ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ BRICS တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ

News Image

  • ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ BRICS တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ

လက်ရှိ BRICS အဖွဲ့၏အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရာဇီးလ်က အင်ဒိုနီးရှားသည် BRICS အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာကြောင်း ဇန်နဝါရီ ၆ ရက်ကကြေညာခဲ့သည်။

BRICS ကို ဘရာဇီး၊ရုရှား၊အိန္ဒိယနှင့်တရုတ်တို့က ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်နှစ်အကြာတွင် တောင်အာဖရိကသည် အဖွဲ့ဝင်အဖြစ် ပူးပေါင်းခဲ့သည်။ အဖွဲ့အား အပြန်အလှန်ရင်းနှီးမြုပ်နှံမှုနှင့် ငွေကြေး တည်ငြိမ်မှုရရှိစေမည့် စီးပွားရေးစင်္ကြံတစ်ခုအဖြစ် မူလ က မျှော်မှန်းထားသော်လည်း နောက်ပိုင်းတွင် လုံခြုံရေး ကိစ္စရပ်များအပါအဝင် ပိုမိုကျယ်ပြန့်သောကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်နိုင်မည့် ဖိုရမ်တစ်ခုအဖြစ် ပြောင်းလဲ လာသည်။ 

၂၀၂၃ ခုနှစ်ကပင် အဖွဲ့ဝင်လောင်းအဖြစ် BRICS က ထောက်ခံခဲ့သော်လည်း လူဦးရေ သန်း၂၇၀ ကျော် ရှိသည့် ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးနိုင်ငံကို ယခင် နှစ်က အစိုးရသစ်ဖွဲ့စည်းပြီးချိန်တွင်မှ ဝင်ရောက်ရန် အတည်ပြုရွေးချယ်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်းတွင် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့က BRICS ၏ တင်းပြည့်အဖွဲ့ဝင်များဖြစ်လာခဲ့ပြီး ယခုနှစ်တွင် ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကာဇက်စတန်၊ ထိုင်း၊ ကျူးဘား၊ ယူဂန်ဒါ၊ မလေးရှားနှင့် ဥဇဘက်ကစ္စတန် တို့က BRICS ၏ တရားဝင် မိတ်ဖက်နိုင်ငံများ ဖြစ်လာ သည်။

BRICSနှင့်ပူးပေါင်းဆောင်ရွက်ရန် အခြားနိုင်ငံ နှစ်ဒါဇင်ကျော်ကလည်း စိတ်ဝင်စားမှုရှိကြောင်း ရုရှားထိပ်တန်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ မော်စကိုသည် အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်ကတာဝန်ယူခဲ့သည်။

ကိုးကား-RT