တံတားဦးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မျိုးစပါး ၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ်ချီးမြှင့်ငွေများထောက်ပံ့

News Image

  • တံတားဦးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မျိုးစပါး ၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ်ချီးမြှင့်ငွေများထောက်ပံ့

တံတားဦး ၊ ဇွန် - ၁၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ငလျင်ဘေးဒဏ် ထိခိုက်နစ်နာသူများအတွက် တောင်သူများအား ဧရာမင်းမျိုးစပါး၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၁၀) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်းသိရသည်။ 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ ထောက်ပံ့မှုအစီအစဉ်မှ ရွေးချယ်ခံရသော အိမ်ထောင်စု တစ်စုလျှင် ဧရာမင်း မျိုးစပါး (၃) တင်း ၊ သဘာဝမြေဩဇာ (50 kg) ပါ (၂) အိတ်နှင့် စိုက်ပျိုးရေးအတွက် ထောက်ပံ့ငွေကျပ် (၃) သိန်း (၆) သောင်းကို တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ဘေးဒဏ်ထိခိုက်ခံစားရသည့် ကျေးရွာအုပ်စုများဖြစ်သော မီးသွေးတိုက် ကျေးရွာအုပ်စု ၊ ကန်ချောကျေးရွာအုပ်စု ၊ အိမ်ကန်ကျေးရွာအုပ်စု ၊ မြင်းစိုင်းကျေးရွာအုပ်စု ၊ သိန္နီကန် ကျေးရွာအုပ်စုနှင့် နွားခြံကြီးကုန်းကျေးရွာအုပ်စုတို့မှ တောင်သူပေါင်း (၆၀၀) ဦး တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)