တံတားဦးမြို့နယ်တွင် မိုးရာသီ၌ စိမ်းလန်း စိုပြည်သန့်ရှင်းသာယာလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

News Image

  • တံတားဦးမြို့နယ်တွင် မိုးရာသီ၌ စိမ်းလန်း စိုပြည်သန့်ရှင်းသာယာလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

တံတားဦး ၊ ဇွန် - ၁၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ မြို့အဝင်အထွက်နှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် တံတားဦး-မြို့သာ ကားလမ်းဘေးဝဲယာရှိ အရိပ်ရအပင်များ၊ ပန်းအလှပင်များ ရှင်သန် ဖွံ့ဖြိုးရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ပန်းအလှပင်များစိုက်ပျိုးခြင်းနှင့် မြက်ဖြတ်ခြင်း၊ ပေါင်းမြက်နှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း ၊ မြို့တွင်းလမ်းများ၏ လမ်းဘေးဝဲယာရှိ ရေမြှောင်းများ သန့်ရှင်းခြင်း၊ မြို့တွင်းလမ်းတစ်လျှောက် လမ်းသွားလမ်းလာများ၏ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်းလုပ်ငန်း များ၊ မိုးရာသီတွင် မြို့စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ သိရသည် ။

ပေးပို့သူ- ဦးရဲတင့်(ပြန်/ဆက်)