သတင်းများ

၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ဝယ်ယူမှု မြန်မာနိုင်ငံသားများ ဒုတိယနေရာတွင် ရပ်တည်နေ

၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ဝယ်ယူမှု မြန်မာနိုင်ငံသားများ ဒုတိယနေရာတွင် ရပ်တည်နေကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ၏ အချက်အလက်များအရ ယခုနှစ်ပထမသုံးလပတ်တွင် ကွန်ဒိုအရောင်းအဝယ်များ အနည်းငယ်နှေးကွေးခဲ့သော်လည်း တရုတ်ဝယ်လက်များက ဦးဆောင် နေဆဲဖြစ်ကြောင်း၊ ယင်းတို့၏ နောက်တွင် မြန်မာနိုင်ငံသားများမှာ ဒုတိယနေရာတွင် ရပ်တည်ကာ တတိယနေရာတွင် ရုရှားနိုင်ငံသားများဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများနှင့် ဝယ်ယူသူများ၏ သတိထားမှုများကြောင့် ပြည်တွင်းနှင့် ပြည်ပဝယ်လိုအားများအရ ပထမသုံးလပတ်တွင် နိုင်ငံခြားကွန်ဒိုအခန်း ၃၉၁၉ ခန်းကို လွှဲပြောင်းဝယ်ယူမှုရှိခဲ့ပြီး စုစုပေါင်းဘတ် ၁၆ ဒသမ ၃၉ ဘီလီယံရှိသည်ဟု REIC က ဖော်ပြသည်။

ယင်းအချက်အလက်များအရ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် နိုင်ငံခြားပိုင်ဆိုင်မှုစုစုပေါင်း၏ ၂၉ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တည်ငြိမ်နေပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျ သွားသည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှု အပြောင်းအရွှေ့အရေတွက်မှာ ၁၂ ရာခိုင်နှုန်းတိုးလာပြီး ဒုတိယနေရာတွင် ရှိနေကြောင်း၊ ယင်းသို့ တိုးလာခြင်းမှာ ဘန်ကောက်မြို့၏ စီးပွားရေးတိုးတက်မှုနှင့် မြန်မာနိုင်ငံမှ ရင်းနှီးမြုပ်နှံသူများ၏ အိမ်ရာဝယ်လိုအားကြောင့်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ယခင်နှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ဝယ်ယူမှု မှာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးဝယ်ယူမှုကို ကျော်လွန်ခဲ့သည်ဟု ပြီးခဲ့သည့် နှစ်ပိုင်းက ဘန်ကောက်ပို့စ်တွင် သတင်းဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ကွန်ဒိုဝယ်ယူမှုတွင် တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသားများရှိပြီး ယင်းတို့၏ နောက်တွင် မြန်မာနိုင်ငံသားများက နံပါတ် ၆ နေရာတွင် ရပ်တည်ခဲ့သော်လည်း လွှဲပြောင်းပေးသည့် ကွန်ဒိုတန်ဖိုးအရ မြန်မာနိုင်ငံသားများသည် တရုတ် နှင့် ရုရှားဝယ်လက်များနောက်တွင် တတိယနေရာတွင် ရှိနေခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများ၏ ထိုင်းနိုင်ငံတွင် ကွန်ဒို ဝယ်ယူမှုမှာ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင်မူ ရုရှားနိုင်ငံသားများကို ကျော်တက်ခဲ့ကာ တရုတ်နိုင်ငံသားများနောက်သို့ မြန်မာနိုင်ငံသားများ ရောက်ရှိလာခဲ့ရာ နှစ်အတော်ကြာ ဒုတိယနေရာတွင်ရှိခဲ့သည့် ရုရှားနိုင်ငံသားများကို ကျော်တက်သွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ကိုးကား- Eleven Media Group

တိုကျိုမှ ပျံသန်းလာသော လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ အရေးပေါ်ထွက်ပေါက်တံခါးများကို ဖွင့်ရန် ကြိုးစားမှုကြောင့် ဆီယက်တဲ သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရ

အမေရိကန် FBI နှင့် ဆီယက်တဲဆိပ်ကမ်း ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်ချက်အရ စနေနေ့ (မေ ၂၄) က တိုကျိုမှ ဟူစတန်သို့ ပျံသန်းမည့် လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ လေယာဉ် အရေးပေါ် ထွက်ပေါက် တံခါးနှစ်ခုကို ဖွင့်ရန် ကြိုးစားမှုကြောင့် ဆီယက်တဲသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။

FBI ၏ ထုတ်ပြန်ချက်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များက ထိုပုဂ္ဂိုလ်ကို ထိန်းသိမ်းခဲ့ပြီး လေယာဉ်ဆင်းသက်ပြီးနောက် ကျန်းမာရေး စစ်ဆေးမှုအတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

All Nippon Airways ၏ Flight 114 သည် ဂျပန် Haneda လေဆိပ်မှ ဟူစတန်ရှိ George Bush Intercontinental လေဆိပ်သို့ ပျံသန်းစဉ် “စည်းကမ်းမလိုက်နာသော ခရီးသည်တစ်ဦးကြောင့်” လမ်းကြောင်းပြောင်း ခဲ့ရကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

Boeing 787-9 Dreamliner လေယာဉ်သည် ဆီယက်တဲ-တာကိုမာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် ဆင်းသက်ခဲ့ပြီး ထိုအချိန်တွင် လေယာဉ်သည် ပျံသန်းချိန် ၁၀ နာရီခန့် ရှိနေပြီဖြစ်ကြောင်း FlightAware လေယာဉ်ခြေရာခံဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဆီယက်တဲဆိပ်ကမ်း ရဲတပ်ဖွဲ့ကို “ခရီးစဉ်အတွင်း လေယာဉ်ထွက်ပေါက် တံခါးများကိုဖွင့်ရန် ကြိုးစားသည့် ခရီးသည်တစ်ဦးအကြောင်း သတင်းပေးပို့မှုများကြောင့် ခေါ်ယူခဲ့ရသည်” ဟု ပြောရေးဆိုခွင့်ရှိသူ Chris Guizlo က CNN သို့ တနင်္ဂနွေနေ့ (မေ ၂၅) က ပြောကြားခဲ့သည်။ အခြား ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားတွင် LGBT ဝါဒဖြန့်မှုကြောင့် အက်ပဲလ်ကို ဒေါ်လာ ၁ သိန်းနီးပါး ဒဏ်ရိုက်

LGBTQ ဝါဒဖြန့်ခြင်းအား ဆန့်ကျင်သည့် ရုရှားဥပဒေများကို ချိုးဖောက်သည့်အတွက် မော်စကိုတရားရုံးသည် အမေရိကန်နည်းပညာကုမ္ပဏီ Apple အား ရူဘယ် ၇.၅ သန်း (ဒေါ်လာ ၉၃,၀၀၀) ဒဏ်ရိုက်ခဲ့ပါသည်။ ဧပြီလတွင် ကုမ္ပဏီသည် ရုရှား၏ အုပ်ချုပ်မှုဆိုင်ရာ ချိုးဖောက်မှု ကျင့်ထုံး ဥပဒေပုဒ်မ ၆.၂၁ ၏ အပိုင်း ၃ ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရပြီး အစဉ်အလာမဟုတ်သော လိင်ဆက်ဆံမှုနှင့် နှစ်သက်မှုများ၊ ကျား၊ မ ခွဲခြားဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာကိစ္စရပ်များတွင် ကလေး သူငယ်များကင်းစင်ခြင်း အတွေးအခေါ် တို့ကို အွန်လိုင်းတွင် ကြော်ငြာခဲ့ ပါသည်။ 

တယ်လီဂရမ်တွင် တင်ထားသော ကြေညာချက်တွင် မော်စကို၏ တာဂျန်စကီ တရားရုံးမှ အက်ပဲလ် နိုင်ငံတကာဖြန့်ချိရေးလီမိတက်သည် ပုဒ်မ ၆.၂၁ အရ စီမံခန့်ခွဲရေးပြစ်မှု သုံးခုကို တွေ့ရှိခဲ့ပြီး ချိုးဖောက်မှု တစ်ခုစီအတွက် ဒဏ်ငွေ ဒေါ်လာ ၃သောင်းကျော် ချမှတ်ခဲ့ကြောင်း တရားရုံး တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

သမားရိုးကျမဟုတ်သော လိင်ဆက်ဆံမှုကို မြှင့်တင်သည့် ပြကွက်များ ပါရှိသော Apple ၏ streaming platform တွင်ပြသသော ရုပ်မြင်သံကြား စီးရီးများ ဖြန့်ချိခြင်းမှ အရင်းခံသည်ဟု RBK စီးပွားရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အား ကိုးကား၍ ရုရှားမီဒီယာလုပ်ငန်း ရော့စ်ကွန်နက်ဇွာ က ပြောကြားလိုက်ပါသည်။ 

ကုမ္ပဏီ၏ ဝန်ဆောင်မှုများနှင့် ဌာနတွင်း ဆက်သွယ်မှုများနှင့် သက်ဆိုင်သည့် လျှို့ဝှက်အချက်အလက်များအဖြစ် ဖော်ပြထားသည့် အရာကြောင့် ကြားနာမှုကို တံခါးပိတ်ကျင်းပခဲ့ခြင်းဖြစ်သည်။ နောက်ထပ် အသေးစိတ် အချက်အလက်များကို တရားရုံးမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ရုရှားသည် LGBTQ ဝါဒဖြန့်ခြင်းဆိုင်ရာဥပဒေများကို လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တင်းကြပ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အရွယ် မရောက်သေးသူများအကြား လိင်ကိစ္စနှင့် ဆက်စပ်အကြောင်းအရာများ ဖြန့်ဝေခြင်းကို တားမြစ်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် အရွယ်ရောက်ပြီးသူများ အကျုံးဝင်စေရန် ကန့်သတ်ချက်များ ကျယ်ပြန့်လာခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်တွင် ရုရှားက “နိုင်ငံတကာ LGBT လှုပ်ရှားမှု” ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

ကိုးကား- MNP

ဖျက်သင်္ဘော မတော်တဆမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မြောက်ကိုရီးယား အစိုးရဖမ်းဆီး

မကြာသေးမီကဖြစ်ပွားခဲ့သည့် ဖျက်သင်္ဘောမတော်တဆမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် သင်္ဘောကျင်းအရာရှိများကို မြောက်ကိုရီးယား အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါသည်။

အလေးချိန်တန်ချိန် (၅၀၀၀) ရှိသော ဖျက်သင်္ဘောကို ရေချမှု အခမ်းအနား အတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက မျက်မြင်တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ဖမ်းဆီးမှုများ ပေါ်ပေါက် လာခြင်းပင်ဖြစ်ပါသည်။

အဆိုပါဖြစ်ရပ်သည် မြောက်ကိုရီးယားနိုင်ငံ၏ဂုဏ်သိက္ခာကို ကျဆင်း စေပြီး တာဝန်ရှိသူများကို အပြစ်ပေးသွားမည်ဟု ကင်ဂျုံအန်းက ကတိပြု ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ မြင့်တက်လာသည်နှင့်အမျှ ဥပဒေစိုးမိုးရေး အာဏာပိုင် များသည် Chongjin သင်္ဘောကျင်း အင်ဂျင်နီယာချုပ်နှင့် အခြား တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNAက ရေးသားဖော်ပြခဲ့ပါသည်။

ဂြိုလ်တုဓါတ်ပုံများတွင် ဖျက်သင်္ဘောအား အပြာရောင်အစများနှင့် ဖုံးအုပ်ထားပြီး နံဘေး၌ အခြားသင်္ဘောငယ် (၄) စီး ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) ၏ ပြောကြားချက်များအရ သိရပါသည်။

ကိုးကား- NP News

Photo: The New York Times

ဆွစ်ဇာလန်နိုင်ငံရှိ တောင်တစ်ခုအနီးတွင် နှင်းလျှောစီးသူ ငါးဦး၏ အလောင်း များတွေ့ရှိ

ဆွစ်ဇာလန် ရင်းဖစ်ရှ်ဟွန်း (Rimpfischhorn) တောင်အနီး ရေခဲမြစ်တစ်ခုတွင် နှင်းလျှောစီးသူ ၅ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တနင်္ဂနွေနေ့ (မေ ၂၅) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အခြားနှင်းလျှောစီးသူ ၂ ဦးက စနေနေ့ တွင် တောင်ထိပ်အနီးရှိ နှင်းလျှောများကို မြင်တွေ့ခဲ့သော်လည်း စီးနင်းသူများကို မတွေ့ရှိသဖြင့် အကူအညီတောင်းခံခဲ့ပြီးနောက် အလောင်း များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများပါဝင်သော ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စင်းက ချက်ချင်းသွားရောက်ခဲ့ပြီး အလောင်း ၅ လောင်းကို မြန်ဆန်စွာ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွစ်ဇာလန် အသံလွှင့်ဌာန RTS ၏ သတင်းအရ အလောင်း ၃ လောင်းကို နှင်းလျှောများတွေ့ရှိရာနေရာမှ မီတာ ၅၀၀ (ပေ ၁၆၄၀) အကွာတွင် တွေ့ရှိခဲ့ပြီး ရှာဖွေရေးရဟတ်ယာဉ်ကုမ္ပဏီ Air Zermatt က အဆိုပါ အလောင်း ၃ လောင်းကို နှင်းများ ပြိုကျသည့်နေရာတွင် တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကျန်အလောင်း ၂ လောင်းကိုမူ နှင်းဖုံးလွှမ်းနေသော နေရာငယ် တစ်ခု တွင် မီတာ ၂၀၀ (ပေ ၆၅၆) ခန့် ပိုမြင့်သည့်နေရာတွင် တွေ့ရှိခဲ့ကြောင်း Air Zermatt က ဖြည့်စွက်ပြောကြားခဲ့သည်။

သေဆုံးသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အတည်ပြုရန် လုပ်ဆောင်နေပြီး အဆိုပါမတော်တဆမှု၏ တိကျသော အကြောင်းအရင်း များကို စုံစမ်းရန် ရှေ့နေချုပ်ရုံးမှ စုံစမ်းစစ်ဆေးမှု စတင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

OpenAI နှင့် Nvidia အပါအဝင် ကုမ္ပဏီများက UAE တွင် Stargate AI အခြေခံအဆောက်အအုံကို တည်ဆောက်မည်

OpenAI နှင့် Nvidia တို့သည် အခြားကုမ္ပဏီများနှင့်ပူးပေါင်း၍ Stargate UAE အမည်ရှိ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံတစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် AI အခြေခံအဆောက်အအုံချဲ့ထွင်ရန် မကြာသေးမီကမိတ်ဆက်ခဲ့သည့် စီမံကိန်း၏ အလားတူညီအစ်ကိုစီမံကိန်းတစ်ခုဖြစ်သည်။

ဇန်နဝါရီလအတွင်းက သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ်တွင် ပါဝင်ခဲ့သည့် OpenAI၊ SoftBank နှင့် Oracle တို့၏ CEO များက အမေရိကန်တွင် AI အခြေခံအဆောက်အအုံများတည်ဆောက်ရန် Stargate အမည်ရှိ ကုမ္ပဏီအသစ်တစ်ခုဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ ကုမ္ပဏီများက လာမည့်နှစ်များအတွင်း အဆိုပါစီမံကိန်းသို့ ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

ကြာသပတေးနေ့ (မေ ၂၂) တွင် ထိုကုမ္ပဏီသုံးခုအပြင် Nvidia၊ Cisco နှင့် UAE မှ G42 တို့က အဘူဒါဘီတွင် Stargate UAE တည်ဆောက်ရန် ပူးပေါင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏အဆိုအရ ပထမအဆင့်အနေဖြင့် 200-megawatt AI “Cluster” တစ်ခုကို ၂၀၂၆ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

OpenAI ၏ CEO ဆမ် အယ်လ်မန်က ရေနံချမ်းသာသည့် UAE တွင် အဆိုပါစီမံကိန်းသည် “ယနေ့ခေတ်၏ အရေးကြီးဆုံးတီထွင်မှုများ ပိုမို ဘေးကင်းသောဆေးဝါးများ၊ လူတစ်ဦးချင်းစီအတွက် စိတ်ကြိုက် သင်ကြားမှုနှင့် ခေတ်မီစွမ်းအင်စနစ်များကို နေရာများစွာမှ ပေါ်ထွက်လာစေရန်နှင့် ကမ္ဘာတစ်ဝှမ်းအကျိုးကျေးဇူးရရှိစေရန် လှမ်းခြေတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

OpenAI ၏ သီးခြားကြေညာချက်တွင် Stargate UAE သည် ၂,၀၀၀ မိုင် အကွာအဝေးအတွင်း AI အခြေခံအဆောက်အအုံနှင့် တွက်ချက်မှု စွမ်းရည်များကို ဖြည့်ဆည်းပေးနိုင်ပြီး ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်ထိ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ဖော်ပြထားသည်။

SpaceX သည် ပျက်စီးမှုနှစ်ကြိမ်ဖြစ်ပြီးနောက် Starship စမ်းသပ် ပျံသန်းမှုကို လွှတ်တင်ရန် ခွင့်ပြုချက်ရရှိခဲ့

ဖက်ဒရယ်စည်းမျဉ်းစောင့်ကြည့်ရေးအဖွဲ့က SpaceX အား အစောပိုင်း လများက ကာရီဘီယံနှင့် အတ္တလန္တိတ်သမုဒ္ဒရာရှိ ကျွန်းများအနီးတွင် အမှုန်အမွှားများ ပျံ့နှံ့ခဲ့သည့် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် ယခုအခါ Starship ၏ နောက်ထပ်စမ်းသပ်ပျံသန်းမှုကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

FAA (Federal Aviation Administration) က CNN အား အတည်ပြုချက်အရ SpaceX သည် ဘဟားမားကျွန်းအနီးတွင် ပေါက်ကွဲခဲ့သည့် နောက်ဆုံးအကြိမ် ပျက်စီးမှုအား စုံစမ်းစစ်ဆေးနေဆဲအတွင်း နောက်ထပ် ပစ်လွှတ်မှုကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

SpaceX သည် “လုံခြုံရေး၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် အခြားလိုင်စင် လိုအပ်ချက်များကို ပြည့်မီပြီး” ဖြစ်ကြောင်း အတည်ပြုပြီးနောက် Flight 9 အမည်ရှိ နောက်ထပ်စမ်းသပ်ပျံသန်းမှုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ FAA က မေလ ၁၅ ရက်တွင် လိုင်စင်ထုတ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ခွင့်ပြုချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လိုင်စင်အတည်ပြုချက်သည် SpaceX အတွက် အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသည့် ခွင့်ပြုချက် လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်ဖြစ်သည်။ ကုမ္ပဏီသည် တက္ကဆက် ပြည်နယ်တောင်ပိုင်းရှိ Starship ထုတ်လုပ်ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေးစခန်းမှ နှစ်စဉ်ပစ်လွှတ်နိုင်သည့် အများဆုံးအရေအတွက်ကို တိုးမြှင့်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။

“FAA က SpaceX ၏ Starship Flight 9 မစ်ရှင်အတွက် လိုင်စင် ပြင်ဆင်ခွင့်များကို အတည်ပြုပေးခဲ့ပါသည်” ဟု FAA က မေလ ၁၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ “အဆိုပါခွင့်ပြုချက်တွင် တက္ကဆက် ပြည်နယ် Boca Chica တွင် Starship လုပ်ငန်းများကို တစ်နှစ်လျှင် ၅ ကြိမ်မှ ၂၅ ကြိမ်အထိ တိုးမြှင့်ခွင့်ပြုခြင်းလည်း ပါဝင်သည်။”

FAA က နောက်ထပ် Starship ပျံသန်းမှုပြုလုပ်စဉ်အချိန်အတွင်း လေယာဉ်များ ဝင်ရောက်ခြင်းမပြုရန် ပိတ်ပင်ထားမည့် အန္တရာယ်ဇုန်များ (သို့) ကန့်သတ်ဧရိယာများ၏ အရွယ်အစားကို ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အေဂျင်စီက ယခင်က ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလက Flight 7 နှင့် မတ်လက Flight 8 တို့ကြောင့် “ပျက်စီးနိုင်ခြေ ပိုများသည် ဟု FAA ၏ တွက်ချက်မှုများအရ သိရသည့်အတွက် အဆိုပါ ပြောင်းလဲမှု ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

SpaceX သည် Flight 9 တွင် ပထမဆုံးအကြိမ်အဖြစ် Super Heavy ဒုံးပျံအား ပြန်လည်အသုံးပြုရန် စမ်းသပ်မည်ဖြစ်သည်။ Super Heavy သည် Starship စနစ်၏ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး အလျား ၇၁ မီတာ (၂၃၂ ပေ) ရှိသည့် သံမဏိဆလင်ဒါ၊ လောင်စာတိုင်ကီများနှင့် ပစ်လွှတ်စဉ် ကနဦးတွန်းအားပေးသည့် ဒုံးပျံအင်ဂျင် ၃၃ လုံး ပါဝင်သည်။ SpaceX သည် ယခုအချိန်အထိ Super Heavy ဒုံးပျံ ၃ စင်းကို အောင်မြင်စွာ ပြန်လည်ရယူနိုင်ခဲ့ပြီး ဒုံးပျံအစိတ်အပိုင်းများအား ပြန်လည်မွမ်းမံကာ အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချရန် ရည်ရွယ်ထားသည်။

ကိုးကား-CNN

ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် အတုပြုလုပ်ခြင်းနှင့် ပြင်ဆင်ထားခြင်းတို့ကို နည်းပညာမြင့်စက်များဖြင့် စိစစ်နေ

ထိုင်းနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များသည် နိုင်ငံကူးလက်မှတ်အတု ပြုလုပ်ခြင်းနှင့် ပြင်ဆင်ထားခြင်းတို့ကို နည်းပညာမြင့်စက်များဖြင့် စိစစ် ဖော်ထုတ်ဆောင်ရွက်နေကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယခုရက်ပိုင်းအတွင်း အသိပေးထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင်နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံကူး လက်မှတ်များအား ကိုယ်တိုင်က ဖြစ်စေ၊ မသမာသူများ က ဖြားယောင်း၍ ဖြစ်စေ ပြင်ဆင်ထားခြင်း၊ အတုပြုလုပ်ထားခြင်းအား သက်ဆိုင်ရာအာဏာပိုင်များက စိစစ်တွေ့ရှိခဲ့ပါက နိုင်ငံကူး လက်မှတ် ပျက်ပြယ်ရုံသာမက သက်ဆိုင်ရာနိုင်ငံ၏ တရားဥပဒေအရ အရေးယူ ခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များမှ နိုင်ငံကူးလက်မှတ် အတု ပြုလုပ်ထားခြင်း၊ ပြင်ဆင်ထားခြင်းတို့အား နည်းပညာမြင့်စက်များဖြင့် စိစစ်ဖော်ထုတ် ဆောင်ရွက်နေသလို မြန်မာသံရုံးမှ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍လည်း နိုင်ငံကူးလက်မှတ်အချက်အလက်များအား အချိန်တိုအတွင်း စိစစ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်သူကိုယ်တိုင်မှ ကောင်းမွန်စွာ ထိန်းသိမ်းရမည့် စာရွက်စာတမ်းဖြစ်သည့်အပြင် ပျောက်ဆုံးခဲ့ပါက ပြည်ထဲရေး ဝန်ကြီးဌာနမှ စိစစ်ခွင့်ပြုချက်ဖြင့်သာ နိုင်ငံကူးလက်မှတ်အသစ်ကို ထုတ်ပေးနိုင်ကြောင်း မြန်မာသံရုံးကဆိုသည်။ ထို့ပြင် နိုင်ငံကူး လက်မှတ်ပါ အချက်အလက်များအား ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းအောင်ပြုလုပ်ခြင်း၊ စာမျက်နှာများအား စုတ်ဖြဲခြင်း၊ မသက်ဆိုင် သူများမှ တံဆိပ်ခေါင်းများကပ်ခြင်း၊ အခြားအမှတ်အသား ဖြည့်စွက်ခြင်း များ မပြုလုပ်ရန်နှင့် ပြုလုပ်မှုကို စိစစ်တွေ့ရှိရပါက နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူအပါအဝင် ဆောင်ရွက်ပေးသူတို့ကို ဥပဒေအရ အရေးယူ နိုင်ပြီး နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်းအား ချက်ချင်း ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိမိတို့၏ မြန်မာနိုင်ငံကူးလက်မှတ်အား ပြင်ဆင်ခြင်း၊ မသက်ဆိုင်သော စာများရေးသားခြင်း မပြုလုပ်ကြရန်နှင့် ကောင်းမွန်စွာ ထိန်းသိမ်းကြပါရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေး တိုက်တွန်းထားသည်။

ဂါဇာကိုဝင်ရောက်ခွင့်ပြုခဲ့သော အကူအညီများ နည်းပါးလွန်းသည်ဟု ဂျာမနီအစိုးရပြော

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ယခုသီတင်းပတ်အတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည့် အကူအညီပေးရေး ထရပ်ကားများသည် နည်းပါးလွန်းပြီး အချိန်နောက်ကျခဲ့သည်ဟု ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းကို ဝင်ရောက် ခွင့်ပြုခဲ့သည့် အကူအညီပေးရေးထရပ်ကားများသည် အလွန်နည်းပြီး အချိန်လည်း နောက်ကျခဲ့ပါသည်။ လက်ရှိအချိန်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေသည့် ဆင်းရဲဒုက္ခများ အဆုံးသတ်သွားစေရန်အတွက် အဆိုပါ အကူအညီတွေက ပါလက်စတိုင်းပြည်သူများဆီကို ရောက်ရှိသွားကြောင်း သေချာအောင်လုပ်ဆောင်ရန်သာ လိုအပ်ပါတေ

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ယခုသီတင်းပတ်အတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည့် အကူအညီပေးရေး ထရပ်ကားများသည် နည်းပါးလွန်းပြီး အချိန်နောက်ကျခဲ့သည်ဟု ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းကို ဝင်ရောက် ခွင့်ပြုခဲ့သည့် အကူအညီပေးရေးထရပ်ကားများသည် အလွန်နည်းပြီး အချိန်လည်း နောက်ကျခဲ့ပါသည်။ လက်ရှိအချိန်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေသည့် ဆင်းရဲဒုက္ခများ အဆုံးသတ်သွားစေရန်အတွက် အဆိုပါ အကူအညီတွေက ပါလက်စတိုင်းပြည်သူများဆီကို ရောက်ရှိသွားကြောင်း သေချာအောင်လုပ်ဆောင်ရန်သာ လိုအပ်ပါတော့သည်”ဟု ပြောခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ဖြစ်ပွားနေသည့်စစ်ပွဲနှင့် ငတ်မွတ်ခေါင်းပါးမှုများနှင့်ပတ်သက်၍ အစ္စရေးကို နိုင်ငံတကာက ဖိအားပေးမှုများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့အကူအညီဝင်ရောက်ခွင့်ပြုမှုများ ထွက်ပေါ် လာခြင်းဖြစ်ပါသည်။ ထို့အပြင် လွန်ခဲ့သောရက်ပိုင်းအတွင်း အစ္စရေး အစိုးရက ဂါဇာကမ်းမြောင်ဒေသ၌ လုပ်ဆောင်ခဲ့သည့် ထိုးစစ်ဆင်မှု အသစ်များကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ နိုင်ငံတကာက ဖိအားပေးမှုများ ရှိနေသော်လည်း အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက လွန်ခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

တောင်ကိုရီးယား၌ မင်္ဂလာဆောင်သူများကို ငွေကြေး ထောက်ပံ့ပေးမည်

တောင်ကိုရီးယားနိုင်ငံ၌ ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းကို ကာကွယ်နိုင်ရေးအတွက် ဒေသတွင်း အစိုးရအဖွဲ့များ က  မင်္ဂလာဆောင်သူများကို ငွေကြေးများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းဌာနများက မေလ ၂၄ ရက်တွင် ဖော်ပြထားသည်။

ထိုသို့ထောက်ပံ့ပေးမည့် ငွေကြေးများတွင် ပထမဆုံးအကြိမ် ချိန်းတွေ့ခြင်းမှသည် စေ့စပ်ကြောင်းလမ်းခြင်းနှင့် ပျားရည်ဆမ်းခရီး ထွက်သည့်အချိန်အထိ ကုန်ကျစရိတ်များ အားလုံးကို  ကျခံပေးခြင်းများလည်း ပါဝင်မည်ဖြစ်သည်။

ဘူဆန်မြို့ရှိ ဆာဟာခရိုင်မှ တာဝန်ရှိသူများက အစိုးရကစီစဉ်သော ဖူးစာဖက် ရွေးချယ်ခြင်း အခမ်းအနား၌  ပါဝင်တက်ရောက်ပြီးနောက် လက်ထပ်သွားကြသူ စုံတွဲများအား ဝမ်သန်း ၂၀ အထိပေးအပ်သွားမည်ဟု ကတိပြု ထားသည်။

ဒေသတွင်းအစိုးရအသီးသီးက ထိုကဲ့သို့မက်လုံးပေး စည်းရုံးမှုများ လုပ်ဆောင် နေသော်လည်း လက်ထပ်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခြင်း မရှိသည်ကိုတွေ့ရသည်။ ၂၀၂၁ ခုနှစ်မှစ၍ စုံတွဲစုစု ပေါင်း ၄၀၀၀ ကိုထောက်ပံ့ပေးခဲ့သည့် ဂျင်ဂျူးမြို့၌ လက်ထပ်နှုန်းမှာ မြင့်တက်လာခြင်း မရှိကြောင်း သိရသည်။

Source: Myawady Web Portal