သတင်းများ

ကာဘိုဟိုက်ဒရိတ်နည်းသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်

အော့တဝါ  မတ် ၁၃

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက မတ် ၁၂ ရက်တွင် ပြောကြားသည်။

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် အစားအစာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ ကင်ဆာဖြစ်ပွားစေတတ်သော အကျိုးသက်ရောက်မှုများ ပို၍ ဆိုးရွားလာတတ်ကြောင်း ကနေဒါသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ မျိုးဗီဇအခြေခံမော်လီကျူး (DNA) များကို ဖျက်ဆီးနိုင်စွမ်း ပိုကြီးမားလာတတ်ရာ အူမကြီးကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မားလာနိုင်ကြောင်း ကနေဒါသုတေသနပညာရှင်များက ပြောကြားသည်။

အူမကြီးကင်ဆာ ရောဂါဖြစ်ပွားမှုအတွက် နောက်ခံအကြောင်းတရား အများအပြားရှိရာ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် အစားအစာများ စားသုံးမှုသည်လည်း ပါဝင်နေနိုင်သည်ဟု ကနေဒါ သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

တပေါင်းလပြည့်နေ့အခါသမယတွင် နေပြည်တော်အတွင်းရှိ ဘုရားပုထိုးစေတီများ၌ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြား

နေပြည်တော် မတ် ၁၃

ယနေ့ တပေါင်းလပြည့်နေ့ အခါသမယတွင် နေပြည်တော်အတွင်းရှိ ဘုရားပုထိုးစေတီများ၌ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ ငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တရားသဘင်များ ကျင်းပခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ၊ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက်ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များဖြင့် တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုကြသည်ကိုလည်း တွေ့မြင်ရသည်။

ယင်းနောက် ဘုရားဖူးရဟန်းရှင်လူပြည်သူများအနေဖြင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ပါဠိအက္ခရာ၊ Romanize Lan-guage တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြသည်။

အလားတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများနှင့်အညီ ပရိတ်တရားတော်၊ ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ပွားပူဇော်ကြကာ ဆီမီး ၃၀၀၀ ပူဇော်ပွဲကို ကျင်းပကြပြီး ကုသိုလ်ဘာဝနာပွားများသူများ၊ ဆင်စာကျွေးသူများ၊ အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် လက်ဆောင်ပစ္စည်းများ ဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိ၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်း၌ မတ် ၇ ရက်မှ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဂီတဖျော်ဖြေရေးအဖွဲ့များက အခမဲ့ဖျော်ဖြေတင်ဆက်ကြပြီး ဘုရားဖူးလာပြည်သူများ၊ လာရောက်ကြည့်ရှုအားပေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

Source: MOI

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်ကို ဂျာမနီထောက်လှမ်းရေးများတွေ့ရှိဟု ဆို

ဂျာမနီနိုင်ငံခြား ထောက်လှမ်းရေးအေဂျင်စီ (BND)သည် Covid-19 ရောဂါပျံ့နှံမှုသည် ဓာတ်ခွဲခန်းမှ အစပြုကြောင်းယုံကြည်စိတ်ချရသည့် ကူးစက်ရောဂါ၏အစောပိုင်းကာလများမှ သက်သေအထောက်အထားများ ရရှိခဲ့ကြောင်း ဂျာမန်သတင်းစာများက မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြ ခဲ့သည်။ ဘာလင်သည် ဖြစ်နိုင်ခြေရှိသော အမှားနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းမှု ပြိုကွဲမည်ကို စိုးရိမ်သောကြောင့် တွေ့ရှိမှုကိုလျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းတို့၏ကိုယ်ပိုင် စုံစမ်းထောက်လှမ်းမှုများကို ကိုးကားပြီး မီဒီယာများက ပြောကြားခဲ့ပါသည်။ 

BND သည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းရက်သတ္တပတ်များတွင် ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို စုံစမ်းရန် အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားပါသည်။ ၎င်းတို့သည် ဝူဟန်ဓာတ်ခွဲခန်းအပါအဝင် တရုတ် အစိုးရအေဂျင်စီများနှင့် သိပ္ပံဆိုင်ရာအဖွဲ့အစည်းများကို အာရုံစိုက် ထောက်လှမ်းခဲ့ပြီး ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အရေးကြီးစာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။ 

ဂျာမန်ထောက်လှမ်းရေး အေဂျင်စီ၏တွေ့ရှိချက်တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများဆိုင်ရာ အချက်အလက်များအပြင် လူ့ဦးနှောက်အပေါ် ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် ၂၀၁၉ မှ ၂၀၂၀ အထိ မထုတ်ဝေရသေးသောလေ့လာမှုများ ပါဝင်သည်။ 

“တွေ့ရှိချက်အရ အစောပိုင်းအဆင့်တွင် ဝူဟန်ဗိုင်းရပ်စ်ဟု ယူဆရသည့် ဗိုင်းရပ်စ်နှင့်ပတ်သက်သော ပုံမှန်မဟုတ်သည့် ဗဟုသုတအများအပြားကို ရရှိနိုင်ကြောင်း အကြံပြုထားပါသည်”ဟု ဂျာမန်သတင်းစာ ဒိုင်ဇစ်က ဖော်ပြ ခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ဗိုင်းရပ်စ်ဗေဒပညာရှင် ဦးဆောင်သော BND လေ့လာဆန်းစစ်ရေး အဖွဲ့တစ်ဖွဲ့က အကဲဖြတ်ခဲ့ကြောင်း သိရပါသည်။ အဖွဲ့သည် အခြားနိုင်ငံများမှရရှိသော လေ့လာမှုများနှင့် ပစ္စည်းများနှင့်အတူအချက်အလက်များကိုအပြန်အလှန်ကိုးကားပြီး Covid-19 သည် “တရုတ် ဓာတ်ခွဲခန်းမှ အစပြုဖွယ်ရှိကြောင်း” ၈၀ မှ ၉၅% သေချာမှုဖြင့် နိဂုံးချုပ် ခဲ့ပါသည်။ BND သည် ဝူဟန်ဓာတ်ခွဲခန်းရှိ ပေါ့လျော့သော ဘေးကင်းရေးစည်းမျဉ်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ယုံကြည်ထားသည်ဟု ဆိုသည်။

CIA က Covid-19 သည် ဓာတ်ခွဲခန်းတစ်ခုမှ စတင်ခဲ့သည်ဟူသော အချက်ကို အနည်းငယ်ယုံကြည်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရက Covid-19 သည် ဓာတ်ခွဲခန်း ယိုစိမ့်မှုမှစတင်ခဲ့သည်ဟူသောအချက်ကို ထပ်ခါတလဲလဲ ငြင်းဆိုခဲ့သည်။ အခြားအဓိက သီအိုရီတစ်ခုမှာ Covid-19 သည် သဘာဝအရင်းအမြစ် တစ်ခုမှ စတင်ခဲ့ပြီး အထူးသဖြင့် တိရစ္ဆာန်များမှ လူသို့ကူးစက်မှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အဆိုပြုထားသည်။

SZ နှင့် Die Zeit တို့၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် ဘာလင်က BND ၏ တွေ့ရှိချက်များကို ဂျာမန်ပါလီမန်နှင့် WHO တို့သို့ မျှဝေမည်ဖြစ်ပြီး အေဂျင်စီ၏ ကောက်ချက်များနှင့်ပတ်သက်သည့် သိပ္ပံနည်းကျ အကဲဖြတ်မှု ဆိုင်ရာ အချို့သောပစ္စည်းများကို နောင်တစ်ချိန်တွင် ပြည်သူလူထုထံ ချပြထုတ်ပြန်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

တိုက်တေနီယမ်နှလုံးအတုဖြင့် ရက်ပေါင်း ၁၀၀ အသက်ရှင်နေထိုင်ခဲ့ပြီး စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့

ဩစတြေးလျနိုင်ငံသားတစ်ဦးသည် နှလုံးလှူဒါန်းသူရှာနေစဉ် တိုက်တေ နီယမ်နှလုံးတုဖြင့် ရက်ပေါင်း ၁၀၀ အသက်ရှင်နေထိုင်ခဲ့ပြီး အဆိုပါ နည်းပညာဖြင့် အချိန်အကြာဆုံး အသက်ရှင်နေထိုင်နိုင်သူဖြစ်ခဲ့သည်။

အသက် ၄၀ ကျော် လူနာတစ်ဦးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဆစ်ဒနီမြို့ရှိ St. Vincent’s Hospital တွင် ခွဲစိတ်ကုသမှုခံယူပြီး နှလုံးတုကို အစားထိုးထည့်သွင်းခဲ့သည်။

ဖေဖော်ဝါရီလတွင် နှလုံးလှူဒါန်းသူရရှိသည်အထိ တိုက်တေနီယမ် နှလုံးတု က ၎င်း၏အသက်ကို ဆက်လက်ရှင်သန်စေခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့သည့် ကမ္ဘာ့ပထမဆုံးလူနာ ဖြစ်လာခဲ့သည်။ 

St. Vincent’s Hospital၊ Monash University နှင့် ယင်းကိရိယာကို တီထွင်သည့် အမေရိကန်-ဩစတြေးလျ ကုမ္ပဏီ BiVACOR တို့မှ မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ပြင်းထန်သည့် နှလုံး ရောဂါရှိသူ အဆိုပါလူနာသည် “ရောဂါမှ ပြန်လည်နာလန်ထူ သက်သာလာသည်” ဟု ဖော်ပြထားသည်။

တိုက်တေနီယမ်နှလုံးတုက လူ့အသက်ကို ကြာရှည်စွာ ထိန်းသိမ်းပေး နိုင်ခြင်းသည် နှလုံးရောဂါခံစားနေရသူများအတွက် ရေရှည်အစားထိုးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ အဆိုပါကိရိယာကို စမ်းသပ်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ယခုအချိန်ထိ သာမန်အသုံးပြုရန် ခွင့်ပြုချက်မရရှိသေးပါ။

BiVACOR ၏ တည်ထောင်သူ ဩစတြေးလျနိုင်ငံသား ဇီဝအင်ဂျင်နီယာ Daniel Timms က နှလုံးရောဂါဖြင့် ဖခင်ဆုံးပါးပြီးနောက် အဆိုပါ ကိရိယာ ကို တီထွင်ခဲ့သည့် အကြောင်းကို ပြောကြားရာတွင် “ဆယ်စုနှစ်များစွာ အားထုတ်ခဲ့မှု၏ ရလဒ်ကောင်းရရှိလာသည်ကို မြင်ရသည်မှာ စိတ်လှုပ် ရှားဖွယ်ကောင်းသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါကိရိယာသည် ကိုယ်ခန္ဓာနှင့် အဆုတ်သို့ သွေးများကို ညှစ်ထုတ်ပေးပြီး ပျက်စီးနေသည့် နှလုံး၏ နှစ်ဖက်စလုံးရှိ သွေးခန်းများ (ventricles) ကို အစားထိုးပေးနိုင်သည်။

ရေရှည်ရည်မှန်းချက်မှာ ယင်းကိရိယာကို အသုံးပြု၍ သင့်လျော်သော လှူဒါန်းသူများအတွက် စောင့်ဆိုင်းနေရသူများကို ပိုမိုကယ်တင်နိုင်ရန် ဖြစ်သည်။အမေရိကန် ကျန်းမာရေးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၃,၅၀၀ ခန့်သည် နှလုံးအစားထိုးကုသမှုခံယူခဲ့ပြီး ထိုနှစ်တွင်ပင် လူပေါင်း ၄,၄၀၀ ခန့်သည် စောင့်ဆိုင်းစာရင်းတွင် ပါဝင်ခဲ့သည်။

ယင်းကိရိယာကို အမေရိကန်ပြည်ထောင်စုရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ Early Feasibility Study တွင် စမ်းသပ်ပြီး ဖြစ်ပြီး လူနာ ၅ ဦးအား အောင်မြင်စွာ အစားထိုး ထည့်သွင်းထားနိုင်ခဲ့သည်။

ကိုးကား-CNN

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၁၁

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

တက်ရောက်ကြည်ညို

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိ ကျောင်းဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော် ၁၁၈ ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးနှစ်ပါးတို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ကပ်လှူပူဇော်

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကပ်လှူပူဇော်သည်။

ပရိတ်တရားတော်များနာယူ

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးထံသို့ လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးထံသို့ လည်းကောင်း၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသည့်အကြီးအကဲများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံသို့လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ရေစက်သွန်းလောင်းအမျှပေးဝေ

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးတို့အမှူးပြုသည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။      

စင်ကာပူတွင် စွမ်းအင်ဖြည့် အားဆေးသောက်ပြီး အရေပြားရောဂါ ဖြစ်လာသူ (၉) ဦးထိရှိ

စင်ကာပူတွင် စွမ်းအင်ဖြည့်အားဆေးသောက်ပြီး နာကျင်စေသော အရည်ကြည်ဖုထွက်ခြင်း၊ အရေပြားကွာကျခြင်းနှင့် ခန္ဓာကိုယ်ပြင်ပ ပြင်းထန်ဒဏ်ရာများခံစားနေရသူ လူနာ ၉ ဦးထိရှိသည်ဟု သိရပါသည်။

ကိုယ်ခံစွမ်းအင် အဆင့်မြှင့်တင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော ဆေးဝါးများသောက်ပြီးနောက် အရေပြားနီမြန်းခြင်း၊ အရေခွံကွာခြင်း၊ အရည်ကြည်ဖုပေါက်ခြင်းစသည့် ပြင်းထန်အရေပြားရောဂါများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ မှ ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်မှ ၅၇ နှစ်ကြား အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သည် အဆိုပါ Modafinil သို့မဟုတ် armodafinil ပါ၀င်သည့် ဆေးများ သောက်သုံးပြီး ဆေးရုံတင်ထားရသည်။

Modafinil နှင့် Armodafinil ကို စင်ကာပူ၌ မှတ်ပုံတင်ထားခြင်း မရှိသေးသော်လည်း အချို့နိုင်ငံများတွင် Narcolepsy ကဲ့သို့ တိကျသည့် ဆေးဘက်ဆိုင်ရာအခြေအနေရှိသော လူနာများအတွက်သာ ဆေးစာအဖြစ်ပေးလေ့ရှိသည်ဟု HSA က ပြောကြားပါသည်။ Narcolepsy အခြေအနေဆိုသည်မှာ လူတစ်ဦး၏ အိပ်စက်မှုထိခိုက်စေသည့်ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါသည်။ မတ်လ ၁၀ ရက်ထုတ်ပြန်ချက်၌ ကျန်းမာရေးသိပ္ပံအာဏာပိုင်(HSA) က ဆရာဝန် ဆေးစာမပါဘဲ Modafinil သို့မဟုတ် Armodafinil ပါ၀င်သည့် ထုတ်ကုန်များ ၀ယ်ယူသုံးစွဲခြင်းမပြုရန် တိုက်တွန်းထားပါသည်။ ယခုအရေပြား ရောဂါ ဖြစ်ခဲ့ရသည့် လူနာ ၉ ဦးသည် ဂေးလန်းရှိ လမ်းဘေးဈေးရောင်းသူများ သို့မဟုတ် သူငယ်ချင်းများဆီမှ အဆိုပါ ဆေးဝါးများကို ရယူခဲ့ကြပြီး ဆရာဝန်ဆေးစာနှင့် ဆေးဘက်ဆိုင်ရာကြီးကြပ်မှုမရှိဘဲ သောက်သုံးခဲ့သည်ဟု သိရပါသည်။ လက်ရှိအခြေအနေတွင် လူနာများသည် သက်သာသည့် အခြေအနေတွင်ရှိပြီး သေဆုံးမှု မရှိကြောင်း သိရပါသည်။

HSA ၏ ခွင့်ပြုချက်မရှိဘဲ Modafinil နှင့် Armodafinil ဖြန့်ဖြူး ရောင်းချခြင်းအတွက် အပြစ်ရှိကြောင်းတွေ့ရှိသူများကို ဒဏ်ငွေ ဒေါ်လာ ၅၀,၀၀၀ အထိ သို့မဟုတ် ထောင်ဒဏ် နှစ်နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရပါသည်။ 

ကိုးကား-NP News

ထောပတ်ကို အလွန်အကျွံစားသုံးပါက အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားနိုင်

နယူးယောက်  မတ် ၉

ထောပတ်ကို အလွန်အကျွံစားသုံးပါက ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားလာနိုင်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မတ် ၈ ရက်သတင်းများအရ သိရသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ထောပတ်ကို အလွန်အကျွံစားသုံးသူများသည် အနည်းဆုံးစားသုံးသူများထက် ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းပိုမြင့်မားကြောင်း သိရသည်။

သို့ရာတွင် ထောပတ်အစားအစာ အပင်ထွက်အဆီဓာတ်များသက်တမ်းပို၍ ရှည်လျားနေတတ်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များသည် လူပေါင်း ၂၀၀၀၀၀ ကျော်တို့၏ နှစ်ပေါင်း ၂၀ အတွင်း စားသောက်ခဲ့သော အစားအစာပုံစံများနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ ထောပတ်အစား အပင်ထွက်အဆီများကို စားသုံးသူများမှာ ရောဂါဘယတစ်မျိုးမျိုးကြောင့် အသက်ဆုံးပါးနိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်ထက် ကျဆင်းသွားတတ်သည်ကို တွေ့ရကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ တွင် ၂၇% ကို အမျိုးသမီးများ က ဦးဆောင်လျက်ရှိ

Times Higher Education (THE) ၏ အချက်အလက်များအရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် တက္ကသိုလ် ၅၅ ခုကို အမျိုးသမီး အုပ်ချုပ်သူ(ပါမောက္ခချုပ်)များက ဦးဆောင်လျက်ရှိသည်။

THE World University Rankings 2025 တွင် ၂၇% သော အဖွဲ့ အစည်းများ (တက္ကသိုလ် ၅၅ ခု) ကို အမျိုးသမီးအုပ်ချုပ်သူ သို့မဟုတ် အမျိုးသမီးပါမောက္ခချုပ်များက ဦးဆောင်လျက်ရှိပြီး အဆိုပါ ကဏ္ဍအတွက် စံချိန်တင်မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။

ထိုအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၂၅% (တက္ကသိုလ် ၅၀) နှင့် ၂၀၂၃ ခုနှစ်တွင် ၂၄% (တက္ကသိုလ် ၄၈) မှ တိုးတက်လာခြင်းဖြစ်သည်။၂၀၁၅ ခုနှစ်တွင် အမျိုးသမီးပါမောက္ခချုပ် ၂၈ ဦးသာ ရှိခဲ့ပြီး စာရင်းကောက်ယူမှု စတင်ခဲ့သည့်အချိန်မှစ၍ ၁၁ နှစ်အတွင်း ၉၆% တိုးတက်လာခဲ့သည်။

ဤအချက်အလက်များသည် ကမ္ဘာတစ်ဝန်းရှိ အသင်းအစုအဖွဲ့/ လုပ်ငန်း များ၌ အမျိုးသမီးခေါင်းဆောင်များ၏ ရာခိုင်နှုန်းထက် သိသိသာသာ ပိုမို မြင့်မားနေသည်။ 

အမျိုးသမီးပါမောက္ခချုပ်များရှိသည့် တက္ကသိုလ် ၅၅ ခုတွင် အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ် ၁၆ ခုပါဝင်ပြီး ကမ္ဘာ့နံပါတ် ၂ နည်းပညာ အဖွဲ့အစည်းဖြစ်သည့် Massachusetts Institute of Technology လည်း ပါဝင်သည်။ ယူနိုက်တက်ကင်းဒမ်းက ကမ္ဘာ့နံပါတ် ၁ ဖြစ်သည့်အောက်စဖို့ဒ် တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၈ ခုဖြင့် ဒုတိယ နေရာတွင် ရှိနေပြီး နယ်သာလန်နှင့် ဂျာမနီတို့က တက္ကသိုလ် ၇ ခုစီဖြင့် နောက်တွင် ရှိနေသည်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် ပါဝင်သည့် နိုင်ငံစုစုပေါင်း ၃၀ အနက် တရုတ်၊ ကနေဒါနှင့် တောင်ကိုရီးယားအပါအဝင် တက္ကသိုလ် ၁၅ ခုတွင် အမျိုးသမီးပါမောက္ခချုပ်များ မရှိကြောင်းသိရှိရသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများအတွက် စာဖြေဌာနလေးခု စီစဉ်ထားရှိ

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၂၂ ရက် အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်၍ ဆေးရုံစာဖြေဌာနလေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူ (လူနာ) များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။       

www.myanmar.gov.mm

ဂါဇာရှိကလေးငယ်များ ပညာပြန်လည်သင်ယူနိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့တွင် စိတ်ဒဏ်ရာများ ရှိနေဆဲ

ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များအတွက် ယာယီစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်သော်လည်း ကလေးများအနေဖြင့် စိတ်ဒဏ်ရာများခံစားနေရကာ အစ္စရေးနှင့် ဟားမက်တို့အကြား ယာယီ အပစ်အခတ်ရပ်စဲရေးကို “ဆက်လက်ဖော်ဆောင်နိုင်ပါ့မလား” ဆိုသည့်အပေါ် စိုးရိမ်စိတ်များ ရှိနေကြကြောင်း UNICEF က ပြောကြားခဲ့ပါသည်။

UNICEF ၏ ခန့်မှန်းချက်အရ ဂါဇာဒေသရှိ စာသင်ကျောင်းများ၏ ၉၀ ရာခိုင်နှုန်း ကျော်သည် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရကြောင်း၊ ကျန်ရှိသည့်စာသင်ကျောင်းအနည်းငယ်မှာလည်း ကယ်ဆယ်ရေးစခန်းများ အဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

UNICEF အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များ ပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ယာယီစာသင်ကျောင်းများကို တည်ဆောက်ပေးလျက်ရှိပြီး စာသင်ကျောင်းအများစုမှာ ရွက်ဖျင်တဲများဖြင့် တည်ဆောက်ထားကြောင်း၊ ကလေးသူငယ်များအနေဖြင့် အာရေဗျဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သင်္ချာဘာသာနှင့် အခြားသော ဘာသာရပ်များကိုလည်း သင်ယူနိုင်ကြောင်း၊ စာရေးကိရိယာ၊ ကျောင်းလွယ်အိတ်နှင့် အစာအာဟာရတို့ကို ထောက်ပံ့ပေးထားကြောင်း UNICEF က ပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ကလေးသူငယ်များသည် ၎င်းတို့၏ ပျော်ရွှင်စရာကလေးဘဝ လွတ်လပ်မှုများဆုံးရှုံး နေကြရကြောင်းနှင့် စာသင်ကျောင်းများသည် ၎င်းတို့အတွက် ခေတ္တစိတ်အေးချမ်းသာမှုရစေသည့် နေရာတစ်ခု ဖြစ်ကြောင်း၊ ကလေးသူငယ်အများစုသည် ပြင်းထန်သည့်စစ်ပွဲများကြောင့် ကြီးစွားသော စိတ်ဒဏ်ရာများရရှိခံစားနေကြရကြောင်း၊ အချို့သောကလေးသူငယ်များသည် ဒရုန်းသံကြားသည့်အခါမျိုးတွင် စကားလုံးဝမပြောဘဲ တိတ်ဆိတ်နေတတ်ကြပြီး အချို့မှာကြောက်လန့်တုန်လှုပ်ပြီး အော်ဟစ်ကြကြောင်း UNICEF တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဂါဇာဒေသ၌ သူမကိုမြင်သည့်အခါ ကလေးငယ်များသည် သူမထံသို့ ပြေးလာကြကြောင်း၊ သူမ၏ လက်ကိုဆွဲကာ “တိုက်ပွဲတွေပြန်ဖြစ်အုံးမလား၊ အကူအညီအထောက်ပံတွေ ဘာလို့ထပ်မလာတော့တာလဲ” ဟု မေးကြကြောင်း၊ အကူအညီအထောက်အပံ့များ လုံးဝရပ်တန့်သွားခြင်း သို့မဟုတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပျက်ပြယ်သွားခြင်းတို့ဖြစ်လာမည်ကို ဂါဇာဒေသရှိပြည်သူများအနေဖြင့် လွန်စွာစိုးရိမ်ပူပန်နေကြကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)