ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
05 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ စိုက်ခင်းပတ်လမ်းရှိ ဒေါ်ကြည်မြင့်(၆၅)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ် နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ သိန်း)နှင့် ငွေကျပ် ၃ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနား(အနောက်)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းပေါ်၌ ကောင်းဆက်မော်(ခ)ပြောင်ကြီး(၃၆)နှစ်အား စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၄၀ သိန်း) ဆက်လက်ဖမ်းဆီးရမိသဖြင့် ဒေါ်ကြည်မြင့်နှင့် ကောင်းဆက်မော်(ခ) ပြောင်ကြီးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA