အင်အားပြင်းငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများမှပြည်သူများအနေဖြင့် ငလျင်ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်တွင် အဆောက်အအုံများ ပြန်မဆောက်ကြရန် ငလျင်ပညာရှင်များက သတိပေးပြောကြားမှုများ ရှိသည်။ မန္တလေးငလျင်လှုပ်ခတ်ခဲ့ရာ လမ်းကြောင်းတစ်လျှောက်တွင် မြစ်၊ ချောင်း၊ ရေအိုင်နှင့် လျှိုများ ရှိနေပြီး ငလျင်လှုပ်ခတ်ပြီးနောက်မြေအောက်တွင် မည်သို့ပြောင်းလဲမှုများရှိနေသည်ကို မသိနိုင်သည့် အတွက် အဆိုပါ ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်တွင် နေအိမ်များ ပြန်လည်မဆောက်သင့်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းအဖွဲ့ဝင် ပါမောက္ခဒေါက်တာစန္ဒီချစ်ကိုက ပြောသည်။

“ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတွေကို ငလျင်ကြော ဖြတ်သွားသော လမ်းကြောင်းပေါ်မှာ ခွမဆောက်ကြဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုင်းပြတ်ရွေ့က ငလျင် မလှုပ်တာတောင် (၁) နှစ် ကို (၂) စင်တီမီတာလောက် ရွေ့တယ်ဆိုပြီး စာတမ်းတွေမှာ ဖော်ပြထား ပါတယ်။ ဒါ့ကြောင့် ဒီလှုပ်သွားတဲ့ ငလျင်လမ်းကြောင်းကိုတော့ မဖြစ်မနေ ရှောင်ဖို့အတွက် အကြံပြုတာပါ” ဟု ၎င်းက ဆိုသည်။
ငလျင်ပြတ်ရွေ့ပေါ်တွင် နေထိုင်ခြင်းထက် မနေထိုင်ခြင်းက ပိုမို ကောင်းမွန် ကြောင်းနှင့် အကယ်၍ မဖြစ်မနေပြန်လည်နေထိုင်မည်ဆိုပါက အဆောက် အအုံများကို ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံအဖြစ် တည်ဆောက် ရမည်ဖြစ်ကြောင်း မြေငလျင်ပညာရှင်တစ်ဦးက ပြောသည်။ “ငလျင်က လူကိုသတ်တာမဟုတ်ဘူး၊ အဆောက်အအုံက လူကိုသတ်တာဆိုတဲ့ အဆိုတစ်ခုလည်း ရှိပါတယ်။ ဒါကြောင့် ငလျင်ကြောပေါ်မှာ မဆောက် တာတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မဖြစ်မနေ ဆောက်ရတော့မယ် ဆိုရင်တော့ ငလျင်ဒဏ်ခံနိုင်အောင်နဲ့ ငလျင်ဖြစ်လာရင် ဘယ်လို ရင်ဆိုင်မယ် ဆိုတာတွေကိုပါ ကြိုတင်စီစဉ်ထားဖို့လိုပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
မန္တလေးငလျင်ကြောင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးပြတ်ရွေ့ကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပြတ်ရွေ့ကြောမှာ ကီမီတာ (၄၆၀) အထိ ရှည်လျား ကာ ရွှေဘိုဘက်မှစတင်ကာ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်ကို ဖြတ်၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ဘူမိသိပ္ပံဆိုင်ရာ ကနဦး လေ့လာတွေ့ရှိချက်များအရ သိရသည်။
ကိုးကား- NP News

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
Source: www.moezala.gov.mm

ရုရှား၏ နိုင်ငံပိုင်လက်နက်ရောင်းချရေးကုမ္ပဏီ Rosoboronexport သည် မလေးရှားနိုင်ငံတွင် ကျင်းပမည့် LIMA 2025 အပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့်လေကြောင်းပြပွဲတွင် စစ်မြေပြင်တွင် စမ်းသပ်ပြီးသား လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို ပြသသွားမည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက မေလ ၁၉ ရက်တွင် ထုတ်ပြန်လိုက်ပါသည်။

လေကြောင်းကာကွယ်ရေးကဏ္ဍတွင် ရုရှားထုတ် အဆင့်မြင့် မြေပြင်မှ လေပစ်ဒုံးကျည်စနစ်များ (SAM)၊ ရုရှား၏ Almaz-Antey Group မှ ဒီဇိုင်း ရေးဆွဲထုတ်လုပ်ထားသော အဝေးပစ် Antey-4000 နှင့် အလတ်စား S-350E Vityaz၊ Viking လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များ၊ အနီးပစ် လေကြောင်းကာကွယ်ရေးအတွက် Pantsir-S1M၊ Pantsir-SMD-E လက်နက်စနစ်များနှင့် Verba လက်ကိုင်လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်များကို ပြသမည်ဖြစ်သည်။
ထို့ပြင် ဒရုန်းနှင့် တိကျသောလက်နက်များကို ကာကွယ်နိုင်သည့် အီလက် ထရွန်းနစ် စစ်ဆင်ရေးစနစ်များ၊ Kub-E လေယာဉ်ပျံသန်းစေနိုင်သော ဗုံးများ၊ Orlan-10E နှင့် Skat-350M စောင့်ကြည့်ရေးဒရုန်းများကိုလည်း ပြသသွားမည်ဖြစ်ပြီး စစ်ဘက်နှင့် အထူးရဲတပ်ဖွဲ့လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည်ဟု ၎င်းက ဆိုထားပါသည်။
ကိုးကား -TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ကွာလာလမ်ပူနှင့် ဘန်ကောက်မြို့တော်များအကြား တိုက်ရိုက် ရထားလမ်း ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်များကို အတည်ပြုခဲ့သည်။
The Independent သတင်းဌာနအရ မလေးရှားသယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Anthony Loke Siew Fook သည် ထိုင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit တို့နှင့် အဆိုပါအစီအစဉ်ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။

Loke က မလေးရှား၏ အဓိကရထားလုပ်ငန်းလုပ်ကိုင်သူ Keretapi Tanah Melayu Berhad (KTMB) နှင့် ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် ရထားလုပ်ငန်း State Railway of Thailand (SRT) တို့အား နယ်စပ်ဖြတ်ကျော်ရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် တာဝန်ပေးအပ်ထားကြောင်း ကြေညာ ခဲ့သည်။ အဆိုပါ လမ်းကြောင်းသည် မြို့နှစ်မြို့ကို ဆက်သွယ်ထားသောရှိနှင့်ထားပြီးသော ရထားလမ်းအခြေခံအဆောက်အအုံကို အသုံးပြုမည် ဖြစ်သည်။
မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က Bernama သတင်းဌာနအား “ထိုလုပ်ငန်းအတွက် ရထားလမ်းအသစ် တည်ဆောက်ရန် မလိုအပ်သော်လည်း နှစ်နိုင်ငံအကြား ညှိနှိုင်းမှု၊ ပူးပေါင်းစျေးကွက် ရှာဖွေရေးနှင့် ပူးတွဲလက်မှတ်ရောင်းချမှုများ လိုအပ်ပါသည်” ဟု ပြောကြားခဲ့သည်။
ပြန်လည်ဖွင့်လှစ်မည့် ရထားလိုင်းသည် ခရီးသည်များအား ဘန်ကောက်နှင့် ကွာလာလမ်ပူအကြား ရထားလဲစီးစရာမလိုအပ်ဘဲ ခရီးသွားနိုင်မည်ဖြစ်သည်။ သို့သော် ခရီးသွားချိန်ကြာမြင့်မှုနှင့် လက်မှတ်စျေးနှုန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယခုအချိန်ထိ အတည်မပြုရသေးပါ။
ထိုင်းနိုင်ငံ၏ SRT ရထားလုပ်ငန်းသည် ယခင်က ဘန်ကောက်မှ ကွာလာလမ်ပူအနီး Butterworth အထိ အမြန်ရထားလိုင်းကို လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် အဆိုပါလမ်းကြောင်းကို ရပ်နားခဲ့ပြီး ယခုအခါ ထိုင်း-မလေးရှားနယ်စပ်ရှိ Padang Besar ဘူတာအထိသာ သွားရောက်နိုင်ပါသည်။
မလေးရှား၏ Ipoh–Padang Besar Electrified Double Track Project (EDTP) ပြီးစီးချိန်တွင် ထိုင်း၏ ဒီဇယ်ရထားများသည် Padang Besar နယ်စပ်ဘူတာကို ကျော်ဖြတ်၍ မသွားနိုင်တော့သဖြင့် အဆိုပါ လမ်းကြောင်း ကို ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက -၂

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား လူဝင်မှုကြီးကြပ်ရေးကိစ္စများစတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း လားရှိုး မြို့ခံ အချို့၏ ပြောကြားချက်များအရ သိရသည်။
မေ ၁၉ ရက်မှ စတင်ကာ လားရှိုးမြို့ပေါ်တွင် နေထိုင်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လားရှိုးမြို့နယ် ဦးစီးမှူးရုံးတွင် မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးခဲ့သည့် မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်းများ၊ မွေးတိုးပြုလုပ်ခြင်းများ၊ UID ကောက်ယူခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရ သည်။

“ဒီနေ့ကစပြီး လုပ်ပေးနေတယ်။ မှတ်ပုံတင်ပျောက်သွားတဲ့သူတွေ အတွက်ရော၊ တခြားသန်းခေါင်စာရင်း ပျောက်ဆုံးပျက်စီးသွားတာတွေ အတွက်ရော၊ UID ကောက်ယူတာရော ပြန်လုပ်ပေးနေတယ်။ ဒီနေ့ စလုပ်ပေးတာပေါ့” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။
လားရှိုးမြို့၏ အခြေအနေမှာ ဌာနဆိုင်ရာယန္တရားများ ပုံမှန် လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးမှာမူ မြို့ပေါ်အချို့ ရပ်ကွက်များတွင်သာ ရရှိသေးကြောင်း သိရသည်။
“လျှပ်စစ်မီးကတော့ ရတဲ့နေရာတွေမှာတောင် ပြတ်နေတယ်။ နေရာ တော်တော်များများတော့ မရသေးဘူး။ ရေကတော့ စည်ပင်က ဖြန့်ဖြူး နိုင်အောင် လုပ်ပေးနေတာတွေ့တယ်။ တခြားဌာနဆိုင်ရာတွေကတော့ ပြန်လည်ပတ်ဖို့ ကြိုးစားနေတာ တွေ့ရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။
အလားတူ လားရှိုးမြို့ရှိ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးရှိ အရေးပေါ်ဌာနကို မေ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးဝါးကုသကြသည့်လူနာများကို လတ်တလောတွင် နံနက် ၈ နာရီမှ ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှုကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- Eleven Media Group

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို မေလ ၁၉ ရက်နေ့၊ နံနက် (၈) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် ဆုံကုန်းရပ် တံတားဦး-မြို့သာကားလမ်း မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ကျင်းပကြောင်း သိရသည် ။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ ၊ အခြေခံပညာအထက်တန်း ၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီးများနှင့်ဆရာ ၊ ဆရာမများက ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက် ပိုစတာ (ဗီနိုင်း)အား စိုက်ထူပေးကြသည် ။ ထို့နောက် မင်္ဂလာအချိန်တွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ တံတားဦးခရိုင်၊ ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးစိုးတင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥတို့က မြေစိုက်ပိုစတာအား အမွှေးနံ့ရည်များ ပက်ဖြန်းပေးကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။ မြေစိုက် ပိုစတာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ပါရှိပြီး အဆိုပါဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေ(၂၂)ရက်နေ့မှ ဇွန်(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။
အဆိုပါမြေစိုက်ပိုစတာပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးဝန်ထမ်းများ ၊အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကြကြောင်းသိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

အာဂျင်တီးနားသမ္မတ Javier Milei သည် မဲပေးရုံးမှ ထွက်ခွာလာနေစဉ် C5N ရုပ်သံလိုင်း၏ သတင်းထောက်တစ်ဦးက ၎င်း၏မျက်နှာကို မိုက်ခရို ဖုန်းဖြင့် တမင်ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်လိုက်သည်ဟု စွပ်စွဲ ပြောကြားလိုက်ပါသည်။

ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် ဗီဒီယိုတွင် Milei သည် အဆောက်အဦ အပြင်ဘက်သို့ သတင်းထောက်များနှင့် ၎င်းကိုထောက်ခံသူများ အုပ်စုကြား မှ ထွက်ခွာလာနေသည်ကို ပြသထားပါသည်။ သတင်းထောက်တစ်ဦး က မိုက်ခရိုဖုန်းကို အလွန်နီးကပ်စွာ ကိုင်ထားရာမှ သမ္မတ၏ နှာခေါင်းကို ထိခိုက်မိသွားသည်။ “မင်း ငါ့ကို ရည်ရွယ်ချက်နှင့် ထိခိုက်အောင် တမင် လုပ်တာမလား” ဟု သမ္မတက နောက်ပိုင်းတွင် ထိုသတင်းထောက်အား မေးမြန်းခဲ့သည်။ အစီအစဉ်တင်ဆက်သူက သတင်းထောက်သည် Milei အား မိုက်ခရိုဖုန်း၏ ပျော့ပျောင်းသောအစိတ်အပိုင်းဖြင့် ထိမိကြောင်း ဝန်ခံပြောကြားခဲ့ပါသည်။
အာဂျင်တီးနားခေါင်းဆောင် Milei သည် သတင်းထောက်များအပေါ် တွင် မလိုလားဆန့်ကျင်သည့်သဘောထားရှိမှုကြောင့် လူသိများလှပါသည်။ ၎င်းက သတင်းထောက်များသည် အစိုးရကို ဆန့်ကျင်ရန် လှုံ့ဆော်ခြင်း နှင့် ၎င်း၏ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းတို့ လုပ်ဆောင်နေကြကြောင်း မကြာခဏ စွပ်စွဲလေ့ရှိသည်။ သတင်းထောက်များသည် ၎င်းကို မျက်စိအလင်းမခံနိုင်သည့် အခြေအနေကို သိသော်လည်း ကင်မရာမီးချောင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက်ပေးသည် ဟု လည်း ၎င်းက ဆိုဖူးပါသည်။
Milei သည် Buenos Aires တွင် ကျင်းပသည့် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲတွင် မဲပေးခဲ့ရာ ရုပ်သံလိုင်းများက မဲပေးရုံတွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် သမ္မတနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်သည့် ရိုက်ကွက်ကို ထုတ်လွှင့်ပြသခဲ့ပါသည်။
ကိုးကား- TASS
Photo: Free Press Journal

ထိုင်းနိုင်ငံ၏ သစ်သီးထုတ်လုပ်သူများအသင်းက ဝန်ကြီးချုပ် Paetongtarn Shinawatra အား K-Pop ကြယ်ပွင့် Lisa (လီဆာ) ကို ဖိတ်ကြား၍ ထိုင်းသစ်သီးများ၏ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ချဲ့ထွင်ရေး လှုပ်ရှားမှုကို ဦးဆောင်စေရန် တောင်းဆိုလိုက်သည်။
ဘန်ကောက်ပို့စ် ၏ ဖော်ပြချက်အရ သစ်သီးထုတ်လုပ်သူများအသင်းက Lisa ၏ ကမ္ဘာကျော် ကျော်ကြားမှုသည် ထိုင်း၏သစ်သီးတင်ပို့မှုအတွက် အထူးသဖြင့် တရုတ်မှလွဲ၍ အခြားဈေးကွက်သစ်များကို ဖွင့်ပေးနိုင်မည် ဟု ဝန်ကြီးချုပ်အား စနေနေ့ (မေ ၁၇) က Chanthaburi ခရိုင်သို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရ၏အပြည့်အဝထောက်ပံ့မှုဖြင့် ထိုင်း၏သစ်သီးတင်ပို့မှုမှ နှစ်စဉ် THB ဘီလီယံ ၅၀၀ (US$၁၅ ဘီလီယံ) အထိ ဝင်ငွေရရှိနိုင်မည်ဟုဆိုသည်။ လက်ရှိတွင် THB ဘီလီယံ ၂၀၀-၃၀၀ သာရရှိနေသည်။
Lisa (၂၈ နှစ်) သည် ၂၀၁၆ ခုနှစ်တွင် Blackpink အဖွဲ့နှင့် စတင်အောင်မြင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် "Lalisa" အယ်လ်ဘမ်ဖြင့် တစ်ကိုယ်တော် လမ်းကြောင်းကို စတင်ခဲ့သည်။

Uber က ဗြိတိန်တွင် မောင်းသူမဲ့တက္ကစီများ ယခုအချိန်မှစ၍ “အဆင်သင့်ဖြစ်နေပြီ” ဟု ကြေညာသော်လည်း အစိုးရက လုံးဝအလိုအလျောက် မောင်းနိုင်သောယာဉ်များအား အတည်ပြုရန် ရက်စွဲကို နောက်ဆုတ် လိုက်သည်။
ယခင်အစိုးရလက်ထက်က လုံးဝအလိုအလျောက် မောင်းနိုင်သည့်ကားများကို “၂၀၂၆ ခုနှစ်အတွင်း လမ်းများပေါ်တွင် မြင်တွေ့ရမည်” ဟု မျှော်မှန်းခဲ့သော်လည်း အသစ်ဖွဲ့စည်းထားသောအစိုးရက ယခုအခါ ၎င်းတို့ကို ၂၀၂၇ ခုနှစ် ဒုတိယခြောက်လပတ်မှသာ စတင်မြင်တွေ့ နိုင်မည်ဟု ပြောဆိုလိုက်သည်။

ဗြိတိန်လမ်းများပေါ်တွင် အကန့်အသတ်ဖြင့် အလိုအလျောက် မောင်းနိုင်သောနည်းပညာကို အသုံးပြုခွင့်ပြုထားသော်လည်း ထိုယာဉ်တွင် လူသားမောင်းသူတစ်ဦး ရှိနေရမည်ဖြစ်ပြီး အလိုအလျောက် နည်းပညာကို အသုံးပြုနေစဉ်တွင် ယာဉ်အား တာဝန်ယူရမည်ဖြစ်သည်။
“စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခြေအနေများ အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဗြိတိန်မှာ ရိုဘိုတက္ကစီဝန်ဆောင်မှုကို ချက်ချင်း စတင်နိုင်ပါပြီ” ဟု Uber ၏ အမြင့်ဆုံးအဆင့် ရွေ့လျားမှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ အန်ဒရူးမက်ဒေါ်နယ် က ပြောကြားခဲ့သည်။
အွန်လိုင်းတက္ကစီအပ်ပလီကေးရှင်းဖြင့် အခကြေးငွေယူသော Uber ကုမ္ပဏီသည် Wayve အပါအဝင် အလိုအလျောက်မောင်းယာဉ် နည်းပညာကုမ္ပဏီ ၁၈ ခုနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။
ယခုအခါ အမေရိကန်ပြည်ထောင်စု၌ ရိုဘိုတက္ကစီများ စတင်မိတ်ဆက်နေသော ကုမ္ပဏီများစွာထဲမှ Uber လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ထို့အပြင် တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် စင်္ကာပူနိုင်ငံတို့တွင်လည်း ယခုနှစ်များအတွင်း ရိုဘိုတက္ကစီများ စမ်းသပ်မောင်းနှင်နေပြီဖြစ်သည်။
မက်ဒေါ်နယ်က ဗြိတိန်သည် ကမ္ဘာ့နိုင်ငံအချို့နှင့်နှိုင်းယှဉ်လျှင် နည်းပညာ နောက်ကျနေသည်ဆိုသည့် အချက်ကိုသဘောမတူဘဲ၊ အမေရိကန်နှင့် တရုတ်တို့သာ ဦးဆောင်နေရခြင်းမှာ ထိုနိုင်ငံများတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ အများစု တည်ထောင်ဖွင့်လှစ်ထားခြင်းကြောင့်သာ ဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။
ကိုးကား- BBC

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဟောပြောပွဲကို မေလ ၁၉ ရက်နေ့၊ နံနက် (၁၀) နာရီက တံတားဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမရှေ့၌ ကျင်းပကြောင်းသိရသည် ။

အခမ်းအနားတွင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက ပြောကြားရာတွင် ပြူကန် ကန်မှ မိုးစပါးစိုက် ရေသောက်စနစ်ဖြင့် စိုက်ပျိုးကြမည့်တောင်သူများအနေဖြင့် ကန်ရေမရရှိမည့် အခြေအနေပေါ်တွင် သက်တမ်းတိုမျိုးများ၊ ရေအနည်းလိုစပါးမျိုးများနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြရေး၊တစ်ပိုင်တစ်နိုင်ရေကန်များပြုလုပ်ခြင်းတို့အပြင် စုပေါင်း၍ ပျိုးသင့်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည် ။
ဆက်လက်၍ တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းကြပြီး တောင်သူများအား သက်ဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။