၁၅ မိနစ်ပိုအိပ်ခြင်းက လူငယ်များရဲ့ဦးနှောက်စွမ်းရည်ကိုတိုးစေနိုင်
လူငယ်များအနေနဲ့ ညဉ့်နက်မှအိပ်ရာ ဝင်ခြင်းထက် စောစောအိပ်ရာဝင်ခြင်း၊ အိပ်ချိန်ပိုယူခြင်းတို့က သူတို့ရဲ့ဦးနှောက်စွမ်းရည်ကို တိုးတက်စေနိုင်တဲ့အပြင် မှတ်ဉာဏ်လည်းကောင်းစေတယ်လို့ အမေရိကန်သုတေသနတစ်ခုမှာ အကျယ်တဝင့်ဖော်ပြထားပါတယ်။
အဲဒီသုတေသနမှာ ဆယ်ကျော်သက်များကိုအုပ်စုနှစ်ခုခွဲလိုက်ပြီး မတူညီသော အိပ်ရာဝင်ချိန်များ၊ အိပ်စက်ချိန်များမှာ အိပ်စက်စေကာ သူတို့ရဲ့ဦးနှောက်စွမ်းရည် ကိုတိုင်းတာခြင်းဖြစ်ပါတယ်။
အဲဒီလိုတိုင်းတာတဲ့အခါ တခြားသူများထက် အချိန် ၁၅ မိနစ်လောက်ပိုယူပြီး အိပ်စက်သူဆယ်ကျော်သက်များရဲ့ မှတ်ဉာဏ်က ပိုမိုတိုးတက်လာတာကိုတွေ့ရတယ်လို့ သုတေသီများကဆိုပါတယ်။
အိပ်စက်နေချိန်မှာ ဦးနှောက်ကအဆိပ်အတောက်တွေကိုဖယ်ရှားပြီး အာရုံကြောများရဲ့ချိတ်ဆက်မှုကို ပြန်လည်ဆန်းသစ်စေကာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကိုတိုးတက်စေတာဖြစ်ပါတယ်။
Ref: STD
K.H
Source: https://myawady.net.mm/
MM-News-Category