စိတ်ကျခြင်းနဲ့စိုးရိမ်ကြောင့်ကြမှုကို အသံလှိုင်းဖြင့်ကုသပေးနိုင်

News Image

  • စိတ်ကျခြင်းနဲ့စိုးရိမ်ကြောင့်ကြမှုကို အသံလှိုင်းဖြင့်ကုသပေးနိုင်

ဦးနှောက်ရဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနေရာကို အဓိကပစ်မှတ်ထားတဲ့ အသံလှိုင်းသုံးကုသနည်းတစ်မျိုးက စိတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကြခြင်းတို့လို ရောဂါ လက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ UT Austin ရဲ့ သုတေသနပြု လေ့လာမှုမှာဖော်ပြထားပါတယ်။

လူနာတွေအနေနဲ့ အသံလှိုင်းအသုံးပြုကုသမှုကို သီတင်းပတ်သုံးပတ်ကြာခံယူပြီးတဲ့နောက်မှာ စိတ်ကျန်းမာရေးအရ တိုးတက်မှုများစွာ ရှိလာတာကိုတွေ့ရပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာကုသမှုအတွက် ရှေ့ပြေးလုပ်ဆောင်ချက်တစ်ခု ဖြစ်လာတယ်လို့ဆိုပါတယ်။

သူ့ရဲ့နည်းက ဦးနှောက်အတွင်းပိုင်းရှိ နေရာကို အသံလှိုင်းထုတ်လွှတ်ပြီး လှုံ့ဆော်ပေးတာမျိုးဖြစ်ပါတယ်။

Ref: STD

K.H

Source: https://myawady.net.mm/