Johor-Singapore အထူးစီးပွားရေးဇုန် သဘောတူညီချက်ကို 11th Malaysia-Singapore Leaders' Retreat တွင် လက်မှတ်ရေးထိုး
စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အထူးစီးပွားရေးဇုန်သစ်တစ်ခုဖန်တီးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
မလေးရှားနိုင်ငံ၊ ပူထရာဂျာယာရှိ 11th Malaysia-Singapore Leaders' Retreat ၌ ဝန်ကြီးချုပ် Lawrence Wong နှင့် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့သည် ဇန်နဝါရီ ၇ ရက်က Johor-Singapore Special Economic Zone (JS-SEZ) အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။
JS-SEZ သည် နှစ်နိုင်ငံပြည်သူများအတွက် ကောင်းမွန် သော အလုပ်အကိုင်များနှင့် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Wong က နှစ်ရက်ကြာ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ဇုန်သည် စီးပွားရေးလုပ်ငန်းများ ပိုမိုယှဉ်ပြိုင်ရန်နှင့် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်လာစေရန် နှစ်ဖက်စလုံးမှ အသုံးချနိုင်သည့် အားသာချက်များစွာရှိကြောင်း PM Wong က ပြောကြားခဲ့သည်။
ကိုးကား-The Straitstimes