ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
05 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း၌ စောင့်ဆိုင်းနေစဉ် ဂျိုးဖြူလမ်းရှိ ကားဂိတ်မှ ပါဆယ်ပစ္စည်းထုတ်ယူပြီး ထွက်လာသူ အောင်သူရဟိဏ်း(၂၇)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းသယ်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၀၀၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၃၅၀ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၇၀၃ ဒသမ ၁၅ သိန်း)နှင့် ကတ်တမင်း ၀ ဒသမ ၀၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၀) ဖမ်းဆီးရမိသဖြင့် အောင်သူရဟိဏ်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA