သတင်းများ

အိန္ဒိယ၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျ လူခုနစ်ဦးသေဆုံး

နယူးဒေလီ၊ မတော်တဆမှု
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းဒေသတစ်ခုဖြစ်သော ဥတ္တရခန်းပြည်နယ်၌ ဇွန်လ ၁၅ ရက်နံနက်အစောပိုင်းတွင် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်းပျက်ကျမှု ဖြစ်ပွားရာ ကလေးနှစ်ဦး၊ လေယာဉ်မှူးတစ်ဦးနှင့် အမျိုးသားလေးဦးတို့ပါဝင်သည့်၏ လူခုနစ်ဦးသေဆုံးကြောင်း အစိုးရအဖွဲ့ ၍ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါရဟတ်ယာဉ်သည် ဟိန္ဒူဘာသာဝင်များ ဘုရားဖူးသွားလေ့ရှိရာနေရာမှ ဖြစ်သည့် ကီဒါနက်မှ ၇ ကီလိုမီတာသာ ကွာဝေးသည့် ဂွတ်ကာရှီသို့ပျံသန်းလာစဉ် ပျက်ကျသွားခြင်းဖြစ်သည်။

ကနဦးတင်ပြချက်များ၊ မျက်မြင်တွေ့ ရှိသူများ၏ပြောဆိုချက်များအရ ရဟတ်ယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ် သူမရှိနိုင်တော့ကြောင်းနှင့် ရဟတ်ယာဉ် ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗီနေးရှန်ကာ ပန်ဒေးကပြောသည်။

အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့များက အခင်း ဖြစ်ပွားရာနေရာသို့သွားရောက်၍ ရှာဖွေ ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

Ref.: Xinhua

Photo - BBC

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် ဇွန် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71091

မြန်မာဌာနေ ငါးရင်ဘောင်စာ မျိုးစိတ်သစ် (၂) မျိုးကို ကချင်နှင့် စစ်ကိုင်းတွင် တွေ့ရှိ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မြန်မာဌာနေ ငါးရင်ဘောင်စာ မျိုးစိတ်သစ် (၂) မျိုး ထပ်မံတွေ့ရှိခဲ့ကြောင်း Native Species Conservation & Identification (NSCI) မှ ထုတ်ပြန်ထားသည်။

ယခုမျိုးစိတ်သစ်များသည် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသေးသည့် ဌာနေမျိုးရင်းမျိုးစိတ်များဖြစ်ပြီး ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသမှတွေ့ရှိခဲ့ရသည့် မျိုးစိတ်ကို အင်းတော်ကြီး ငါးရင်ဘောင်စာ (Laubuka indawgyiana) ဟုလည်းကောင်း၊ စစ်ကိုင်းတိုင်း၊ မြစ်သာမြို့နယ်၊ မြစ်သာမြစ်အတွင်းမှ တွေ့ရှိခဲ့သော ငါးရင်ဘောင်စာကိုမူ မြစ်သာ ငါးရင်ဘောင်စာ (Laubuka myitthaensis) ဟုလည်းကောင်း အမည်ပေးထားကြောင်း သိရသည်။

အင်းတော်ကြီး ငါးရင်ဘောင်စာကို သဲဆန်သည့် ချောင်းများနှင့် ရေကြည်ရေတိမ်ပိုင်းများတွင် ငါးခုံးမ၊ မှဲ့တပေါက်၊ ငါးခဲတံနှင့် ကျောက်ငါးသလဲထိုး ငါးတို့နှင့်အတူတွေ့ရှိခဲ့ပြီး မြစ်သာ ငါးရင်ဘောင်စာကိုမူ ရေငြိမ်ပိုင်းမြစ်ချောင်းများတွင် ငါးသလဲထိုး၊ ကျောက်ငါးသလဲထိုး၊ ကျောက်ငါးကြင်း၊ ငါးခုံးမနှင့် ငါးခဲတံတို့နှင့်အတူ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Source: Popular Myanmar

မင်နီဆိုးတား လွှတ်တော်အမတ်လုပ်ကြံခံရမှုမှ သံသယရှိသူ၏ SUV ကားထဲတွင် AK-47 သေနတ် ၃ လက် တွေ့ရှိရကြောင်းထုတ်ပြန်

မင်နီဆိုးတား Star Tribune မှ ရရှိသော ရာဇ၀တ်မှုဆိုင်ရာ တရား စွဲဆိုချက် သတင်းများအရ စနေနေ့ (ဇွန် ၁၄) အစောပိုင်းက လုပ်ကြံခံခဲ့ရသော မင်နီဆိုးတားလွှတ်တော်အမတ် Melissa Hortman ၏ အိမ်တွင် ကျန်ရစ်ခဲ့သည့် ယာဉ်အတွင်း AK-47 တိုက်ခိုက်ရေးသေနတ် သုံးလက်နှင့် ပစ္စတိုတစ်လက် တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Vance Boelter အမည်ဖြင့် မှတ်ပုံတင်ထားသော ရဲတပ်ဖွဲ့သုံး မော်တော်ယာဉ်များတွင် တပ်ဆင်သည့် အချက်ပြမီးများ အယောင်ဆောင် တပ်ဆင်ထားသည့် Ford SUV ယာဉ်အတွင်း တိုက်ခိုက်လုပ်ကြံရန် ရည်ရွယ်ထားသည့် အဖွဲ့အစည်းများ၏ အမည်နှင့်လိပ်စာ စာရင်းလည်း ပါရှိ ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် Hortman နေထိုင်ရာ မင်နီအာပလစ်မြို့ ဆင်ခြေဖုံးရှိ Brooklyn Park ရဲတပ်ဖွဲ့သည် ဆက်စပ်အမည်စာရင်း၌ ပါဝင်နေသော အနီးရှိ Champlin မြို့ရှိ ပြည်နယ်ဆီးနိတ် လွှတ်တော် အမတ် John Hoffman နှင့် ဇနီးတို့အား ကြိုတင်ကာကွယ်ရန် ၎င်းတို့၏ နေအိမ်သို့ သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ 

တရားစွဲဆိုချက်အပေါ် ဆက်စပ်မှု အချက်အလက်များအရ Boelter သည် ရှာဖွေတွေ့ရှိခဲ့သော လက်နက်များကို ဝယ်ယူခဲ့သူဖြစ်ကြောင်း ကွင်းဆက်ဖော်ထုတ်မှုများတွင် တွေ့ရှိရသည်။ ၎င်းသည် တိုက်ခိုက်မှုများအတွင်း ရဲဝတ်စုံအပြည့်ဝတ်ဆင်ထားပြီး ရဲများနှင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ပြီးနောက် ပျောက်ဆုံးသွားစဉ် အိမ်အနီးတစ်ဝိုက်၌ “ကျည်ကာအင်္ကျီ၊ 9mm သေနတ်အစိတ်အပိုင်းများ၊ မျက်နှာဖုံးနှင့် ရဲတပ်ဖွဲ့ဆိုင်ရာ ရွှေရောင် တံဆိပ်” တို့ကို တွေ့ရှိခဲ့ရသည်။

တနင်္ဂနွေနေ့ (ဇွန် ၁၅) ညနက်ပိုင်းတွင် Boelter အား ဖမ်းဆီးပြီးနောက် Hortman ၏အိမ်သို့ လုံခြုံရေးအဖွဲ့များ သွားရောက် စစ်ဆေးခြင်း မပြုခဲ့ပါက အများပြည်သူရုံးအဖွဲ့အစည်းများအား ထပ်မံတိုက်ခိုက်မှုများ ဖြစ်ပေါ် နိုင်သည့် မှတ်တမ်းများကို တွေ့ရှိနိုင်မည်မဟုတ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မင်နီဆိုးတား ပြည်သူ့ဘေးကင်းလုံခြုံရေး ရာဇ၀တ်မှု ဖော်ထုတ်ရေးဌာန မှ ညွှန်ကြားရေးမှူး Drew Evans က “အဆိုပါဖြစ်ရပ်သည် စုံစမ်း ဖော်ထုတ်မှုများ မဆောင်ရွက်နိုင်ပါက နောက်ထပ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း မိမိအပြည့်အဝယုံကြည်ပါသည်” ဟု တနင်္လာနေ့ (ဇွန် ၁၆) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: The New York Times

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ

နေပြည်တော် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

(မိုး/ဇလ)

ထရမ့်က ၎င်း၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော Crypto၊ ဂေါက်ကွင်း များနှင့် လိုင်စင်ကြေးများမှ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဝင်ငွေ ရရှိကြောင်း သတင်းထုတ်ပြန်

အမေရိကန်ဘီလီယံနာ သမ္မတ Donald Trumpသည် cryptocurrency၊ ဂေါက်ကွင်းများ၊ လိုင်စင်ခွင့်ပြုချက်များနှင့် အခြားစီးပွားရေး လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၆၀၀ သန်းကျော် ဝင်ငွေရရှိကြောင်း သောကြာနေ့ (ဇွန် ၁၃) က ထုတ်ပြန်သည့် ဘဏ္ဍာရေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအချက်က အမေရိကန်သမ္မတ၏ ကျယ်ပြန့်သော ကိုယ်ပိုင် စီးပွားရေးအင်ပါယာအကြောင်း အရိပ်အမြွက်ပြနေသည်။

၂၀၂၄ ခုနှစ် အတွက် ဖော်ပြထားသည့် နှစ်စဉ်ဘဏ္ဍာရေး ထုတ်ဖော်ချက်အရ သမ္မတ၏ Cryptocurrency ရင်းနှီးမြှုပ်နှံမှုများက ၎င်း၏ ချမ်းသာကြွယ်ဝမှုကို သိသိသာသာ တိုးပွားစေခဲ့သော်လည်း အခြားစီးပွားရေးလုပ်ငန်းများမှ ကြီးမားသော လိုင်စင်ကြေးများနှင့် အခြားဝင်ငွေများလည်း ရရှိကြောင်း ဖော်ပြထားသည်။ Reuters ၏ တွက်ချက်မှုအရ သမ္မတ၏ ပိုင်ဆိုင်မှုတန်ဖိုးသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရှိသည်။

Trump ၏စီးပွားရေးလုပ်ငန်းများကို ၎င်း၏သားသမီးများက စီမံ ကွပ်ကဲသော ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြောဆို ထားသော်လည်း အဆိုပါ ထုတ်ဖော်ချက်များက ထိုအရင်းအမြစ်များမှ ဝင်ငွေများသည် နောက်ဆုံးတွင် သမ္မတထံသို့ ရောက်ရှိကြောင်း ဖော်ပြနေသည်။ ထိုအချက်က ၎င်းအား conflict of interest (အကျိုးစီးပွား ပဋိပက္ခ) စွပ်စွဲချက်များကို ရင်ဆိုင်စေခဲ့သည်။

ဥပမာအားဖြင့် Cryptocurrency ကဲ့သို့သော ထရမ့်၏လုပ်ငန်းများသည် ၎င်း၏ အုပ်ချုပ်မှုအောက်တွင် အမေရိကန်မူဝါဒပြောင်းလဲမှုများမှ အကျိုး ကျေးဇူးရရှိခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

“သမ္မတ Trump၊ ဒုသမ္မတ Vance နှင့် အိမ်ဖြူတော် အကြီးတန်း ဝန်ထမ်းများသည် လိုအပ်သည့် ကျင့်ဝတ်ဆိုင်ရာ ရှင်းလင်းချက်များနှင့် ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ တာဝန်တွေကို ပြီးမြောက်ခဲ့ပါသည်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က Reuters သို့ အီးမေးလ်ပေးပို့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ “Trump အစိုးရသည် အမေရိကန်ပြည်သူများအတွက် ပွင့်လင်းမြင်သာမှုနှင့် လက်လှမ်းမီနိုင်မှုကို ကတိကဝတ်ပြုထားပါသည်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘဏ္ဍာရေးထုတ်ပြန်ချက်ကို ဇွန်လ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖော်ပြထားသော အချိန်ကာလကို ဖော်ပြထားခြင်း မရှိပါ။ Cryptocurrency စာရင်းများ၏ အသေးစိတ်အချက်အလက်များနှင့် အခြား သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဖြစ်နိုင်ကြောင်း ဖော်ပြထားပြီး မိသားစု၏ Cryptocurrency လုပ်ငန်း များမှ ရရှိသော ငွေအများစုကို ဖော်ပြထားခြင်း မရှိပေ။

Trump မိသားစုသည် သမ္မတရာထူးထမ်းဆောင်စဉ် ကာလအတွင်း စီးပွားရေးသဘောတူညီချက်များ ချမှတ်ခဲ့သည့် အရှိန်အဟုန်ကို ထည့်သွင်းစဉ်းစားပါက အဆိုပါထုတ်ပြန်မှုသည် အချိန်ကာလတစ်ခု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး မိသားစုသည် Cryptocurrency လောကထဲသို့ စတင်ဝင်ရောက်နေဆဲဖြစ်သော်လည်း အိမ်ခြံမြေစီးပွားရေးနှင့် ဂေါက်ကလပ်များသည် အဓိကစီးပွားရေးလုပ်ငန်းများဖြစ်နေဆဲဖြစ် ဖြစ်နေသည်ကို ညွှန်းဆိုနေသည်။

သမ္မတမှ ယခုနှစ်အစောပိုင်းတွင် ထုတ်ဝေခဲ့သော meme coin တစ်ခု ဖြစ်သည့် $TRUMP တစ်ခုတည်းမှပင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၂၀ သန်းခန့် ဝင်ငွေများရရှိခဲ့သော်လည်း ထိုငွေပမာဏကို Trump ဦးဆောင်သည့် အဖွဲ့အစည်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအကြား မည်သို့ခွဲဝေခဲ့သည်ကို အများပြည်သူက မသိရှိပေ။

Meme coin ဝင်ငွေများအပြင် Trump မိသားစုသည် Decentralized Finance ကုမ္ပဏီတစ်ခုဖြစ်သည့် World Liberty Financial မှ အမေရိကန် ဒေါ်လာ ၄၀၀ သန်းကျော် ရရှိခဲ့သည်။ Trump မိသားစုသည် bitcoin လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို လဲလှယ်ရောင်းဝယ်သည့် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထုတ်ပြန်ချက်များတွင် Trump သည် World Liberty တွင် token ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၅၇.၃၅ သန်း ရရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၎င်းသည် ထိုလုပ်ငန်းတွင် အုပ်ချုပ်မှုဆိုင်ရာ token ၁၅.၇၅ ဘီလီယံ ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

နောက် ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။      မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။                 မိုးအသင့်အတင့် ထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။                နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးဇလ 

ဒူဘိုင်းရှိ ၆၇ ထပ် မိုးမျှော်အဆောက်အဦကြီး အကြီးအကျယ် မီးလောင်မှု ဖြစ်ပွား

ဒူဘိုင်းမြို့ Marina Pinnacle အမည်ရှိ အထပ် ၆၇ ထပ်ပါ အဆောက်အဦကြီးတွင် ဇွန် ၁၄ ရက် (စနေနေ့) ည ၉:၃၀ နာရီခန့်က အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၄,၀၀၀ နီးပါး အား ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးထားရပါသည်။ မီးသတ်တပ်ဖွဲ့များ၏ ကြိုးပမ်းမှုဖြင့် ဒဏ်ရာရသူ မရှိဘဲ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

မီးသည် အဆောက်အဦ၏ အပေါ်ထပ်များတွင် စတင်ဖြစ်ပွားခဲ့ပြီး ၆ နာရီကြာ မီးသတ်သမားများ ကြိုးပမ်းခဲ့ရပါသည်။ အိမ်ရာ ၇၆၄ ခု မှ လူ ၃,၈၂၀ ကို ဘေးကင်းစွာ ထွက်ခွာစေခဲ့ပြီး အရေးပေါ်အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း သိရှိထားရပါသည်။ အချို့ပြည်သူများက မီးသတ်သတိပေးချက် မကြားရဘဲ အိမ်နီးချင်းများ သို့မဟုတ် မီးခိုးငွေ့များကြောင့် သိရှိခဲ့ရကြောင်း ပြောကြားထားပါသည်။ 

ထိုအဆောက်အဦ၏ ၄၇ ထပ်တွင် ၂၀၁၅ ခုနှစ်က မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပါသည်။ မီးသတ်စနစ်များ အားနည်းနေခြင်းနှင့် ပိုမိုကောင်းမွန်သော လုံခြုံရေးစံနှုန်းများ လိုအပ်နေကြောင်း ပြည်သူများက ဝေဖန်ပြောဆို နေကြပါသည်။ မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါသည်။

ကိုးကား- ETNow

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြသည်။

ရရှိသောအချက်အလက်များအရ လေယာဉ်မှူးအပါအဝင် လူ ၇ ဦး ယာဉ်ပေါ် တွင် ရှိခဲ့ပြီး ပျက်ကျမှုတွင် လိုက်ပါသူအားလုံး သေဆုံးသွားကြောင်း NDTV ရုပ်မြင်သံကြားက ပြောကြားထားပါသည်။

အဆိုပါရဟတ်ယာဉ်သည် တောင်တန်းဒေသများကို ဖြတ်သန်း ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ မိုးလေဝသ ဆိုးရွားသော အခြေအနေများကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။

ကိုးကား- Tass

Photo: Al Jazeera

weather forecast

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်

၁။        ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၁၉-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။