ဖျက်သင်္ဘော မတော်တဆမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မြောက်ကိုရီးယား အစိုးရဖမ်းဆီး

News Image

  • ဖျက်သင်္ဘော မတော်တဆမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မြောက်ကိုရီးယား အစိုးရဖမ်းဆီး

မကြာသေးမီကဖြစ်ပွားခဲ့သည့် ဖျက်သင်္ဘောမတော်တဆမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် သင်္ဘောကျင်းအရာရှိများကို မြောက်ကိုရီးယား အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါသည်။

အလေးချိန်တန်ချိန် (၅၀၀၀) ရှိသော ဖျက်သင်္ဘောကို ရေချမှု အခမ်းအနား အတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက မျက်မြင်တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ဖမ်းဆီးမှုများ ပေါ်ပေါက် လာခြင်းပင်ဖြစ်ပါသည်။

အဆိုပါဖြစ်ရပ်သည် မြောက်ကိုရီးယားနိုင်ငံ၏ဂုဏ်သိက္ခာကို ကျဆင်း စေပြီး တာဝန်ရှိသူများကို အပြစ်ပေးသွားမည်ဟု ကင်ဂျုံအန်းက ကတိပြု ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ မြင့်တက်လာသည်နှင့်အမျှ ဥပဒေစိုးမိုးရေး အာဏာပိုင် များသည် Chongjin သင်္ဘောကျင်း အင်ဂျင်နီယာချုပ်နှင့် အခြား တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNAက ရေးသားဖော်ပြခဲ့ပါသည်။

ဂြိုလ်တုဓါတ်ပုံများတွင် ဖျက်သင်္ဘောအား အပြာရောင်အစများနှင့် ဖုံးအုပ်ထားပြီး နံဘေး၌ အခြားသင်္ဘောငယ် (၄) စီး ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) ၏ ပြောကြားချက်များအရ သိရပါသည်။

ကိုးကား- NP News

Photo: The New York Times