အမေရိကန်ရေတပ်က သူတို့ရဲ့ရေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်စေဖို့ BAE Systems ကုမ္ပဏီကို ဒေါ်လာ ၁၀ သန်းခွဲတန်ဖိုးရှိတဲ့ ကန်ထရိုက်တစ်ခု ပေးလိုက်ပါတယ်။ အဲဒီ ကန်ထရိုက်က ဝေဟင်မှနေပြီးမိုင်းများကို ရှင်းလင်းမယ့်စနစ်ကိုဖန်တီးဖို့ပါ။ အဲဒီစနစ်ကိုတော့ Archerfish လို့အမည်ပေးထားပါတယ်။

ဒီစနစ်က ဗြိတိန်တော်ဝင်ရေတပ်မှာ အသုံးပြုဖို့ BAE Systems ကဖန်တီးပေးထားတဲ့စနစ်ဖြစ်ပြီး အခုစနစ်မှာတော့ မူလကထက် အမြန်နှုန်းနဲ့တိကျမှုနှုန်း ၄ ဆကျော်ပိုမြင့်တဲ့ ရေမြှုပ်မိုင်းဖျက်ဆီးရေး ဒုံးကျည်များ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်များကို ရဟတ်ယာဉ်ပေါ်မှာ တင်ဆောင်ကာ ပစ်ခတ်နိုင်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
နည်းပညာသတင်း
MWD Web Portal

ဆီးရီးယားနိုင်ငံသည် အမျိုးသမီးများအား အများပြည်သူဆိုင်ရာ ကမ်းခြေများတွင် ဘစ်ကီနီ (သို့) ကိုယ်ခန္ဓာအား အပြည့်အဝ ဖုံးအုပ်ထားသော ရေကူးဝတ်စုံများ ဝတ်ဆင်ရန် စည်းမျဉ်းသစ် ထုတ်ပြန်ခဲ့သည်။ ယခုအမိန့်သည် အစ္စလာမ်မစ်အကြမ်းဖက်သမားများ ဦးဆောင်သော သူပုန်များက ဒီဇင်ဘာလတွင် အာဏာရှင် ဘာရှာ အယ်လ်-အာဆက် အစိုးရကို ဖြုတ်ချပြီးနောက် ယဉ်ကျေးမှုအပြောင်းအလဲ၏ နောက်ဆုံးအဆင့်ဖြစ်သည်။ ခရီးသွားလာရေးဝန်ကြီးဌာနက အဆိုပါစည်းမျဉ်းသစ် များကို ပြည်သူ့အကျိုးစီးပွားလိုအပ်ချက်များအရ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ပြည်သူ့ကမ်းခြေများနှင့် ရေကူးကန်များသို့ လာရောက်သူများ (ခရီး သွားဖြစ်စေ၊ ဒေသခံဖြစ်စေ) သည် လူမှုအသိုင်းအဝိုင်း၏ ထုံးတမ်းစဉ်လာ နှင့်ကိုက်ညီသော ရေကူးဝတ်စုံများ ဝတ်ဆင်ရန် လိုအပ်ပါသည်” ဟု ခရီးသွားဝန်ကြီး Mazen al-Salhani က Facebook တွင် ထုတ်ပြန် ခဲ့သော အမိန့်တွင် ဖော်ပြထားသည်။
“အများပြည်သူဆိုင်ရာကမ်းခြေနှင့် ရေကူးကန်များတွင် ပို၍လုံခြုံသော ရေကူးဝတ်စုံ (ဘစ်ကီနီ သို့မဟုတ် ခန္ဓာကိုယ်အများစုကို ဖုံးအုပ်ထားသော ဝတ်စုံ) ဝတ်ဆင်ရန် လိုအပ်သည်” ဟု အမိန့်တွင် ဖော်ပြထားပြီး၊ “ကမ်းခြေမှ အခြားနေရာများသို့ သွားလာသည့်အခါ အမျိုးသမီးများအနေဖြင့် ရေကူးဝတ်စုံအပေါ်မှ အပေါ်ထပ်ခြုံလွှာ (သို့) ချောင်ချောင်ချိချိ ဝတ်ရုံများ ဝတ်ဆင်ရန် လိုအပ်သည်” ဟု ဖြည့်စွက်ထားသည်။
အမျိုးသားများအနေဖြင့် အင်္ကျီဝတ်ဆင်ရန် လိုအပ်ပြီး “ရေကူးဧရိယာ၊ ဟိုတယ်လော်ဘီနှင့် အစားအသောက် စားသောက်ရာ နေရာများမှလွဲ၍ အခြားပြည်သူ့နေရာများတွင် အင်္ကျီမပါဘဲ သွားလာခြင်းကို ခွင့်မပြုပါ” ဟု ဖော်ပြထားသည်။
“ကမ်းခြေနှင့် ရေကူးကန်များ၏ အပြင်ဘက်ရှိ အများပြည်သူဆိုင်ရာ နေရာများတွင် ပခုံးနှင့်ဒူးကို ဖုံးအုပ်ထားသော ချောင်ချောင်ချိချိ ဝတ်စုံများ ဝတ်ဆင်ရန်နှင့် ပါးလွှာသော (သို့) အလွန်ကျပ်ထုပ်သော အဝတ်အစား များကို ရှောင်ကြဉ်ရန်” အကြံပြုထားသည်။
အဆိုပါ စည်းကမ်းချက်များကို မလိုက်နာသူများအား မည်ကဲ့သို့ အရေး ယူမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားသော်လည်း ဝန်ကြီးဌာနက “လိုက်နာမှုရှိစေရန် ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကမ်းခြေ ကြီးကြပ် ရေးမှူးများက စောင့်ကြည့်ကြမည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဒေသအများအပြားတွင် မထိန်းချုပ်နိုင်သော အပူလှိုင်းကြောင့် နေ့အပူချိန်များသည် ၄၇ ဒီဂရီ စင်တီဂရိတ်ကျော်သည်အထိ မြင့်တက်လာကြောင်းနှင့် ထိုသို့အပူချိန်မြင့်တက်လာသည့်အတွက် ကျန်းမာရေး ပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ရာဂျက်စသန်ပြည်နယ်ရှိ ဆရီဂန်ဂါနာဂါမြို့၏နေ့အပူချိန်မှာ ဇွန်လ ၉ ရက်တွင် ၄၇ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ရှိကြောင်း နှင့်ထိုမြို့၏ စံချိန်တင်အပူချိန်မှာ ၅၁ ဒီဂရီ ဖြစ်ကြောင်း အိန္ဒိယ မိုးလေဝသဌာနက ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့အပူချိန်များ မြင့်တက်လာမှုသည် နွေရာသီရောက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ကျန်းမာရေးဌာနများအတွက် စိန်ခေါ်မှုမြင့်တက်လာစေသည်။ မြင့်မားသော အပူချိန်နှင့်အချိန် ကြာမြင့်စွာ ထိတွေ့မိပါက အပူလျှပ်ခြင်းကို အများဆုံးဖြစ်ပေါ်စေပြီး အထူးသဖြင့် ပြင်ပတွင် အလုပ်လုပ်နေရသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ထိုဝေဒနာကို ပိုမိုခံစားရနိုင်သည်။
ပြီးခဲ့သည့်နှစ်တွင် လပေါင်းများစွာကြာမြင့်သည့် အပူလှိုင်းဖြတ်သန်းမှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း၌ လူ ၁၀၀ ကျော် သေဆုံးကာ လူပေါင်း ၄၀၀၀၀ ကျော်မှာ အပူလျှပ်သည့်ဝေဒနာကို ခံစားခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မိုးလေဝသဌာနက ရာဂျက်စသန်၊ ဥတ္တပရာဒေ့ရှ်၊ ဟာယာနာနှင့် နယူးဒေလီတို့၌ လာမည့်ရက်များအတွင်း အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပေါ်နိုင်သည့် သတိပေးချက် တစ်ခုထုတ်ပြန်ထားကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇွန်လ ၁၀ ရက်နေ့တွင် မြောက် ကာရိုလိုင်းနားပြည်နယ် Fort Bragg တွင် အမေရိကန်စစ်တပ်၏ ၂၅၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသော စစ်သည် များအား မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်း၏မိန့်ခွန်းပြီးဆုံးသွားချိန်တွင် ၎င်းကြိုက်နှစ်သက်သော YMCA သီချင်းသံနှင့်အတူ ကပြခဲ့ရာ ပရိသတ်များက လှိုက်လှဲစွာ ဩဘာပေးခဲ့ကြပြီးနောက် ၎င်းက နောက်သို့လှည့်ကာ ချီးမြှောက်သည့်အမူအရာဖြင့် စင်နောက်တွင် ထိုင်နေသော စစ်သည် များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပရိသတ်များက “USA, USA” ဟူသော သံပြိုင်အော်သံများဖြင့် ဆက်လက် အားပေးခဲ့ကြပြီး ထရမ့် စင်ပေါ်မှဆင်းရန် လှမ်းလာချိန်တွင် အော်သံများ ပိုမိုကျယ်လောင်လာခဲ့သည်။ ၎င်းသည် ခေတ္တရပ်နားကာ စစ်သည်များ ဘက်သို့ လက်ညှိုးထိုးပြပြီး လက်သီးဆုပ်ကို လေထဲသို့ မြှောက်ကာ“ကျေးဇူးအများကြီးတင်ပါတယ်၊ ကျေးဇူးပါ” ဟု ပြောကြားခဲ့ကာ စစ်သည် အချို့က မတ်တပ်ရပ်ကာ ၎င်းနှင့်အတူ ကပြခဲ့ကြသည်။
Fort Bragg သည် အမေရိကန်စစ်တပ်၏ အထူးစစ်ဆင်ရေးဌာနချုပ် (United States Army Special Operations Command) ဖြစ်ပြီး အမေရိကန် အထူးတပ်ဖွဲ့ (Special Forces) နှင့် Ranger တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာလည်းဖြစ်သည်။
၎င်း၏ မိန့်ခွန်းတွင် ထရမ့်က အမေရိကန်စစ်တပ်သည် နှစ်စဉ် ရည်မှန်း ထားသည့် စစ်သည်အသစ် ၆၁,၀၀၀ ဦးကို စုဆောင်းနိုင်ခဲ့ပြီး ယခင် နှစ်နှစ်၊ သုံးနှစ်အတွင်း ရည်မှန်းချက် မပြည့်မီဖြစ်ခဲ့ပြီးနောက် ယခုနှစ်တွင် လေးလ အလို၌ ရည်မှန်းချက်ပြည့်မီကာ ကြီးမားသော အောင်မြင်မှု တစ်ရပ် ရရှိ ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ သွားရောက်စဉ်အတွင်း ၎င်းသည် စစ်သည်များ၊ ၎င်းတို့၏မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး လေ့ကျင့်မှုများကို ကြည့်ရှုကာ စွမ်းဆောင်နိုင်မှုများကို ချီးကျူးခဲ့သည်။
Fort Bragg တွင် ကျင်းပသည့် အခမ်းအနားသည် ဇွန်လ ၁၄ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌ ကျင်းပမည့် စစ်ရေးပြ အခမ်းအနားမတိုင်မီ စီစဉ်ထားသည့် အခမ်းအနားအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုနေ့သည် ထရမ့်၏ အသက် ၇၉ နှစ်ပြည့်မွေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။
“မိမိတို့အနေဖြင့် အနည်းငယ် ကြွားဝါလိုကြောင်း၊ မကြာသေးမီက အခြား နိုင်ငံများတွင် ဒုတိယကမ္ဘာစစ်အောင်ပွဲကို ကျင်းပခဲ့ကြကြောင်း၊ ပြင်သစ် မှာလည်း ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ခု ရှိခဲ့ကြောင်း၊ လူတိုင်းက ကျင်းပ ခဲ့ကြကြောင်း၊ ကျင်းပခဲ့ခြင်းမရှိသည့် တစ်ခုတည်းသောနိုင်ငံက အမေရိကန် ဖြစ်ကြောင်း၊ မိမိတို့က အောင်နိုင်သူတွေဖြစ်ကြောင်း” ဟု အမေရိကန် သမ္မတက ပြောကြားခဲ့သည်။
ကိုးကား- VN Express

တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ CCTV က တရုတ်တပ်မတော်က ပိုင်ဆိုင်ထားတဲ့ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည် တစ်မျိုးရဲ့ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်လိုက်ပါတယ်။ ဒီလိုမျိုးထုတ်ဖော်မှုဟာ တရုတ်နိုင်ငံအတွက် ပထမဆုံးလည်းဖြစ်ပါတယ်။ အခုအသေးစိတ် အချက်အလက်တွေထွက်ပေါ်လာတဲ့ဒုံးကျည်က DF-5 အမျိုးအစား ဒုံးကျည်ပါ။

DF-5 ဒုံးကျည်က တရုတ်နိုင်ငံရဲ့ ပထမမျိုးဆက် မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ် အလွန်ကာလများမှာထုတ်လုပ်ပြီး ၁၉၈၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ သူက အဆင့်နှစ်ဆင့်ပါ ဒုံးကျည်ဖြစ်ပြီး နျူကလီးယားထိပ်ဖူး တစ်ခုတည်းကိုသာသယ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သူသယ်ဆောင်နိုင်တဲ့ နျူကလီးယားထိပ်ဖူးရဲ့ ပေါက်ကွဲအားက တီအန်တီယမ်း ၄ မဂ္ဂါတန် ပေါက်ကွဲအားနဲ့ညီမျှပါတယ်။ ဒီပမာဏက ဟီရိုရှီးမားမှာ ပေါက်ကွဲခဲ့တဲ့ အက်တမ်ဗုံးရဲ့ ပေါက်ကွဲအားထက် အဆ ၂၀၀ နီးပါးပိုများပါတယ်။
ဒါ့အပြင် သူ့ရဲ့ထိရောက် အကွာအဝေးက မိုင်ပေါင်း ၇၄၀၀ ကျော်ရှိတာကြောင့် တရုတ်နိုင်ငံကနေဆိုရင် အမေရိကန်က DF-5 ဒုံးကျည်ရဲ့ပစ်ကွင်း အတွင်း ရောက်ရှိနေပါတယ်။

နေပြည်တော် ဇွန် ၁၀
နေပြည်တော် ဇွန် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လိုက်ပါ၍ ယနေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုသို့ကြိုဆို နှုတ်ဆက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ပညာတတ်များဖြစ်မှသာလျင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့်နိုင်ငံ၏အကျိုးကိုလည်း ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် စာပေပညာ၊ လူမှုဆက်ဆံရေး အသိပညာများရရှိစေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝ ကတည်းကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာပြောဆိုတတ်စေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်လည်း စည်းရုံးဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ပြုပြင်တည်ဆောက်ရန်လိုအပ်သည့် စာသင်ဆောင်များနှင့် ယာယီစာသင်ဆောင် ဆောက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စာသင်ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းတို့ကို ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအတွင်းပိုင်း၊ အပြင်ပိုင်းနှင့် စောင်းတန်းများ၊ သာသနိကအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး မြောက်ဘက်မျက်နှာစာရှိ မေတ္တာကန်၌ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်းတို့ဆောင်ရွက်၍ ကုသိုလ်ယူကြသည်။
ထို့နောက် စေတီတော်မြတ်ကြီးရှိ အောင်မြေဗောဓိဓမ္မာရုံအတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် ဂေါပကအဖွဲ့ဝင်များက ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီမှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများကို မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်၊ မေတ္တာကန်ပတ်လည်၌ အရိပ်ရအပင်များကို အတန်းလိုက်၊ အကန့်လိုက်စိုက်ပျိုးသွားရန်၊ ဘုရားစေတီများရှိ စောင်းတန်းများတွင် ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့် နားနေနိုင်ရေးဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်မြတ်ကြီးအတွက် ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ဆွမ်းဦးပုညရှင်စေတီတော်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်သို့ ရောက်ရှိကြပြီး ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဓမ္မာရုံ၌ ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးသမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများ၊ စေတီတော်ကြီးအား ကျွမ်းကျင်ပညာရှင်များက တိုင်းတာစစ်ဆေးခြင်းများပြုလုပ်ခဲ့မှု အခြေအနေများ၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သံကူကွန်ကရိထုတ်များဖြင့် အားဖြည့်တည်ထားမည့်နမူနာပုံစံများ၊ စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများနေရာချထားမည့် နမူနာပုံစံများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ရှေးမူမပျက်မူလပုံစံအတိုင်း ပြန်လည်ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ စေတီတော်မြတ်ကြီး၏ ယခင်မှတ်တမ်းဓာတ်ပုံများကို ပြန်လည်စုဆောင်း၍ သမိုင်းမှတ်တမ်းဓာတ်ပုံများ စနစ်တကျပြုစုထားရှိသွားရန်နှင့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် ခိုင်ခံ့မှုရှိစေရေး စနစ်တကျတွက်ချက်တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဓမ္မာရုံတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။
စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) ဖယ်ရှားရှင်းလင်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ)သို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) အပျက်အစီးများကို ဖယ်ရှားရှင်းလင်း၍ ရေလမ်းကြောင်း ဖွင့်လှစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဧရာဝတီတံတား(ရတနာပုံ)တွင် Lateral Bracing, Bearing နှင့် Pier တိုင်များ ပျက်စီးသည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာမြတ်မုနိဘုရားကြီး
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သောလှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများလှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အဦများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြတိုက်တော်ကြီးအတွင်း၌ မန္တလေးမြို့တော်ဝန်နှင့် မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ငလျင်ဖြစ်ပေါ်ခဲ့စဉ်ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများအား မူလလက်ရာမပျတ် စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာရှုထောင့်မှကြည့်၍ ပြုပြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားရန်နှင့် ပြုပြင်မှုများကို စနစ်တကျမှတ်တမ်း ထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးနှင့် စူဠာမုနိရုပ်ရှင်တော်မြတ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော်မြတ်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စူဠာမုနိရုပ်ရှင်တော်မြတ်အား ပိုမိုကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ရွှေသင်္ကန်းတော်နှင့် ရွှေပလ္လင်တော်ကပ်လှူပူဇော်ထားရှိမှုအားကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ကျောင်းတော်ကြီးနှင့် ရုပ်ပွားတော်မြတ်များကို ပိုမိုကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Source: MOI

၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားကောင်းနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်

၂။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် ၇ ရက်မှ ၉ ရက်ခန့်နှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ၄ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မိုးဇလ

MOI

မစ်ဆူဘီရှီဖူဆိုထရပ်နှင့် ဘတ်(စ်)ဆိုတဲ့ကုမ္ပဏီက ၂၀၅၀ ပြည့်နှစ်အရောက်မှာ ဂျပန်နိုင်ငံရဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၄၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်စေရေးမှာ ပါဝင်ကူညီတဲ့အနေနဲ့ လျှပ်စစ်ကား(EV)များ အတွက် ဘက်ထရီလဲလှယ်ရေး ကွန်ရက်တစ်ခုကို တိုကျိုမြို့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။

ဒီအစီအစဉ်ကို မစ်ဆူဘီရှီက အမေရိကန်ရဲ့ အမ်ပယ်ကုမ္ပဏီ၊ ဂျပန်ရဲ့ယာမာတို သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး ဘက်ထရီလဲလှယ်နိုင်တဲ့ EV များထုတ်လုပ်ရေးနဲ့ အလိုအလျောက် ဘက်ထရီလဲလှယ်ရေး စခန်းများကို တိုကျိုမြို့မှာ တည်ဆောက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဘက်ထရီလဲလှယ်နိုင်မယ့် EV များကို ထုတ်လုပ်ဖို့ဆိုတာ အချိန်ယူရဦးမှာဖြစ်ပေမယ့် ဘက်ထရီလဲလှယ်ရေးစခန်းများကိုတော့ တိုကျိုမြို့မှာရှိတဲ့ လူဦးရေ ထူထပ်ရာနေရာများမှာ ဒီနှစ်အတွင်း တည်ဆောက်သွားမှာပါ။
ဒီလိုမျိုး ဘက်ထရီလဲလှယ်ရေး စခန်းများအတွက် အမေရိကန်အမ်ပယ်ကုမ္ပဏီရဲ့ နည်းပညာကို အဓိကထား အသုံးပြုမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်ဆိုရင် EV ကားတွေကို အားသွင်းပါက အချိန်အားဖြင့် တော်တော်လေး ကြာပါတယ်။ အခုတိုကျို မြို့မှာတည်ဆောက်သွားမယ့် ဘက်ထရီ လဲလှယ်ရေး စခန်းမှာတော့ ဘက်ထရီ လဲလှယ်ချိန်က ၅ မိနစ်သာကြာမြင့်မှာဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇွန် ၁၀ ရက်တွင် ကျင်းပသော ပထမဆုံး ကုလသမဂ္ဂ “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” ကမ္ဘာလုံးဆိုင်ရာ အခမ်းအနား၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် ဝမ်ယိက ကမ္ဘာ့ ရာစုနှစ် အပြောင်းအလဲများက သယ်ဆောင်လာသည့် ကြီးမားသော ထိုးနှက်မှုများကို ရင်ဆိုင်ရာတွင် ယဉ်ကျေးမှု၏တန်ဖိုးသည် ယခင်ကမရှိခဲ့ဖူးအောင် သိသာထင်ရှားလျက်ရှိကြောင်း၊ ယဉ်ကျေးမှု အပြန်အလှန်ဆက်ဆံမှုသည်လည်း အလွန်အရေး ကြီးကာ ယဉ်ကျေးမှု၏ တွေ့ဆုံဆွေးနွေးမှုသည် အချိန်အခါသင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးနှောင်ကြိုး၊ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားဖြစ်သလို ချစ်ကြည်ရေး၏ ပေါင်းကူးတံတားလည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂက “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” ထားရှိခြင်းသည် နိုင်ငံအသီးသီး ပြည်သူများက ယဉ်ကျေးမှု တွေ့ဆုံ ဆွေးနွေးမှု တွန်းအားပေးရေး၊ လူသားမျိုးနွယ်တိုးတက်မှု မြှင့်တင်ရေး အများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီသဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးခြင်းခံရကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကို အဆိုပြုခြင်းသည် လူသား မျိုးနွယ်တစ်ရပ်လုံး၏ ဘုံတန်ဖိုးမြှင့်တင်ရန်၊ ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှုကို အလေးထားရန်၊ လူမှုယဉ်ကျေးမှု နိုင်ငံတကာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် အဆိုပြုခြင်းပင်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံက ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင် ရန်အတွက် လုပ်ဆောင်သည့် အရေးကြီးကြိုးပမ်းမှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍ သုံးရပ်မှ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ရန် ခံယူထားကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
ပထမအနေဖြင့် ယဉ်ကျေးမှုတန်းတူညီမျှမှုအား ကာကွယ်စောင့်ထိန်းသူအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးပြည်သူများက ကိုယ်တိုင်ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း နှင့်လူမှုအသိုက်အဝန်းစနစ်ကို လေးစားပြီး ယဉ်ကျေးမှုပဋိပက္ခဖြစ်မှုကို ငြင်းပယ်ကာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို တားမြစ်ကာ တန်းတူ ညီမျှ လေးစားခံရမှုကို အတူမျှဝေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှု၏ လက်တွေ့ဖော်ဆောင်သူအဖြစ် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် တစ်ကမ္ဘာလုံးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် ဉာဏ်ပညာကိုရယူကာ ကမ္ဘာကြီးခေတ်မီအသွင်ပြောင်းမှု လမ်းကြောင်းကို တိုးချဲ့မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၈ ခုနှစ် ကုလသမဂ္ဂ ယဉ်ကျေးမှု မဟာမိတ်အဖွဲ့ (UNAOC) ကမ္ဘာလုံးဆိုင်ရာဖိုရမ်အား လက်ခံကျင်းပရန် တက်ကြွစွာ စဉ်းစားလျက်ရှိကြောင်း ဝမ်ယိက ပြောကြား ခဲ့သည်။
တတိယအနေဖြင့် ယဉ်ကျေးမှုတိုးတက်မှုအား မြှင့်တင်သူအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အတွေးအခေါ်၊ နည်းပညာ၊ လူပုဂ္ဂိုလ်သွားလာမှုများကို မြှင့်တင်မည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တု စသည့် ထွန်းသစ်စ နည်းပညာများကို ကောင်းမွန်စွာ အသုံးပြု၍ ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှုအတွက် ကူညီပေးကာ ဘုံရုပ်ဝတ္တုပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု များကို အဆက်မပြတ် ပြည့်ဝအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တရုတ်နိုင်ငံ စသည့် နိုင်ငံပေါင်း ၈၃ နိုင်ငံမှ တင်ပြသည့် အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး နှစ်စဥ် ဇွန် ၁၀ ရက်ကို “နိုင်ငံတကာ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးမှုနေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ