Fulwin A9L ဆိုတာ တရုတ်နိုင်ငံ မှမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chery က ထုတ်လုပ်ထားတဲ့ စွမ်းအင်နှစ်မျိုးသုံး ဇိမ်ခံကားတစ်စီး ဖြစ်ပါတယ်။ ဇူလိုင်လရဲ့ အစောပိုင်းရက်တွေမှာ တရုတ်ပြည်တွင်း ရောင်းချမှုအတွက် ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြိုတင် အမှာစာတွေကို လက်ခံနေပါပြီ။

အရင်တုန်းကသူ့ကို Fulwin A9 လို့ သတ်မှတ်ထားခဲ့ပေမယ့် အခုတော့ ပြည်တွင်းရှိ BYD ကုမ္ပဏီရဲ့Han DM-i ကားနဲ့ Geely ရဲ့ Galaxy Starshine 8 ဆိုတဲ့ကားများနဲ့ ယှဉ်ပြိုင်နိုင်စေဖို့ အခုလိုမျိုး အဆင့်မြင့်ဇိမ်ခံ အမျိုးအစားကို ထုတ်လုပ်လာတာဖြစ်ပါတယ်။
ဟောင်ကောင်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ A9L ရဲ့ ဈေးနှုန်းကိုတော့ ဒေါ်လာ ၂၀၇၀၀ ကနေ ဒေါ်လာ ၂၇၆၀၀ ကြားရှိမယ်လို့ခန့်မှန်း ထားပါတယ်။ ကားရဲ့အရွယ်အစားမှာ အလျား ၅ ဒသမ ၀၁၈ မီတာနဲ့ အနံက ၁ ဒသမ ၉၆၅ မီတာရှိကာ အမြင့်ကတော့ ၃ မီတာအထိရှိပါတယ်။
ရှေ့အင်ဂျင်အဖုံးရဲ့အောက်မှာဆိုရင် Chery ကုမ္ပဏီက ထုတ်လုပ်ထားရှိတဲ့ အဆင့်မြင့် Kunpeng Super Hybrid Electric 6.0 စနစ်ကိုတပ်ဆင်ပေးထား ပါတယ်။ ဂီယာဘောက်ကိုတော့ ခြေနင်း စရာမလိုတဲ့ DHT Pro ဂီယာကိုတွဲဖက် တပ်ဆင်ပေးထားတာပါ။
အထူးသဖြင့် သူ့ရဲ့စွမ်းဆောင်ရည်က 1.5T တာဘိုအင်ဂျင်ကနေ အမြင့်ဆုံး စွမ်းအားအဖြစ် ကီလိုဝပ် ၁၆၀ ကိုထုတ်လုပ် ပေးပြီး စွမ်းအင်ပမာဏ ၃၃ ဒသမ ၇ ကီလိုဝပ်နာရီရှိတဲ့ ဖော့စဖိတ် Kunpeng Blade ဘက်ထရီနဲ့တွဲဖက်အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒါက စွမ်းအင်နှစ်မျိုးကို တွဲဖက်အသုံးပြုထားတဲ့ စနစ်ဖြစ်ပါတယ်။
ဒီစနစ်မှာ လျှပ်စစ်စွမ်းအင်သီးသန့်ကိုသာ အသုံးပြုမယ်ဆိုရင် မိုင်အားဖြင့် ၁၆၁ မိုင်သာ ခရီးရောက်ပေမယ့် နှစ်မျိုးပေါင်း အသုံးပြုလိုက်မယ်ဆိုပါက အကြမ်းဖျင်းအားဖြင့် မိုင်ပေါင်း ၁၂၄၃ မိုင်အထိရောက် ရှိနိုင်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် A9L ကို အဆင့်မြင့်ဇိမ်ခံကား တစ်စီးအဖြစ်ဖန်တီးထားခြင်း ဖြစ်တာနဲ့အညီ သတင်းပေးဖျော်ဖြေရေးစနစ်မှာဆိုရင်လည်း Qualcomm ကုမ္ပဏီထုတ်လုပ်ထားတဲ့ Snapdragon 8255 ချစ်ဆက်ကို အသုံးပြုထားပါတယ်။
ဒါ့အပြင် ယာဉ်မောင်းအထောက်အကူပြုစနစ်နဲ့ အလိုအလျောက်မောင်းနှင်နိုင်မယ့်စနစ်များအတွက် LiDAR စနစ် အပါအဝင် အဆင့်မြင့်အာရုံခံကိရိယာပေါင်း ၂၇ ခု၊ မီလီမီတာလှိုင်းနှုန်း ထုတ်လွှင့်ပေးသည့် ရေဒါများ၊ ပတ်ပတ်လည်အမြင်နှင့် မြင်ကွင်းကျယ်ကင်မရာများအပြင် အသံနှုန်းလွန် အာရုံခံကိရိယာများကို Orin Y 200T ဆိုတဲ့တွက်ချက်မှု စနစ်နဲ့တွဲဖက်ပြီး အသုံးပြုပေးထားပါတယ်။
ဒီလိုမျိုး အာရုံခံကိရိယာတွေနဲ့ တွက်ချက်မှုစနစ်တွေကြောင့် A9L ဟာ ပါကင်ထိုးခြင်းကိုမှတ်သားသည့် စွမ်းရည်၊ အမြန် လမ်းနဲ့မြို့တွင်းလမ်းတွေမှာ လမ်းညွှန် အော်တိုမောင်းစနစ်၊ အတားအဆီးများကို အသိဉာဏ်ရှိစွာ ကျော်လွှားနိုင်သည့်စွမ်းဆောင်ရည်၊ မျက်ကွယ်သတိပေးစနစ်နဲ့ လမ်းကျော်သတိပေး စနစ်တို့က ပိုမိုအလုပ် ဖြစ်လာစေပါတယ်။
ဒီကားတွေကို တရုတ်ပြည်တွင်းမှာ လာမယ့်လကစပြီး ရောင်းချသွားမှာဖြစ်ပေမယ့် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမှုကိုတော့ လာမယ့်နှစ် ပထမသုံးလပတ် အတွင်းလုပ်ဆောင် သွားမယ်လို့ Chery ကုမ္ပဏီမှ ဥက္ကဋ္ဌ ယင်တောင်ယွီကပြောပါတယ်။
ဒါ့အပြင် Chery ကုမ္ပဏီဟာ မကြာခင် မှာ ကမ္ဘာတစ်ဝန်းဆီ မော်တော်ကားအစီး ရေပေါင်း ၅ သန်းအထိ တင်ပို့ရောင်းချထား နိုင်တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ကုမ္ပဏီဖြစ်လာမှာဖြစ်ပါတယ်။
နည်းပညာသတင်း

နေပြည်တော် ဇွန် ၁၆
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ ဆွမ်းဦးပုညရှင်စေတီနှင့် မဟာစေတီတို့တွင် ငလျင်ပြီးနောက် သာသနိကအဆောက်အအုံများအား ဘက်စုံပြန်လည်ပြုပြင်ရေးအခြေအနေများ၊ သကျဓီတာသီလရှင်စာသင်တိုက်နှင့် ရွှေစေတီပရိယတ္တိစာသင်တိုက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့်ဖယ်ရှားရှင်းလင်းနေမှုများ၊ အဆောက်အအုံအပြိုအပျက်ကြားမှ ဆယ်တင်ရရှိသည့် ရိက္ခာဆန်များကို အမိုးအကာအောက်ရောက်ရှိအောင် ရွှေ့ပြောင်းနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့် လူနေအဆောက်အအုံများအား လူအင်အားနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်သင့်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် တပ်မတော်ရေသန့်စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်၍ သန့်ရှင်းသော သောက်သုံးရေများ ပေးဝေနိုင်ရေးနှင့် ပြည်သူများ သောက်သုံးရေ ပြည့်ပြည့်ဝဝ ဖြန့်ဝေနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးမြို့ နန်းမြို့အတွင်းရှိ နန်းမြို့ဆုတောင်းပြည့် ဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နန်းမြို့ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်၊ အာရုံခံတန်ဆောင်းနေရာများ၌ ရှေးမူမပျက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်တွင် ရင်ပြင်တော် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများကိုလည်းကောင်း၊ ဂန္ဓကုဋိတိုက်ရှိ အမိုး၊ တိုင်၊ ခုံးနေရာများအား ရှေးမူမပျက်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဓာတ်လှေကားနှင့် စက်လှေကားများကို အမြန်ဆုံးပြန်လည်ပြုပြင်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ မြွေကြီးနှစ်ကောင်ဘုရားရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မြေသားထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တောင်ဘက်စောင်းတန်းရှိ ရှင်အရဟံသိမ်ဘုရား၊ စန္ဒာမုခိဆုတောင်းပြည့်ဘုရားများအား ရှေးမူမပျက်ပြန်လည်ပြုပြင်နေမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှင်းလင်းရန်ကျန် (A) ဆောင်အား စက်ယန္တရားကြီးများအသုံးပြု၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအားလည်းကောင်း၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်းလက်ခံ/ထုတ်ပေးရေးအဖွဲ့ ယာယီရုံးတွင် ရှာဖွေတွေ့ရှိသော ပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာပိုင်ရှင်အသီးသီးထံ စနစ်တကျလွှဲပြောင်း ပေးနိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa တွင် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ ယနေ့အထိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ်ရှာဖွေတွေ့ရှိရသော ငွေစက္ကူကျပ် ၉၁၆၇၄၄၇၀၀ (ကိုးထောင်တစ်ရာခြောက်ဆယ် ခုနစ်သိန်းလေးသောင်းလေးထောင်ခုနစ်ရာ)၊ ရွှေသားအလေး ချိန် ၄ ပိဿာ ၁ ကျပ်သား၊ ရွှေထည်ပစ္စည်းနှင့် အခြားလက်ဝတ်ရတနာများအား ပိုင်ရှင်များထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏာရာမဘုရားကြီးကျောင်း တိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တမ္ပဝတီကျောင်းတိုက်၊ အောင်မြေကျောင်း၊ ပိဋကတ်တိုက်နှင့် အသောကာရာမကျောင်းတိုက်အတွင်းရှိ ကျီးသဲရွှေတောင်ကျောင်းနှင့် ကြာငါးခိုင်ရတနာကျောင်းများတွင် တပ်မတော်သားစစ်သည်များက အပျက်အစီးများအား အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
MOI

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၂၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။
အကြုံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
မိုးဇလ

တံတားဦး ၊ ဇွန် - ၁၇
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ မြို့အဝင်အထွက်နှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် တံတားဦး-မြို့သာ ကားလမ်းဘေးဝဲယာရှိ အရိပ်ရအပင်များ၊ ပန်းအလှပင်များ ရှင်သန် ဖွံ့ဖြိုးရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ပန်းအလှပင်များစိုက်ပျိုးခြင်းနှင့် မြက်ဖြတ်ခြင်း၊ ပေါင်းမြက်နှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း ၊ မြို့တွင်းလမ်းများ၏ လမ်းဘေးဝဲယာရှိ ရေမြှောင်းများ သန့်ရှင်းခြင်း၊ မြို့တွင်းလမ်းတစ်လျှောက် လမ်းသွားလမ်းလာများ၏ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်းလုပ်ငန်း များ၊ မိုးရာသီတွင် မြို့စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ သိရသည် ။
ပေးပို့သူ- ဦးရဲတင့်(ပြန်/ဆက်)

ဖနွမ်းပင် ဇွန် ၁၆
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ် အဝင်အထွက်ကန့်သတ်ချက်များ ကို ပြန်လည်ရုပ်သိမ်းခြင်းမရှိခဲ့ပါ က ထိုင်းသစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်သွင်းကုန်များကို ပိတ်ပင် မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ယနေ့တွင် သတိပေး လိုက်သည်။
ပြီးခဲ့သည့်လအတွင်းပေါ်ပေါက် ခဲ့သည့် နယ်စပ်ပြဿနာတစ်ရပ် ကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယား တို့ကြား ဆက်ဆံရေးတင်းမာ နေစဉ် ကမ္ဘောဒီးယားအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၏ အဆိုပါ သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မေ၂၈ရက်ကနှစ်နိုင်ငံနယ်စပ် ပိုင်ဆိုင်ခွင့်အငြင်းပွားဒေသတစ်ခု ၌ ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် များကြား ၁ဝ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရသည်။
ထိုင်းအစိုးရအနေဖြင့် နယ်စပ် ဝင်ပေါက်ကန့်သတ်ချက်များကို . ၂၄ နာရီအတွင်း ပြန်လည်ရုပ်သိမ်း ခြင်းမရှိပါက ကမ္ဘောဒီးယားနိုင်ငံ ကလည်း ထိုင်းသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပို့ကုန်များကို ပြန်လည်ပိတ်ပင်မည်ဖြစ်ကြောင်း ဟွန်ဆန်က ယနေ့ရုပ်သံမိန့်ခွန်း၌ ပြောကြားထားသည်။
လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၌ ဩဇာကြီးမား နေဆဲဖြစ်သည်။
ကမ္ဘောဒီးယား နိုင်ငံသည် နယ်စပ်ပြဿနာကိုအကြောင်းပြု ၍ ထိုင်းရုပ်သံဇာတ်လမ်းတွဲများ ပြသခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။
Ref: Xinhua
Trs: KKO

မလေးရှားနိုင်ငံ၏ အာဆီယံလျှပ်စစ်ဓာတ်အားလွှဲစနစ် လမ်းပြမြေပုံသည် ၎င်းအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသတွင်း စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်ချက်များအနက် တစ်ခုဖြစ်သည်။

အဆိုပါလမ်းပြမြေပုံသည် လာမည့်နှစ်တွင်လုပ်ငန်းစတင်မည့် အာဆီယံ ဓာတ်အားလိုင်း စနစ်အတွက် အဓိကကျကြောင်း၊ မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ စွမ်းအင်အသွင်ကူးပြောင်းခြင်းနှင့် ရေမှတစ်ဆင့် စွမ်းအင် အသွင်ပြောင်းလဲခြင်းဆိုင်ရာဝန်ကြီး Dato' Sri Haji Fadillah က ပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများအတွက် သန့်ရှင်းသော စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ ရရှိရန်အတွက် ဓာတ်အားလိုင်း စနစ်တည်ငြိမ်မှုရှိပြီး အပြန်အလှန် ချိတ်ဆက်ထားရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် ဓာတ်အားလိုင်းစနစ် ယုံကြည်စိတ်ချရမှုမရှိပါက လျှပ်စစ်ဓာတ်အားကို ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်မည် မဟုတ်ကြောင်း Energy Asia 2025 ညီလာခံတွင် ပြောကြားခဲ့ပါသည်။
ထို့ပြင် အာဆီယံနိုင်ငံများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ များပြားစွာရှိကြောင်း၊ အထူးသဖြင့် ဗီယက်နမ်နှင့် လာအိုတွင် ရေအား လျှပ်စစ်၊ မလေးရှားတွင် နေစွမ်းအင်သုံးလျှပ်စစ်နှင့် အင်ဒိုနီးရှားတွင်သမုဒ္ဒရာစွမ်းအင်သုံး လျှပ်စစ်တို့ရှိကြောင်း Fadillah က ထောက်ပြ ပြောဆို ခဲ့ပါသည်။
ထိုသို့ မတူကွဲပြားသောအရင်းအမြစ်များအတွက် အာဆီယံဓာတ်အားလိုင်း ကွန်ရက်မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း၊ စံနှုန်းသတ်မှတ်ချက်များထားရှိရန်နှင့် ဓာတ်အားလိုင်းစနစ် နယ်စပ်ဖြတ်ကျော်ချိတ်ဆက် ဆောင်ရွက်မှုများကို စီမံကြီးကြပ်ရန်အတွက် ဒေသဆိုင်ရာစွမ်းအင်ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် အာဆီယံစွမ်းအင်ကော်မတီအတွင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အာဆီယံကို ကမ္ဘာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အချက်အချာ နေရာအဖြစ် ဖန်တီးရန် ရည်မှန်းထားပြီး အဆိုပါရည်မှန်းချက်အား ပြည့်မီစေရန် နည်းပညာနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆွဲဆောင်ရန် လိုအပ်ကြောင်းကိုလည်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။
လက်ရှိတွင်လည်း မလေးရှားနိုင်ငံအရှေ့ပိုင်း ဘော်နီယိုကျွန်းဆွယ် အနောက်မြောက်ပိုင်း၊ ဆာရာဝပ်ရှိ ဘော်နီယိုဓာတ်အားလိုင်းမှ မလေးရှားနိုင်ငံ အနောက်ပိုင်း ကလီမန်တန်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိရာမှ နောက်ပိုင်းတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ဘရူနိုင်း နှင့် မလေးရှားကျွန်းဆွယ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - The Malaysian Reserve
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

OpenAI သည် ChatGPT language model ကို ဖန်တီးသည့် ကုမ္ပဏီ ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန (Pentagon) နှင့် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း တနင်္လာနေ့ (ဇွန် ၁၆) တွင် ကြေညာ ခဲ့သည်။ ၎င်းကုမ္ပဏီက အဆိုပါလုပ်ငန်းသည် တရုတ်၏ ယှဉ်ပြိုင်မှုများ တိုးမြင့်လာခြင်းမှ ဒီမိုကရေစီကို ကာကွယ်ရန် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြေညာချက်အရ OpenAI အား “စစ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ နယ်ပယ်များတွင် အရေးကြီးသော အမျိုးသားလုံခြုံရေး အခက်အခဲ များကို ဖြေရှင်းရန် AI ၏ ရှေ့ဆောင် အစွမ်းအစများ ဖွံ့ဖြိုးတိုးတက်ရေး” အတွက် တာဝန်ပေးအပ်ထားသည်။ အဆိုပါလုပ်ငန်းကို ဝါရှင်တန် DC အပါအဝင် National Capital Region တွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ပြီးစီးရန် ရည်ရွယ်ထားသည်။
အဆိုပါစာချုပ်သည် OpenAI ၏ အမေရိကန်ကာကွယ်ရေးဌာနနှင့် ပထမဆုံး အများသိစာချုပ်ဖြစ်သော်လည်း၊ ယခင်ကလည်း အမျိုးသား လုံခြုံရေး လုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် OpenAI သည် စစ်ဘက်ကုမ္ပဏီ Anduril Industries နှင့် ပူးပေါင်းကာ ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်ရန် AI စနစ်များ ဖွံ့ဖြိုးရေး လုပ်ဆောင် ခဲ့သည်။ ထိုအချိန်က Anduril က အဆိုပါပူးပေါင်းမှုသည် “အချိန်နှင့် တစ်ပြေးညီ အချက်အလက်များကို မြန်ဆန်စွာ စုစည်းခြင်း၊ လူသား များ၏ တာဝန်ဝန်ထုပ်များကို လျှော့ချခြင်းနှင့် အခြေအနေအလိုက် အသိ အမြင်ကို မြှင့်တင်ခြင်း” အတွက် AI ကို အသုံးပြုရန် ရည်ရွယ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် OpenAI ၏ CEO ဆမ် အလ်မန် (Sam Altman) သည် အခြား ဆီလီကွန်တောင်ကြားလုပ်ငန်းရှင်များနှင့် သမ္မတ ဒေါ်နယ်ထရမ့် တို့နှင့်အတူ "Project Stargate" ကို ကြေညာခဲ့သည်။ ၎င်းစီမံကိန်းသည် အမေရိကန်၏ AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ကွန်ပျူတာအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည်။
ထိုလအတွင်း OpenAI သည် အမေရိကန်အစိုးရအတွက် အထူးဒီဇိုင်းပြု လုပ်ထားသော ChatGPT ဗားရှင်းတစ်ခုကို မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီ က ယင်း Software သည် Microsoft Azure ၏ Cloud ဝန်ဆောင်မှု ကဲ့သို့သော အထူးပြု Hardware များပေါ်တွင် အလုပ်လုပ်မည်ဖြစ်ပြီး အစိုးရအေဂျင်စီများအား “၎င်းတို့၏ လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုဆိုင်ရာ လိုအပ်ချက်များကို ကိုယ်တိုင်စီမံ နိုင်စေမည်” ဟု ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် တရုတ် AI စတင်တည်ထောင်သည့် DeepSeek ၏ မိတ်ဆက်ခဲ့မှုကို အနောက်နိုင်ငံများမှ နည်းပညာ ဖွံ့ဖြိုး သူများနှင့် ရင်းနှီးမြှုပ်နှံသူများ အံ့အားသင့်ခဲ့ကြသည်။ DeepSeek က ၎င်း၏ထုတ်ကုန်သည် ChatGPT ထက် အဓိက လုပ်ငန်းလည်ပတ် စရိတ် သက်သာပြီး နည်းပညာပိုင်းတွင် ပိုမိုကောင်းမွန်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ နောက်လတွင် Altman က ဝါရှင်တန်တွင် ကျင်းပသော အစည်းအဝေးတစ်ခုတွင် OpenAI သည် ဒီမိုကရေစီတန်ဖိုးများကိုကာကွယ်ရန်အတွက် အမေရိကန်အစိုးရကို AI တွင် အမေရိကန်၏ ဦးဆောင်မှုကို ထိန်းသိမ်းနိုင်ရေး ကူညီရန် ကတိပြုခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် OpenAI သည် Elon Musk ၏ X နှင့်ဆင်တူသော လူမှုမီဒီယာပလက်ဖောင်းအသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း ကုန်သွယ်မှု ဆိုင်ရာ စာစောင်များက ဖော်ပြခဲ့သည်။ တစ်ချိန်က Trump ၏ နီးစပ်သော မဟာမိတ်ဖြစ်ခဲ့သည့် Musk သည် ၎င်း၏ AI အထောက်အကူ တစ်ခု ဖြစ်သော Grok ကို X တွင် ပေါင်းစည်းရန် လုပ်ဆောင်နေသည်။
ဘီလီယံနာ Musk သည် OpenAI ကို ပူးတွဲတည်ထောင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီမှ ခွဲထွက်ခဲ့သည်။ ယခုအခါတွင် Musk နှင့် Altman တို့သည် ပြင်းထန်သော ပြိုင်ဆိုင်မှုတစ်ခုတွင် ပါဝင်နေကြသည် ဟု သတင်းများထွက်ပေါ်နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယနေ့ ဇွန် (၁၇) ရက်၊ နံနက်ပိုင်းအချိန်တွင် မြစ်ကြီးမြို့၌ ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာသည်ဟု မြစ်ကြီးနားမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိ မြစ်ကြီးနားမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁,၂၀၀) စင်တီမီတာသို့ ရောက်ရှိရန် (၇၇၇) စင်တီမီတာ( ၂၅) ပေခွဲခန့်အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။
မြန်မာပြည်မြောက်ပိုင်း ဧရာဝတီမြစ် အထက်ပိုင်း၌ မိုးအသင့်တင့် ရွာသွန်းလျက်ရှိနေသည့်အတွက် မြစ်ကြီးနားမြစ်ရေမှာ ဖြေးဖြေးချင်းဆက်လက်မြင့်တက် နေဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုနှစ် ဇွန်လ အကုန်နဲ့ ဇူလိုင်လဆန်းပိုင်းအတွင်းရောက်ပြီးမှ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ နောက်ထပ်တစ်ကြိမ် ပြန်တက်လာနိုင်ပါတယ်”ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ဧရာဝတီမြစ်ရိုးတလျောက် မြို့များအားလုံး၏ မြစ်ရေသည် မြစ်ကြီးနားမြို့၏ မြစ်ရေအတက်အကျပေါ်တွင် ရာနှုန်းပြည့်မူတည်နေသည့်အတွက် မြစ်ကြီးနားမြစ်ရေကို သိထားခြင်းဖြင့် မိမိဒေသ၏ မြစ်ရေအတက်အကျကို ကြိုတင်သိရှိပြီး ပြင်ဆင်ချိန်ရနိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။
မြစ်ကြီးနားမြို့တွင် ဇွန်လ (၁) ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံရေဘေးသင့်ပြည်သူထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရသေးသည်။
Source: Popular Myanmar

ဟောင်ကောင်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာလာသည့် အဲအိန္ဒိယလေကြောင်း : Boeing 787-8 Dreamliner အစား ခရီးသည်တင်လေယာဉ်တစ်စင်း သည် လေဆိပ်မှပျံတက်ပြီးနောက် နာရီ ဝက်ခန့်အကြာတွင် နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းချက်တစ်ခုကြောင့် ဟောင်ကောင်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရမှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါလေယာဉ်မှလေယာဉ်မှူးက လေယာဉ်ပျံသန်းနေစဉ် နည်းပညာပိုင်း ဆိုင်ရာချွတ်ယွင်းချက်ကို သတိပြုမိသည့်အတွက် ဟောင်ကောင်လေဆိပ်ရှိ လေ ကြောင်းထိန်းချုပ်ရေးဌာနသို့ သတင်းပို့ကာ ယင်းလေဆိပ်၌ဘေးကင်းစွာပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ထိုလေယာဉ်ကို ဘေးကင်းစိတ်ချရမှုရှိစေရေး အတွက် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း လေကြောင်းလိုင်းကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အဲအိန္ဒိယလေကြောင်းလိုင်းမှ အလားတူ အမျိုးအစားလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးမကြာမီမှာပင် ပျက်ကျမှုဖြစ်ပွားထားကြောင်းသိရသည်။
Ref: SCMP
Photo - NBC News

Skyrider X6 လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ပျံတစ်မျိုးကို တရုတ်နိုင်ငံရှိ Kuickwheel ဆိုတဲ့ကုမ္ပဏီက တရားဝင်ထုတ်ဖော်ပြသ လိုက်ပါပြီ။ အဲဒီဆိုင်ကယ်ပျံက ပုံစံနှစ်မျိုးနဲ့ သွားလာနိုင်အောင် တီထွင်ထားတာဖြစ်ပြီး တရုတ်နိုင်ငံမှာရှိတဲ့ ကုန်ပစ္စည်းရောင်းဝယ်ရေး ဝက်ဆိုက်တွေကနေ တစ်ဆင့် ကြိုတင်အမှာစာတွေ တင်ထားလို့ရပါပြီဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဈေးနှုန်းကိုတော့ယွမ် ၄၉၈၈၀၀၀ သတ်မှတ်ထားပါတယ်။

အဲဒီဆိုင်ကယ်ပျံက ဘီးသုံးဘီးပါဝင်ကာ ကုန်းပေါ်မှာသာ သွားလာနိုင်ရုံမက လေပေါ်မှာပါ ပျံသန်းနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။သူ့မှာ အခြေအနေ နှစ်ရပ်ပါဝင်ပါတယ်။ ပထမတစ်ခုက ပြောင်းပြန်သွား သုံးဘီးယာဉ် စနစ်ဖြစ်ပြီး သူကမြေပြင်ပေါ်မှာ သွားလာမှုအတွက် အသုံးဝင်တဲ့စနစ်ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ သူ့ဆီကနေဒလက်တွေ ထွက်ပေါ်လာပြီး ပျံသန်းမှုအတွက် ပုံစံပြောင်းလဲသွားနိုင်တဲ့စနစ် ဖြစ်ပါတယ်။
မြေပြင်မှာသွားလာမယ်ဆိုရင် အဲဒီဆိုင်ကယ်က တစ်နာရီကို ကီလိုမီတာ ၇၀ နှုန်းနဲ့ ကီလိုမီတာ ၂၀၀ အထိသွားနိုင်ပြီး ပျံသန်းမှု လုပ်ဆောင်စဉ်မှာတော့ တစ်နာရီကို ၄၄ ဒသမ ၇ မိုင်နှုန်းနဲ့ ပျံသန်းနိုင်မှာပါ။ မြေပြင်မှာ သွားလာဖို့အတွက် လျှပ်စစ်မော်တာတွေ က တာဝန်ယူပေးမှာဖြစ်သလို လေပေါ်မှာပျံသန်းဖို့ အတွက်လည်း လျှပ်စစ်မော်တာ အသုံးပြုထားတဲ့ ဒလက်တွေက တာဝန်ယူပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားချက် အရဆိုရင် Skyrider X6 သည် အလိုအလျောက်ပျံသန်းခြင်း၊ ဆင်းသက်ခြင်းနှင့် လမ်းကြောင်းရွေးချယ် ခြင်းတို့ကို လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။ ဒါတင် မကသေးပါဘူး။ သူ့ကိုကာဗွန်ဖိုင်ဘာနဲ့ လေကြောင်း အဆင့်သုံး အလူမီနီယံသတ္တုစပ်တို့ကို အသုံးပြုထားတာကြောင့် အလေးချိန်က ပေါ့ပါးပါတယ်။