သတင်းများ

အလွန်အကျွံပြုပြင်ထားသည့် အစားအစာများကြောင့် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်တက်နိုင်

ပေကျင်း      မေ ၁၀

အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများစားသုံးပါက ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်သည်ဟု တရုတ်သုတေသနပညာရှင်များက မေ ၉ ရက် သတင်းများတွင် ရေးသားထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများကို တစ်ရက်လျှင် ၁၁ ကြိမ်ခန့်ထိ စားသူများသည် အနည်းဆုံး စားသုံးသူများထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် နှစ်ဆခွဲမြင့်တက်နေတတ်ကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ အစားအစာ စားသောက်မှုပုံစံသည် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေအပေါ် အကျိုးသက်ရောက်မှုရှိနေတတ်သည်ကို တွေ့ရကြောင်း တရုတ်သုတေသနပညာရှင်များက ပြောကြားသည်။

သို့ဖြစ်ရာ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမှုကို တားဆီးရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း တရုတ်သုတေသနပညာရှင်များက အကြံပြုထားသည်။

ပါကင်ဆန်ရောဂါသည် ဒိုပါမိုင်းခေါ် ဟော်မုန်းတစ်မျိုးကို ထုတ်ပေးသည့် ဦးနှောက်ဆဲလ်များ သေဆုံးချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းရှိဟုဆို

ငလျင်ကြောင့် မီးလောင်ဆုံးရှုံးသွားသော ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများအတွက် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် မန္တလေးတစ်တိုင်းလုံးအနေဖြင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူအင်အား ၉၄ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်ချုပ်ကြီးမိုးအောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် အတူ မေလ ၉ ရက်၊ မွန်းလွဲပိုင်းက ရမည်းသင်းခရိုင်ပျော်ဘွယ်မြို့ ယင်းတော် အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရမည်းသင်းမြို့ မြို့မအခြေခံပညာ အထက်တန်းကျောင်း ခန်းမတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်လျက်ရှိသည့် တက္ကသိုလ် ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားစဥ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ငလျင်ဘေးဒဏ်ကြောင့် ပြန်လည်ရုန်းထရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ Grade-12 စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန်အတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်မှတ်ယူကာ ကြိုးစားဆောင်ရွက်နေမှုကို အသိအမှတ်ပြုချီးကျူးကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။

အလားတူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မလျော့သော ဇွဲ၊ လုံ့လ တို့ဖြင့် ကြုံတွေ့လာရသည့်အခက်အခဲကို ရင်ဆိုင်ကျော်လွှားပြီး လက်ရှိစာသင်ကြားနေသည့် အချိန်ဇယားအလိုက် စာမေးပွဲဖြေဆိုရန် ၃၇ ရက်သာလိုသည့်အချိန်တွင် ဘာသာရပ်အလိုက် စနစ်တကျ တွက်ချက်ပြီး တန်ဖိုးထားကြိုးစားခြင်းဖြင့် ပိုမိုအောင်မြင်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ကျန်ရှိနေသောအခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အမြန်ဆုံးရောက်ရှိ ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် သင်ကြားကြပ်မတ်ပေးသည့် ဆရာ/ဆရာမများ၊ မိဘများ၊ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အားလုံးကိုလည်း အသိအမှတ်ပြုကြောင်း၊ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရရှိသည့်အချိန်အတွင်း မဆုတ်မနစ်ကြိုးစားအားထုတ်ပြီး ဘဝ ရည်မှန်းချက်ပန်းတိုင်အသီးသီးသို့ အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေကြောင်းဖြင့် အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သိရသည်။

ကိုးကား- MHT

ဓာတ်ငွေ့မီးဖိုမှထွက်သည့် ဘင်ဇိုင်းဓာတုပစ္စည်းကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်မားလာနိုင်

နယူးယောက်  မေ ၉

မီးမိုချောင်သုံး ဓာတ်ငွေ့မီးဖိုမှထုတ်လွှတ်သည့် ဘင်ဇိုင်းဓာတုပစ္စည်းများကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မေ ၈ ရက် သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာရှင်များသည် နေအိမ် ၈၇ လုံးတို့မှ ဓာတ်ငွေ့မီးဖိုများ၏ ဘင်ဇိုင်းထုတ်လွှတ်မှုအဆင့်ကို တိုင်းတာလေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ဓာတ်ငွေ့မီးဖိုများမှ ဘင်ဇိုင်းဓာတုပစ္စည်းထုတ်လွှတ်မှုအမြင့်မားဆုံးနှင့် လေဝင်လေထွက်နည်းပါးသည့် နေအိမ်များ၌ နေထိုင်သူများတွင် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ဓာတ်ငွေ့မီးဖိုများမှ ထုတ်လွှတ်သည့် ဘင်ဇိုင်းဓာတုပစ္စည်းများကြောင့် ကလေးများ၌ ကင်ဆာရောဂါများဖြစ်နိုင်ခြေမှာ အရွယ်ရောက်သူများထက် ၁ ဒသမ ၈၅ ဆ ပိုမြင့်မားကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

ဓာတ်ငွေ့မီးဖိုများမှ ထုတ်လွှတ်သည့် အန္တရာယ်များသော ဓာတုပစ္စည်းများအတွက် လေဝင်လေထွက်ကောင်းမွန်အောင် ဖန်တီးပေးထားရန်နှင့် ဓာတ်ငွေ့မီးဖိုနေ့စဉ်အသုံးပြုမှုကြိမ်ရေ လျှော့ချရန် သုတေသနပညာရှင်များက ပြောကြားသည်။

Robert Francis Prevost သည် ပထမဆုံးသော အမေရိကန် ပုပ်ရဟန်းမင်းကြီး (Pope Leo XIV) အဖြစ် ရွေးချယ်တင်မြှောက်ခံရ

ကြာသပတေးနေ့ (မေ ၈) တွင် ရောမမြို့၌ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ချီကာဂိုမြို့သား အသက် ၆၉ နှစ်အရွယ် Robert Francis Prevost သည် ပထမဆုံးသော အမေရိကန်နိုင်ငံသား ပုပ် ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး Leo XIV ဟူသော ဘွဲ့အမည်ကို ခံယူခဲ့သည်။

Leo XIV သည် ဗာတီကန်ရှိ စိန်ပီတာဘုရားကျောင်း၏ စင်မြင့်သို့ တက်ရောက်ကာ ထောင်နှင့်ချီသော ပရိသတ်အား "သင်တို့အားလုံး ငြိမ်းချမ်းကြပါစေ" ဟု နှုတ်ဆက်ခဲ့သည်။ ၎င်းက "ပြန်လည်ထမြောက်တော်မူသော ခရစ်တော်၏ ပထမဆုံးသော နှုတ်ဆက်စကား" ကို ပေးအပ်ရင်း ၎င်း၏ ငြိမ်းချမ်းရေး သတင်းစကားသည် "ကျွန်ုပ်တို့၏ နှလုံးသားများနှင့် မိသားစုများထဲသို့ စွဲမြဲစွာ ကိန်းအောင်းနိုင်ပါစေ" ဟု တိုက်တွန်းခဲ့သည်။

Prevost သည် လက်တင်အမေရိကတွင် သာသနာပြုအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပီရူးနိုင်ငံ Trujillo မြို့တွင် ဆယ်နှစ်ကြာ အမှုတော်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် Chiclayo ၏ ဂိုဏ်းအုပ် (Bishop) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ Cardinal အဖြစ် တင်မြှောက်ခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းရှိ ဂိုဏ်းအုပ်များ ခန့်အပ်ရန် တာဝန်ရှိသည့် ဗာတီကန်၏ Congregation for Bishops အဖွဲ့၏ ခေါင်းဆောင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ အဆိုပါရာထူးသည် ၎င်းအား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရန် အလားအလာများစေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

သစ်ကြံပိုးအစားများမှုက ဆေးဝါးတချို့ကို လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်

နယူးယောက်  မေ ၈

သစ်ကြံပိုးအစားများမှုသည် ဆေးဝါးတချို့ကို လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၇ ရက်တွင် ပြောကြားသည်။

သစ်ကြံပိုးကို အနည်းငယ်မျှ စားပါက ကျန်းမာရေးအရ အကျိုးရှိသော်လည်း အလွန်အကျွံစားသုံးပါက လူ့ကိုယ်ခန္ဓာ၏ ဆေးဝါးများ စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

သစ်ကြံပိုးတွင် ပါဝင်သည့် Cinnamaldehyde ခေါ် ဓာတုပစ္စည်းတစ်မျိုးသည် ဆေးဝါးတချို့၏ အာနိသင်ကို ထိခိုက်စေနိုင်သော အင်ဇိုင်းများကို စေ့ဆော်ပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သစ်ကြံပိုး အလွန်အကျွံစားသုံးပါက လူ့ခန္ဓာကိုယ်သည် အချို့ဆေးဝါးများကို လျင်မြန်စွာ ရှင်းလင်းပစ်တတ်ရာ ဆေးဝါး၏ အာနိသင်လည်း ကျဆင်းသွားတတ်ကြောင်း သိရသည်။

သို့ရာတွင် သစ်ကြံပိုးအစားများမှုနှင့် လူ့ခန္ဓာ၏ ဆေးဝါးတချို့အပေါ် တုံ့ပြန်ပုံတို့ကြား မည်သို့ ဆက်စပ်နေသည်ကို ဖော်ထုတ်ရန် သုတေသနလုပ်ငန်းများ ဆက်လုပ်ရန်လိုကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ပုံစံ-၂ ဆီးချိုရောဂါလူနာများကြား သစ်ကြံပိုး ဖြည့်စွက်ဆေးစားသုံးမှုမြင့်မားလာကြောင်း သိရသည်။

ဘရာဇီးညာတောင်ပံကစားသမားအား ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲများအတွက် ကစားသမားအင်အားဖြည့်တင်းနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရာဇီးညာတောင်ပံ ကစားသမား EDUARDO ANDRADE BRANDAO အား ခေါ်ယူခဲ့ကြောင်း သိရသည်။

EDUARDO ANDRADE BRANDAO အား အင်ဒိုနီးရှားကလပ် ပါစီကိုတာအသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်ကာ အသက် (၂၇) နှစ်ရှိပြီ ဖြစ်သည်။ EDUARDO ANDRADE BRANDAO သည် ဘရာဇီး ယူ – ၁၇ အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ညာတောင်ပံအပြင်ကွင်းလယ်တိုက်စစ်နေရာပါ ဆော့ကစားနိုင်ပြီး အဇာဘိုင်ဂျန်၊ ဘာရိန်း နှင့် ဒူဘိုင်းနိုင်ငံရှိ ကလပ်အသင်းများတွင်လည်း ခြေစွမ်းပြကစားခဲ့သည့် ကစားတစ်ဦးဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က ပြောသည်။

ရန်ကုန်ယူနိုက်အသင်းသည် ယခုနှစ်ရာသီအတွက် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် မိုဂူး၊ အိုင်ဒရစ် နှင့် အိုတိုဆိုင်တို တို့ကိုခေါ်ယူထားခဲ့ပြီး စတုတ္ထမြောက်နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် EDUARDO ANDRADE BRA NDAO ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Source: Popular Myanmar

နေပြည်တော် မေ ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ မေ ၇ ရက် ဒေသစံတော်ချိန်ညပိုင်းတွင် State Academic Bolshoi Theatre သို့ ရောက်ရှိကြပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် “The Young Lady and The Hooligan” ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် State Academic Bolshoi Theatre သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများ၊ အထိမ်းအမှတ်ကပွဲသို့ လာရောက်ကြည့်ရှုကြသူများနှင့်အတူ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် “The Young Lady and The Hooligan” ဘဲလေးအကဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။

ကပြဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုပန်းခြင်းကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကဇာတ်ရုံမှတာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်ခဲ့သည်။

အဆိုပါ State Academic Bolshoi Theatre သည် ကမ္ဘာ့အကျော်ကြားဆုံးကဇာတ်ရုံများထဲမှတစ်ခုဖြစ်ပြီး ၁၉ နှင့် ၂၀ ရာစုများအတွင်း Bolshoi ကဇာတ်ရုံသည် Tchaikovskyl Glinka နှင့် Mussorgsky တို့၏ လက်ရာများ ပထမဆုံးဖျော်ဖြေခဲ့သည့် ရုရှားအော်ပရာနှင့် ဘဲလေးအနုပညာတို့၏ ယဉ်ကျေးမှုဗဟိုအချက်အချာနေရာဖြစ်လာခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အကြီးစားပြန်လည်မွမ်းမံမှုများပြုလုပ်ခဲ့ပြီး ခေတ်မီစက်ပစ္စည်းများတပ်ဆင်ကာ သမိုင်းဝင်အဆောက်အဦ၏အလှကို ပြန်လည်ထိန်းသိမ်းခဲ့ကြောင်း၊ ယနေ့အချိန်တွင် Bolshoi ကဇာတ်ရုံသည် ရုရှားယဉ်ကျေးမှု၏ သင်္ကေတတစ်ခုအဖြစ် ကမ္ဘာ့အဆင့်မီ အနုပညာဖျော်ဖြေမှုများကို ဆက်လက်တင်ဆက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: MOI

ကမ္ဘာ့ဖလားပြိုင်ပွဲသည်သာ ရုရှားကို ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှတ်ချက်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရုရှား အတွက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် အခွင့်အလမ်းရရှိစေခြင်းက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီးကတည်းက ရုရှား လက်ရွေးစင်ဘောလုံးအသင်းများကို FIFA နှင့် UEFA မှ နိုင်ငံတကာ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက်ခံရလျှင် သမ္မတရာထူး တာဝန်ထမ်းဆောင်သည့် ပထမဆုံးနေ့ကတည်းက ယူကရိန်းစစ်ပွဲ ရပ်တန့်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မဲဆွယ်ခဲ့သည်။

လက်ရှိစည်းမျဉ်းများအရ ရုရှားအသင်းသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ခွင့်မရှိကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၆ ကမ္ဘာ့ဖလား ကျင်းပရေးတာဝန်ရှိသူများနှင့် ၎င်း၏ ရုံးအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနို လည်း တက်ရောက်ခဲ့သည်။

ဒေါ်နယ်ထရမ့်က ရုရှားအား နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုကို ၎င်းအနေဖြင့် သတိမမူမိကြောင်းလည်း ဝန်ခံခဲ့သည်။

“အဆိုပါကိစ္စကို မိမိအနေဖြင့် သိရှိခြင်းမရှိပါ။ ရုရှားကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားမှုက အမှန်လား” ဟု ဒေါ်နယ်ထရမ့်က အင်ဖန်တီနို ကို မေးမြန်းခဲ့သည်။

အင်ဖန်တီနိုက “အမှန်ပါပဲ။ ရုရှားကို ပြိုင်ပွဲကစားခြင်း မပြုနိုင်ရန် ပိတ်ပင်ခံထားရပါသည်။ သို့သော် တစ်စုံတစ်ရာဖြစ်လာရန်နှင့် ငြိမ်းချမ်းရေးကို မိမိတို့ မျှော်လင့်ထားပါသည်။ ထိုအချက်ကတော့ ရုရှားအနေဖြင့် ပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ရန်ပါ” ဟု တုံ့ပြန်ခဲ့သည်။

ယင်းစကားကိုမူ ဒေါ်နယ်ထရမ့်က “ဒါက ဖြစ်နိုင်ပါသည်။ ကောင်းမွန်သည့် ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို ရပ်တန့်ရန် အလိုရှိခဲ့ကြပါသည်။ တစ်ပတ်ကို လူငယ် ငါးထောင်ခန့် အသတ်ခံနေရပါသည်။ ဒါက ယုံနိုင်စရာပင် မရှိပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ရုရှားအား ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုမှုသည် အင်ဖန်တီနိုသာ ဆုံးဖြတ်နိုင်ပြီး မိမိအနေဖြင့် မည်သည့်တောင်းဆိုမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

အမေရိကန်ဒုသမ္မတဖြစ်သူ ဂျေဒီဗန့်က ပြိုင်ပွဲသို့ လာရောက်မည့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်များကို လှိုက်လှဲပျူငှာစွာ ကြိုဆိုမည်ဖြစ်သော်လည်း ပြိုင်ပွဲပြီးဆုံးလျှင် နေရပ်သို့ပြန်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

အမေရိကန်သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဗိုလ်လုပွဲအပါအဝင် ပွဲစဉ်ပေါင်း (၁၀၄) ပွဲအနက် (၇၈) ပွဲကို လက်ခံကျင်းပရမည်ဖြစ်သည်။

ထို့ပြင် အမေရိကန်အနေဖြင့် လာမည့်လတွင်လည်း ပုံစံသစ်ဖြင့် ကျင်းပသွားမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- Eleven Media Group

ထိုင်းနိုင်ငံတွင် ဝက်သားအစိမ်းစားခြင်းကြောင့် ရောဂါပိုးကူးစက်ပြီး လူ ၂ ဦး သေဆုံး

ထိုင်းနိုင်ငံတွင် ဝက်သားစိမ်းစားသုံးမှုနှင့်ဆက်နွှယ်သည့် Streptococcus suis ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး အတည်ပြု သေဆုံးလူနာ ၂ ဦး အထိ ရှိခဲ့ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။

ထိုင်းနိုင်ငံရှိ အချို့ စားသုံးသူများအကြား ရေပန်းစားသည့် အစားအစာတစ်မျိုးဖြစ်သော ဝက်သားစိမ်းကို နုတ်နုတ်စင်းကာ အစပ်အရသာ အများအပြား ထည့်၍ သုပ်ထားသည့် ဝက်သားသုပ်ဟင်းလျာကို စားပြီးနောက် ကူးစက်မှုဖြစ်သည်ဟု သိရပါသည်။ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွန်ဆက်ခ် သက်ဆုသင်၏ပြောကြားချက်အရ ဖာရေ့ခရိုင်တွင် ရောဂါပိုးကူးစက်ခံရသူ ၁၄ ဦး ရှိပြီး ၂ ဦး သေဆုံးခဲ့သည်ဟု သိရပါသည်။ ထို့ကြောင့် ဝက်သားအစိမ်းကို စားပြီးနောက် အဖျားကြီးလာခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်းများခံစားရသည်နှင့် ဆေးကုသမှု ချက်ချင်းခံယူသင့်သည်ဟု အကြံပြုထားပါသည်။

Strepto coccus suis ရောဂါပိုးသည် မကုသဘဲထားပါက အကြားအာရုံကို ရေရှည်ဆုံးရှုံးနိုင်ခြင်းကြောင့် အမြန်ကုသနိုင်ရန် လိုအပ်ကြောင်း သိရပါသည်။

ကိုးကား-NP News

ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ကင်မရွန်းနိုင်ငံ၌စတင်

ကင်မရွန်းနိုင်ငံက ကမ္ဘာ့ပထမဆုံးအဖြစ် ကလေးငယ်များအတွက် ငှက်ဖျားရောဂါကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်မှုကို ဇန်နဝါရီလ ၂၂ ရက်တွင်စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးသည် ငှက်ဖျားရောဂါအတွက် ကမ္ဘာ့ပထမဆုံးကာကွယ်ဆေးဖြစ်ပြီး ထိုကာကွယ်ဆေးမှာ ဗြိတိန်နိုင်ငံ GSK ကုမ္ပဏီက ထုတ်လုပ်သည့် Mosquirix  ဆေးဖြစ်သည်။

ယခုကဲ့သို့ ငှက်ဖျားရောဂါကာကွယ် ဆေးထိုးလုပ်ငန်းကို ကင်မရွန်းကဲ့သို့သောနိုင်ငံ၌   စတင်လုပ်ဆောင်နိုင်ခြင်းသည် သမိုင်းမှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောသည်။

အာဖရိကဒေသသည် ကမ္ဘာပေါ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုစုစုပေါင်းအနက် ၉၆ ရာခိုင်နှုန်းနှင့် ရင်ဆိုင်နေရသည့်ဒေသဖြစ်သည်။

အာဖရိကဒေသအနက် ကင်မရွန်းနိုင်ငံမှာ နှစ်စဉ်ငှက်ဖျားရောဂါဖြစ်ပွားသူ ခြောက်သန်းကျော်ရှိပြီး ၂၀၂၁ ခုနှစ်တစ်နှစ်တည်းမှာပင်ထိုရောဂါကြောင့်သေဆုံးသူ ၁၃၈၃၉ ဦးရှိသည်။  ၎င်းတို့အနက် သေဆုံးသူအများစုမှာ အသက်ငါးနှစ်အောက်ကလေးငယ်များဖြစ်သည်။

ဒီလိုမျိုးကာကွယ်ဆေးထိုးလုပ်ငန်းက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင်မိသားစုများနဲ့နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအပေါ်လည်း ကြီးစွာသောသက်သာမှု ရရှိစေပါလိမ့်မယ်ဟု ကာကွယ်ဆေးများနှင့် ကိုယ်ခံအားမြှင့်တင်ခြင်း ကမ္ဘာ့ပူးပေါင်းအဖွဲ့(GAVI)မှ ကာကွယ်ဆေးထိုး အစီအစဉ်ညွှန်ကြားရေးမှူး အော်ရယ်လီယာငုယန်ကပြောသည်။

Ref:RT

Source: https://myawady.net.mm/