သိပ္ပံပညာရှင်များက သစ်ကြားသီးကို စားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ ကောင်းကျိုး ရလဒ်တစ်ခုကို ဖော်ထုတ်ပေးလိုက်နိုင်ပါပြီ။ အဲဒီရလဒ်ကတော့ သစ်ကြားသီးကို စားသုံးခြင်းက အူမကြီးကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတာပါပဲ။

အဓိကကတော့ သစ်ကြားသီးမှာပါဝင်တဲ့ ပေါ်လီဖီနောဆိုတဲ့ဒြပ်ပေါင်းကို အူလမ်းကြောင်းမှာရှိတဲ့ ဇီဝသက်ရှိပစ္စည်းများကဖြိုခွဲလိုက်ပြီး ရောင်ရမ်းမှုကိုတိုက်ဖျက်တဲ့မော်လီကျူးများအဖြစ် ပြောင်းလဲသွားစေတာဖြစ်ပါတယ်။ အဲဒီမော်လီကျူးများက ရောင်ရမ်းမှုကိုတိုက်ဖျက်နိုင်ရုံသာမကဘဲ အူမကြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုပါလျှော့ချပေးနိုင်တယ်ဆိုတာကို UConn ဆေးတက္ကသိုလ်မှသုတေသနပညာရှင်များက တွေ့ရှိထားတာဖြစ်ပါတယ်။
Ref: STD
K.H
Source: https://myawady.net.mm/

လူငယ်များအနေနဲ့ ညဉ့်နက်မှအိပ်ရာ ဝင်ခြင်းထက် စောစောအိပ်ရာဝင်ခြင်း၊ အိပ်ချိန်ပိုယူခြင်းတို့က သူတို့ရဲ့ဦးနှောက်စွမ်းရည်ကို တိုးတက်စေနိုင်တဲ့အပြင် မှတ်ဉာဏ်လည်းကောင်းစေတယ်လို့ အမေရိကန်သုတေသနတစ်ခုမှာ အကျယ်တဝင့်ဖော်ပြထားပါတယ်။
အဲဒီသုတေသနမှာ ဆယ်ကျော်သက်များကိုအုပ်စုနှစ်ခုခွဲလိုက်ပြီး မတူညီသော အိပ်ရာဝင်ချိန်များ၊ အိပ်စက်ချိန်များမှာ အိပ်စက်စေကာ သူတို့ရဲ့ဦးနှောက်စွမ်းရည် ကိုတိုင်းတာခြင်းဖြစ်ပါတယ်။

အဲဒီလိုတိုင်းတာတဲ့အခါ တခြားသူများထက် အချိန် ၁၅ မိနစ်လောက်ပိုယူပြီး အိပ်စက်သူဆယ်ကျော်သက်များရဲ့ မှတ်ဉာဏ်က ပိုမိုတိုးတက်လာတာကိုတွေ့ရတယ်လို့ သုတေသီများကဆိုပါတယ်။
အိပ်စက်နေချိန်မှာ ဦးနှောက်ကအဆိပ်အတောက်တွေကိုဖယ်ရှားပြီး အာရုံကြောများရဲ့ချိတ်ဆက်မှုကို ပြန်လည်ဆန်းသစ်စေကာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကိုတိုးတက်စေတာဖြစ်ပါတယ်။

ဦးနှောက်ရဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနေရာကို အဓိကပစ်မှတ်ထားတဲ့ အသံလှိုင်းသုံးကုသနည်းတစ်မျိုးက စိတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကြခြင်းတို့လို ရောဂါ လက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ UT Austin ရဲ့ သုတေသနပြု လေ့လာမှုမှာဖော်ပြထားပါတယ်။
လူနာတွေအနေနဲ့ အသံလှိုင်းအသုံးပြုကုသမှုကို သီတင်းပတ်သုံးပတ်ကြာခံယူပြီးတဲ့နောက်မှာ စိတ်ကျန်းမာရေးအရ တိုးတက်မှုများစွာ ရှိလာတာကိုတွေ့ရပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာကုသမှုအတွက် ရှေ့ပြေးလုပ်ဆောင်ချက်တစ်ခု ဖြစ်လာတယ်လို့ဆိုပါတယ်။

သူ့ရဲ့နည်းက ဦးနှောက်အတွင်းပိုင်းရှိ နေရာကို အသံလှိုင်းထုတ်လွှတ်ပြီး လှုံ့ဆော်ပေးတာမျိုးဖြစ်ပါတယ်။

ဝယ်လင်တန် ဧပြီ ၂၉
အမြင်အာရုံဝေဝါးမှုနှင့် အစက်အပြောက်များ တွေ့မြင်ရမှုသည် ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ငယ်ငယ်ရွယ်ရွယ်နှင့် ဖြစ်ပွားနိုင်ကြောင်း ဧပြီ ၂၈ ရက် သတင်းများအရ သိရသည်။
နယူးဇီလန် သုတေသနပညာရှင်များ၏ အဆိုအရ မျက်လုံး၏ နောက်ဘက်ပိုင်းရှိ အလင်းအာရုံခံတစ်ရှူးလွှာများ ပုံမှန်မဟုတ်ဘဲ ပါးလွှာနေသူများတွင် အသက် ၆၀။ ၅၀ နှင့် ၄၀ ခန့်မှာပင် Dementia ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ဆေးပညာလောက၌ မျက်လုံးမြင်လွှာကြော ပါးလွှာမှုပြဿနာအဖြစ်လည်း လူသိများသည့် အထက်ပါအမြင်အာရုံပြဿနာကြောင့် အမြင်အာရုံဝေဝါးခြင်း၊ အစက်အပြောက်များတွေ့ရခြင်း စသည့် ပြဿနာများ ပေါ်ထွက်လာနိုင်ကြောင်း သိရသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ မြင်လွှာကြောပါးလွှာမှုပြဿနာရှိနေသူများ၌ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် Dememtia ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားနေတတ်သည်ကိုတွေ့ရကြောင်း နယူးဇီလန် သုတေသနပညာရှင်များက ပြောကြားသည်။
ထို့ပြင် မျက်လုံးအတွင်းရှိ သွေးကြောများပုံမှန်ထက် ကျဉ်းမြောင်းသူ၊ ပုံမှန်ထက်ကျယ်နေသူများတွင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် Dementia ဖြစ်နိုင်ခြေ မြင့်တက်နေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

ပေကျင်း ဧပြီ ၂၈
သွေးစစ်နည်း ပုံစံတစ်မျိုးဖြင့် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ ရှိ၊ မရှိကို ရောဂါလက္ခဏာများမပေါ်မီ ကြိုတင်ခန့်မှန်းထားနိုင်ကြောင်း ဧပြီ ၂၇ ရက် သတင်းများအရ သိရသည်။
အဆိုပါ သွေးစစ်နည်းသည် ပရိုတင်းငါးမျိုးကို ရှာဖွေတိုင်းတာပေးခြင်းဖြင့် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ ရှိ၊ မရှိကို တိကျစွာ ထောက်လှမ်းပေးနိုင်ကြောင်း တရုတ်သုတေသနပညာရှင်များက ပြောကြားသည်။

တရုတ်သုတေသနပညာရှင်များ၏ လက်တွေ့စမ်းသပ်မှုများအရ ပရိုတင်းငါးမျိုး သွေးစစ်နည်းသည် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေကို ရောဂါလက္ခဏာမပေါ်မီ ငါးနှစ်အလိုတွင် ၈၄ ရာခိုင်နှုန်းတိကျစွာ ခန့်မှန်းနိုင်ကြောင်း သိရသည်။
တရုတ် သုတေသနပညာရှင်များသည် လူပေါင်း ၅၀၀၀ ထံမှရယူထားသည့် သွေးနမူနာများထဲမှ ပရိုတင်းအမျိုးအစား ၂၇၀၀၀ ကျော်ကို လေ့လာခဲ့ရာ ငါးမျိုးမှာ အသည်းအဆီဖုံးရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။
အသည်းအဆီဖုံးရောဂါသည် ကိုယ်တွင်းအဆီများ စတင်စုစည်းချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါဖြစ်ကြောင်း သိရသည်။

Conclave ဟုခေါ်သည့် ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲကို မေလ ၇ ရက် တွင် စတင်တော့မည်ဟု ဗာတီကန်နန်းတော်က ထုတ်ပြန်ကြေညာထားသည်။
ဝတ်ပြုရာ Sistine Chapel အတွင်း တံခါးပိတ်ပြုလုပ်မည့် အစည်းအဝေးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ကာဒီနယ်ဘုန်းတော်ကြီး ၁၃၅ ဦး ပါဝင်ကြမည်ဖြစ်သည်။ တနင်္လာနေ့ (ဧပြီ ၂၁ ရက်) တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီးနောက် ၎င်း၏ ဈာပနကို ဧပြီ ၂၆ ရက်တွင် ကျင်းပခဲ့ပြီးဖြစ်ကာ ပုပ်ရဟန်းမင်းကြီးရွေးချယ်ပွဲစမည့်နေ့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Conclave က မည်မျှကြာမည်ဆိုသည့် အချိန်သတ်မှတ်ချက်မရှိပေ။ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ယခင်ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲက နှစ်ရက်သာ ကြာခဲ့သည်။ အလွန်လျှို့ဝှက်သည့် ရွေးချယ်ပွဲဖြစ်ပြီး ဘုရားရှိခိုးကျောင်းမီးခိုးခေါင်းတိုင်မှ အဖြူရောင် မီးခိုးထွက်လာပါက ပုပ်ရဟန်းမင်းကြီးသစ်ပေါ်ထွက်ပြီဟု အဓိပ္ပာယ်ရပြီး အမဲရောင် မီးခိုးထွက်နေပါက ပုပ်ရဟန်းမင်းကြီးသစ် မပေါ်သေးဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည်။
ဗာတီကန်နန်းတော်ပြောခွင့်ရှိသူအဆိုအရ ကာဒီနယ်များက စိန့်ပီတာစ် ဘုရားရှိခိုးကျောင်းတွင် စုစည်းပြီးသည့်အခါ မဲပေးရန်အခွင့်ရှိသူများက Sistine Chapelတွင် စုဝေးကြရမည်။
ယင်းသို့စုဝေးပြီးသည်နှင့် ကာဒီနယ်များသည် ပုပ်ရဟန်းမင်းကြီးသစ် မထွက်ပေါ်မချင်း ပြင်ပလောကနှင့် အဆက်အသွယ်လုပ်ခွင့်မရှိပေ။ ပုပ်ရဟန်းမင်းကြီးသစ်ဖြစ်လာမည့်သူက မဲအရေအတွက်၏ သုံးပုံနှစ်ပုံကို ရရန်လိုသည်။
ကာဒီနယ်တစ်ဦးစီက လက်တင်ဘာသာဖြင့်ရေးထားသည့် ကတ်ပြားပေါ်တွင် ၎င်းတို့ရွေးထားသည့်နာမည်ကို ဖြည့်ထည့်ရမည်။ အကယ်၍ ရွေးချယ်ပွဲသုံးရက်ကြာပြီးသည့်အထိ အဖြေမရသေးပါက တစ်ရက်ရပ် နားခွင့်ရှိသည်။ Sistine Chapel အပြင်ဘက်တွင်မူ မီးခိုးခေါင်းတိုင်မှ ထွက်လာမည့် မီးခိုးအရောင်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြမည် ဖြစ်သည်။
ကိုးကား- AFP

ဗာတီကန်၏ ငွေရေးကြေးရေးမှုဖြင့် အပြစ်ရှိကြောင်းချမှတ်ခံခဲ့ရသည့် ကာဒီနယ် Giovanni Angelo Becciu သည် အသစ်ရွေးချယ်တင်မြှောက်မည့် ပုပ်ရဟန်းမင်းကြီးအတွက် လျှို့ဝှက်ကျင်းပသည့် ကွန်ကလိတ် (conclave) အစည်းအဝေးသို့ ပါဝင်မည်မဟုတ်ကြောင်း အင်္ဂါနေ့ (ဧပြီ ၂၈) တွင် ကြေညာခဲ့သည်။

ဗာတီကန်၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ခဲ့သည့် ကာဒီနယ် Becciu အား ၂၀၂၀ ပြည့်နှစ်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) မှ ဗာတီကန်၏ ငွေကြေးဆိုင်ရာ အကျင့်ပျက်ခြစားမှုများတွင် ပတ်သက်နေသည့်အတွက် ကာဒီနယ်၏ “အခွင့်အရေးနှင့် အထူးဂုဏ်ထူးဆောင်ဘွဲ့များ” မှ နုတ်ထွက်ရန် အမိန့်ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် အပတ်က ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီးနောက်၊ Becciu သည် ကွန်ကလိတ်တွင် ပါဝင်ပိုင်ခွင့်အတွက် အယူခံဝင်ခဲ့သော်လည်း၊ အင်္ဂါနေ့တွင် ၎င်း၏ တရားဝင်နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။
“မိမိသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ အလိုတော်ကို အမြဲတစေလိုက်နာခဲ့သလို ကွန်ကလိတ်သို့ မဝင်ရောက်ရန် ဆုံးဖြတ်ချက်ကို လိုက်နာမည်ဖြစ်ပြီး မိမိ၏အပြစ်မဲ့ကြောင်း ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းထားမည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဗာတီကန်မှ တနင်္လာနေ့ (ဧပြီ ၂၇) က ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာဝင် ၁.၄ ဘီလီယံ အတွက် ခေါင်းဆောင်အသစ် ရွေးချယ်ရန် မေလ ၇ ရက်နေ့တွင် ကာဒီနယ်များက ကွန်ကလိတ် စတင် မည်ဟု ဆုံးဖြတ်ခဲ့သည်။
Becciu ၏ ကွန်ကလိတ်မှ နုတ်ထွက်ခြင်းသည် ၎င်းက “မိမိအား ကွန်ကလိတ် မှ တခါးပိတ်မတားဆီးထားပါ” ဟု Sardinian သတင်းစာတစ်စောင်တွင် ပြောကြားပြီး ၇ ရက်အတွင်း ဖြစ်ပွားခဲ့သည်။
ကာဒီနယ် Becciu သည် ယခင်က ဗာတီကန်နိုင်ငံတော် နိုင်ငံတော်အတွင်းရေးမှူးရုံး၏ “sostituto” (ဒုတိယအတွင်းရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီးထံ တိုက်ရိုက်တင်ပြခွင့်ရှိသည့် အထူး ဩဇာအာဏာရှိသူဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဗာတီကန်၏ သူတော်စင် အဖြစ် ကြေညာရေးဌာနကို ဦးဆောင်ခဲ့သည်။
ကာဒီနယ် Giovanni Angelo Becciu အား ၂၀၂၃ ခုနှစ်တွင် ဘဏ္ဍာရေး လိမ်လည်မှုနှင့် အာဏာကို အလွဲသုံးစားပြုမှု (embezzlement and fraud) တို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ ၎င်းသည် ဗာတီကန်၏ ရာဇဝတ်တရားရုံးမှ အပြစ်ရှိကြောင်း ချမှတ် ခံရသည့် ပထမဆုံးသော ကာဒီနယ် ဖြစ်လာခဲ့သည်။
သို့သော် အပြစ်မရှိဟု အခိုင်အမာဆိုထားသည့် ကာဒီနယ်သည် အယူခံဝင်ခဲ့ပြီး ယခုအချိန်ထိ ထိုအမှုကို ပြန်လည်သုံးသပ်ဆဲဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ၎င်းအား ဗာတီကန် အတွင်းရှိ တိုက်ခန်းတစ်ခုတွင် ဆက်လက်နေထိုင်ခွင့်ပြုထားသည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရန် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုက်တွန်းထားသည်။
ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မတ်လ (၂၈) ရက် မွန်းလွဲပိုင်း၌ လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာ များကို စာစစ်လုပ်ငန်းများဆောင်ရွက်နေသည့် မန္တလေး တက္ကသိုလ် ပင်မ အဆောက်အအုံ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခင်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ် အားလုံး ဖြေဆိုခဲ့သူများကို ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး လာမည့် ဇွန်လ (၁၆) ရက် မှ (၂၁) ရက်အထိ စာမေးပွဲ ပြန်လည်ကျင်းပသွားမည် ဖြစ်သည်။
ယင်းကဲ့သို့ ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ၌ ပြန်လည် ဖြေဆိုခွင့်ပြုထားသည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ် အားလုံးကို အဆင်ပြေချောမွေ့အောင်မြင်စွာဖြင့် ပြီးဆုံးသည်အထိ ဖြေဆို နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသွားသည်။
ကိုးကား- ဒေသတွင်းမီဒီယာ

ချယ်လ်ဆီး Vs အဲဗာတန်
ကစားမည့်ရက်/အချိန်
(၂၆-၄-၂၀၂၅ ည ၆:၀၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
အဲဗာတန် ၀ - ၀ ချယ်လ်ဆီး
ချယ်လ်ဆီး Vs အဲဗာတန်
ကစားမည့်ရက်/အချိန်
(၂၆-၄-၂၀၂၅ ည ၆:၀၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
အဲဗာတန် ၀ - ၀ ချယ်လ်ဆီး
ချယ်လ်ဆီး ၆ - ၀ အဲဗာတန်
အဲဗာတန် ၂ - ၀ ချယ်လ်ဆီး
နောက်ဆုံးကစားတဲ့ သုံးပွဲအနိုင်၊ အရှုံးရလဒ်
ချယ်လ်ဆီး အိမ်(သရေ) အိမ်(ရှုံး) ဝေး(နိုင်)
အဲဗာတန် အိမ်(သရေ) ဝေး(နိုင်) အိမ်(ရှုံး)
ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် ရမှတ်လိုအပ် ချက်တွေရှိနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အိမ်ကွင်းမှာ အနိုင်သုံးမှတ်ရဖို့ အမှားခံမှာမဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းနဲ့ အိမ်ကွင်းမှာတွေ့ဆုံတိုင်း ရလဒ်ကောင်းလေ့ရှိလို့ အခုအိမ်ကွင်းပွဲစဉ်မှာလည်း အကောင်းဆုံးကစားနိုင်မှာပါ။ ချယ်လ်ဆီးအသင်းက ဒီဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ အိမ်ကွင်း ၁၆ ပွဲကစားပြီးချိန်မှာ ကိုးပွဲအနိုင်ရရှိပြီး ငါးပွဲသရေရလဒ်နဲ့ နှစ်ပွဲသာရှုံးနိမ့်ခဲ့လို့ အိမ်ကွင်းဆိုရင်တော့ အသင်းလိုက်ကစားပုံ ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ရမှတ် ၅၇ မှတ်နဲ့အမှတ်ပေးဇယား အဆင့်(၆)နေရာမှာရပ်တည်နေတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့်(၄) နေရာကအသင်းနဲ့ ရမှတ်သုံးမှတ်သာကွာဟနေလို့ လက်ကျန်ပွဲစဉ်တွေမှာ အမှားခံမှာမဟုတ်ပါဘူး။
အဲဗာတန်အသင်းကတော့ နည်းပြမိုယက်စ် လက်အောက်မှာ ရလဒ်တွေဆက်တိုက်ပြန်လည် ကောင်းမွန်လာတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားရတိုင်း ရလဒ်ဆိုးရွားလေ့ရှိတာကိုတော့ သတိထားရမှာပါ။ အဲဗာတန်အသင်းက နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ ငါးပွဲမှာ နော်တင်ဟမ်အသင်းတစ်သင်းတည်းကိုသာ အနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်နဲ့ နှစ်ပွဲရှုံးနိမ့်ထားလို့ ခြေစွမ်းပိုင်းကတည်ငြိမ်မှုအားနည်းနေပါတယ်။ အဲဗာတန်အသင်းက ၂၀၀၅ ခုနှစ် နောက်ပိုင်းကတည်းက ချယ်လ်ဆီးအသင်းအိမ်ကွင်းမှာ တစ်ကြိမ်မှအနိုင်ရရှိခြင်းမရှိဘဲ အမြင့်ဆုံးသရေ ရလဒ်သာစွမ်းဆောင်နိုင်ခဲ့လို့ အခု ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာလည်း ရုန်းကန်ရဖို့ရှိနေပါတယ်။ အဲဗာတန်အသင်းရဲ့ ဒီဘောလုံးရာသီ ပရီးမီးယားလိဂ်အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကိုကြည့်ရမယ်ဆိုရင်လည်း ၁၆ ပွဲကစားပြီးချိန်မှာ လေးပွဲသာ အနိုင်ရရှိပြီး ခြောက်ပွဲသရေရလဒ်နဲ့ ခြောက်ပွဲရှုံးနိမ့်ထားလို့ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းက စိတ်ချလို့ရတဲ့အနေအထားမှာမရှိပါဘူး။ ဒါ့ပြင် အဲဗာတန်အသင်း ခံစစ်ပိုင်းကလည်း အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တာကောစကီးဒဏ်ရာကြောင့် အနားယူနေရလို့ ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေပါတယ်။
ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာ ချယ်လ်ဆီးအသင်းက ၁၅ ကြိမ် အနိုင်ရရှိထားပါ တယ်။ အဲဗာတန်အသင်းက ၁၀ ကြိမ်အနိုင်ရရှိပြီး ကိုးကြိမ်သရေရလဒ် ထွက်ပေါ်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းကလည်း ချယ်လ်ဆီးအသင်းက အသာစီးမှာရှိနေလို့ ချယ်လ်ဆီးအသင်းပဲ အနိုင် ရယူသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် - ချယ်လ်ဆီး ၁ - ၀ အဲဗာတန်
ဘိုင်ယန်မြူးနစ် Vs မိန့်ဇ်
ကစားမည့်ရက်/အချိန်
(၂၆-၄-၂၀၂၅ ည ၈:၀၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
မိန့်ဇ် ၂ - ၁ ဘိုင်ယန်မြူးနစ်
မိန့်ဇ် ၀ - ၄ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ် ၈ - ၁ မိန့်ဇ်

ဘိုင်ယန်မြူးနစ် အိမ်(သရေ) ဝေး(သရေ) ဝေး(နိုင်)
မိန့်ဇ် အိမ်(သရေ) ဝေး(ရှုံး) အိမ်(သရေ)
လက်ကျန်ပွဲစဉ်လေးပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရရှိမယ်ဆိုရင် ချန်ပီယံဆုဆွတ်ခူးနိုင်မှာဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ အမှား ခံမှာမဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကလည်း ထွက်ခွာခဲ့ရပြီဖြစ်လို့ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲဘက်ကို အပြည့်အဝ အာရုံစိုက်လာမှာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းကို ကြည့်ရမယ်ဆိုရင်လည်း ၁၅ ပွဲကစားပြီးချိန်မှာ ၁၂ ပွဲအနိုင်ရရှိထားပြီး နှစ်ပွဲသရေရလဒ်နဲ့ တစ်ပွဲသာ ရှုံးနိမ့်ထားလို့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းက အားရစရာအနေအထားမှာရှိနေပါတယ်။ ဒါ့ပြင် ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်ပိုင်းကလည်း ပွဲ ၃၀ ကစားပြီးချိန်မှာ ၈၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိ ထက်မြက်မှုရှိနေလို့ မိန့်ဇ်အသင်းခံစစ်ပိုင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။ ဘိုင်ယန် မြူးနစ်အသင်းက အခုပွဲစဉ်မှာ ပထမအကျော့က ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာမှာပါ။
မိန့်ဇ်အသင်းကတော့ ဥရောပဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ကျန်ရှိနေသေးတယ်ဆိုပေမယ့် နောက်ဆုံးကစားတဲ့ ငါးပွဲဆက်နိုင်ပွဲပျောက် ဆုံးနေတဲ့အထိ ခြေစွမ်းပိုင်းကျဆင်းနေပါတယ်။ မိန့်ဇ်အသင်းရဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကို ကြည့်ရမယ်ဆိုရင်လည်း၁၅ ပွဲကစားပြီးချိန်မှာ ခုနစ်ပွဲအနိုင်ရရှိပြီး နှစ်ပွဲ ရေရလဒ်နဲ့ ခြောက်ပွဲရှုံးနိမ့်ထားလို့ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကတော့ သာမန်အနေအထားမှာပဲရှိနေပါတယ်။ မိန့်ဇ်အသင်းခံစစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ အမှားအယွင်းတွေများနေလို့ ဟယ်ရီကိန်းဦးဆောင်လာမယ့် ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ်ဖို့ကတော့ ခက်ခဲနေမှာပါ။
ဒီနှစ်သင်းကြားတွေ့ဆုံမှုအပိုင်းကိုပြန်ကြည့်ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းက ၂၃ ကြိမ် အနိုင်ရရှိထားပါတယ်။ မိန့်ဇ်အသင်းက ခုနစ်ကြိမ် အနိုင်ရရှိပြီး နှစ်ကြိမ်သရေရလဒ်ထွက်ပေါ်ထား ပါတယ်။ အိမ်ရှင်အားသာချက်၊ လက်ရှိခြေစွမ်းပိုင်း နဲ့ တွေ့ဆုံမှုအပိုင်းမှာ အဘက်ဘက်က အသာစီးမှာ ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းပဲ အနိုင်ရယူသွားမှာပါ။
ခန့်မှန်းရလဒ် - ဘိုင်ယန်မြူးနစ် ၃ - ၀ မိန့်ဇ်
လီဟာဗေး Vs မိုနာကို
ကစားမည့်ရက်/အချိန်
(၂၆-၄-၂၀၂၅ ည ၁၁:၃၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
မိုနာကို ၃ - ၁ လီဟာဗေး
မိုနာကို ၁ - ၁ လီဟာဗေး
လီဟာဗေး ၀ - ၀ မိုနာကို
နောက်ဆုံးကစားတဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်
လီဟာဗေး ဝေး(နိုင်) အိမ်(ရှုံး) ဝေး(ရှုံး)
မိုနာကို ဝေး(ရှုံး) အိမ်(နိုင်) အိမ်(သရေ)
လီဟာဗေးအသင်းက တန်းဆင်းဇုန်ဖိအားတွေ ရှိနေလို့ လက်ကျန်ပွဲစဉ်တွေမှာ သေချာအာရုံစိုက် ကစားနေတယ်ဆိုပေမယ့် ခြေစွမ်းပိုင်းကတော့ တိုးတက်မှုမရှိသေးဘဲ ရုန်းကန်နေရပါတယ်။ လီဟာ ဗေးအသင်းက ဒီဘောလုံးရာသီအိမ်ကွင်း စွမ်းဆောင် ရည်ပိုင်းကို ကြည့်ရမယ်ဆိုရင် ၁၅ ပွဲကစားပြီးချိန်မှာ သုံးပွဲသာအနိုင်ရရှိပြီး တစ်ပွဲသရေရလဒ်နဲ့ ၁၁ ပွဲ ရှုံးနိမ့်ထားကာ အိမ်ကွင်းရလဒ် အဆိုးရွားဆုံး အသင်းအဖြစ်ပါ ရပ်တည်နေလို့ အခုပွဲစဉ်မှာလည်း မိုနာကိုအသင်းကို ပွဲချိန်ပြည့်ထိန်းချုပ်ဖို့ ခက်ခဲနေမှာပါ။
မိုနာကိုအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲတိုက် ရိုက်ဝင်ခွင့်အတွက် ရမှတ်လိုအပ်ချက်ရှိနေလို့ အဝေး ကွင်းဆိုပေမယ့် အမှားခံမှာမဟုတ်ပါဘူး။ လက်ရှိ မိုနာကိုအသင်းရဲ့ ခြေစွမ်းပိုင်းကလည်း လီဟာဗေး အသင်းကိုအနိုင်ရယူဖို့ ခက်ခဲမှာမဟုတ်ပါဘူး။ မိုနာကိုအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ တိုက်ရိုက် ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့်(၃) နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် အဆင့်(၄) နေရာက လိုင်လီအသင်းနဲ့ ရမှတ် တစ်မှတ်သာကွာဟနေလို့ လက်ကျန်ပွဲစဉ်တွေမှာ အမှားခံလို့မဖြစ်တော့ပါဘူး။ မိုနာကိုအသင်းက ပြီးခဲ့တဲ့ စထရာဘော့အသင်းနဲ့ ပွဲစဉ်မှာ သရေရလဒ်ကြောင့် ရမှတ်ဆုံးရှုံးထားလို့ အခုပွဲစဉ်မှာတော့ ရမှတ်ပြည့်ရရှိဖို့အတွက် အမှားခံမှာ မဟုတ်ပါဘူး။
ဒီနှစ်သင်းကြား တွေ့ဆုံမှုအပိုင်းမှာ မိုနာကို အသင်းက သုံးကြိမ်အနိုင်ရရှိထားပါတယ်။ လီဟာ ဗေးအသင်းက တစ်ကြိမ်အနိုင်ရရှိပြီး သုံးကြိမ်သရေ ရလဒ်ထွက်ပေါ်ထားပါတယ်။ နှစ်သင်းစလုံး ရမှတ်လိုအပ်ချက်တွေရှိနေတယ်ဆိုပေမယ့် လက်ရှိခြေစွမ်းပိုင်းအသာစီးမှာရှိနေတဲ့ မိုနာကိုအသင်းပဲ အနိုင်ရယူသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် - လီဟာဗေး ၁ - ၃ မိုနာကို
ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)
ဘရိုက်တန် - ဝက်စ်ဟမ်း
နယူးကာဆယ် - အစ်ဝှစ်ချ်
ဆောက်သမ်တန် - ဖူလ်ဟမ်
ဝုဗ် - လက်စတာ
ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၁)
လေဗာကူဆင် - အော့စ်ဘတ်
ဟော့ဖန်ဟိန်း - ဒေါ့မွန်
ဟူစတိန်ကယ်လ် - ဂလာဘတ်
ဝုဖ်ဘတ် - ဖရိုင်းဘတ်
ဖရန့်ဖတ် - လိုက်ပဇစ်
ပြင်သစ်လီဂူးပွဲစဉ်(၃၁)
စထရာဘော့ - စိန့်အက်တီယန်
လိုင်ယွန် - ရင်းနက်စ်
စည်သူအောင်

နယူးယောက် ဧပြီ ၂၄
ရှားပါးသည့် မျိုးဗီဇပြဿနာတစ်ရပ်ကြောင့် အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ဧပြီ ၂၃ ရက်တွင် ပြောကြားသည်။
အမေရိကန်နိုင်ငံ နီဗားဒါးလပ်စ်ဗီးဂတ်စ် တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ Myotonic Dystrophy Type 1 (DM1) ခေါ် မျိုးဗီဇပြဿနာတစ်ရပ်ရှိနေသော ကလေးများမှာ ပုံမှန်ကလေးများထက် အော်တစ်ဇင်ရောဂါဖြစ်နိုင်ခြေ ၁၄ ဆ ပိုမြင့်မားနေတတ်ကြောင်း သိရသည်။

မိဘများထံမှ တစ်ဆင့်ခံရရှိသည့် မျိုးဗီဇပြဿနာဖြစ်သော DM 1 မျိုးဗီဇပြဿနာသည် ကလေးဘဝ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သတင်းအချက်အလက် စီစဉ်နိုင်စွမ်းတို့အပေါ် အကျိုးသက်ရောက်မှုရှိနေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
DM1 မျိုးဗီဇရောဂါကြေင့် ကလေးများ၏ ပြောဆိုဆက်ဆံမှု၊ အပြုအမူ၊ လူမှုတုံ့ပြန်ပုံတို့နှင့် ဆက်စပ်နေသည့် ဦးနှောက်အာရုံနာ့ဗ်ဆဲလ်သတင်းပို့လမ်းကြောင်းများ ပြောင်းလဲသွားနိုင်သည်ဖြစ်ရာ DM1 သည် အော်တစ်ဇင်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းတရားတစ်ရပ်ဖြစ်နိုင်သည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။
သို့ရာတွင် DM1 မျိုးဗီဇရောဂါသည် အော်တစ်ဇင်ရောဂါထက်ပင် ပို၍ရှားပါးကြောင်း သုတေသနပညာရှင်များက ဝန်ခံထားသည်။