သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ (၄) ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်

ကျောက်ဆည်၊ ဩဂုတ်-၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံကျေးရွာ (၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်၊ ဩဂုတ်-၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာ ရဲကြီးကွေ့အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါး(၁၉၆၅၀)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ဩဂုတ်-၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်  မိုးစပါးများ စိုက်ပျိုးရာ တွင် နေရာဒေသအလိုက် ရေသောက်နည်းလမ်းများဖြင့် ပျိုးစိုက်နှင့် အစေ့ချစိုက် နည်းများဖြင့် စိုက်ပျိုးလျက် ရှိရာ (၁၉၆၅၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။

စည်းကြပ်ခွန်တိုးမြှင့်သည့် အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ်သည် “မျှတမှုမရှိ” ဟု အိန္ဒိယ ဝေဖန်

အိန္ဒိယအပေါ် အမေရိကန်၏ လုပ်ရပ်မှာ တရားမျှတမှု မရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Kumar Jaiswal က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/subject/10794

 

 

ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေးပြော

ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခု သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/subject/10792

 

 

ယူကရိန်းကို ထောက်ပံ့နေရသည့် အမေရိကန်အခွန်ထမ်းများ၏ ဝန်ထုပ် ဝန်ပိုး မကြာမီ ပေါ့ပါးသွားနိုင်ကြောင်း NATO ဆိုင်ရာ US ကိုယ်စားလှယ် ပြောကြား

ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်ထံမှ လက်နက်များ ဝယ်ယူ၍ ယူကရိန်းသို့ ထောက်ပံ့ခြင်းမှာ အမေရိကန်အခွန်ထမ်းများ၏ ဝန်ထုပ်ဝန်ပိုး ကို သက်သာရာရစေမည်ဖြစ်ကြောင်း နေတိုးဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် Matthew Whitaker က ပြောကြားလိုက်ပါသည်။

မလေးရှားဘုရင်နှင့် ဗလာဒီမာပူတင်တို့ ကရင်မလင်၌   တွေ့ဆုံမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မော်စကိုသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာသော မလေးရှားဘုရင် အီဘရာဟင်အား ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၆) တွင် ကရင်မလင်နန်းတော်၌ လက်ခံတွေ့ဆုံမည် ဖြစ်ကြောင်း ကရင်မလင်က သတင်းထုတ်ပြန်ထားပါသည်။ ထိုတွေ့ဆုံမှုတွင် ရုရှား-မလေးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လက်ရှိ နိုင်ငံတကာ နှင့်ဒေသတွင်း ကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ 

ရွေးကောက်တင်မြှောက်ခံထားရသော မလေးရှားဘုရင်ကြီးသည် ရုရှား နိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကာ သြဂုတ် ၁၀ ရက်အထိ ရုရှားနိုင်ငံတွင် နေထိုင်မည်ဖြစ်ပါသည်။ 

ဖိလစ်ပိုင်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တည်ဆောက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ

ယမန်နေ့ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် အိန္ဒိယဝန်ကြီးချုပ်နာရိန်ဒရာ မိုဒီတို့ ဦးဆောင်သည့် နှစ်ဖက်ဆွေးနွေးပွဲများအပြီး “မဟာဗျူဟာမြောက်မိတ်ဖက်” အဖြစ် ထူထောင်လိုက်ကြောင်း ဖိလစ်ပိုင် နှင့် အိန္ဒိယတို့က ကြေညာလိုက်သည်ဟု ဩဂုတ်လ ၆ ရက်နေ့ The Diplomat သတင်းတွင် ဖော်ပြ ပါရှိပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်တွင် ၂၀၂၉ ခုနှစ်အထိ ဆောင်ရွက်ကြမည့် မဟာဗျူဟာ မိတ်ဖက်သစ်အဖြစ် ကြေညာစာတမ်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် “action plan” များ အပါအဝင်  သဘောတူညီစာချုပ် ၁၃ ခုကို ချုပ်ဆိုခဲ့ကြပါသည်။

အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အစီအစဉ်ဖြင့် တုံ့ပြန်မည်ဟု ဘရာဇီးသမ္မတ လူလာ ပြောကြား

ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံက ချမှတ်လိုက်သော စည်းကြပ်ခွန် တိုးမြှင့်မှုကို အရေးပေါ်အခြေအနေတစ်ရပ်ဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ယင်း တိုးမြှင့်မှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ တင်ပြမည်ဖြစ်ကြောင်း သမ္မတ လူးဝစ်ဇ်အင်နာစီယို လူလာ ဒါဆေးလ်ဗားက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ကတိပြု

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း ရှိရေး၊ ပြင်ပမှ မရေရာမှုများကို ထိထိရောက်ရောက် တန်ပြန်ရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ တည်ငြိမ်မှုနှင့် အပြန်အလှန် အကျိုးပြုမှု ကို ထိထိရောက်ရောက် အသုံးချရေးအတွက် ဘရာဇီးနိုင်ငံနှင့် လက်တွဲ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၆ ရက်၌ ပြောကြားခဲ့သည်။