ပြင်သစ်နိုင်ငံ၏ အောက်လွှတ်တော်သည် ကက်သလစ်ဓလေ့ ထုံးစံ ပြင်းထန်သော နိုင်ငံတစ်နိုင်ငံတွင် နက်ရှိုင်းသော အမြင်မတူညီမှုများ ကြားမှ အဆုံးသတ်ရောဂါခံစားနေရသော အသက်အရွယ်ကြီးရင့်သူများ အတွက် ဆေးဝါး အကူအညီဖြင့် သေဆုံးခွင့်ကို တရားဝင်ခွင့်ပြုသည့် အငြင်းပွားဖွယ် ဥပဒေကြမ်းကို အတည်ပြုလိုက်ပါသည်။

အမျိုးသားလွှတ်တော်က ယင်းအဆိုကို ထောက်ခံမဲ ၃၀၅ မဲ ၊ ကန့်ကွက်မဲ ၁၉၉ မဲဖြင့် ထောက်ခံအတည်ပြုခဲ့ပြီး ၎င်းကို သမ္မတ အီမန်နူရယ် မက်ခရွန်က ထောက်ခံထားသည်။ ယခုအဆိုသည် ဆီးနိတ် လွှတ်တော်သို့ဆက်လက်တင်သွင်းမည်ဖြစ်ပြီး နောက်ဆုံးတွင် အောက်လွှတ်တော်၌ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးရန် ရှိသည်။ ထောက်ခံသူများက ၂၀၂၇ ခုနှစ်မတိုင်မီ အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ရန် မျှော်လင့်ထားသည်။
လက်ရှိပြင်သစ်နိုင်ငံတွင် အသက်ရှင်ရပ်တည်ရေး ကုသမှုစနစ်များ ရုပ်သိမ်းခြင်း (Passive Euthanasia) နှင့် ညင်သာစွာ သေဆုံးစေနိုင်သည့် ဆေးဝါးများပေးခြင်း (Deep Sedation) ကို ခွင့်ပြုထားသည်။
အဆိုပါ ဥပဒေကြမ်းအရ လူနာများသည် အဆုံးစီရင်နိုင်သော ဆေးဝါး များကို တောင်းဆိုနိုင်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် သောက်သုံးနိုင်သည် (သို့မဟုတ်) ကိုယ်ခန္ဓာမစွမ်းနိုင်ပါက ဆရာဝန် သို့မဟုတ် သူနာပြုမှ အကူအညီပေးနိုင်သည်။ ယင်းအခွင့်အရေးအတွက် အသက် ၁၈ နှစ်ပြည့်ပြီး ပြင်သစ်နိုင်ငံသား သို့မဟုတ် နေထိုင်ခွင့်ရသူဖြစ်ရမည့်အပြင် ပြန်လည်ကုသ၍မရနိုင်သော၊ အဆင့်သတ်မှတ်ချက်မြင့်မားသည့်ရောဂါ သို့မဟုတ် အဆုံးသတ်ရောဂါကြောင့် ပြင်းထန်သောနာကျင်မှုကို ခံစား နေရသူ ဖြစ်ရမည်။ အယ်လ်ဇိုင်းမားကဲ့သို့သော စိတ်ရောဂါ ပြင်းထန် သူများ သို့မဟုတ် အာရုံကြောယိုယွင်းရောဂါရှိသူများသည် အဆိုပါ အစီအစဉ်အတွက် အကျုံးမဝင်ပေ။
ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့က တစ်ဦးချင်းစီ၏ အခြေအနေကို အကဲဖြတ်မည်ဖြစ်ပြီး စဉ်းစားဆင်ခြင်ရန် ကာလအပြီးတွင် လူနာသည် အိမ်၊ စောင့်ရှောက်ရေးနေရာ သို့မဟုတ် ဆေးရုံတွင် ဆေးဝါးကို ရရှိနိုင် မည်ဖြစ်သည်။
အစိုးရက အဆိုပါဥပဒေကြမ်းကို “နာမကျန်းသူများနှင့် ဝေဒနာ ခံစား နေရသူများအား ပံ့ပိုးရန် လိုအပ်ချက်အတွက် ကျင့်ဝတ်နှင့်ညီသောတုံ့ပြန်မှု” အဖြစ် ဖော်ပြခဲ့ပြီး ၎င်းကို “အခွင့်အရေးအသစ် သို့မဟုတ် လွတ်လပ်ခွင့်တစ်ခု မဟုတ်ဘဲ လေးစားမှုနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တို့ကြား ဟန်ချက်ညီမှု” ဟု ရည်ညွှန်းခဲ့သည်။ သမ္မတ မက်ခရွန် က အဆိုပါ မဲပေးမှုကို ဘဝအဆုံးသတ်ခြင်းတွင် လူသားချင်း စာနာထောက်ထားမှုရှိသော ချဉ်းကပ်မှုဆီသို့ “အရေးပါသောခြေလှမ်း” တစ်ခု အဖြစ် ဂုဏ်ပြုခဲ့သည်။
သို့သော် ဝေဖန်သူများက အဆိုပါဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် များသည် ကျယ်ပြန့်လွန်းပြီး နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သည့် လူနာများကိုပါ အဆုံးစီရင်မှုကို အလွယ်တကူခွင့်ပြုနိုင်ကြောင်း သတိပေးခဲ့သည်။ အချို့က အဆိုပါဥပဒေသည် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိခိုက်စေပြီး စောင့်ရှောက်မှုစံနှုန်းများ ကျဆင်းကာ အားနည်းသူများကို အသက်စွန့်ရန် ဖိအားပေးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု စိုးရိမ်နေ ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကနေဒါနိုင်ငံ အလယ်ပိုင်း Manitoba ပြည်နယ်တွင် တောမီး ခြိမ်းခြောက်မှုကြောင့် အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း မေ ၂၈ ရက်က ကြေညာခဲ့ပြီး အဆိုပါဒေသသို့ သွားရောက်ကူညီရန် အစိုးရက လက်နက်ကိုင်တပ်ဖွဲ့များစေလွှတ်ခဲ့သည်။ Manitoba ပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တောမီးများ လျင်မြန်စွာပျံ့နှံ့ လောင်ကျွမ်းနေခြင်းကြောင့် အဆိုပါအစီအမံကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မီးလောင်မှု အခြေအနေမှာ အဆုံးစွန် ဆိုးရွားလှရာ လူဦးရေ ၁၇,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Wab Kinew က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ကိုးကား- Xinhua

Telegram ၏ CEO Pavel Durov က ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ Elon Musk ၏ xAI ကုမ္ပဏီသည် $300 သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၎င်း၏ Grok AI chatbot ကို Telegram messaging App နှင့် ပူးပေါင်းအသုံးပြုရန် သဘောတူညီခဲ့ သည်ဟု သိရှိရပါသည်။
အဆိုပါသဘောတူညီချက်ကို ကြေညာရာတွင် Durov က ၎င်းနှင့် Musk တို့သည် တစ်နှစ်တာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို သဘောတူခဲ့ကြောင်း၊ ၎င်းသည် Telegram ၏ ငွေကြေးအခြေအနေကို ပိုမို ခိုင်မာစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“မိမိတို့သည် xAI မှ ငွေသား နှင့် ရှယ်ယာ $300 သန်း ရရှိမည်ဖြစ်ပြီး Telegram မှတစ်ဆင့် ရောင်းချသော xAI Subscription အမြတ်၏ 50% ကိုလည်း ရရှိမည်” ဟု Durov က ဆိုသည်။
သို့သော် Musk က နောက်ပိုင်းတွင် X တွင် “သဘောတူညီချက် လက်မှတ် မထိုးရသေးပါ” ဟု ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များမဖော်ပြခဲ့ပေ။ ထို့ကြောင့် Durov က နှစ်ဖက်စလုံးသည် အခြေခံသဘောတူညီချက်ရရှိပြီး အတည်ပြုရန် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးကြောင်း ရှင်းလင်းခဲ့သည်။
Telegram ၏ ပြောကြားချက်အရ Grok AI ကို Telegram တွင် ပေါင်းစပ် တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ် နွေရာသီမှစတင်၍ အသုံးပြုသူများအနေဖြင့် AI-powered Features များကို အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသူများသည် Telegram App အတွင်းမှာပင် Grok Chatbot နှင့် တိုက်ရိုက်ဆက်သွယ်ကာ အကြောင်းအရာများဖန်တီးခြင်း၊ ကျယ်ပြန့်သော ခေါင်းစဉ်များနှင့် စကားပြောဆိုနိုင်မည်ဖြစ်သည်။
xAI နှင့် ပူးပေါင်းမှုသည် Telegram ၏ ငွေကြေးရှာဖွေရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် Bond ထုတ်ဝေမှုမှ အနည်းဆုံး $1.5 ဘီလီယံ (သန်းပေါင်း ၁,၅၀၀) ရရှိရန် ကြိုးပမ်းနေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတွင် BlackRock နှင့် Abu Dhabi ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Mubadala အပါအဝင် ရှိပြီးသား ရင်းနှီးမြှုပ်နှံသူများမှလည်း ပါဝင်မည်ဖြစ်သည်။ အစီရင်ခံစာ များအရ Telegram သည် အဆိုပါငွေကြေးကို ယခင်က ထုတ်ဝေခဲ့သော Bond အတိုးများကို ပြန်လည်ဝယ်ယူရန် အသုံးပြုမည်ဟု မျှော်မှန်းထားသည်။
ယင်းသဘောတူညီချက်သည် Telegram အား ရင်းနှီးမြှုပ်နှံသူများက ဆက်လက်ထောက်ခံနေကြောင်း ပြသသည်။ သို့သော် ၎င်း၏ CEO Pavel Durov သည် ပြင်သစ်နိုင်ငံတွင် တရားစွဲဆိုခံနေရဆဲဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်ပြည်ထောင်စုသည် “တရုတ်ကျောင်းသားများ၏ ဗီဇာများကို ထိရောက်စွာ ပယ်ဖျက်သွားမည်" ဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ကြေညာခဲ့သည်။ ၎င်းသည် ပေကျင်းနှင့် ဆက်ဆံရေးတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး အမေရိကန် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများအတွက် နောက်ထပ်ဒဏ်ရာတစ်ခု ဖြစ်စေသည်။

အမေရိကန်၏ အဆင့်မြင့်သံတမန်က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တရုတ်ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်သွားမည်ဟု ပြောကြားခဲ့ပြီး၊ အထူးသဖြင့် “တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွှယ်နေသူများ သို့မဟုတ် အရေးကြီးသော နည်းပညာနယ်ပယ်များတွင် လေ့လာနေသူများ” ကို ဦးတည်မည်ဖြစ်သည်။
ထို့အပြင် ၎င်းက “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်မှ လာမည့် ဗီဇာလျှောက်ထားမှုအားလုံးကို ပိုမိုတင်းကျပ်စွာ စိစစ်ရန် ဗီဇာစည်းမျဉ်းများကိုလည်း ပြန်လည်ပြင်ဆင်သွားမည်” ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။
အဆိုပါ အံ့ဖွယ်ကြေညာချက်သည် အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုလျှော့ချရေးအတွက် လက်ရှိကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး၊ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကပင် နှစ်နိုင်ငံသည် တစ်ဦးနှင့်တစ်ဦး ကုန်သွယ်ရေးအရ ဒဏ်ခတ်မှုများကို ရက် ၉၀ ယာယီရပ်စဲထားကြောင်း ကြေညာခဲ့ကြသည်။ ထို့အပြင် ၎င်းသည် ဒေါ်နယ်ထရမ့်နှင့် အမေရိကန်၏ အထင်ကရတက္ကသိုလ်များအကြား ပိုမိုနက်ရှိုင်းလာသော ပဋိပက္ခကို ထပ်မံအရှိန်မြှင့်လိုက်သည်။
ရူဘီယို၏ ထုတ်ဖော်ပြောဆိုမှုများသည် ထရမ့်အစိုးရ၏ နိုင်ငံခြားကျောင်းသားများအား အမေရိကတွင် ပညာသင်ကြားခြင်းမှ တားဆီးရန် လုပ်ဆောင်ချက်များနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခင်က အမေရိကန်သံရုံးများအား ကျောင်းသားဗီဇာချိန်းဆိုမှုများကို ယာယီ ရပ်ဆိုင်းရန် အမိန့်ပေးခြင်း၊ ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများအား လက်ခံခွင့်ကို ရုပ်သိမ်းခြင်း (သို့သော် ဖက်ဒရယ် တရားသူကြီးက နောက်ပိုင်းတွင် ဟားဗတ်အမိန့်ကို ပယ်ဖျက်ခဲ့သည်) အစရှိသည့် လုပ်ရပ်များ ပါဝင်သည်။
ထိုနောက်ဆုံးလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံတွင် စိုးရိမ်မှုနှင့် အမျက်ဒေါသများကို ဖြစ်ပေါ်စေခဲ့ပြီး အမေရိကန် အဆင့်မြင့်ပညာရေးတွင် နိုင်ငံတကာကျောင်းသား၏ လေးပုံတစ်ပုံခန့်မှာ တရုတ်နိုင်ငံမှ ဖြစ်သည်။ ထို့အပြင် ၎င်းသည် တရုတ်နှင့် အခြားနိုင်ငံခြား ကျောင်းသားများမှ အမေရိကန်တက္ကသိုလ်များ၏ အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်နေသည့်အတွက် အမေရိကန်တက္ကသိုလ်များတွင်လည်း စိုးရိမ်မှုများ ပိုမို တိုးမြင့်လာစေမည်ဖြစ်သည်။
ကိုးကား- CNN

မင်းဘူး မေ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနက ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်နှင့် မင်းဘူး-အမ်း ကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့၌ လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင် ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့နယ်မြေများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအပါအဝင် သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ယခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်း လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာပြီး ရာသီဥတုပြောင်းလဲမှုများ လျော့ကျကာပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်ပင်များကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်လာစေမည်ဖြစ်ကြောင်း၊ လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ရာတွင်လည်း ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာစိုက်ပျိုးနိုင်စေရန် အရိပ်ရ၊ ဆေးဖက်ဝင်၊ ပန်းပွင့်သည့် အပင်များနှင့် သစ်ရရှိနိုင်မည့်အပင်များကို ရွေးချယ်၍ ပျိုးပင်အမျိုးအစားပေါင်း ၁၂ မျိုးကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးမြင့်အောင်ကပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွက် ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးမည့် လူထုဖြန့် ပျိုးပင်များမှာ ကျွန်း၊ ပိတောက်၊ ရင်းမာ၊ ကုက္ကို၊ စိန်ပန်းကြီး၊ တမာ၊ ထိုင်ဝမ်ဗာဒံ၊ မည်စည်၊ ဆီး၊ မြင်ဝါး၊ စိန်တံချူ၊ ယူကလစ် စသည့် ပျိုးပင်ပေါင်း ၄၄၂၀၀ ကို ပျိုးထောင်ထားရှိပြီး ပြည်သူများအနေဖြင့် မိမိတို့စိုက်ပျိုးလိုသော ပျိုးပင်များကို အဆိုပါပျိုးဥယျာဉ်နှစ်ခု၌ အခမဲ့ လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
Source: Myawady Web Portal

တံတားဦး ၊ မေ - ၂၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီ အတွက် စိုက်ပျိုးကြမည့် ပျိုးပင်မျိုးစုံပေါင်း (၃၀၀၀၀) ပင်ကို တံတားဦးမြို့သစ်တောဦးစီးဌာန “သင်ပန်း” ပျိုးဥယျာဉ်ခြံတွင် ပြုစုပျိုးထောင်ထားရှိကြောင်းသိရသည်။

အဆိုပါစိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ များကို ချစ်မြတ်နိုးတတ်စေရန် ၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် ထင်းသုံးစွဲမှု ဖူလုံစေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသရေမြေနှင့် ကိုက်ညီမှုရှိသည့် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိပြီး နှစ်စဉ်မိုးရာသီ ကာလတွင် ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်မိုးရာသီကာလအတွင်း လူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော ကုလားကုက္ကို (၈၀၀၀) ပင် ၊ တမာ (၅၀၀၀) ပင် ၊ မန်ကျည်း (၃၀၀၀) ပင် ၊ မြန်မာကုက္ကို (၃၀၀၀) ပင်၊ မယ်ဇယ် (၁၀၀၀) ပင် ၊ ယူကလစ် (၁၀၀၀၀) ပင် စုစုပေါင်း (၃၀၀၀၀) ပင် တို့ကို ပြုစု ပျိုးထောင်ထားရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ယခုနှစ်မိုးရာသီကာလတွင် စိုက်ပျိုးရန် ဌာနဆိုင်ရာများ အတွက် (၅၀၀၀) ပင် ၊ တစ်ရွာ (၂) ဧကအတွက် (၆၀၀) ပင် ၊ သစ်ပင်စိုက်ပျိုးပွဲအတွက် (၁၅၀) ပင် ၊ လမ်းဘေးဝဲ၊ ယာ စိုက်ပျိုးရန် အတွက် (၂၈၃) ပင်နှင့် ပြည်သူလူထုဖြန့်ဝေရန်အတွက် (၂၃၉၆၇) ပင် တို့ကို ပြုစုပျိုးထောင်ထား ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းမြို့မှ မီတာများကို သေချာစွာ စာရင်းကောက်ယူထားပြီး လုံးဝပျက်စီးသွားတဲ့ မီတာများကို အခမဲ့ ပြန်လည်တပ်ဆင်ပေးသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ငလျင်ကြောင့် ပျက်စီးသွားသည့် အိမ်သုံးမီတာ၊ ပါဝါ မီတာ စသဖြင့် ပျက်စီးသွားသည့် မီတာများကို နိုင်ငံတော်မှ အစားထိုး ပြန်လည်တပ်ဆင်ပေးသွားပါမည်။ စာရင်းတွေကို သေချာကောက်ယူ ထားပြီးဖြစ်ပါသည်။ ယင်းတို့အနက် ပြန်လည် တပ်ဆင်လို့ရသည့် မီတာများနှင့် လုံးဝပျက်စီးသွားသည့် မီတာများကို ခွဲခြားထားပြီး လုံးဝ ပျက်စီးသွားသည့်မီတာများကိုလည်း အိမ်ရှင်အနေဖြင့် ငွေကြေးတစ်စုံတရာ ပြန်ပေးစရာမလိုပါ။ တချို့ဆို ပြိုသွားသည့်အထဲ မီတာဘောက်တွေ ကြေသွားတာတွေ ပါပါသည်။ တချို့ကျတော့လည်း မီတာကတော့ အလုံးလိုက် ပျက်စီးသွားတာမဟုတ်ပါ။ အလုံးလိုက် အကောင်းအတိုင်းရှိပါက ပြန်လည်တပ်ဆင်၍ ဓာတ်အားဖြန့်ဖြူးလျက်ရှိပါသည်”ဟု ပြောကြား သည်။
ထိုကြောင့် ပြန်လည်တပ်ဆင်ရာတွင် မည်သည့်ဒဏ်ကြေးမှ ကောက်ခံခြင်းမရှိဘဲ အစအဆုံးပြန်လည် တပ်ဆင်ပေးသွားမည်ဖြစ်ပြီး အိမ်ရှင်၏ အပြစ် မဟုတ်ဘဲ သဘာဝဘေးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ မည်သည့် အခကြေးငွေမှ ပေးစရာမလိုကြောင်း၊ အချို့အိမ်နှင့် အဆောက်အဦများ ပြိုကျခဲ့သည့်နေရာမှ မီတာများကိုလည်း ဒေသခံပြည်သူများမှ လျှပ်စစ်ရုံးများသို့ လာရောက်အပ်နှံထားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် မီးသုံးစွဲခြင်း မရှိခြင်းကြောင့် ပျက်စီးသွားသည့် မီတာများကို ဒဏ်ကြေးများ၊ မီတာခများကောက်ခံခြင်းများမရှိရန် Demand ပိတ်ထားခြင်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။ မီတာပျက်စီးသွားသော အိမ်များနှင့် ရုံးဌာနများအနေဖြင့် အဆောက်အဦများ ပြန်လည် ပြုပြင်တည်ဆောက်ပြီးချိန်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို အကြောင်းကြားလာပါက မူလအသုံးပြုခဲ့သည့် မီတာများကို ပြန်လည် တပ်ဆင်ပေးသွားမည်ဟုသိရှိရသည်။
ကိုးကား- NP News

တရုတ်နိုင်ငံမှ AI စတပ်အပ် ကုမ္ပဏီ DeepSeek သည် OpenAI အပါအဝင် အမေရိကန်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်ရန် ကြာသပတေးနေ့ (မေ ၂၉) နံနက်အစောပိုင်းတွင် ၎င်း၏ R1 reasoning model ကို Update လုပ်လိုက်ကြောင်း မိတ်ဆက်ခဲ့ပါသည်။
DeepSeek သည် R1-0528 မော်ဒယ်ကို developer platform Hugging Face တွင် စတင်မိတ်ဆက်ခဲ့သော်လည်း တရားဝင်ကြေညာချက် မထုတ်ပြန်သေးဘဲ မော်ဒယ်၏ လက္ခဏာများနှင့် အခြားမော်ဒယ်များနှင့် နှိုင်းယှဉ်ချက်များကိုလည်း မဖော်ပြသေးပေ။

သို့သော် UC Berkeley၊ MIT နှင့် Cornell တက္ကသိုလ်များမှ သုတေသီများ ဖန်တီးထားသော LiveCodeBench leaderboard အရ DeepSeek R1 reasoning model သည် OpenAI ၏ o4 mini နှင့် o3 reasoning model များထက် အနည်းငယ်သာနိမ့်ပြီး xAI ၏ Grok 3 mini နှင့် Alibaba ၏ Qwen 3 တို့ထက် သာလွန်နေသည်။
Bloomberg သတင်းဌာနက ဗုဒ္ဓဟူးနေ့ တွင် အဆိုပါအပ်ဒိတ်အကြောင်း ဖော်ပြခဲ့ပြီး DeepSeek ကိုယ်စားလှယ်တစ်ဦးက WeChat group တွင် “minor trial upgrade” ပြီးစီးကြောင်းနှင့် အသုံးပြုသူများ စမ်းသပ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းက DeepSeek သည် အမေရိကန်၏ AI တိုးတက်မှုကို နှောင့်နှေးစေသည်ဟု ယူဆခဲ့ကြသော အမေရိကန် ပို့ကုန်ထိန်းချုပ်မှု များကို စိန်ခေါ်ခဲ့သည်။ ၎င်းတို့သည် အမေရိကန်ရှိ ထိပ်တန်း AI မော်ဒယ်များနှင့် ရင်ပေါင်တန်းနိုင်သည့် (သို့မဟုတ်) ပိုမိုကောင်းမွန်သော AIမော်ဒယ်များကို အနည်းငယ်သော ကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။
DeepSeek ၏ R1 မော်ဒယ် ဇန်နဝါရီလတွင် ထွက်ရှိခဲ့ချိန်က တရုတ်ပြင်ပရှိ နည်းပညာစတော့များကို ကျဆင်းစေခဲ့ပြီး AI ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြီးမားသော computing power နှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်ဟူသော အမြင်ကို စိန်ခေါ်ခဲ့သည်။ R1 ထွက်ရှိပြီးနောက် Alibaba နှင့် Tencent အပါအဝင် တရုတ်နည်းပညာကြီးကဏ္ဍများက DeepSeek ထက်သာလွန်သည်ဟု ဆိုသော မော်ဒယ်များကို မိတ်ဆက်ခဲ့ကြသည်။

ရဟတ်ယာဉ်ဆိုတာက စစ်ဘက်ရဲ့စစ်ဆင်ရေးလုပ်ငန်းတွေမှာသာမက အရပ်ဘက်ရဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း သိပ်ကို အရေးတကြီး လိုအပ်လှတဲ့ ယာဉ်တစ်မျိုး ဖြစ်ပါတယ်။ သမားရိုးကျ ရဟတ်ယာဉ်များကို တည်ဆောက်မှုက ငွေကြေးကုန်ကျမှု အထိုက်အလျောက် များပြားလှတာကြောင့် စစ်ဘက်မှာသာမက အရပ်ဘက်မှာပါ တွင်ကျယ်စွာအသုံးပြုနိုင်မှုနည်းပါးပါတယ်။ ဒါကြောင့် လစ်သူရေးနီးယား နိုင်ငံအခြေစိုက် Airvolve ဆိုတဲ့ကုမ္ပဏီ က မျိုးဆက်သစ် လေယာဉ်တစ်မျိုးကိုဖန်တီးဖို့ လုပ်ဆောင်နေတာတွေ့ရပါတယ်။

Aviation International News ဆိုတဲ့ သတင်းစာမှာဖော်ပြထားချက်အရ Airvolve ကုမ္ပဏီအနေနဲ့ သူတို့ဖန်တီးနေတဲ့ လေယာဉ်တစ်မျိုးကို Airlift လို့အမည်ပေးထားပြီး သူ့ရဲ့ဒီဇိုင်းပိုင်းကိုတော့ အဓိက အားဖြင့် ကုန်ပစ္စည်းတွေသယ်ဆောင်ဖို့ အတွက်ဒီဇိုင်း ရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီလေယာဉ်က ပြင်းထန်လှတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းနဲ့ ကုန်ကျစရိတ်အားဖြင့်လည်း ရဟတ်ယာဉ်ကြီး တစ်စင်းထုတ်လုပ်မှုရဲ့ အစွန်းထွက်မျှသာ ရှိမယ်လို့ ဆိုထားပါတယ်။
ဒီ Airlift လေယာဉ်က လက်ရှိရဟတ် ယာဉ်များနဲ့ အကြီးစားမောင်းသူမဲ့ လေယာဉ်များထက် ကုန်ကျစရိတ် သက်သာမယ်၊ အသုံးပြုပုံရိုးရှင်းမယ်၊ ပိုပြီးတော့လည်း ဘေးကင်းစိတ်ချရမှုရှိစေမယ် ဆိုတာကတော့ သေချာ ပါတယ်။ သူ့ကိုထုတ်လုပ်ရခြင်းအတွက် အဓိက ရည်ရွယ်ချက်တစ်ခုက ငွေကုန်ပြီး အကျိုးရှိစေတဲ့အပြင် ပြင်းထန်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ရှင်သန်နိုင်စွမ်းမြင့်မားတဲ့ ယာဉ်များကို ရှာဖွေနေသူများအတွက် ဖြစ်ပါတယ်။ ကုန်ကျစရိတ် သက်သာမှုကတော့ လက်ရှိရဟတ်ယာဉ်တွေ တည်ဆောက်မှုထက် ၉၀ ရာခိုင်နှုန်းလောက် သက်သာမယ်လို့ဆိုပါတယ်။
မကြာသေးခင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်တွေ၊ သဘာဝဘေးအန္တရာယ်ဖြစ် စဉ်တွေကြောင့် အခုလိုမျိုး ဘက်စုံအသုံးပြုလို့ရတဲ့ လေယာဉ်မျိုး တီထွင်ဖို့အတွက်ကိုစိတ်ကူးရခဲ့တာဖြစ်တယ်လို့ Airvolve ရဲ့ CEO ဒိုနာတက်ဂျန်ဗီလက်က ပြောပါတယ်။
“အခုဆိုရင် ရဟတ်ယာဉ်ဆိုတာမျိုးက သမိုင်းထဲမှာပြန်ရှာရမယ့် အရာဖြစ်သွား စေတော့မှာပါ။ ရဟတ်ယာဉ်တစ်စင်းက အကြောင်းအမျိုးမျိုးကြောင့် ပျက်ကျသွား ရတယ်ဆိုရင် ဒါကလူအား၊ ငွေအားနှစ်ခုစလုံးကို ဆုံးရှုံးမှုကြီးမားစေပါတယ်” လို့ သူက ဆက်ပြောထားပါတယ်။
အခုစိတ်ကူးထားတဲ့ Airvolve ရဲ့ Air-lift က ၄၄၁ ပေါင်အထိအလေးချိန်ရှိတဲ့ ကုန်စည်တွေကို သယ်ဆောင်နိုင်မှာဖြစ်ပြီး အတွင်းပိုင်း အကျယ်အဝန်းဆိုရင်လည်း ၅ ကုဗမီတာရှိကာ အကွာအဝေးအားဖြင့် ၁၀၀ ကီလိုမီတာအထိသွားနိုင်မှာဖြစ်ပါတယ်။
သူ့အတွက်က သီးခြားလိုအပ်ချက် ရှိတယ်ဆိုတာမျိုး မရှိလာဘဲ လက်ရှိအသုံး ပြုနေတဲ့ အခြေခံအဆောက်အဦများနဲ့ ဆက်လက်အသုံးပြုနိုင်စေမှာပါ။ ဒါ့အပြင် သူ့ကိုမောင်းနှင်နိုင်ဖို့အတွက် လေယာဉ် မောင်းသူ သီးသန့်လိုအပ်စေမှာ မဟုတ်ပါဘူး။
ဒီလေယာဉ်မှာ အဓိကပြုပြင်ပြောင်းလဲ ဆန်းသစ်ထားတာက ဒလက်တွေရဲ့ ဒီဇိုင်းပါ။ လက်ရှိသမားရိုးကျ ရဟတ်ယာဉ်များက ဒေါင်လိုက်ဝင်ရိုးကို အသုံးပြုထား တာဖြစ်ပါတယ်။ Airlift ကတော့ အလျားလိုက်ဝင်ရိုးဒလက်တွေကို အသုံးပြုထားတာပါ။ ဒီအတွက်ကြောင့် ရဟတ်ယာဉ်ရဲ့ ဒလက်တွေကို ထီးကြီးတစ်ချောင်းလိုမျိုး ခေါက်သိမ်းလို့ ရစေမှာဖြစ်ပါတယ်။
ဒီလိုပုံစံကို ဘိုးအင်းကုမ္ပဏီက ၁၉၃၀ ပြည့်နှစ်များမှာ ဖော်ထုတ်နိုင်ခဲ့တာဖြစ် ပေမယ့်လည်း ကုန်ကြမ်းပစ္စည်းရှားပါးမှုကြောင့် ဒီဇိုင်းကိုစွန့်ပစ်ခဲ့ရတာပါ။ လက်ရှိ ခေတ်မီကုန်ကြမ်း ပစ္စည်းများကတော့ ဒီ ဒီဇိုင်းအတွက် ကောင်းကောင်းကြီးအသုံး ပြုနိုင်စေမယ်လို့ Airvolve ကယုံကြည် ထားပါတယ်။
Airlift အတွက် အသုံးပြုထားတဲ့ အင်ဂျင်စနစ်က သာမန်အင်ဂျင်မဟုတ်ဘဲ စွမ်းအင်နှစ်မျိုးသုံး အင်ဂျင်ကို အသုံးပြုထားတာပါ။ စွမ်းအင်တစ်မျိုးက လျှပ်စစ်စွမ်းအင်ဖြစ်ပြီး နောက်ထပ်စွမ်းအင်တစ်မျိုးက သမားရိုးကျလေယာဉ်အင်ဂျင်မျိုးဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး မော်တာက ရဟတ်ယာဉ်ပန်ကာဒလက်တွေကို လည်ပတ်စေမှာဖြစ်ပြီး မောင်းနှင်အားအတွက်ကတော့ သမားရိုးကျ အင်ဂျင်ကနေ စွမ်းအားပေး မှာဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင် အသုံးပြုထားပေမယ့်လည်း သူ့မှာကြီးမားတဲ့ ဘက်ထရီတွေပါ ဝင်ခြင်းမရှိပါဘူး။ အရန်စနစ်အဖြစ် ဘက်ထရီအသေးစားများသာ ပါဝင်မှာပါ။ အင် ဂျင်အတွက်ကတော့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် Airvolve ကစဉ်းစားနေ ဆဲပါ။
Airlift ရဲ့နောက်ထပ် စွမ်းဆောင်ရည်များအနက် တစ်ခုကလိုအပ်မှသာရဟတ် ယာဉ်မောင်းသူက လိုက်ပါနိုင်မယ့်စနစ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ကို အပြည့်အဝမောင်းသူမဲ့စနစ်အဖြစ် ဖန်တီးလာမှာဖြစ်လို့ပါပဲ။
လက်ရှိမှာတော့ ကုန်စည်သယ်ဆောင်ရေး အတွက်ကိုသာ ဦးစားပေးဖန်တီးနေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဝယ်ယူသူများရဲ့သဘောထားအတိုင်း အဆင်ပြေအောင် ဖန်တီးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လျှပ် စစ်စွမ်းအင်သုံး လေယာဉ်များအပါအဝင် အနာဂတ် သယ်ယူပို့ဆောင်ရေးစနစ် အတွက် စနစ်အသစ်တစ်မျိုးကိုထိရောက်မှုရှိစေမယ့်စွမ်းအင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်(MIT)မှ သုတေ သနပညာရှင်များက ဖန်တီးတီထွင်လိုက်ပါတယ်။ သူတို့တီထွင်လိုက်တာက ဆိုဒီယမ်နဲ့လေကိုပေါင်းစပ်ထားတဲ့ လောင်စာ ဆဲလ်တစ်မျိုးဖြစ်ပါတယ်။
အဲဒီလောင်စာဆဲလ်များက ဆိုဒီယမ်နဲ့လေ ပေါင်းစပ်ဘက်ထရီတွေအတွက် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်များကို ကျော်လွန်သွားစေတဲ့အပြင် သူ့ကိုအသုံး ပြုထားတဲ့လေယာဉ်က ကောင်းကင်ပေါ် ပျံတက်သွားပြီဆိုတာနဲ့တစ်ပြိုင်နက်ကမ္ဘာ မြေပေါ်မှာရှိတဲ့ ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူရှင်းလင်းရာမှာ အကူအညီများစွာ ပေးစွမ်းနိုင်မှာပါ။

ကမ္ဘာ့နိုင်ငံများစွာက ရုပ်ကြွင်းလောင် စာအသုံးပြုမှုများကိုရှောင်ရှားလာတာနဲ့ အမျှ တစ်ဖက်မှာလည်းလိုအပ်တဲ့စွမ်းအင် အတွက် ဘက်ထရီများကိုအသုံးပြုလာကြပါတယ်။ လက်ရှိအချိန်အထိ အသုံးပြု ထားတဲ့ဘက်ထရီတွေက လီသီယံ-အိုင်း ယွန်းဘက်ထရီတွေဖြစ်ပါတယ်။ ဒါပေမဲ့ လီသီယံ-အိုင်းယွန်းဘက်ထရီများမှာ စွမ်းအင်သိုလှောင်မှုအတွက် အကန့်အသတ်ရှိပါတယ်။
... ဒါကြောင့် အနာဂတ်မှာအသုံးပြုရမယ့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြစ်တဲ့ လျှပ်စစ်စွမ်းအင်သုံးလေယာဉ်များ၊ သင်္ဘောများ၊ မီးရထားများမှာ လျှပ်စစ် စွမ်းအင်အသုံးပြုနိုင်ဖို့ လီသီယံ-အိုင်းယွန်း ဘက်ထရီများက အကန့်အသတ်ဖြစ်စေတာပါ။
အခုဆိုရင် MIT မှ သုတေသနပညာရှင် များရဲ့လက်တွေ့စမ်းသပ်မှုမှာ ဓာတ်ခွဲခန်းအဆင့်ရှေ့ပြေးပုံစံများအနက် တစ်ခုမှာ ဒေါင်လိုက်ဖန်တုံးနှစ်တုံးကိုအသုံး ပြုလိုက်ပါတယ်။ ဖန်တုံးတစ်ခုထဲမှာကဆိုဒီယမ်သတ္တုအရည်ထည့်သွင်းထားပြီး အခြားတစ်ခုမှာတော့ အောက်ဆီဂျင်လေ ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ အဲဒီ လေက လောင်စာဆဲလ်မှာဓာတ်ပြုမှု အတွက် အထောက်အကူပြုပေးတာဖြစ် ပါတယ်။ သူတို့နှစ်ခုရဲ့ဓာတ်ပြုမှုက ဆိုဒီယမ်အောက်ဆိုက်နဲ့ စွမ်းအင်ကိုထွက်ပေါ်စေတာပါ။
အဲဒီနောက်လေစီးကြောင်းရဲ့စိုထိုင်းဆကိုထိန်းချုပ်ခြင်းအားဖြင့် သုတေသီများက လောင်စာဆဲလ် တစ်ကီလိုဂရမ်မှာ လျှပ်စစ်ဓာတ်အား ဝပ် ၁၇ဝဝ ကိုထွက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီကနေထွက်လာတဲ့ ဆိုဒီယမ်အောက် ဆိုက်က လေထုထဲမှစိုထိုင်းဆနဲ့သဘာဝ အလျောက်ဓာတ်ပြုပြီးတော့ ဆိုဒီယမ်ဟိုက်ဒရောဆိုက်ကို ထွက်လာစေပါတယ်။ သူက ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ထပ်မံဓာတ်ပြု ပြီး ဆိုဒီယမ်ကာဗွန်နိတ်ကိုထွက်လာစေပါတယ်။ အဲဒီဓာတ်ပေါင်းက သမုဒ္ဒရာထဲမှာ အဆုံးသတ်သွားပြီး သမုဒ္ဒရာကိုလည်း အက်စစ်ဓာတ်ပြယ်စေပါတယ်။ Ref: IE
ကိုထက်
Source: Myawady Web Portal
နည်းပညာသတင်း