သတင်းများ

ဂါဇာသို့ နောက်ထပ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂျော်ဒန်၊ အီဂျစ်၊ ယူအေအီး ပေးပို့

ဂျော်ဒန်၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့က ဂါဇာကမ်းမြောင်သို့ လေကြောင်းမှ အကူအညီပစ်ချမှု မစ်ရှင် များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ယာဉ်တန်းများမှတစ်ဆင့် ဂါဇာ ကမ်းမြောင်သို့ နောက်ထပ် အကူအညီများ ပေးအပ်လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက်တွင် ကြေညာ ခဲ့သည်။

ယူကရိန်းသည် ဆက်လက်ရှင်သန်ရပ်တည်ရန်အတွက် နယ်မြေ ဆုံးရှုံးမှု များကို လက်ခံရမည်ဟု NATO အဖွဲ့ဝင် ချက်သမ္မတနိုင်ငံ၏ သမ္မတက ပြောကြား

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံ သမ္မတ Petr Pavel က ယူကရိန်းသည် နောင်လာမည့်ကာလအနည်းငယ်အတွင်း ကြီးမားသော အသက်နှင့်ပစ္စည်းဆုံးရှုံးမှုမရှိဘဲ ယခင်နယ်မြေများကို ပြန်လည်သိမ်းပိုက် နိုင်စွမ်းမရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆက်လက် ရှင်သန်ရပ်တည်ရေးကို ဦးစားပေးရမည်ဟု ပြောကြားခဲ့သည်။

မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေး ခိုင်မာစေရန်အတွက် ဖိလစ်ပိုင်သမ္မတ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ အလည်အပတ်ရောက်ရှိ

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မာကို့စ် ဂျူနီယာက ၎င်း၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံ အပြန်အလှန် ခိုင်မာသည့် မိတ်ဖက်ဖြစ်မှုကို အတည်ပြုခြင်းဖြစ်ကြောင်း အင်္ဂါနေ့ (ဩဂုတ် ၅) က ပြောကြားပါသည်။ “ယင်းမှာ မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေးကို ခိုင်မာ စေရန် လာရောက်ခြင်းဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခြင်း ဖြစ်ပါသည်”ဟု နယူးဒေလီမြို့ရှိ Rashtrapati Bhavan ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် ပြောကြား လိုက်ပါကြောင်း ဩဂုတ်လ ၅ ရက်နေ့ထုတ် The India Express သတင်းတွင် ဖော်ပြပါရှိပါသည်။ 

ကမ္ဘောဒီးယား၏ ကာကွယ်ရေးလုပ်ငန်းများကိုညှိနှိုင်းရန် ဟွန်ဆန်တွင် အာဏာအပြည့်အဝရှိ

ကမ္ဘောဒီးယားဘုရင် Norodom Sihamoni မှ ထိုင်းနိုင်ငံနှင့် နယ်စပ် တင်းမာမှုများကို တုံ့ပြန်ရန် ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်း ဆောင်ရွက်ရန် ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်အား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။ ကမ္ဘောဒီးယား နိုင်ငံပိုင်သတင်းဌာန (AKP) က သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ချက်အရ ဘုရင်မင်းမြတ်သည် သြဂုတ် ၂ ရက်က လက်မှတ်ရေးထိုးကာ ဆီးနိတ် ဥက္ကဋ္ဌ ဟွန်ဆန်အား "နိုင်ငံ၏ စစ်ရေး၊ ကာကွယ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေအချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝ ကြီးကြပ်ညှိနှိုင်းခွင့်" ပေးအပ်ခဲ့သည်။

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် သေဆုံးခဲ့သူများ၏ မိသားစုများအား ထောက်ပံ့ကြေးပေးရန် စီစဉ်

ထိုင်းအစိုးရအဖွဲ့အစည်းအဝေး (Cabinet) က ကမ္ဘောဒီးယားနှင့် နယ်စပ် တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သည်များနှင့် အရပ်သားများ၏ မိသားစု များအား ထောက်ပံ့ကြေးပေးရန် အတည်ပြုလိုက်သည်။

ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဩဂုတ် ၅ ရက် ၌ ပြောကြားရာတွင် လွန်ခဲ့သည့်လက ကမ္ဘောဒီးယားနှင့် ဖြစ်ပွား ခဲ့သော နယ်စပ်ပဋိပက္ခတွင် သေဆုံးခဲ့သည့် စစ်သည်တစ်ဦး၏ မိသားစုအား ဘတ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၃၁၀,၀၀၀) နှင့် အရပ်သား တစ်ဦး ၏ မိသားစုအား ဘတ် ၈ သန်း (အမေရိကန်ဒေါ်လာ ၂၄၇,၀၀၀) ထောက်ပံ့ ကြေး ပေးမည်ဟု ဆိုသည်။

ဂျာမန်စစ်ဗိုလ်ချုပ်က NATO အပေါ် ရုရှားတိုက်ခိုက်မှု အကြောင်း ပြောဆိုမှုကို ပယ်ချ

ဂျာမန်တပ်မတော်၏ Motherland Security Division မှ ဗိုလ်ချုပ် Andreas Henne က ရုရှားသည် ယူကရိန်းပဋိပက္ခတွင် အပြန်အလှန် တိုက်ခိုက်မှုများလုပ်ဆောင်နေပြီး NATO အပေါ် တိုက်ခိုက်ရန် မဖြစ် နိုင်ကြောင်း ပြောကြားခဲ့သည်။ အချို့ဥရောပအရာရှိများက မော်စကို သည် NATO အဖွဲ့အား တိုက်ခိုက်ရန် စီစဉ်နေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း ရုရှားဘက်က ထိုစွပ်စွဲချက်များအား "အဓိပ္ပာယ်မရှိသော စကားများ" အဖြစ် ငြင်းဆိုခဲ့သည်။

ကိုလံဘီယာ သမ္မတဟောင်း Álvaro Uribe အား နေအိမ် အကျယ်ချုပ် ချမှတ်

ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်း Álvaro Uribe အား လုပ်ထုံး လုပ်နည်းဆိုင်ရာ လိမ်လည်မှုနှင့် သက်သေခံများအား လာဘ်ပေး လာဘ်ယူ ပြုလုပ်မှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် နေအိမ် အကျယ်ချုပ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ Uribe သည် အပြစ်မရှိဟု ငြင်းဆိုခဲ့ပြီး ၎င်း၏ရှေ့နေက အယူခံတင်သွင်းမည်ဟု ယခင်ကတည်းက ကြေညာ ခဲ့သည်။

အမေရိကန်က‌ ဘရာဇီးတရားရုံး၏ အမိန့်ကို ပြစ်တင်ရှုတ်ချ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘရာဇီးအမြင့်ဆုံးတရားရုံး၏ အမိန့်ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းအမိန့်အရ သမ္မတဟောင်း Jair Bolsonaro အား နေအိမ်အကျယ်ချုပ်ဖြင့် အရေးယူမည်ဖြစ်ပြီး၊ ၂၀၂၂ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းရန် ကြံစည်မှုဖြင့် စွဲချက်တင် စစ်ဆေးနေဆဲဖြစ်သည်။

ယူကရိန်းက Telegram နှင့် WhatsApp တို့ကို ရုရှားကို တန်ပြန်ရန် လက်နက်အဖြစ်အသုံးပြု

ယူကရိန်းထောက်လှမ်းရေးအေဂျင်စီများသည် WhatsApp နှင့် Telegram ကဲ့သို့သော စာတိုပေးပို့သည့် အက်ပလီကေးရှင်းများကို ရုရှားကို တန်ပြန်ရန် တက်ကြွစွာအသုံးပြုနေကြောင်း RT သတင်းဌာနက သိရှိ ရသည်။ ယူကရိန်းအေဂျင့်များသည် အဆိုပါပလက်ဖောင်းများ၏ လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူကာ အတုအယောင် ကိုယ်ပိုင် လက္ခဏာများဖန်တီးခြင်း၊ မှားယွင်းသောသတင်းများနှင့် အဖျက်အမှောင့် အချက်အလက်များ ပျံ့နှံ့စေခြင်းတို့ကို ဆောင်ရွက်နေသည်။

နျူကလီးယားနှင့်ဆိုင်သော ထုတ်ဖော်ပြောဆိုမှုများကို ဂရုတစိုက် အသုံးပြုရန် ကရင်မလင်က တိုက်တွန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နျူကလီးယားရေငုပ်သင်္ဘော နှစ်စီးကို ပြန်လည်နေရာချထားရန် အမိန့်ပေးခဲ့သည်ဟု ကြေညာချက်အပြီး နျူကလီးယားလက်နက်ဆိုင်ရာ အများပြည်သူသို့ ထုတ်ပြန်ဖော်ပြချက် များတွင် သတိထားရန် ကရင်မလင်က တိုက်တွန်းလိုက်သည်။ 

လွန်ခဲ့သည့်သီတင်းပတ်အတွင်း ထရမ့်က ၎င်း၏ Truth Social လူမှု ကွန်ယက်မှတစ်ဆင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် အဆိုပါ ရေငုပ် သင်္ဘောများကို သင့်လျော်သောဒေသများသို့ ရွှေ့ပြောင်းထားကြောင်း ကြေညာခဲ့သည်။