ကမ္ဘာ့နိုင်ငံများကို နှစ်စဉ်အမေရိကန် ဒေါ်လာ တစ်ထရီလီယံခွဲဆုံးရှုံးစေသည့် ပြည်သူများ၏ကျန်းမာရေးပြဿနာကို လွန်စွာခြိမ်းခြောက်နေသော အရာသည် ပလတ်စတစ်ညစ်ညမ်းမှုဖြစ်လာကြောင်း ကျွမ်းကျင်သူများက ဩဂုတ်လ ၄ ရက် တွင်ထုတ်ပြန်သည့် စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။
ကမ္ဘာ့ပထမဆုံးဖြစ်လာမည့် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ရည်ရွယ်သည့် အစည်းအဝေးတစ်ခုကို ဂျီနီဗာမြို့၌မကျင်းပမီ ထိပ်တန်းကျန်းမာရေးပညာရှင်များ ပါဝင်သည့် သုတေသနအဖွဲ့က ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။