ဈေးကွက်တစ်ခုတည်းစနစ် ဖော်ဆောင်ရေးအတွက် တရုတ်အစိုးရ လမ်းညွှန်ချက်များ ထုတ်ပြန်

News Image

တရုတ်နိုင်ငံ၏ အစိုးရစီမံခန့်ခွဲသူက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်တစ်ခုတည်းစနစ်ကိုအကောင်အထည်ဖော်မည့် လမ်းညွှန်ချက်များကို ဇန်နဝါရီ ၇ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။ တရုတ် နိုင်ငံသည် အနာဂတ်တွင် ဘုံဈေးကွက် ချိတ်ဆက်မှု စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး ဈေးကွက်တွင် တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

အဆိုပါဈေးကွက်တစ်ခုတည်းစနစ်ကို ကျင့်သုံးမည်ဆိုပါက ဒေသခံအစိုးရများကို ပြည်မကြီးနှင့်ဆန့်ကျင်သော ဘဏ္ဍာရေး၊ အခွန် ၊ဈေးနှုန်းသတ်မှတ်ချက် ၊ မြေယာ ၊ အရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် သီးခြားရင်းနှီးမြှုပ်နှံမှု မူဝါဒများကို အကောင်အထည်ဖော်ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံအမျိုးသား ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ 

ကိုးကား - Reuters