သတင်းများ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနများ Website ၏ နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မြှင့်တင်မှုများအား ဆောင်ရွက်နေခြင်းကြောင့် သတင်းလွှင့်တင်မှု ယာယီရပ်ဆိုင်းထားခဲ့ရကြောင်း မေတ္တာရပ်ခံတင်ပြခြင်း

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနများ Website ၏ နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မြှင့်တင်မှုများအား ဆောင်ရွက်နေခြင်းကြောင့် (၅-၈-၂၀၂၅)ရက်နေ့ (၁၈၀၀) အချိန်မှစ၍ (၆-၈-၂၀၂၅) ရက်နေ့ (၁၆၀၀) အချိန်အထိ သတင်းလွှင့်တင်မှု ရပ်ဆိုင်းခဲ့ရပြီး ပုံမှန်သတင်းလွှင့်တင်ဖော်ပြမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူ သုံးဦးအား ဖော်ထုတ်ဖမ်းဆီး

05 August 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူ သုံးဦး အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

05 August 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်း တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

05 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရပ်ကွက်/ကျေးရွာစာရေး တစ်ဦး ပြန်လည်လွတ်မြောက်

05 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခြိမ်းခြောက်စာ လာရောက်ကပ်ထားခြင်းများ လုပ်ဆောင်

05 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ် သား ပြည်သူများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

05 August 2025

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ စိုက်ခင်းပတ်လမ်းရှိ ဒေါ်ကြည်မြင့်(၆၅)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ် နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ သိန်း)နှင့် ငွေကျပ် ၃ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်၊ ဩဂုတ်-၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာန တို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကျောက်ဆည် မြို့နယ် လက်ပန်ပင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဩဂုတ်(၅)ရက် နံနက် (၁၀)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်းတွဲမြောင်းပေါင်အား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ဩဂုတ်-၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးတွင်းကာလသွားလာရန်အခက်အခဲဖြစ်ပေါ်နေသည့် သင်းတွဲမြောင်းပေါင် လမ်းပိုင်း တစ်နေရာ အား ရာသီမရွေးသွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။