သတင်းများ

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရ

ဖားကန့်မြို့နယ်၊ လုံခင်း ကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် ဇွန်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက ယမ်းဂိုထောင် ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရခဲ့ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များအရ ကနဦး သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ နေ့လယ်ပိုင်း ၁ နာရီကျော်အချိန်ခန့်က လုပ်ကွက်ဟောင်းတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယမ်းဂိုထောင် ပေါက်ကွဲသည့်အတွက် အသံကို ကျယ်လောင်စွာ ကြားခဲ့ရကြောင်း သိရသည်။

“လူကတော့ ထိခိုက်မှုရှိတယ်။ ကျွန်တော် သိသလောက်ကတော့ သုံးယောက် သေတယ် ဆယ်ယောက်လောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒဏ်ရာရက အဲဒီထက် ပိုများနိုင်တယ်။ အခြေအနေကတော့ မသိရသေးဘူး။ ပေါက်တာက ယမ်းဂိုထောင်ပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူ သုံးဦး အနက် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း ကနဦးသိရှိရပြီး ပေါက်ကွဲအားမှာ ပြင်းထန်ခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများအား ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ကိုးကား- NP News

ဦးနှောက်နှင့်ကွန်ပျူတာချိတ်ဆက်မည့် ချစ်ပြားကို Paradromics က လူသားဖြင့်စမ်းသပ်

အီလွန်မတ်၏ Neuralink ကုမ္ပဏီနှင့် ယှဉ်ပြိုင်လာသည့် Paradromics ကုမ္ပဏီ က ဦးနှောက်နှင့်ကွန်ပျူတာချိတ်ဆက် ပေးမည့်ချစ်ပြားကို လူသားဖြင့်ပထမဆုံး အကြိမ်စမ်းသပ်မှုလုပ်ဆောင်လိုက်ပြီဖြစ် ကြောင်း ဇွန်လ ၂ ရက်တွင်ထုတ်ပြန်ထား သည်။

ယင်းစမ်းသပ်မှုကို မီချီဂန်တက္ကသိုလ် ၌မေလ ၁၄ ရက်တွင်လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ စမ်းသပ်မှုကိုခံယူသူအမျိုးသား သည် ဝက်ရူးပြန်ရောဂါဖြင့်အာရုံကြော ရောဂါကုသမှုခံယူနေသူဖြစ်ကြောင်းနှင့်

ချစ်ပြားကိုထိုအမျိုးသား၏ဦးနှောက်ထဲ သို့ထည့်ပြီး မိနစ် ၂၀ အကြာ၌ ပြန်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ထိုနည်းပညာကို လူနာ၏ဦးနှောက် အတွင်း ဘေးကင်းစွာတပ်ဆင်နိုင်သည့် အပြင် အာရုံကြောလှုပ်ရှားမှုကိုမှတ်တမ်း တင်နိုင်ကြောင်း သက်သေပြနိုင်သည်ဟု ကုမ္ပဏီကပြောသည်။ နောက်တစ်ဆင့် တွင်မူ လူအများအပြားဖြင့်လက်တွေ့စမ်း သပ်မှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: CNBC

Photo - Paradromics

မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ မန်းချောင်းရေများတက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းရွှေစက်တော်ဘုရားကြီး၏ အောက်စက်တော်ရာရင်ပြင်တော်ပေါ်သို့ ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက မန်းချောင်းရေများတက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေကအတော်တက်လာတယ်လို့ပြောရမယ်။ အောက်စက်တော်ရာရင်ပြင်ပေါ်မှာတော့ ရေတွေဝင်နေပြီ။ အခြေအနေကိုစောင့်ကြည့်နေရတဲ့အနေ အထားပါ။ အောက်စက်တော်ရာရဲ့ ခြေတော်ရာဖန်အုပ်ဆောင်းရှေ့မှာလည်းရေတွေဝင်နေတယ်။ မနှစ်ကလည်း သြဂုတ်လထဲမှာ ရေတက်သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရား၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော်အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ(၇၅) ရက်ကြာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Source: Popular Myanmar

ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ နေအိမ်တစ်ခုပေါ်သို့ လေယာဉ်ငယ် တစ်စင်း ပျက်ကျ

ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ လူနေအိမ်တစ်ခုပေါ်သို့ လေယာဉ်ငယ် တစ်စင်းပျက်ကျခဲ့ရာ လူ (၂) ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါလေယာဉ်ငယ်ပျက်ကျမှုသည် Mönchengladbach မြို့အနီးရှိ Korschenbroich မြို့၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ က ပြောကြားခဲ့ပါသည်။

လေယာဉ်ငယ်သည် လူနေအဆောက်အအုံကို ဝင်တိုက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။ ထို့အပြင် အဆိုပါဖြစ်ရပ်အတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ လေယာဉ်မှူး ဖြစ်နိုင်သည်ဟု ဂျာမန်သတင်းအေဂျင်စီ dpa က ရေးသားဖော်ပြခဲ့ပါသည်။

သို့သော်လည်း သေဆုံးသွားသည့် အခြားသူတစ်ဦးသည် လေယာဉ်ပေါ် တွင် လိုက်ပါလာသူ သို့မဟုတ် နေအိမ်ထဲ၌ ရှိနေသူဆိုသည်ကို လက်ရှိ အချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ထို့အပြင် အဆိုပါလေယာဉ်ငယ် ပျက်ကျရသည့် အကြောင်းအရင်း အသေးစိတ်အချက်အလက်များကိုလည်း လက်ရှိအချိန်ထိ မသိရှိ ရသေးကြောင်း တာဝန်ရှိသူများက ဆက်လက်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ရေခဲမြစ်များ၏ ၄၀% နီးပါးသည် ပျက်စီးရန် သေချာနေပြီဟု သိပ္ပံပညာရှင်များက ဆို

ကမ္ဘာ့ရေခဲမြစ်များ၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး ကမ္ဘာ့ အပူချိန်များ ချက်ချင်းရပ်သွားသည့်တိုင် ၎င်းတို့၏ ထုထည်စုစုပေါင်း၏ ၄၀% နီးပါးမှာ ပျက်စီးဆုံးရှုံးရန် သေချာနေကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြသည်။

သုတေသီများ၏ အဆိုအရ ၂၀၂၀ ပြည့်နှစ် နှင့်နှိုင်းယှဉ်လျှင် ရေခဲမြစ်များသည် နောက်ဆုံးတွင် ၎င်းတို့၏ ထုထည်၏ ၃၉% ဆုံးရှုံးမည်ဖြစ်ပြီး ယင်းအခြေအနေမှာ မည်သည့်လုပ်ဆောင်မှုကမျှ ပြန်လည်ပြင်ဆင်၍ မရတော့သည့် အလားအလာဖြစ်ကာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ၁၁၃ မီလီမီတာ တက်လာစေမည်ဟု ခန့်မှန်းထားသည်။

သိပ္ပံဂျာနယ်တွင် ဖော်ပြထားသော စာတမ်းအရ ကမ္ဘာကြီးသည် လက်ရှိ ရာသီဥတုမူဝါဒများကို ဆက်လက်ကျင့်သုံးနေပါက ဆုံးရှုံးမှုမှာ ၇၆% အထိ မြင့်တက်လာမည်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီစင်တီဂရိတ် အောက်တွင် ထိန်းထားရန် မဖြစ်နိုင်တော့ပေ။

နောက်ဆုံးအခြေအနေမှာ ရေခဲမြစ်အရည်ပျော်ရေကို စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် သောက်သုံးရေအတွက် မှီခိုနေရသော နိုင်ငံများအတွက် အလွန်ကြီးမားသည့် ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။ International Cryosphere Climate Initiative မှ ရေခဲမြစ်ပညာရှင် James Kirkham က CNN သို့ ပြောကြားရာတွင် ၃၉% ဆုံးရှုံးမှုနှင့် ၇၆% ဆုံးရှုံးမှုကြားတွင် “ရေခဲမြစ်ဆုံးရှုံးမှုကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ခြင်းနှင့် နေထိုင်နိုင်မှုမရှိခြင်း၏ ကွာခြားချက်ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

ယခုလေ့လာမှုသည် ကမ္ဘာ့ရေခဲမြစ်များအတွက် မျှော်လင့်ချက်ကင်းမဲ့သော ခန့်မှန်းချက်ကို ပေးထားသော်လည်း သုတေသီများမှာ “မျှော်လင့်ချက်ပေးသော သတင်းစကား” ကို ဖော်ပြလိုကြောင်း Austria ရှိ University of Innsbruck မှ သုတေသီ Lilian Schuster က ပြောကြားခဲ့သည်။

“အဆိုပါ လေ့လာမှုဖြင့် ကမ္ဘာကြီးပူနွေးမှုကို ဒသမတစ်ခုစီ လျှော့ချနိုင်လျှင် ရေခဲမြစ်များကို ထိန်းသိမ်းနိုင်ကြောင်း ပြသလိုပါသည်” ဟု ၎င်းမှ CNN သို့ ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန်လေယာဉ်သည် လမ်းကြောင်းမှား ပျံသန်းမှုကြောင့် လေထဲတွင် အခြားလေယာဉ်နှင့် တိုက်မိလုနီးပါးဖြစ်ခဲ့

အမေရိကန်အာဏာပိုင်များသည် ခွင့်ပြုချက်မရှိဘဲ လမ်းကြောင်းလွဲ ပျံသန်းခဲ့သည့် United Airlines လေယာဉ်တစ်စီးကို စုံစမ်းစစ်ဆေးနေပြီး ယင်းလေယာဉ်သည် အနီးမှပျံသန်းနေသော အခြားလေယာဉ် တစ်စီးနှင့် နီးကပ်စွာ တိုက်မိလုနီးပါးဖြစ်ခဲ့သည်။

ABC သတင်းဌာနက ဇွန်လ ၁ ရက်နေ့တွင် အမေရိကန် လေကြောင်းလိုင်းဌာန (FAA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါဖြစ်စဉ်သည် မေလ ၁၃ ရက်နေ့ ညနေပိုင်းက San Francisco အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် United Airlines နှင့် SkyWest Airlines လေယာဉ် နှစ်စီး တစ်ပြိုင်နက်ပျံတက်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

သတင်းများအရ United Airlines ၏ Airbus A320 လေယာဉ်အား ညာဘက်သို့ ကွေ့ရန် ခွင့်ပြုချက်ရရှိထားပြီး SkyWest Airlines ၏ CRJ-200 လေယာဉ်မှာ နောက်မှပျံတက်ကာ ဘယ်ဘက်သို့ ကွေ့ရန် ညွှန်ကြားချက်ရရှိထားသည်။

FAA ၏အဆိုအရ United လေယာဉ်သည် ခွင့်ပြုချက်မရှိဘဲ ဘယ်ဘက်သို့ ရုတ်တရက်ကွေ့သွားကာ SkyWest လေယာဉ်၏ လမ်းကြောင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး SkyWest လေယာဉ်မှ အန္တရာယ်သတိပေးစနစ်များ အလိုအလျောက်အလုပ်လုပ်ကာ ထိခိုက်မှုမရှိစေရန် တိမ်းစောင်း ပျံသန်းမှုပြုလုပ်ခဲ့ရသည်။

FlightRadar24 ၏ အဆိုအရ လေယာဉ်နှစ်စီးသည် အနီးဆုံး အနေအထားတွင် အလျားလိုက် မီတာ ၅၉၅ (ပေ ၁,၉၅၀) နှင့် ဒေါင်လိုက် မီတာ ၈၄ (ပေ ၂၇၅) ခန့် ကွာဝေးခဲ့သည်။

အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့ (NTSB) ၏ ယခင်စုံစမ်းရေးမှူး Greg Feith က စုံစမ်းစစ်ဆေးမှုတွင် အဆင့်များစွာ ပါဝင်မည်ဖြစ်ပြီး လေယာဉ်မှူးအဖွဲ့သည် လေဆိပ်ရပ်နားရာမှ ပျံတက် သည်အထိ အဆင့်တိုင်းတွင် မည်သို့တုံ့ပြန်ခဲ့သည်ကို စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

SkyWest Airlines က ၎င်းတို့၏ CRJ-200 လေယာဉ်သည် ကယ်လီ ဖိုးနီးယားရှိ Fresno သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။ United Airlines ကလည်း ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေး နေကြောင်း ပြောကြားခဲ့သည်။

Feith က “ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ခြေရှိသော်လည်း သတိပေး စနစ်များ၊ ဆက်သွယ်ရေးကွန်ယက်စနစ်များနှင့် လေယာဉ်မှူးများ၏အရေးပေါ်တုံ့ပြန်မှုတို့ကြောင့် အဆိုးဆုံးအခြေအနေကို ရှောင်ရှားနိုင်ခဲ့သည်” ဟု ထပ်လောင်းရှင်းပြခဲ့သည်။

ကိုးကား- VN Express

လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

ရုရှားနိုင်ငံသည်   လာမည့်ခြောက်နှစ်အတွင်း  ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ကိုထုတ်လုပ်နိုင်ရန်   စီစဉ်လျက်ရှိ ကြောင်း ရုရှားဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၅ ရက်တွင်ပြောသည်။

ထို့ပြင် လေယာဉ်ထုတ်လုပ်သူများအနေဖြင့် ၎င်တို့၏ထုတ်လုပ်မှုနှုန်းထားကို မြှင့်တင်နိုင်ရေးအတွက်  အစိုးရကငွေကြေးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုကဲ့သို့ ခေတ်မီလေယာဉ်များကိုပိုင်ဆိုင်နိုင်ခြင်းသည် ကျယ်ပြောလှသော ရုရှားနိုင်ငံအတွင်း ကူးလူးဆက်သွယ်သွားလာမှုအတွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်က အစည်းအဝေးတွင်    ဒုတိယဝန်ကြီးချုပ်များကို ပြောခြင်းဖြစ်သည်။

ပြည်တွင်းဖြစ်လေယာဉ်များ အမြောက်အမြားထုတ်လုပ်နိုင်ရေးအတွက်  ရုရှားအစိုးရက ငွေကြေးထောက်ပံ့မှုအဖြစ် ရူဘယ်ဘီလီယံ ၂၈၀ ကိုချေးငွေအဖြစ် ထုတ်ချေးပေးသွားမည်ဖြစ်သည်။

အလားတူလာမည့်နှစ်များအတွင်း ပြည်တွင်းဖြစ်အိမ်စီးကားများနှင့် ဘတ်စကားများထုတ်လုပ်မှုကို တိုးမြှင့်သွားရန်လည်း တိုက်တွန်းထားကြောင်းသိရသည်။

Ref: Spuntilk

Source: MWD Web Portal

အိန္ဒိယ၌ လေယာဉ်ပေါ်တွင် မြွေအကောင်ရေ ၄၀ ကျော် သယ်ဆောင်လာသည့် ခရီးသည်တစ်ဦးကို ဖမ်းမိ

အိန္ဒိယအာဏာပိုင်များက ထိုင်းနိုင်ငံမှ မွမ်ဘိုင်းသို့ ပျံသန်းလာသည့် လေယာဉ်ပေါ်တွင် အဆိပ်ပြင်းမြွေအပါအဝင် မြွေမျိုးစိတ်များစွာကို သယ်ဆောင်လာသည့် ခရီးသည်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထိုင်းနိုင်ငံမှ ပြန်လာသည့် အိန္ဒိယနိုင်ငံသားတစ်ဦးသည် ၎င်း၏ ခရီးဆောင်အိတ်ထဲတွင် အင်ဒိုနီးရှားမြွေဟောက် ၄၄ ကောင်အပါအဝင် မြွေမျိုးစိတ်များစွာကို ဝှက်၍သယ်ဆောင်လာသည်ဟု မွမ်ဘိုင်းအကောက်ခွန်ဌာနက ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို ခရီးသည်သည် အဆိပ်ရှိသော်လည်း အသေးစားသတ္တဝါများကိုသာစားလေ့ရှိသည့် Spider snakes ၃ ကောင်နှင့် လိပ်မျိုးစိတ် ၅ ကောင် ကိုလည်း သယ်ဆောင်လာခဲ့သည်။

မွမ်ဘိုင်းတွင် တွားသွားသတ္တဝါများ ခိုးသွင်းမှုကို ဖမ်းမိခြင်းမှာ ရှားပါး ဖြစ်ရပ်ဖြစ်ပြီး အကောက်ခွန်အရာရှိများသည် ပုံမှန်အားဖြင့် ရွှေ၊ ငွေကြေး၊ ဆေးခြောက် သို့မဟုတ် ကိုကင်းဟုသံသယရှိသည့် မူးယစ်ဆေးဝါးများ ခိုးသွင်းမှုများကိုသာ ဖော်ထုတ်လေ့ရှိသည်။

ဖေဖော်ဝါရီလအတွင်းက မွမ်ဘိုင်းလေဆိပ် အကောက်ခွန်အရာရှိများသည် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ တောတွင်းတွင် နေထိုင်သည့် Siamang gibbon (ဆိုင်းအမ်ဂျီဘွန်) မျောက်မျိုးစိတ်ငယ် ၅ ကောင်ကို သယ်ဆောင်လာသည့် ခိုးသွင်းသူတစ်ဦးကို ဖမ်းမိခဲ့သည်။ ယင်းမျိုးစိတ် ကို IUCN (အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့) က မျိုးသုဉ်းလုနီးပါး စာရင်းဝင်အဖြစ် သတ်မှတ်ထားပြီး ခိုးသွင်းသူသည် အဆိုပါ မျောက်ငယ်များကို ခရီးဆောင်အိတ်ထဲရှိ ပလပ်စတစ်ဘူးအတွင်း ကျွမ်းကျင်စွာ ဝှက်ထားခဲ့ကြောင်း သိရပါသည်။

လွန်ခဲ့သော နိုဝင်ဘာလအတွင်းတွင်လည်း အိန္ဒိယ အကောက်ခွန် အရာရှိ များသည် လိပ်အရှင် ၁၂ ကောင်အပါအဝင် သက်ရှိသတ္တဝါများစွာကို သယ်ဆောင်လာသည့် ခရီးသည်တစ်ဦးကို ဖမ်းမိခဲ့ပြီး ၎င်းခရီးသည်သည်လည်း ထိုင်းနိုင်ငံမှ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။

Miss World 2025 ဘွဲ့ကို ထိုင်းနိုင်ငံမှ Opal Suchata Chuangsri ဆွတ်ခူး ရရှိ

ယခုနှစ် နိုင်ငံတကာအလှမယ်ပြိုင်ပွဲကို စနေနေ့ (ဇွန် ၃၁) တွင် အိန္ဒိယ နိုင်ငံ၌ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံမှ Opal Suchata Chuangsri က Miss World 2025 သရဖူကို ဆွတ်ခူးနိုင်ခဲ့သည်။

Chuangsri သည် Hyderabad မြို့တွင် ကျင်းပသော နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ် ၁၀၈ ဦးအနက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး အီသီယိုးပီးယား မှ Hasset Dereje Admassu က ဒုတိယရရှိခဲ့ပြီး Miss World 2024 Krystyna Pyszková က Chuangsri အား သရဖူချီးမြှင့်ပေးခဲ့သည်။

၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် Miss World ဆုရှင် Stephanie del Valle နှင့် အိန္ဒိယအစီအစဉ်တင်ဆက်သူ Sachiin Kumbhar တို့က ဦးဆောင်ကျင်းပခဲ့သည်။

အိန္ဒိယသည် ၂၀၂၄ ခုနှစ် တွင်လည်း အဆိုပါပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ဆက်လက်လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ ကိုယ်စားပြု Nandini Gupta သည် ဆန်ခါတင် ၂၀ ဦး စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဆုမရရှိခဲ့ပေ။

Miss World ဘွဲ့ကို အိန္ဒိယမှ ၆ ကြိမ် ရရှိခဲ့ဖူးပြီး Reita Faria (1966), Aishwarya Rai (1994), Diana Hayden (1997), Yukta Mookhey (1999), Priyanka Chopra (2000) နှင့် Manushi Chhillar (2017) တို့ ပါဝင်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားတွင် ရထားပေါ်သို့ တံတားပြိုကျမှုကြောင့် လူ ၇ ဦးသေဆုံး

ရုရှားနိုင်ငံ အနောက်ပိုင်း Bryansk ဒေသတွင် တနင်္ဂနွေနေ့ (ဇွန် ၁) က ခရီးသည်တင် ရထားတစ်စီးပေါ်သို့ တံတားပြိုကျမှုဖြစ်ပွားမှုကြောင့် လူ ၇ ဦးသေဆုံးကာ ၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး Alexander Bogomaz က ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်၏ တိကျသော အကြောင်းရင်းကို အတည်မပြုရသေးသော်လည်း ရုရှားရထားပို့ဆောင်ရေးဌာနက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းကြောင့် တံတားတိုင် ပြိုကျခဲ့သည်ဟု ဆိုသည်။

Izvestia သတင်းစာက ကိုးကားချက်တစ်ခုအရ တံတားပြိုကျမှုသည် ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သော်လည်း အရေးပေါ် ဝန်ဆောင်မှုနှင့် စုံစမ်းရေးအရာရှိများက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းကို အတည်မပြုခြင်းမရှိသေးပေ။

ပြိုကျမှုသည် အဖျက်အမှောင့်ကြောင့် ဖြစ်နိုင်ကြောင်း Telegram သတင်း ချန်နယ်များစွာက အကြံပြုထားသည်။ Bogomaz က သေဆုံးဒဏ်ရာရသူများ၏ အရေအတွက်ကို ထုတ်ဖော်မပြောသေးဘဲ “၎င်းတို့အား အကူအညီပေးရန် လိုအပ်သမျှကို ဆောင်ရွက်နေပြီ” ဟုသာ ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Photo: NDTV