များသည် ငှက်တုပ်ကွေးကို ခံနိုင်ရည်မရှိပါ၊ ၎င်းတို့သည် လူသားများထံသို့ ရောဂါကူးစက်နိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်နိုင်သည်” ဟု သုတေသီများက သတိပေးခဲ့ပြီး ရောဂါ ဖြစ်ပွားနေစဉ်အတွင်း တိရစ္ဆာန်များနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံသူများအတွက် အန္တရာယ်များကို ထည့်သွင်းပြောကြားခဲ့သည်။
ကြောင်များသည် ယေဘုယျအားဖြင့် H5N1 ကို ကူးစက်ခံရသော ငှက်များ၊ ကြက်သားထုတ်ကုန်များကိုအစိမ်းစားခြင်း သို့မဟုတ် ကူးစက်ခံရသော နို့စားနွားများမှ မပြုပြင်ရသေးသောနို့များ စားသုံး ခြင်းဖြင့် ရရှိကြသည်။ လေ့လာမှုတွင် ထိတွေ့မှုမရှိသော အိမ်တွင်းကြောင်များအပါအဝင် အခြားမသိရသေးသော ကူးစက်ပျံ့နှံ့မှုလမ်းကြောင်းများကိုလည်း ရှင်းလင်းဖော်ပြခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ၂၀၀၃ ခုနှစ်မှစ၍ နိုင်ငံ ၂၄ နိုင်ငံတွင် H5N1 ဖြင့် လူပေါင်း ၉၇၄ ဦး ကူးစက်ခံရကြောင်း အစီရင်ခံတင်ပြခဲ့သည်။ အဆိုပါ ဖြစ်စဉ်များတွင် ၄၇၀ ဦး သေဆုံးခဲ့သည်။ ထိုသို့သောအများစုမှာ ကူးစက်ခံရသော ကြက်ငှက်များနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ထိတွေ့မှုနှင့်ဆက်စပ်နေသည်။ ဗိုင်းရပ်စ်သည် လူမှလူသို့ ကူးစက်မှုကို အချိန်ကြာမြင့်စွာ မရှိသေး သော်လည်း ကျန်းမာရေးအာဏာပိုင်များသည် ၎င်း၏ပြင်းထန်သော သေဆုံးနှုန်းနှင့် ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေ အန္တရာယ်ကြောင့် ၎င်း၏ဆင့်ကဲဖြစ်စဉ်ကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိသည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ (CDC) က လူထုအတွက် အန္တရာယ် နည်းပါးသည်ဟု ယူဆထားသည်။

တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုအား လှည့်လည် ကြည့်ရှုအားပေး

တံတားဦး ၊ မေ - ၂၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက် မပြတ် ပညာသင်ဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား/ သူများကျောင်းအပ်လက်ခံခြင်းကို မေ ၂၂ ရက် ၊ နံနက်ပိုင်းက စတင်ကာဆောင်ရွက်ကြောင်းသိရသည် ။

အဆိုပါကျောင်းအပ်လက်ခံခြင်းကို တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် KG တန်းမှ Grade -12 တန်းအထိနှင့် တံတားဦး မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား/သူများ ကျောင်းအပ်နှံရေးကို ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မည့်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ KG တန်း ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ (၁)စုံ ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံစီကိုလည်းကောင်း၊ Grade -1 မှGrade -5 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ(၁)စုံ ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံ ၊ ဗလာစအုပ်(၆)အုပ်နှင့် ခဲတံ (၄)ချောင်းစီကိုလည်းကောင်း၊ Grade -6 မှGrade -12 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူ တစ်ဦးလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်(၁)စုံ ၊ ဗလာစအုပ်(၁)ဒါဇင် ၊  ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းစီ ကို လည်းကောာင်း နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ထုတ်ပေးပါကြောင်း သိရသည် ။

အခြေခံပညာကျောင်းများအား ၂၀၂၅ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား/သူများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများကို ကျောင်းသား/သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ကြသည် ။

ဆက်လက်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် စာသင်ခန်းများ သန့်ရှင်း သပ်ရပ်မှု၊ စာသင်ခုံများ ညီညာပြီး စနစ်တကျသန့်ရှင်းမှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေးပို့သူ- ဦးရဲတင့် ( ပြန် / ဆက်)

ကမ္ဘာ့ပထမဆုံး လူသားဆီးအိမ်အစားထိုးကုသမှုကို ကယ်လီဖိုးနီးယားတက္ကသိုလ် (လော့စ်အိန်ဂျလိစ်)မှ ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာပြုလုပ်နိုင်ခဲ့

နယူးယောက်  မေ ၂၁

ကမ္ဘာ့ပထမဆုံး လူသားဆီးအိမ်အစားထိုးကုသမှုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ် (လော့စ်အိန်ဂျလိစ်)မှ ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။

အမေရိကန် ခွဲစိတ်ဆရာဝန်များသည် ကင်ဆာဆဲလ်များဖယ်ရှားစဉ် ဆီးအိမ်တစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ရသည့် အော်စကာလာရိန်ဇာ အမည်ရှိ အမျိုးသားကို ဆီးအိမ်တစ်ခုလုံးအစားထိုးလဲလှယ် ကုသပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန် ခွဲစိတ်ဆရာဝန်များသည် ဆီးအိမ်အစားထိုးကုသရေးအတွက် လေးနှစ်ကြာကြိုစားခဲ့ရပြီးနောက် ပြီးခဲ့သည့် မေ ၄ ရက်က အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုးကုသမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် ခွဲစိတ်ဆရာဝန်များသည် အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုးကုသရာတွင် ကျောက်ကပ်သစ်ကိုပါ ထည့်သွင်းပေးခဲ့ရခြင်းဖြစ်ရာ သိမ်မွေ့ရှုပ်ထွေးသည့် ခွဲစိတ်ကုသမှုဖြစ်ခဲ့ရသည်။

မိမိတို့၏ ခွဲစိတ်ကုသနည်းလမ်းသည် ဆီးအိမ်အစားထိုးရန် လိုအပ်နေသည့် လူနာများအတွက် အကျိုးကျေးဇူးရှိနိုင်ကြောင်း အမေရိကန်ခွဲစိတ်ဆရာဝန်များက ပြောကြားသည်။

အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုး ကုသရာတွင် ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ် ကဝစ်ခ်ဆေးကျောင်းမှ ခွဲစိတ်ဆရာဝန်များလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: Good News Network

နေပြည်တော် မေ ၂၁

နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ မွေးမြူနေချိန်တွင် မောင်တို့မယ်တို့အနေဖြင့် သင်ယူခဲ့သည့်ပညာရပ်များ၏ အခြေခံသဘောတရားများမှတစ်ဆင့် စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး တိုးတက်အောင်မြင်အောင် ထပ်မံကြိုးစားသွားကြရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း (၁/၂၀၂၅) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70226

ပုံမှန်တုပ်ကွေးထက် ကူးစက်မှုနှုန်း ၇ ဆမြန်သည့် Covid-19 XEC မျိုးကွဲ အသစ် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်

လက်ရှိ ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် Covid-19 XEC မျိုးကွဲအသစ်၏ ကူးစက်မှုနှုန်းသည် ပုံမှန်တုပ်ကွေးထက် ၇ ဆ ပိုမိုမြန်ဆန်သည်ဟုချူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနမှ ဆရာဝန်တစ်ဦးကပြောဆိုထားပြီး ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ထား ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါသည်။ 

အဆိုပါ Covid-19 အမျိုးအစားသစ်သည် ထူးထူးခြားခြား မပြင်းထန်သော်လည်း ကူးစက်မှုနှုန်း အလွန်လျင်မြန်ခြင်းကြောင့် ပြည်သူများအတွက် အန္တရာယ်များမည်ကို စိုးရိမ်ကြောင်း ထိုင်းအခြေစိုက် ကျန်းမာရေး အာဏာပိုင်များက ပြောကြားထားကြောင်း သတင်းကဆိုပါသည်။

အဆိုပါ ကူးစက်မှုနှုန်းမြန်သည့် Covid-19 XEC မျိုးကွဲသစ်ကြောင့် သေဆုံးမှုနှုန်း နည်းပါးသည်ဆိုသော်လည်း ကြိုတင်ကာကွယ်ရေးအစီအမံများ လုပ်ဆောင်ထားရန် အရေးကြီးကြောင်း ကျန်းမာရေး အာဏာပိုင်များက အလေးပေးပြောကြားထားသည်ဟု သိရပါသည်။

ကိုးကား- MHT