အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတိုက်ကို ယာယီပိတ်ထားမည်

News Image

  • အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတိုက်ကို ယာယီပိတ်ထားမည်

(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်း ပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ယာယီပိတ်ထားမည် ဖြစ်သည်။

ဇွန်လ(၁၇)ရက်မှ ဇူလိုင်(၁၈)ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကာ ဇူလိုင်လ(၁၉) ရက်၊ အာဇာနည်နေ့တွင် အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ပေးထားမည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယင်းအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ခြင်းဖြစ်ပြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝပုံရိပ်များကို ပြသထားကြောင်း သိရသည်။

Source: Popular Myanmar