သတင်းများ

Dmitry Peskov

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် Oreshnik ဒုံးကျည် မလွှတ်တင်မီ မိနစ် ၃၀ အလိုတွင် အမေရိကန်နိုင်ငံသို့ ရုရှားအမျိုးသား နျူကလီးယားအန္တရာယ် လျှော့ချရေး ဗဟိုဌာနမှတစ်ဆင့် အလိုအလျောက် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က TASS သတင်းအေဂျင်စီသို့ ပြောကြား ခဲ့သည်။

ကိုးကား - TASS သတင်းအေဂျင်စီ 

 

Photo - Reuter

ရုရှားသမ္မတ ပူတင်သည် နိုဝင်ဘာလ ၂၁ ရက်နေ့ ဒေသ စံတော်ချိန် ၂၀၁၀ တွင် ယူကရိန်းအထူး စစ်ဆင်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်ထုတ်ပြန်ကြေညာချက် ကို ပြောကြားခဲ့သည်။

Photo - Fox News

ရုရှားတပ်မတော်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံအပေါ် တိုက်ချင်းပစ်ဒုံးကျည်(ICBM) ကို အသုံးပြုပစ်ခတ်ခဲ့ကြောင်း ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးတပ်များက ပြောကြားခဲ့ပါသည်။

Gautam

အိန္ဒိယနိုင်ငံ Adani Group အကြီးအကဲ Gautam Adani အပါအဝင် အခြားပုဂ္ဂိုလ်၇ဦးကို ဒေါ်လာ ဘီလီယံပေါင်းများစွာ လာဘ်ပေးလာဘ်ယူမှုဖြင့် အမေရိကန် အစိုးရကစွဲချက်တင်၍ တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနနှင့် Bloomberg သတင်းဌာနတို့အပါအဝင် အခြားသတင်းဌာနများက နိုဝင်ဘာလ ၂၁ ရက် တွင် ဖော်ပြလိုက်ကြသည်။ 

Adani အဖွဲ့အစည်းသည် ဆိုလာစွမ်းအင်စာချုပ်များရရှိစေရန် အိန္ဒိယအရာရှိများကို လာဘ်ထိုးခဲ့သဖြင့် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုခံလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ကြေညာလိုက်သည်။ 

Hungari Air defense force urgently install air defense system

ဟန်ဂေရီနိုင်ငံသည် ရုရှားနိုင်ငံအတွင်းမှ တာဝေးပစ် တိုက်ခိုက်မှုများအတွက် အမေရိကန်၏ခွင့်ပြုချက်ဖြင့် ယူကရိန်းနယ်စပ်အနီး အရှေ့မြောက်ဘက်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို တပ်ဖြန့်ချထား ကြောင်း ဟန်ဂေရီနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား - ဟန်ဂေရီကာကွယ်ရေးဝန်ကြီးဌာန

German Crisis

ယခုလများအတွင်း Mercedes-Benz ၊ BMW နှင့် Volkswagen ကဲ့သို့ ဧရာမ ကားကုမ္မဏီကြီးများသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကြောင့် မကြုံစဖူး ဖိအားများနှင့် ကြုံတွေ့နေရကြောင်း၊ နည်းပညာမြင့် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများက ဥရောပတွင် ဝင်ရောက်နေရာ ယူလာကြကြောင်း၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံအကြား အခွန်စည်းကြပ်မှု တင်းမာလာခြင်း ကြောင့် ဂျာမနီမော်တော်ကားကုမ္ပဏီကြီး ၃ ခုတို့၏ အမြတ်အစွန်းများ ကျဆင်းလာကြောင်း ဖော်ပြထား သည်။

ပိုလန်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းသစ်သည် စစ်ဖြစ်ပွားပါက ရုရှား၏ ဦးစားပေး ပစ်မှတ်များထဲတွင်ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာကပြောကြား

ပိုလန်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းသစ်သည် စစ်ဖြစ်ပွားပါက ရုရှား၏ ဦးစားပေး ပစ်မှတ်များထဲတွင်ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာကပြောကြားခဲ့ကြောင်း သိရှိရသည်။

Photo Credit : Suptnik

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်သည် HIMARS ဒုံးပျံ ၆ စင်းနှင့် ယူကရိန်းဒရုန်း ၆၇ စင်းတို့ကို လွန်ခဲ့သော၂၄နာရီအတွင်း ပစ်ချနိုင်ခဲ့ကြောင်း၊ တာဝန် ဧရိယာအတွင်း ယူကရိန်းတို့၏ တန်ပြန်တိုက်ခိုက်မှု ၁၁ ကြိမ်ကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်း အထူးစစ်ဆင်ရေးအတွင်း ရုရှား တပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် စက်ပစ္စည်း ၁၄၂ ခုကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရုရှားတပ်မတော်၏ တောင်ပိုင်းတပ်ဖွဲ့ တာဝန်ယူရာနယ်မြေဇုန်တွင် ယူကရိန်း တပ်ဖွဲ့ဝင် ၃၈၀ ဦးအထိ ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအပေါ် "ကြီးမား သောလေကြောင်းတိုက်ခိုက်မှု" ဖြစ်ပွားနိုင်ကြောင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက သတိပေးပြောကြား

ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအပေါ် "ကြီးမား သောလေကြောင်းတိုက်ခိုက်မှု" ဖြစ်ပွားနိုင်ကြောင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် သတိပေးပြောကြားထားကြောင်း The Guardian သတင်းဆောင်းပါး၌ ဖော်ပြထားသည်။