သတင်းများ

ကားမူဝါဒ မတည်ငြိမ်ခြင်းကြောင့် EV SKD များ လာမည့် (၂) နှစ် အကြာတွင် အပြီးသတ် ရပ်နားသွားနိုင်ဟုဆို

EV နှင့် ဆီကား မူဝါဒ မတည်ငြိမ်ခြင်းကြောင့် EV SKD များအရောင်းနှေးကာ လာမည့် နှစ်နှစ် အကြာတွင် အပြီးသတ်ရပ်နားသွားနိုင်ကြောင်း ကားလောကအသိုင်းအဝိုင်းက NP News သို့ သုံးသပ်ပြောဆိုထားသည်။ Pilot Project အဖြစ်လုပ်ဆောင်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်အထိ ပြည်ပမှ EV ကားအစီးလိုက် တင်သွင်းခြင်း (CBU) ကုမ္ပဏီ (၈၀)ကျော်ရှိပြီး တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်မှု (SKD) ကုမ္ပဏီမှာ (၄) ခုခန့်သာရှိကြောင်း သိရသည်။ သို့သော် Pilot Project ထပ်မံသက်တမ်းတိုးခြင်းကြောင့် EV SKD ကုမ္ပဏီများအနေဖြင့် ကားအစီးရေတင်သွင်းခွင့်များစွာရရှိထားသော (CBU) ကုမ္ပဏီများ၏ EV ကားများ ဈေးကွက်အတွင်

EV နှင့် ဆီကား မူဝါဒ မတည်ငြိမ်ခြင်းကြောင့် EV SKD များအရောင်းနှေးကာ လာမည့် နှစ်နှစ် အကြာတွင် အပြီးသတ်ရပ်နားသွားနိုင်ကြောင်း ကားလောကအသိုင်းအဝိုင်းက NP News သို့ သုံးသပ်ပြောဆိုထားသည်။ Pilot Project အဖြစ်လုပ်ဆောင်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်အထိ ပြည်ပမှ EV ကားအစီးလိုက် တင်သွင်းခြင်း (CBU) ကုမ္ပဏီ (၈၀)ကျော်ရှိပြီး တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်မှု (SKD) ကုမ္ပဏီမှာ (၄) ခုခန့်သာရှိကြောင်း သိရသည်။ သို့သော် Pilot Project ထပ်မံသက်တမ်းတိုးခြင်းကြောင့် EV SKD ကုမ္ပဏီများအနေဖြင့် ကားအစီးရေတင်သွင်းခွင့်များစွာရရှိထားသော (CBU) ကုမ္ပဏီများ၏ EV ကားများ ဈေးကွက်အတွင်း မြန်ဆန်စွာ ရရှိရောင်းချနေရခြင်းကြောင့် ရင်းနှီးမြုပ်နှံမှုများစွာလုပ်ထားရသည့် EV SKD ကုမ္ပဏီများမှာ အခက်ခဲ တွေ့နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ “ပေါ်လစီကတော့ ၂၀၂၄ ခုနှစ်ကစပြီး SKD ကိုစပြောင်းတယ်။ CBU တွေကို ဦးစားမပေးတော့ဘူး။ လျှော့မယ်။ ဒါက ဟိုးအရင် Pilot Project စတည်းက ကြေညာခဲ့သလိုမျိုး လုပ်ထားခဲ့တာပေါ့နော်။ သို့သော်ငြားလည်း အခု ၂၀၂၅ ထဲရောက်သွားတော့ Pilot Projectကို နောက်တစ်နှစ် သတ်တမ်းတိုးပါတယ်ဆိုပြီး ကြေညာ လိုက်တယ်။ ကြေညာလိုက်တော့ တချို့သူတွေအားလုံးက SKD သွားရမယ်ဆိုပြီးတော့ SKD ကို ဦးတည်ပြီးသွားနေတဲ့သူတွေ ရှိတယ်ပေါ့နော်။ အခုကျွန်တော်တို့က ဘယ်လိုဖြစ်သွားလဲဆိုတော့ CBU သွင်းလည်းဒါပဲ။ SKD သွင်းလည်းဒါပဲ။ CBU သွင်းတဲ့သူက အရေအတွက် နည်းနည်းသွင်း ပေါ့။ နည်းနည်းသွင်းပြီးတော့ Investment လည်းမရှိဘူး။ အဲဒီလိုပုံစံမျိုးနဲ့ သွားနေကြတာ။ SKD သမားတွေကကျတော့ စက်ရုံကြီးတွေရင်း၊ ပစ္စည်းတွေဝယ်။ နောက်ပြီး အော်ဒါတင် အစီး (၃၀ဝ) (၄၀ဝ) နဲ့ သွားလိုက်တဲ့အချိန်မှာ Pilot Project က နောက်တစ်နှစ် သက်တမ်းတိုးတော့ SKD သမားတွေက အကုန်ပက်လက်လေးတွေဖြစ်သွားတာပေါ့” ဟု ၎င်းကပြောသည်။ ထို့ပြင် EV ပေါ်လစီအရ အခွန်အခ အနေဖြင့်လည်း EV SKD ကုမ္ပဏီများနှင့် EV CBU ကုမ္ပဏီများ တန်းတူ အခွင့်အရေးရရှိနေခြင်းက ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်ထားရသည့် EV SKD များအတွက် များစွာနစ်ရကြောင်းလည်း ၎င်းက ဆိုသည်။ “ EV CBU သွင်းတဲ့သူကလည်း ဒီဈေးပဲ။ ဒီအခွန်ပဲ။ SKD ကို လုပ်တဲ့သူကလည်း ဒီအခွန်ပဲ ဆိုတော့ အဲဒီလိုဆိုတော့ SKD ကား လုပ်မိတဲ့သူတွေက မှားသယောင်ယောင်တွေ ဖြစ်ကုန်တာပေါ့။ နောက်ပြီး Polit Project ကိုလည်း သက်တမ်း မတိုးတင်နိုင်တော့ဘူး။ ပြီးသွားပြီ အခွန်ကောက်စရာရှိတာကော။ အနည်းဆုံးတော့ EV SKD ကို ရန်ကုန်လိုင်စင်ရှိတဲ့ EV တွေ လမ်းတံတားကြေးပေးစရာမလိုဘူး။ အဲဒီလို တစ်ခုခုလေး လုပ်ပေး ရင်တောင် လူတွေကနည်းနည်းလေး စိတ်သက်သာတာပေါ့။ အခုက CBU သွင်းတဲ့သူလည်းကုမ္ပဏီလည်း အခွန်ပေးစရာမလိုဘူး။ SKD လုပ်တဲ့သူလည်း အခွန်ပေးစရာ မလိုဘူးဆိုတော့ ဘာမှလည်းမထူးတော့ဘူးလေ” ဟု ၎င်းက ဆက်ပြော သည်။ အဆိုပါ ကိစ္စရပ်များသည် ပေါ်လစီ မတည်ငြိမ်ခြင်းကြောင့်ထွက်ပေါ်လာသည့်ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး လက်ရှိအခြေနေအတိုင်း ဆက်လက်ရပ်တည်သွားပါက EV SKD ကုမ္ပဏီများသည် နောင် နှစ်နှစ်အကြာအထိပင် ရပ်တည် နိုင်တော့မည်မထင်ကြောင်း ကားအသိုင်းအဝိုင်း သတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားသည်။ “ပေါ်လစီက မတည်ငြိမ်ဘူး။ ပြောရင်ပြောတဲ့အတိုင်းလည်း မလုပ်ဘူးလေ။ SKD ထုတ်တဲ့သူတွေက ဒီအချိန်မှာ စက်ရုံတစ်ရုံဆောက်ဖို့ဆို တော်ရုံတန်ရုံဘယ်လိုဆောက်နိုင်မှာတုံး BYD တွေ ဘာတွေပဲ စက်ရုံဆောက်ဦး။ စက်ရုံဆောက်ခတင်ပဲ ဒေါ်လာ(၄)(၅) သန်းကုန်တယ်။ မကုန်ဘူးဆိုတာတောင် အခုလက်ရှိဆောက်လုပ်ရေး ကုန်ကျစရိတ်နဲ့ သိန်း(၈)သောင်း သိန်း (၁) သိန်း ကုန်တယ်။ အဲဒီမှ စက်ရုံကြီးဆောက်ပြီးကာမှ ကားမရောက်သေးဘူး။ ကား part တွေထပ်ဝယ်ရဦးမှာ။ ဝယ်ပြီးတော့မှ အဲဒီကားကို ထုတ်ပြီးမှရောင်းရမယ်ဆိုတော့ အကုန်အကြပ်ရိုက်နေတာပေါ့။ ပေါ်လစီမငြိမ်တာပေါ့” ဟု ၎င်း ကဆိုသည်။ လက်ရှိ ကားဈေးကွက်အတွင်း ကျပ်သိန်း (၃၀ဝ)နှင့် (၁၅၀ဝ) ကြားကားများ အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဆီကား SKD များမှာ အရောင်းရဆုံးအဖြစ် နံပါတ် (၁) နေရာတွင် ရပ်တည်နေပြီး ပြည်ပမှအလုံးလိုက် တင်သွင်းသည့် EV CBU မှာ နံပါတ် (၂) နှင့် ပြည်တွင်းတွင် တစ်စိတ်တစ်ပိုင်းတပ်ဆင်သည့် EV SKD ကားများမှာ နံပါတ် (၃) နေရာတွင်သာ ရပ်တည်နေရ ကြောင်း သိရသည်။

ကိုးကား- NP News

သဘာဝပစ္စည်းများနဲ့ပြုလုပ်ထားတဲ့ ဆိုလာဘက်ထရီ ၄၈ နာရီအထိ အား ၉၀ ရာခိုင်နှုန်း ထိန်းထားနိုင်

သိပ္ပံပညာရှင်များက ဆိုလာဘက်ထရီ တစ်မျိုးကို တီထွင်လိုက်ပါတယ်။ သူက နေရောင်ခြည်စွမ်းအင်ကိုလည်း စုပ်ယူနိုင်တယ်။ ဓာတ်အားကိုလည်း နှစ်ရက် ကျော်ကြာသည်အထိ ထိန်းသိမ်းထားနိုင်တယ်။ ဒါပေမဲ့ သူ့ကိုသမားရိုးကျသတ္တု ပစ္စည်းများနဲ့ပြုလုပ်ထားတာ မဟုတ်ပါဘူး။

မြူးနစ်နည်းပညာ တက္ကသိုလ်မှသုတေ သနပညာရှင်များ အပါအဝင် အခြားသော တက္ကသိုလ်နှစ်ခုမှပညာရှင်များပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က    ဒီဘက်ထရီကိုတီထွင်ဖန်တီးလိုက်တာပါ။ သူတို့ဖန်တီးလိုက်တဲ့ ဆိုလာဘက်ထရီက သဘာဝပစ္စည်းများနဲ့ရေကိုသာအသုံးပြု ဖန်တီးထားတာဖြစ်ပြီး ဒါဟာလျှပ်စစ်ဓာတ်အားလိုင်း ပြင်ပ စွမ်းအင်သိုလှောင်မှု ပြဿနာအတွက် ရေရှည်ဖြေရှင်းမှု    နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။

ဘက်ထရီမှာအသုံးပြုထားတဲ့ သဘာဝကုန်ကြမ်းပစ္စည်းက နေရောင်ခြည်စွမ်းအင်ကို သိုလှောင်သူအဖြစ် အလုပ်လုပ်ပါတယ်။ သူကနေ့ဘက်မှာ နေရောင်ခြည် စွမ်းအင်ကိုစုပ်ယူထားပြီး ညရောက်တဲ့ အချိန်မှာ လျှပ်စစ် ဓာတ်အား ကိုပြန်ထုတ် ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ပညာရှင်များအနေနဲ့ အခုလိုမျိုးသဘာဝပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီးနိုင်မှုက ပထမဆုံးဖြစ်ပါတယ်။

သိပ္ပံပညာရှင်များက naphthalenedii-mide ဆိုတဲ့  သဘာဝဒြပ်ပေါင်းကနေ ဖန်တီးထားတဲ့ ပေါင်းစပ်သဘာဝပစ္စည်း ပုံစံကိုအဓိက အသုံးပြုထားတာပါ။ သူက နေရောင်ခြည်ကိုစုပ်ယူပြီး လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို  ၄၈ နာရီကြာတဲ့အထိ ထိန်းထားနိုင်တာပါ။

ဒါ့အပြင် သိပ္ပံပညာရှင်များက ရေကို အသုံးပြုခြင်းဟာ သိုလှောင်သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ်အားတွေကိုတည်ငြိမ်စေဖို့အတွက်   အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကိုလည်း တွေ့ရှိလိုက်ကြပါတယ်။ အကြောင်းရင်းကိုဆိုရရင် ရေရဲ့မော်လီကျူးများက ပေါင်းစပ် သဘာဝပစ္စည်း ပုံစံအတွင်းရှိ လျှပ်စစ်တွေကို ကောင်းစွာတုံ့ပြန်နိုင်မှု ရှိတဲ့အတွက် လျှပ်စစ်စွမ်းအင်တွေကို အချိန်ကြာမြင့် စွာသိုလှောင်ထားနိုင်စေတာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်များရဲ့ အခုတီထွင်မှုဟာ ဆိုလာဘက်ထရီများအတွက် လမ်းကြောင်းအသစ် တစ်ခုဖြစ်လာနိုင်ပါတယ်။   

Source: https://myawady.net.mm/

နေရာကွက်၍ မိုးကြီးနိုင်

မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး မကွေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

(မိုး/ဇလ)

တရုတ်က ပဉ္စမမျိုးဆက် တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော်ပြသ

တရုတ်တပ်မတော်က အမေရိကန်၏ F-22 နှင့် F-35 တို့ကဲ့သို့သော ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုသွားမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

JY-27V ရေဒါကို လှုပ်ရှားသွားလာမှုအတွက် စစ်သုံးယာဉ် ထရပ်ကားပေါ်တင်ဆောင်နိုင်ပြီး ကြိမ်နှုန်းအလွန်မြင့်ရေဒီယိုလှိုင်းနှုန်းများဖြင့် အလုပ်လုပ်ခြင်းဖြစ်ကာ သာမန်ရေဒါများဖြင့်  ဖမ်းယူနိုင်ခြင်းမရှိသော ကိုယ်ပျောက်ပစ်မှတ်များကို တိကျစွာထောက်လှမ်းနိုင်သည့်အပြင် တိကျစွာတိုက်ခိုက်နိုင်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို လမ်းညွှန်မှုပေးနိုင်ကြောင်း ထိုရေဒါကိုထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် CETC ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ရေဒါတွင်တပ်ဆင်ထားသည့် အင်တာနာကို အချိန်တိုအတွင်း ဖြန့်နိုင်မည်ဖြစ်သောကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ရေဒါလုပ်ငန်းကိုစတင်နိုင်မည်ဖြစ်ကြောင်းနှင့် အခြားနေရာသို့ရွှေ့ပြောင်းနေရာချနိုင်ရေးအတွက် အင်တာနာကိုပြန်လည်ခေါက်သိမ်းနိုင်ကြောင်း Xinhua သတင်းဌာန ကဖော်ပြထားသည်။ ရေဒါကိုခေါက်သိမ်းခြင်းနှင့် ပြန်ဖြန့်ခြင်းတို့လုပ်ဆောင်ရာတွင် ညင်သာချောမွေ့မှုလည်း ရှိကြောင်း CETC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"အင်တာနာရဲ့အချင်းက  ပိုပြီးကြီးလေလေ၊    ထောက်လှမ်းမှုလုပ်နိုင်တဲ့ အကွာအဝေးကလည်း ပိုပြီးများလေလေ ဖြစ်ပါတယ်" ဟု CETC မှသိပ္ပံပညာရှင် တစ်ဦးကပြောသည်။

အဆိုပါရေဒါကို အန်းဟွေပြည်နယ် ဟီဖေးမြို့၌ မေလ ၁၇ ရက်မှ ၁၉ ရက် အထိ ကျင်းပသော ရေဒါပြပွဲတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: https://myawady.net.mm/

နည်းပညာသတင်း

Biden ၏ဇနီးအား “သက်ကြီးရွယ်အိုများအား နှိပ်စက်ခြင်း” စွဲချက်ဖြင့် တရားစွဲသင့်သည်ဟု အကြီးတန်းတရားစီရင်ရေးဌာနအရာရှိ ဆို

Jill Biden သည် သူမ၏ခင်ပွန်း Joe Biden ၏ ကင်ဆာရောဂါ အခြေအနေကို သိရှိပါလျက် သမ္မတအဖြစ်အရွေးခံရန် တွန်းအားပေးခဲ့ ပါက “သက်ကြီးရွယ်အိုနှိပ်စက်ခြင်း” (Elder Abuse) စွဲချက်နှင့် ရင်ဆိုင် သင့်ကြောင်း ဒေါ်နယ်ထရမ့်၏ တရားစီရင်ရေးဌာနရှေ့နေ လီယို တာရယ် က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတဟောင်း၏ ရုံးမှ ဘိုင်ဒင် တွင် “အလွန် ပြင်းထန်သော” ဆီးကျိတ်ကင်ဆာ (prostate cancer) ရှိကြောင်း ရောဂါရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ဤကြေညာ ချက်သည် များစွာသောတုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အချို့က Biden နှင့်၎င်း၏မိသားစုအား ဝမ်းနည်းကြောင်းဖော်ပြကြသော်လည်း အချို့ကမူ ဤရောဂါရှာဖွေတွေ့ရှိမှုကို ကြာမြင့်စွာသိရှိထားသော်လည်း ရည်ရွယ်ချက် ဖြင့် ပြည်သူများကို လျှို့ဝှက်ထားခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

လူ့အခွင့်အရေး ရှေ့နေချုပ်၏ အကြီးတန်းအကြံပေးဖြစ်သူ တာရယ်က Ian Jaeger ၏ X ပို့စ်တစ်ခု၌ အဆိုပါအယူအဆကို ဖော်ပြခဲ့သည်။ အင်တာနက်လူမှုကွန်ရက်များတွင် လူသိများသော နိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်သည့် Jaeger က Jill Biden သည် “သမ္မတ Biden ၏ ကျန်းမာရေးပြဿနာများကို သိရှိခဲ့သော်လည်း ၎င်းအား သမ္မတအဖြစ် အရွေးခံရန် ဆက်လက်လိုလားခဲ့သည်” ဟု တိုက်ရိုက်စွပ်စွဲခဲ့သည်။

“ရောဂါရှိနေသည်ကို သိလျက်ဖြင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စေခဲ့ခြင်းသည် သက်ကြီးရွယ်အို နှိပ်စက်မှုမြောက်ပြီး ရာဇဝတ်မှုစွဲချက် တင်သင့်သည်” ဟု တာရယ်က ရေးသားခဲ့သည်။

Biden ၏ရုံးမှထုတ်ပြန်ချက်အရ သမ္မတဟောင်းနှင့်၎င်း၏မိသားစုသည် ယခုအခါ ဆရာဝန်များနှင့်အတူ ကုသမှုနည်းလမ်းများကို ပြန်လည် သုံးသပ်နေပြီဖြစ်သည်။ အရေပြားကင်ဆာမှ ယခင်က အောင်မြင်စွာ ကုသပျောက်ကင်းခဲ့ဖူးသော သမ္မတဟောင်း၏ ကျန်းမာရေး အခြေအနေ ကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတစ်ခုအတွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“သောကြာနေ့ (မေ ၁၆) တွင် ၎င်းအား Gleason score 9 (Grade Group 5) ရှိပြီး အရိုးများသို့ ပြန့်ပွားနေသော ဆီးကျိတ်ကင်ဆာရောဂါရှိကြောင်း ရောဂါရှာဖွေတွေ့ရှိခဲ့သည်” ဟု ၎င်း၏ရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ “ဤသည်မှာ ပိုမိုပြင်းထန်သော ကင်ဆာအမျိုးအစားဖြစ်သော်လည်း ဟော်မုန်းအပေါ် တုံ့ပြန်မှုရှိသော ကင်ဆာဖြစ်သည့် အတွက် ထိရောက်စွာ ကုသနိုင်မည်ဖြစ်သည်” ဟု ဆိုသည်။

(မှတ်ချက် - “Elder Abuse” ဆိုသည်မှာ သက်ကြီးရွယ်အိုများအား စိတ်ပိုင်း၊ ရုပ်ပိုင်း သို့မဟုတ် ငွေကြေးဆိုင်ရာ နှိပ်စက်ခြင်းကို ရည်ညွှန်းပါသည်။ အမေရိကန်ဥပဒေအရ ဤအမှုမျိုးတွင် တရားစွဲနိုင်သော အခြေအနေများ ရှိပါသည်။)

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ICC မှ နုတ်ထွက်မည့် ဥပဒေကြမ်း ဟန်ဂေရီ ပါလီမန် အတည်ပြု

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ ဟန်ဂေရီနိုင်ငံ နုတ်ထွက်ရန် ဥပဒေကြမ်းကို အတည်ပြုမဲခွဲခဲ့ကြောင်း ပါလီမန်၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ဖော်ပြထားပါသည်။

လွှတ်တော်အမတ် ၃ ပုံ ၂ ပုံကျော်က ယင်းဥပဒေကြမ်းကို ထောက်ခံမဲပေးခဲ့ကြပါသည်။ ယင်းဆုံးဖြတ်ချက်မတိုင်မီ ဧပြီလကုန်က ယင်းကိစ္စနှင့်ပတ်သက်၍ ပါလီမန်အတွင်း အပြင်းအထန် အငြင်းပွားမှုများ ဖြစ်ခဲ့ကြပါသည်။ ထိုအချိန်က အာဏာရ Fidesz-Hungarian Civic Union ပါတီနှင့် ခေတ္တ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီတို့က ဥပဒေကြမ်းကို ထောက်ခံခဲ့ပြီး ဆန့်ကျင်ဘက် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ကန့်ကွက်ခဲ့ပါသည်။

ဥပဒေကြမ်းကို ပါလီမန်သို့ တင်ပြရာတွင် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Péter Szijjártó က “ICC သည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းတွင် လွန်စွာ နိုင်ငံရေးသြဇာသက်ရောက်လာပြီး နိုင်ငံများက အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများတွင် ၎င်းတို့၏ရည်မှန်းချက်များအောင်မြင်ရန် အသုံးပြုလာကြသည်” ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် ဟန်ဂေရီအစိုးရအနေဖြင့် နိုင်ငံတကာဥပဒေအဖွဲ့အစည်းများတွင် နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးကိစ္စများပါဝင်သင့်ဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ငလျင်လမ်းကြောင်းတစ်လျှောက် အဆောက်အအုံများ ပြန်မဆောက်ကြရန် သတိပေး

အင်အားပြင်းငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများမှပြည်သူများအနေဖြင့် ငလျင်ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်တွင် အဆောက်အအုံများ ပြန်မဆောက်ကြရန် ငလျင်ပညာရှင်များက သတိပေးပြောကြားမှုများ ရှိသည်။ မန္တလေးငလျင်လှုပ်ခတ်ခဲ့ရာ လမ်းကြောင်းတစ်လျှောက်တွင် မြစ်၊ ချောင်း၊ ရေအိုင်နှင့် လျှိုများ ရှိနေပြီး ငလျင်လှုပ်ခတ်ပြီးနောက်မြေအောက်တွင် မည်သို့ပြောင်းလဲမှုများရှိနေသည်ကို မသိနိုင်သည့် အတွက် အဆိုပါ ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်တွင် နေအိမ်များ ပြန်လည်မဆောက်သင့်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းအဖွဲ့ဝင် ပါမောက္ခဒေါက်တာစန္ဒီချစ်ကိုက ပြောသည်။ 

“ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတွေကို ငလျင်ကြော ဖြတ်သွားသော လမ်းကြောင်းပေါ်မှာ ခွမဆောက်ကြဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုင်းပြတ်ရွေ့က ငလျင် မလှုပ်တာတောင် (၁) နှစ် ကို (၂) စင်တီမီတာလောက် ရွေ့တယ်ဆိုပြီး စာတမ်းတွေမှာ ဖော်ပြထား ပါတယ်။ ဒါ့ကြောင့် ဒီလှုပ်သွားတဲ့ ငလျင်လမ်းကြောင်းကိုတော့ မဖြစ်မနေ ရှောင်ဖို့အတွက် အကြံပြုတာပါ” ဟု ၎င်းက ဆိုသည်။

ငလျင်ပြတ်ရွေ့ပေါ်တွင် နေထိုင်ခြင်းထက် မနေထိုင်ခြင်းက ပိုမို ကောင်းမွန် ကြောင်းနှင့် အကယ်၍ မဖြစ်မနေပြန်လည်နေထိုင်မည်ဆိုပါက အဆောက် အအုံများကို ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံအဖြစ် တည်ဆောက် ရမည်ဖြစ်ကြောင်း မြေငလျင်ပညာရှင်တစ်ဦးက ပြောသည်။ “ငလျင်က လူကိုသတ်တာမဟုတ်ဘူး၊ အဆောက်အအုံက လူကိုသတ်တာဆိုတဲ့ အဆိုတစ်ခုလည်း ရှိပါတယ်။ ဒါကြောင့် ငလျင်ကြောပေါ်မှာ မဆောက် တာတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မဖြစ်မနေ ဆောက်ရတော့မယ် ဆိုရင်တော့ ငလျင်ဒဏ်ခံနိုင်အောင်နဲ့ ငလျင်ဖြစ်လာရင် ဘယ်လို ရင်ဆိုင်မယ် ဆိုတာတွေကိုပါ ကြိုတင်စီစဉ်ထားဖို့လိုပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

မန္တလေးငလျင်ကြောင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးပြတ်ရွေ့ကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပြတ်ရွေ့ကြောမှာ ကီမီတာ (၄၆၀) အထိ ရှည်လျား ကာ ရွှေဘိုဘက်မှစတင်ကာ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်ကို ဖြတ်၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ဘူမိသိပ္ပံဆိုင်ရာ ကနဦး လေ့လာတွေ့ရှိချက်များအရ သိရသည်။

weather forecast

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။  ကပ္ပလီပင်လယ်ပြင်၊  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

နောက် ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။   နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ 

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။    နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ 

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။        

Source: www.moezala.gov.mm

ဇွန်လကုန်မှာ ပထမဆုံး တာဝန်ထမ်းဆောင်တော့မယ့် တရုတ်ရဲ့ ဒရုန်းသယ်ယာဉ်

ကျိုထျန်းဆိုတာ တရုတ်လိုဆိုရင် ကောင်းကင်ပြင်ကြီးလို့ အဓိပ္ပာယ်ရပါတယ်။ ဒီနေရာမှာတော့ ကျိုထျန်းဆိုတာ ဒရုန်းများရဲ့ မိခင်ကြီးလို့ခေါ်ဆိုရမှာပါ။  ဘာကြောင့်လဲဆိုရင် အဲဒီဒရုန်းများရဲ့မိခင်ကြီးက ဒရုန်းငယ်လေးတွေကို သယ်ဆောင်ပြီး သတ်မှတ်နေရာအရောက်မှာ အဲဒီဒရုန်းတွေကို ပစ်လွှတ်နိုင်မယ့်စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။

ကျိုထျန်းလို့ နာမည်ပေးထားတဲ့ အမြင့်ပျံတာဝေးမောင်းသူမဲ့လေယာဉ်တစ်မျိုးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက    တရုတ်နိုင်ငံ ကျူဟိုင်းမြို့မှာလုပ်တဲ့လေကြောင်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့တာ တွေ့ရပါတယ်။သူက အမြင့်ပေ ၅၀၀၀၀ ကနေပြီး မိုင်ပေါင်း ၄၃၅၀ အထိပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ ဂျက်အင်ဂျင် စွမ်းရည်သုံးဒရုန်းများရဲ့မိခင်ကြီးက ခဲယမ်းနဲ့ဒရုန်း အလေးချိန်စုစုပေါင်း ၆ တန်အထိကိုတင်ဆောင်နိုင်ပါသေးတယ်။ သူ့ရဲ့ပျံတက်ချိန်အမြင့်ဆုံး အလေးချိန် ကတော့ ၁၆ တန်အထိရှိပါတယ်။ တောင်ပံအလျား က ၂၅ မီတာရှိတဲ့အပြင် လက်ရှိကမ္ဘာတစ်ဝန်းအသုံးပြုနေတဲ့ တာလတ်ပစ်လေကြောင်းရန် ကာကွယ်ရေး စနစ်အများအပြားရဲ့ အပေါ်ကနေ ပျံသန်းနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ကြီးမားလှတဲ့ ကိုယ်ထည်ကြောင့်လည်း အသေခံဒရုန်းများအပါအဝင် ဒရုန်းအစင်းရေပေါင်း ၁၀၀ အထိကိုတင်ဆောင်နိုင်ကာ သူ့ရဲ့ဝမ်းဗိုက်တစ်ဖက်တစ်ချက်စီကနေ အဲဒီဒရုန်းတွေကို ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။

တကယ်လို့သာ  အဲဒီဒရုန်းကို လက်တွေ့အသုံးပြုလိုက်မယ်ဆိုရင် ကျိုထျန်းက  တရုတ်တပ်မတော်ရဲ့ ဒရုန်းစွမ်းရည်ကို ပိုမိုတိုးတက်စေမှာအမှန်ပါပဲ။ အဲဒီထဲမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ အကြီးစားဒရုန်းတွေလည်း ပါဝင်ဦးမှာဖြစ်တဲ့အတွက် ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကောင်းစွာထိုးဖောက်ဝင်ရောက်ကာ စစ်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လေယာဉ်တောင်ပံအောက်က လက်နက်ချိတ်ဆွဲနိုင်တဲ့ နေရာရှစ်ခုမှာ အကြီးစားလက်နက်တွေကို တပ်ဆင်နိုင်မှာဖြစ်ပြီး ကင်းထောက်ခြင်း၊ ထောက် လှမ်းရေးလုပ်ငန်းနဲ့  အီလက်ထရွန်နစ် စစ်ဆင်ရေး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်နိုင်မှာပါ။

အခုဆိုရင် ကျိုထျန်းအနေနဲ့ သူ့ရဲ့ပထမဆုံးသော စစ်ဆင်ရေးတာဝန်ကို ဇွန်လကုန်ပိုင်းမှာ စတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ ဒါဟာ ဒရုန်းများရဲ့မိခင်ကြီးကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှာ ဖြန့်ကြက်အသုံးမပြုမီ လုပ်ဆောင်မယ့် အမျိုးမျိုးသော စမ်းသပ်မှုများအနက် ပထမဆုံးသော စမ်းသပ်မှုလည်းဖြစ်ပါတယ်။

ခေတ်သစ်စစ်ပွဲနဲ့ အချိုးမညီစစ်ပွဲတွေမှာ ဒရုန်းများ ရဲ့စွမ်းဆောင်ရည်က အင်မတန်အရေးကြီးလာတာကြောင့် တရုတ်နိုင်ငံအနေနဲ့ နောက်ဆုံးပေါ်နည်း ပညာနဲ့အတူ ပိုမိုတီထွင်ဆန်းသစ်မှုရှိတဲ့ ဒရုန်းတွေ ကို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်ထုတ်လုပ် လာနေခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ CH-7 လိုမျိုးကိုယ်ပျောက် တိုက်ခိုက်ရေးဒရုန်းနဲ့ Wing Loong-X လိုမျိုး ရေငုပ်သင်္ဘောဖျက် ဒရုန်းများကဲ့သို့ အဆင့်မြင့်မားလှတဲ့ဒရုန်း များစွာရှိပါတယ်။ အခုတော့ကျိုထျန်း သည်လည်း အဲဒီလိုအဆင့်မြင့်ဒရုန်းများစာရင်းမှာ ဝင်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။   ။

နည်းပညာ

တံတားဦးမြို့နယ်တွင် တောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ်တွင် တောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ထုတ်ချေး ပေးလျက်ရှိကြောင်းသိရသည် ။

ထိုသို့ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ်ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည် ။ ၂၀၂၅ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင် အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများကိုသာ မိုးရာသီစိုက်ပျိုးချိန်အမီ  စတင်ထုတ်ချေးပေးကြောင်း ယခင်နှစ်အတိုင်း တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ထုတ်ချေးပေး ကြောင်းလည်း သိရသည် ။

ထို့နောက် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက တောင်သူများအား ယခုနှစ် မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးမည့်အစီအစဉ်များနှင့် ချေးငွေများ ပြန်လည်ပေးသွင်းရမည့် ကာလအတွင်း ကြွေးကျန်မရှိစေရေး ချေးငွေရယူလိုသည့်တောင်သူများအနေဖြင့်စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းကျပ်၊ အခြားသီးနှံများအတွက်  တစ်ဧကလျှင် တစ်သိန်းနှုန်းကျပ် ချေးယူနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မေလ ၂၀ ရက်နေ့တွင် ကျပ်ပြင် ကျေးရွာအုပ်စု မှ တောင်သူ(၇၈)ဦး ၊ ဧကပေါင်းအတွက် (၄၃၀)ဧကအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်း(၄၃၀)ကို တောင်သူများလက်ဝယ်အရောက် ချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း ကျန်ရှိသည့် ကျေးရွာအုပ်စုများနှင့် ကျေးရွာများကိုလည်း ထုတ်ချေးရေးကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ 

ပေးပို့သူ-  ဦးရဲတင့်(ပြန်/ဆက်)