သတင်းများ

တရုတ်နိုင်ငံက ဦးနှောက်အတွင်း ကွန်ပျူတာချစ်ပြား ထည့်သွင်းခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် ဒုတိယမြောက် နိုင်ငံဖြစ်လာ

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ဦးနှောက်အတွင်း ကွန်ပျူတာချစ်ပြား ထည့်သွင်းခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာပြီဖြစ်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြထားသည်။

တရုတ်သုတေသနပညာရှင်များသည် လွန်ခဲ့သော ဆယ်စုနှစ်ခန့်က ဗို့အားမြင့် လျှပ်စစ်စီးကြောင်း မတော်တဆမှုတစ်ခုကြောင့် လက်နှစ်ဖက်စလုံး ပြတ်တောက် သွားရသည့်အသက် ၃၇ နှစ်ရှိ အမျိုးသား တစ်ဦး၏ ဦးနှောက်အတွင်း ကွန်ပျူတာ ချစ်ပြားကို ထည့်သွင်းစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ပညာရှင်များသည် မတ်လတွင် အဆိုပါ အမျိုးသား၏ ဦးနှောက်အတွင်းသို့ အကြွေစေ့ပမာဏရှိ ပစ္စည်းတစ်ခုနှင့်အတူ လိုအပ်သော လျှပ်ခေါင်းများကို ထည့်သွင်းတပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သီတင်းပတ် အနည်းငယ်အကြာတွင်  ယင်းအမျိုးသားသည်  ကွန်ပျူတာဖန်သားပြင်ပေါ်မှ ညွှန်းမြားကို ထိန်းချုပ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရသည်။

ထို့ပြင် အဆိုပါအမျိုးသားသည် ကွန်ပျူတာတွင် စစ်တုရင်ကစားခြင်း၊  ဗီဒီယိုဂိမ်းများကစားခြင်းနှင့် အခြားသော ကွန်ပျူတာအသုံးပြု လုပ်ငန်းဆောင်တာများကို ကျွမ်းကျင်သူတစ်ဦးနီးပါး အသုံးပြုလာနိုင်သည်ကို တွေ့ရသည်။

ထို့ကြောင့် သုတေသနပညာရှင်များ က အဆိုပါအောင်မြင်မှုကို အခြေခံ၍ ယခုနှစ်အတွင်း သွက်ချာပါဒဖြစ်နေသူများ သို့မဟုတ် အာရုံကြောစနစ်ဆိုင်ရာ ရောဂါခံစားနေရသူ အနည်းငယ်ဖြင့် လက်တွေ့စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါသုတေသနကို တရုတ်သိပ္ပံအကယ်ဒမီမှ ပညာရှင်များက ဦးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MWD Web Portal

အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတိုက်ကို ယာယီပိတ်ထားမည်

(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်း ပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ယာယီပိတ်ထားမည် ဖြစ်သည်။

ဇွန်လ(၁၇)ရက်မှ ဇူလိုင်(၁၈)ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကာ ဇူလိုင်လ(၁၉) ရက်၊ အာဇာနည်နေ့တွင် အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ပေးထားမည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယင်းအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ခြင်းဖြစ်ပြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝပုံရိပ်များကို ပြသထားကြောင်း သိရသည်။

Source: Popular Myanmar

မြောက်ကိုရီးယားက ဒုတိယမြောက် ချိုဟွာယွန်ဖျက်သင်္ဘောကို ရေချ

မြောက်ကိုရီးယားနိုင်ငံက နိုင်ငံ၏ ရေတပ်အတွက် ဒုတိယမြောက်ဖြစ်သော ချိုဟွာယွန်အတန်းအစား ဖျက်သင်္ဘောကို ရေချလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်း ဌာနဖြစ်သည့် KCNA က ဇွန်လ ၁၃ ရက် တွင်ဖော်ပြထားသည်။

အဆိုပါဖျက်သင်္ဘောရေချခြင်းအခမ်းအနားကို ရာကျင်းသင်္ဘောကျင်း၌ ဇွန်လ ၁၂ ရက်တွင်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို အခမ်းအနားသို့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး တက်ရောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယင်းစစ်ရေယာဉ်သည်    ပင်လယ်ပြင် ကာကွယ်ရေးအတွက် ဦးဆောင်အင်အားစုအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ၎င်းကပြောသည်ဟု သတင်းဌာနက ဖော်ပြထား သည်။

ထို့ပြင် အဆိုပါစစ်ရေယာဉ်တွင် ဘက်စုံတိုက်ခိုက်ရေး စွမ်းရည်များကို တပ်ဆင်ထားကြောင်း၊ ထိုစွမ်းရည်များကိုမြောက်ကိုရီးယားနိုင်ငံပိုင် နည်းပညာဖြင့်ထုတ် လုပ်ထားခြင်းဖြစ်ကြောင်း၊ ရန်သူ၏တိုက်ခိုက်လာမှုကို လက်တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်ထားကြောင်းနှင့် နိုင်ငံအနေဖြင့် အချိန်တစ်နှစ်ခွဲကာလအတွင်း ဘက်စုံသုံး အကြီးစားဖျက်သင်္ဘောနှစ်စင်းကို တည်ဆောက်နိုင်ကြောင်း ဗဟိုကော်မတီအတွင်း ရေးမှူးက ပြောထားသည်။

ယခုရေချလိုက်သည့် ချိုဟွာယွန် အတန်းအစားဖျက်သ င်္ဘောကို ကန်းကွန်ဟုအမည် ပေးထားကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်ဟု သိရသည်။

weather forecast

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝူတစ်”(WUTIP)မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လည်းကောင်း ယနေ့ညမှ ၁၉-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေ သည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

 သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလ

မြန်မာနိုင်ငံတွင် မြွေမျိုးစိတ် အသစ်တွေ့ရှိ

မြန်မာနိုင်ငံ မြွေဝံပုလွေမျိုးစိတ်များထဲမှ မျိုးစိတ်အသစ်ကိုတွေ့ရှိခဲ့ပြီး တရားဝင် မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ကြောင်း All about Snakes – Saw Thandar Awng ရဲ့ လူမူကွန်ယက်စာမျက်နာမှတဆင့် သိရသည်။

အသစ်တွေ့ရှိခဲ့သည့် လာအို မြွေဝံပုလွေသည် ယခင်က မြန်မာနိုင်ငံမှတ်တမ်းတွင် မရှိခဲ့သော်လည်း ယခုချိန်တွင် Snake of Myanmar က ရရှိသည့် မှတ်တမ်းများဖြင့် တရားဝင်မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ပြီး တွေ့ရှိရသည့်နေရာများကိုလည်း မြေပုံနှင့်တကွဖော်ပြထားကြောင်း All about Snakes – Saw Thandar Awng ၏ facebook လူမူကွန်ရက်စာမျက်နှာတွင် ဇွန်(၁၂)ရက်က ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးတွင် မြွေဝံပုလွေ မျိုးစိတ်ပေါင်း(၈၁)မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် (၁၁)မျိုးထိ တွေ့ရှိထားပြီးဖြစ်ရာ ယခုတွေ့ရှိသည့် မျိုးစိတ်သစ်တစ်မျိုးပါ ပါဝင်ပါက စုစုပေါ င်း(၁၂)မျိုးထိ ရှိလာပြီးဖြစ်သည်။

အသစ်တွေ့ရှိသည် လာအိုမြွေဝံပုလွေ(သို့မဟုတ်) အိမ်စောင့်မြွေ မျိုးစိတ်ကို အိန္ဒိယနိုင်ငံ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ မလေးရှာနိုင်ငံတို့တွင်လည်း တွေ့ရှိထားပြီးဖြစ်သည်။

အဆိုပါ မျိုးစိတ်သစ်ကို မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် လေ့လာတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံမှာ မျိုးစုပေါင်း (၆၆) မျိုးစု၏ အောက်တွင် ခန့်မှန်းခြေ မြွေမျိုးစိတ်ပေါင်း (၁၉၅)မျိုးထိ ရှိနေကြောင်း သိရသည်။

တရုတ်က အာကာသအတွင်း လောင်စာပြန်လည်ဖြည့်တင်းရေး လုပ်ဆောင် အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုများက စောင့်ကြည့်နေ

တရုတ်နိုင်ငံသည် အာကာသအတွင်း ဂြိုဟ်တုအချင်းချင်း လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ဆောင်နေစဉ် အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံက Xijiang-25 အမည်ရှိ ဂြိုဟ်တုကို အာကာသအတွင်းလောင်စာ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းလုပ်နိုင်စေရန် ယခုနှစ်အတွင်း လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး Xijiang-21 ဂြိုဟ်တုနှင့်အနီးကပ်လိုက်ပါပျံသန်းကာ လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ငန်းဆောင်ရွက်နေစဉ် အမေရိကန်၏ ထောက်လှမ်းရေးဂြိုဟ်တု နှစ်စင်းက ယင်းဂြိုဟ်တုများကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း ပန်ဆယ်ဗေးနီးယားပြည်နယ် အခြေစိုက် အာကာသရေးရာ လေ့လာစောင့်ကြည့်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် COMSPOC က ဇွန်လ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။

အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တု နှစ်စင်းဖြစ်သည့် USA 270 နှင့် USA 271 တို့အနေဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်းနှင့် ယခင်ကလည်း ထိုကဲ့သို့လုပ်ဆောင်ခြင်း မျိုးမရှိကြောင်း  နက္ခတ္တဗေဒပညာရှင် ဂျွန်နသန်မက်ဒေါင်ဝဲက ပြောသည်။

အာကာသတွင် ဂြိုဟ်တုအချင်းချင်း လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ငန်းသည် ဂြိုဟ်တုများ၏ သက်တမ်းကို ပိုမိုရှည်ကြာစေရေးနှင့် ကုန်ကျစရိတ်ပိုမို သက်သာစေရေးတို့အတွက် အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။

ထို့ပြင် ယင်းလုပ်ငန်းစဉ်ကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းက အာကာသနယ်ပယ်တွင် လွှမ်းမိုးနိုင်မည့် အလားအလာ တစ်ခုလည်းဖြစ်သည့်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ထိုလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေကြခြင်းဖြစ်ကြောင်းသိရသည်။

တံတားဦးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မျိုးစပါး ၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ်ချီးမြှင့်ငွေများထောက်ပံ့

တံတားဦး ၊ ဇွန် - ၁၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ငလျင်ဘေးဒဏ် ထိခိုက်နစ်နာသူများအတွက် တောင်သူများအား ဧရာမင်းမျိုးစပါး၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၁၀) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်းသိရသည်။ 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ ထောက်ပံ့မှုအစီအစဉ်မှ ရွေးချယ်ခံရသော အိမ်ထောင်စု တစ်စုလျှင် ဧရာမင်း မျိုးစပါး (၃) တင်း ၊ သဘာဝမြေဩဇာ (50 kg) ပါ (၂) အိတ်နှင့် စိုက်ပျိုးရေးအတွက် ထောက်ပံ့ငွေကျပ် (၃) သိန်း (၆) သောင်းကို တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ဘေးဒဏ်ထိခိုက်ခံစားရသည့် ကျေးရွာအုပ်စုများဖြစ်သော မီးသွေးတိုက် ကျေးရွာအုပ်စု ၊ ကန်ချောကျေးရွာအုပ်စု ၊ အိမ်ကန်ကျေးရွာအုပ်စု ၊ မြင်းစိုင်းကျေးရွာအုပ်စု ၊ သိန္နီကန် ကျေးရွာအုပ်စုနှင့် နွားခြံကြီးကုန်းကျေးရွာအုပ်စုတို့မှ တောင်သူပေါင်း (၆၀၀) ဦး တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

(၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ရေးမြို့တွင် ၆.၅၁ လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၄.၈၀ လက်မ၊ ဝက်ထီးကန်(လေးထပ်ပြင်)တွင် ၂.၉၁ လက်မ၊ ထားဝယ်မြို့တွင် ၂.၃၂ လက်မ၊ လယ်ဝေးမြို့တွင် ၁.၉၃ လက်မ၊ ပေါင်မြို့တွင် ၁.၈၈ လက်မ၊ နေပြည်တော်(ဒက္ခိဏသီရိမြို့နယ်) တွင် ၁.၈၅ လက်မ၊ ဧလာမြို့တွင် ၁.၇၇ လက်မ၊ ရန်ကုန်(ကမ္ဘာအေး)တွင် ၁.၆၅ လက်မနှင့် နေပြည်တော်(ဇေယျာသီရိမြို့နယ်)တွင် ၁.၅၈ လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းအနောက်ဘက်ကမ်းလွန်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝူတစ်”(WUTIP)သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းအနောက်ဘက်ကမ်းခြေအနီးသို့ ရောက်ရှိခဲ့ ပါသည်။ အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝူတစ်”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ၁၄-၆-၂၀၂၅ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်း လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။

နောက် ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။        နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။           မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။            နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။      နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်

၁။        ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၁၈-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။”

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်ပျက်ကျမှုဖြစ်ပွား ၊ လူအများအပြားသေဆုံး

ခရီးသည်နှင့်လေယာဉ်အမှုထမ်း စုစု ပေါင်း ၂၄၂ ဦး လိုက်ပါလာသည့် အိန္ဒိယလေကြောင်းလိုင်းမှ  ခရီးသည်တင် လေယာဉ်တစ်စင်းသည်  ဇွန်လ ၁၂ ရက်တွင် ပျက်ကျမှုဖြစ်ပွားရာ လူအများအပြား သေဆုံးကြောင်းနှင့်    ခရီးသည်တစ်ဦး အသက်ရှင်ကျန်ရစ်ကြောင်း    သိရသည်။

အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ အမည်မှာ ဗစ်ရှဝါကူးမားရာမက်ဖြစ်ပြီး ထိုင်ခုံ နံပါတ် 11A တွင်ထိုင်သူဖြစ်ကြောင်းနှင့် ၎င်းကိုရဲတပ်ဖွဲ့ဝင်များက တွေ့ရှိပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာဝန်ရှိသူများ ကပြောသည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ် ပြည်နယ် အမီဒါဘတ်မြို့ရှိ အပြည်ပြည် ဆိုင်ရာလေဆိပ်မှလန်ဒန်မြို့သို့ ပျံသန်းရန်  ထွက်ခွာသွားသည့် အိန္ဒိယလေကြောင်းလိုင်းမှဘိုးအင်း ၇၈၇-၈ လေယာဉ်သည် ‌  လေယာဉ်ပြေးလမ်းမှ ပျံတက်ပြီးနောက်   မကြာမီတွင်ပျက်ကျခြင်းဖြစ်သည်။

လေယာဉ်ဖြင့်လိုက်သွားသူများအနက် ၁၆၉ ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသား တစ်ဦးနှင့် ပေါ်တူဂီနိုင်ငံသား ခုနစ်ဦးတို့ ဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ် ပြန်ထားသည်။

“ယခုကဲ့သို့ လေယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး ပြောစရာ စကားမရှိလောက်အောင်ကိုပဲ ဝမ်းနည်း ရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားမှာဖြစ်ပါတယ်”ဟု အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီကပြောသည်။

အဆိုပါလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးနောက် ၂ မိနစ်မှ ၃ မိနစ်ခန့်တွင် ဘီဂျေဆေးကောလိပ်ရှိ စားရိပ်သာအပေါ် သို့ပျက်ကျသွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းနေရာမှ လူတစ်ဦးသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးပြီး ၅၀ ခန့်ဒဏ်ရာ ရရှိသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုကဲ့သို့လေယာဉ်ပျက်ကျမှုနှင့် ပတ် သက်၍  အိန္ဒိယလေကြောင်းလိုင်းကို ပိုင်ဆိုင်သော ကုမ္ပဏီက သေဆုံးသူ တစ်ဦးစီ၏ မိသားစုများအား   ရူပီး ၁၀ သန်းစီ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အချိန်ပေးစုံစမ်းစစ်ဆေးရမည်ဖြစ်သော်လည်း လက်ရှိတွင်လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်လျက်ရှိကြောင်း လေကြောင်းလိုင်းမှ အမှုဆောင်ချုပ်က    ပြောထားသည်။ 