သတင်းများ

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

နေပြည်တော် ဩဂုတ် ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပါသည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

06 August 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

06 August 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အလယ်တန်းပြကျောင်းဆရာမ တစ်ဦး ပြန်လည်လွတ်မြောက်

06 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ဖန်လုံအိမ်ဓာတ်ငွေ့မှသည် လေယာဉ်ဆီထုတ်လုပ်နိုင်စေမည်

ဖန်လုံအိမ်ဓာတ်ငွေ့ဆိုတာ ကမ္ဘာကြီးဖြစ် တည်ရှင်သန်မှုအတွက် အကျိုးမပြုတဲ့ ဓာတ်ငွေ့အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ခံရတာက တကယ်ကို ပဲ အသုံးမဝင်တော့လို့ လားဆိုတာ မေးခွန်းထုတ်စရာပါ။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သူ့ကို တခြားနည်းနဲ့ပြန်ပြောင်းအသုံးပြုလို့ရပါတယ်။ နည်း လမ်းကိုတော့ ရှာဖွေရမှာပေါ့လေ။

ရုရှားက မြေပြင်အခြေစိုက်ဒုံးကျည်များ ဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များ အားလုံးကိုရုပ်သိမ်း

ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် ဒုံးကျည်များဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း  ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

ရုရှားနိုင်ငံသည် မြေပြင်အခြေစိုက်တာလတ်ပစ်နှင့်တာ တိုပစ်ဒုံးကျည်များ ဖြန့်ကြက်မှုဆိုင်ရာ သဘောတူညီချက်ကို တစ်ဖက်သတ်လိုက်နာနေခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထိုသို့လိုက်နာရန် မလိုအပ်တော့ ကြောင်းနှင့် ကန့်သတ်ချက်များအားလုံး ကိုရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒီမီထရီ ပက်စကော့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် Gripen တိုက်လေယာဉ် လေးစင်းဝယ်ယူမည်

ထိုင်းနိုင်ငံက လက်ရှိအသုံးပြုလျက်ရှိသော F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် ဆွီဒင်နိုင်ငံထုတ် Gripen တိုက်လေယာဉ်လေးစင်းဝယ်ယူမည်ဖြစ် ကြောင်း ဩဂုတ်လ ၅ ရက်တွင် အတည် ပြုလိုက်ပြီဖြစ်သည်။

Saab JAS 39 Gripen အမျိုးအစား တိုက်လေယာဉ်လေးစင်းဝယ်ယူရန် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကိုအသုံးပြုသွား မည်ဖြစ်သည်။ ယခုဝယ်ယူမှုသည် ထိုင်း လေတပ်၏ တိုက်ပွဲဝင်စွမ်းရည်များကို တိုးမြှင့်ရန်လုပ်ဆောင်သော  ရေရှည်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော် ဩဂုတ် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။