သတင်းများ

CO2

လျှပ် စစ်စွမ်းအင်သုံး လေယာဉ်များအပါအဝင် အနာဂတ် သယ်ယူပို့ဆောင်ရေးစနစ် အတွက်  စနစ်အသစ်တစ်မျိုးကိုထိရောက်မှုရှိစေမယ့်စွမ်းအင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်(MIT)မှ သုတေ သနပညာရှင်များက ဖန်တီးတီထွင်လိုက်ပါတယ်။ သူတို့တီထွင်လိုက်တာက ဆိုဒီယမ်နဲ့လေကိုပေါင်းစပ်ထားတဲ့ လောင်စာ ဆဲလ်တစ်မျိုးဖြစ်ပါတယ်။

အဲဒီလောင်စာဆဲလ်များက ဆိုဒီယမ်နဲ့လေ ပေါင်းစပ်ဘက်ထရီတွေအတွက် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်များကို ကျော်လွန်သွားစေတဲ့အပြင် သူ့ကိုအသုံး ပြုထားတဲ့လေယာဉ်က ကောင်းကင်ပေါ် ပျံတက်သွားပြီဆိုတာနဲ့တစ်ပြိုင်နက်ကမ္ဘာ မြေပေါ်မှာရှိတဲ့ ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူရှင်းလင်းရာမှာ အကူအညီများစွာ ပေးစွမ်းနိုင်မှာပါ။

ကမ္ဘာ့နိုင်ငံများစွာက ရုပ်ကြွင်းလောင် စာအသုံးပြုမှုများကိုရှောင်ရှားလာတာနဲ့ အမျှ တစ်ဖက်မှာလည်းလိုအပ်တဲ့စွမ်းအင် အတွက် ဘက်ထရီများကိုအသုံးပြုလာကြပါတယ်။ လက်ရှိအချိန်အထိ အသုံးပြု ထားတဲ့ဘက်ထရီတွေက လီသီယံ-အိုင်း ယွန်းဘက်ထရီတွေဖြစ်ပါတယ်။ ဒါပေမဲ့ လီသီယံ-အိုင်းယွန်းဘက်ထရီများမှာ စွမ်းအင်သိုလှောင်မှုအတွက် အကန့်အသတ်ရှိပါတယ်။

... ဒါကြောင့် အနာဂတ်မှာအသုံးပြုရမယ့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြစ်တဲ့ လျှပ်စစ်စွမ်းအင်သုံးလေယာဉ်များ၊ သင်္ဘောများ၊ မီးရထားများမှာ လျှပ်စစ် စွမ်းအင်အသုံးပြုနိုင်ဖို့ လီသီယံ-အိုင်းယွန်း ဘက်ထရီများက အကန့်အသတ်ဖြစ်စေတာပါ။

အခုဆိုရင် MIT မှ သုတေသနပညာရှင် များရဲ့လက်တွေ့စမ်းသပ်မှုမှာ ဓာတ်ခွဲခန်းအဆင့်ရှေ့ပြေးပုံစံများအနက် တစ်ခုမှာ ဒေါင်လိုက်ဖန်တုံးနှစ်တုံးကိုအသုံး ပြုလိုက်ပါတယ်။ ဖန်တုံးတစ်ခုထဲမှာကဆိုဒီယမ်သတ္တုအရည်ထည့်သွင်းထားပြီး အခြားတစ်ခုမှာတော့ အောက်ဆီဂျင်လေ ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ အဲဒီ လေက လောင်စာဆဲလ်မှာဓာတ်ပြုမှု အတွက် အထောက်အကူပြုပေးတာဖြစ် ပါတယ်။ သူတို့နှစ်ခုရဲ့ဓာတ်ပြုမှုက ဆိုဒီယမ်အောက်ဆိုက်နဲ့ စွမ်းအင်ကိုထွက်ပေါ်စေတာပါ။

အဲဒီနောက်လေစီးကြောင်းရဲ့စိုထိုင်းဆကိုထိန်းချုပ်ခြင်းအားဖြင့် သုတေသီများက လောင်စာဆဲလ် တစ်ကီလိုဂရမ်မှာ လျှပ်စစ်ဓာတ်အား ဝပ် ၁၇ဝဝ ကိုထွက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီကနေထွက်လာတဲ့ ဆိုဒီယမ်အောက် ဆိုက်က လေထုထဲမှစိုထိုင်းဆနဲ့သဘာဝ အလျောက်ဓာတ်ပြုပြီးတော့ ဆိုဒီယမ်ဟိုက်ဒရောဆိုက်ကို ထွက်လာစေပါတယ်။ သူက ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ထပ်မံဓာတ်ပြု ပြီး ဆိုဒီယမ်ကာဗွန်နိတ်ကိုထွက်လာစေပါတယ်။ အဲဒီဓာတ်ပေါင်းက သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားပြီး သမုဒ္ဒရာကိုလည်း အက်စစ်ဓာတ်ပြယ်စေပါတယ်။ Ref: IE

ကိုထက်

Source: Myawady Web Portal

နည်းပညာသတင်း

ထရမ့်အစိုးရသည် ဟားဗတ်တက္ကသိုလ်နှင့် ကျန်ရှိသော ဖက်ဒရယ် စာချုပ်များအားလုံးကို ပယ်ဖျက်ရန် လုပ်ဆောင်လျက်ရှိ

ဝါရှင်တန်အစိုးရသည် ဟားဗတ်တက္ကသိုလ်နှင့်ချုပ်ဆိုထားသော ဖက်ဒရယ် စာချုပ်အားလုံး (စုစုပေါင်း ဒေါ်လာ ၁၀၀ သန်းခန့်) ကို ဖျက်သိမ်းရန် ညွှန်ကြားလိုက်ကြောင်း ထရမ့်အစိုးရ၏ အကြီးတန်းအရာရှိနှစ်ဦးက CNN သို့ပြောကြားခဲ့သည်။ ၎င်းသည် အမေရိကန်တက္ကသိုလ်များကို နိုင်ငံရေး အရ ထိုးနှက်မှုများကြားတွင် ဝါရှင်တန်၏ မူဝါဒဆိုင်ရာ တောင်းဆိုမှုများကို လိုက်နာရန်ငြင်းဆန်နေသော ဟားဗတ်တက္ကသိုလ်အား နောက်ဆုံးထိုးနှက်မှုတစ်ရပ်ဖြစ်သည်။

အထွေထွေဝန်ဆောင်မှုအုပ်ချုပ်ရေး (General Services Administration) အရာရှိ Josh Gruenbaum ၏ ဝယ်ယူရေးအကြီးတန်းအရာရှိများထံသို့ အောက်တိုဘာ ၁၀ ရက်တွင် ပေးပို့ခဲ့သောစာတွင် “အေဂျင်စီသည် ၎င်း၏ စံနှုန်းများနှင့်မကိုက်ညီဟုသတ်မှတ်သော စာချုပ်တစ်ခုစီကို အဆင်ပြေ သလိုဖျက်သိမ်းရန် အကြံပြုပါသည်” ဟုဖော်ပြထားသည်။ Gruenbaum သည် ဧပြီလတွင်လည်း ဟားဗတ်၏အုပ်ချုပ်ရေးနှင့် သင်ရိုးညွှန်းတမ်း ဆိုင်ရာ တောင်းဆိုမှုများပါဝင်သော စာတစ်စောင်ကို လက်မှတ်ရေးထိုး ပေးပို့ခဲ့သော်လည်း တက္ကသိုလ်က ငြင်းပယ်ခဲ့သည်။

အဆိုပါနောက်ဆုံးဖျက်သိမ်းမည့်အစီအစဉ်ကို The New York Times ကပထမဆုံး သတင်းဖော်ပြခဲ့ပြီး ၎င်းသည် ဟားဗတ်တက္ကသိုလ်သို့ ဖက်ဒရယ်အစိုးရမှ ကနဦးလျှော့ချခဲ့သော ဒေါ်လာ ၂.၆၅ ဘီလီယံအပြင် ထပ်မံလျှော့ချမှုဖြစ်သည်။ ဝါရှင်တန်သည် နှစ်ပေါင်းများစွာက အစိုးရမှ ဟားဗတ်တက္ကသိုလ်သို့ ပေးဆောင်ရန်ကတိပြုထားသော ဒေါ်လာ ၉ ဘီလီယံခန့်တန်ကြေးရှိသော စာချုပ်နှင့်ထောက်ပံ့ငွေများကို ပြန်လည် သုံးသပ်နေကြောင်း လွန်ခဲ့သော နှစ်လခန့်က ကြေညာခဲ့သည်။ 

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နီပေါနိုင်ငံမှ ဧဝရတ်တောင်တက်သမားက ဧဝရတ်တောင်ပေါ် ၃၁ ကြိမ်တက်ပြီး ကိုယ့်စံချိန်ကိုယ်ချိုး

နီပေါနိုင်ငံမှ ဧဝရတ်တောင်တက်သမား တစ်ဦးက အဆိုပါ ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်သို့ ၃၁ ကြိမ်မြောက် တက်ရောက်ခြင်းဖြင့် ကိုယ့်စံချိန်ကိုယ် ချိုးလိုက်နိုင်ကြောင်း သိရသည်။

ကာမီရီတာအမည်ရှိ ထိုတောင်တက်သမားသည် မေလ ၂၇ ရက်တွင် ဧဝရတ် တောင်ပေါ်သို့ ၃၁ ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခြင်းဖြစ်သည်။  ၎င်းအနေဖြင့် ၁၉၉၄ ခုနှစ်တွင် ဧဝရတ်တောင်ထိပ်သို့  ပထမဆုံး တက်ရောက်နိုင်ပြီးနောက် နှစ်ပေါင်း ၃၀ အကြာတွင် ယခုကဲ့သို့စံချိန်အသစ်ကို တင်နိုင်ခြင်းဖြစ်သည်။

ကာမီရီတာကဲ့သို့ တောင်တက်သမားသည် နီပေါနိုင်ငံအတွက်    တောင်တက်သူရဲကောင်း တစ်ဦးဖြစ်သည်သာမက ကမ္ဘာပေါ်မှာပါ နှစ်ယောက် မရှိနိုင်သည့် တောင်တက်သမားအဖြစ်    စံချိန်တင်လိုက်နိုင်ခြင်း ဖြစ်ကြောင်း      ဧဝရတ်တောင်တက် အဖွဲ့က ထုတ်ပြန်ထားသည်။ ကာမီရီတာသည် အိန္ဒိယတပ်မတော်မှ တောင်တက် အဖွဲ့ကို ဦးဆောင်၍ ဧဝရတ်တောင်ပေါ် သို့ တက်နိုင်ခဲ့ခြင်းဖြစ်သည်။  

တရုတ်ဓာတုစက်ရုံတွင် ကြီးမားသောပေါက်ကွဲမှုဖြစ်ပွား၊ အာဏာပိုင်များ က ကယ်ဆယ်ရေးလုပ်ငန်းစတင်

မေလ ၂၇ ရက် (အင်္ဂါနေ့) တွင် တရုတ်နိုင်ငံ၊ ရှန်ဒုန်းပြည်နယ်၊ ဂေါမိမြို့မှ Shandong Youdao Chemical ဓာတုစက်ရုံ၌ ကြီးမားသော ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် မီးခိုးမီးလျှံများ ကောင်းကင်သို့ ထိုးတက်ခဲ့ပြီး အနီးရှိ အဆောက်အဦများ၏ ပြတင်းပေါက်များ ကွဲအက်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဒေသခံအာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား CCTV ၏ သတင်းအရ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီမတိုင်မီ မိနစ်အနည်းငယ်အလိုတွင် စက်ရုံအတွင်းရှိ အလုပ်ရုံခန်းတစ်ခု၌ ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

CCTV ၏ သတင်းတွင် ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိသေးဘဲ၊ အစိုးရပိုင်မီဒီယာများတွင် လူသေဆုံးမှုနှင့်ပတ်သက်သည့် အချက်အလက်များကို ယခုအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

တရုတ်လူမှုမီဒီယာများတွင် ဖြန့်ဝေနေသော ဗီဒီယိုများအရ မီးခိုးမီးလျှံ များ ကောင်းကင်သို့ ထိုးတက်ပြီး စက်မှုဇုန်အတွင်းရှိ အဆောက်အဦများကို ဖုံးလွှမ်းသွားသည်ကို တွေ့ရသည်။ အနီးအနားရှိ အထပ်နိမ့် အဆောက်အဦအချို့၏ ပြတင်းပေါက်များ ကွဲအက်ပျက်စီးမှုများလည်း ဗီဒီယိုတွင် ပါရှိသည်။

အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒေသခံမီးသတ်နှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုအဖွဲ့များက ယာဉ် ၅၅ စီးနှင့် ဝန်ထမ်း ၂၃၂ ဦးကို ဖြစ်စဉ်နေရာသို့ စေလွှတ်ခဲ့ပြီး ဝန်ကြီးဌာနမှလည်း အကူအညီပေးရေး အလုပ်အဖွဲ့နှင့် အရန်ကယ်ဆယ်ရေးအင်အားများ ချက်ချင်း စေလွှတ်ခဲ့သည်။

ပေါက်ကွဲမှုနေရာမှ ၃.၅ ကီလိုမီတာ (၂.၂ မိုင်) အကွာရှိ ဟိုတယ် တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦးက မွန်းတည့်ပိုင်းတွင် ပေါက်ကွဲသံကို ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

weather forecast

၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန်တွင် ထုတ်ပြန်ချက်

၁။      ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ ၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလ

ကုန်တင်သင်္ဘောနစ်မြုပ်မှုကြောင့် ကီရာလာပြည်နယ်က အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်

အန္တရာယ်ရှိသော ကုန်ပစ္စည်းများတင်ဆောင်လာသည့် လိုက်ဘေးရီးယားနိုင်ငံမှကုန်တင်သင်္ဘောတစ်စင်းသည် အိန္ဒိယနိုင်ငံ ကီရာလာကမ်းရိုးတန်းအလွန်၌ နစ်မြုပ်ကာ ကုန်သေတ္တာရာပေါင်းများစွာမှာ ပင်လယ်ထဲပြုတ်ကျပြီးနောက် ရေနံဆီများ·ယိုဖိတ်ပျံ့နှံ့လာမှုအတွက် မေလ ၂၆ ရက်တွင်အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။

ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောနှစ်စင်းကိုအသုံးပြုကာ ရေနံများယိုဖိတ်ပျံ့နှံ့လာမှုကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေကြောင်း၊ တစ်ချိန်တည်းမှာပင် လေယာဉ်တစ်စင်းကလည်း ရေနံဆီများကိုပြိုကွဲ ပျက်စီးစေမည့် ပေါင်ဒါအမှုန့်များဖြူးနေကြောင်းတာဝန်ရှိသူများ၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ကုန်တင်သင်္ဘောသည် ကုန်သေတ္တာ အလုံးပေါင်း ၆၄၀ ကိုတင်ဆောင်လာခြင်း ဖြစ်ပြီး ၎င်းတို့အနက် ကုန်သေတ္တာ ၁၃ လုံးတွင် အန္တရာယ်ရှိသောကုန်ပစ္စည်း များ၊ ကုန်သေတ္တာ ၁၂ လုံးတွင် ကယ်လဆီယမ်ကာဘိုက်များပါဝင်ကြောင်း သိရသည်။

Ref: Xinhua

Source: Myawady Web Portal

Photo - AP News

အမျိုးသမီး (၅၀) ဝန်းကျင်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု သံသယရှိသူ အမျိုးသားကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ခရီးသည်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု လုပ်ဆောင်ခဲ့သည်ဟု သံသယရှိသော အငှားယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ အမျိုးသား၏ သားကောင်မှာ နောက်ထပ်ဒါဇင်ချီ ရှိနိုင်သေးကြောင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။

Yomiuri Shimbun daily နှင့် Jiji Press သတင်းအေဂျင်စီတို့၏ ဖော်ပြ ချက်အရ ရဲတပ်ဖွဲ့သည် အဆိုပါ အမျိုးသားက အမျိုးသမီး (၅၀) ဝန်းကျင်ကို ၎င်း၏ နေအိမ် (သို့မဟုတ်) တက္ကစီပေါ်တွင် လိင်ပိုင်း ဆိုင်ရာစော်ကားမှု ပြုလုပ်သည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံပေါင်း(၃၀ဝဝ)ခန့်ကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်တွင် အဆိုပါအမျိုးသားသည် အသက် (၂၀)နှစ်အရွယ်အမျိုးသမီးတစ်ဦးကို သတိလက်လွတ်ဖြစ်စေသည့် အိပ်ဆေး များ တိုက်ခဲ့ကာ နေအိမ်သို့ခေါ်သွားခဲ့ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုကို လုပ်ဆောင်ခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

ဂျပန်ရဲတပ်ဖွဲ့သည် အသက် (၅၄) နှစ် အရွယ်အမျိုးသားကို အလိုမတူဘဲ လိင်ဆက်ဆံမှုအတွက် သံသယရှိမှု၊ လိင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများကို ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ဥပဒေချိုးဖောက်မှုတို့အတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို ဂျပန်ရဲတပ်ဖွဲ့က လက်ရှိ အချိန်အထိ ထုတ်ပြန်ပြောကြားခြင်း မျိုးမရှိသေးကြောင်းသိရသည်။

မီဒီယာများ၏ဖော်ပြချက်အရ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံခဲ့ရသည့် အမျိုးသမီး၏ ဆံပင်အတွင်းတွင် အိပ်ဆေးများ၏ အကြွင်းအကျန်များကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန် အမျိုးသား၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်ရပ်များကို ၎င်း၏ဖုန်းနှင့် အခြားစက်ပစ္စည်းများတွင် ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ၂၀ဝ၈ ခုနှစ်မှ စတင်ကာ ယင်းလုပ်ရပ်များကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကိုးကား- NP News

ထိုင်းနိုင်ငံတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး လိုက်ပါသွားသူ အားလုံး သေဆုံး

ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီး မီးလောင်ကျွမ်းသွားခဲ့ရာ လူ (၃) ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ Kanchanaburi Police Aviation Unit ပိုင် Bell 212 လေယာဉ်သည် Prachuap Khiri Khan ပြည်နယ်ရှိ ရွာတစ်ရွာအနီး၌ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရပါသည်။

အဆိုပါဖြစ်စဉ်အတွင်း လေယာဉ်မှူးနှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမားများသည် အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ကာ မီးငြှိမ်းသတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့ပါသည်။

ရဟတ်ယာဉ်ပျက်ကျမှု အကြောင်းအရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ချက်ချင်း လုပ်ဆောင်ရန်နှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များကို လျော်ကြေးငွေပေးအပ်ရန် ရဲချုပ် Kitrat Panphetက အမိန့်ပေးခဲ့သည်ဟု သိရပါသည်။