သတင်းများ

Miss World 2025 ဘွဲ့ကို ထိုင်းနိုင်ငံမှ Opal Suchata Chuangsri ဆွတ်ခူး ရရှိ

ယခုနှစ် နိုင်ငံတကာအလှမယ်ပြိုင်ပွဲကို စနေနေ့ (ဇွန် ၃၁) တွင် အိန္ဒိယ နိုင်ငံ၌ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံမှ Opal Suchata Chuangsri က Miss World 2025 သရဖူကို ဆွတ်ခူးနိုင်ခဲ့သည်။

Chuangsri သည် Hyderabad မြို့တွင် ကျင်းပသော နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ် ၁၀၈ ဦးအနက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး အီသီယိုးပီးယား မှ Hasset Dereje Admassu က ဒုတိယရရှိခဲ့ပြီး Miss World 2024 Krystyna Pyszková က Chuangsri အား သရဖူချီးမြှင့်ပေးခဲ့သည်။

၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် Miss World ဆုရှင် Stephanie del Valle နှင့် အိန္ဒိယအစီအစဉ်တင်ဆက်သူ Sachiin Kumbhar တို့က ဦးဆောင်ကျင်းပခဲ့သည်။

အိန္ဒိယသည် ၂၀၂၄ ခုနှစ် တွင်လည်း အဆိုပါပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ဆက်လက်လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ ကိုယ်စားပြု Nandini Gupta သည် ဆန်ခါတင် ၂၀ ဦး စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဆုမရရှိခဲ့ပေ။

Miss World ဘွဲ့ကို အိန္ဒိယမှ ၆ ကြိမ် ရရှိခဲ့ဖူးပြီး Reita Faria (1966), Aishwarya Rai (1994), Diana Hayden (1997), Yukta Mookhey (1999), Priyanka Chopra (2000) နှင့် Manushi Chhillar (2017) တို့ ပါဝင်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

weather forecast

၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန်တွင် ထုတ်ပြန်ချက်

၁။      ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ကို ဖြတ်ကျော်ခဲ့သော လေဖိအားနည်းရပ်ဝန်း၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း ယနေ့ညနေမှ ၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေး နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်သတိပေး နှိုးဆော်အပ်ပါသည်။  

မိုးဇလ

ယူကေတွင် တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်မည်

ယူကေတွင် တနင်္ဂနွေနေ့ (ဇွန် ၁) မှစ၍ တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် “ပတ်ဝန်းကျင် အိပ်မက်ဆိုး” ဟုခေါ်ဆိုနိုင်သော တစ်ခါသုံးပစ္စည်းများကို ကိုင်တွယ် ဖြေရှင်းသည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခြင်းခံရမည်ဖြစ်သည်။

သို့သော် အချို့သော တက်ကြွလှုပ်ရှားသူများက အဆိုပါ ကန့်သတ်မှု အသစ်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို တိုက်ဖျက်ရာတွင် “သမုဒ္ဒရာထဲက ရေတစ်စက်” သာဖြစ်ကြောင်း သတိပေးထားသည်။

အဆိုပါတားမြစ်မှုဖြင့် ယူကေသည် ပြင်သစ်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံများ ပြီးလျှင် တစ်ခါသုံးအီးစီးကရက်များကို ဥပဒေဖြင့်တားမြစ်သည့် ဥရောပ ၏ ပထမဆုံးနိုင်ငံများထဲတွင် ပါဝင်လာမည်ဖြစ်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Material Focus မှ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခုအရ ယူကေတွင် တစ်ပတ်လျှင် တစ်ခါသုံး အီးစီးကရက် ၈.၂ သန်းခန့် (စက္ကန့်တိုင်း ၁၃ လုံးနှုန်း) စွန့်ပစ်ခံနေရသည် ဟု ခန့်မှန်းထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယူကရိန်းဝန်ကြီးချုပ်ဟောင်းအား မော်စကိုက Academician အဖြစ် ရွေးချယ်တင်မြှောက်

ယူကရိန်းဝန်ကြီးချုပ်ဟောင်း Nikolay Azarov ကို ရုရှား၏ အဆင့်မြင့် သိပ္ပံအဖွဲ့အစည်း (RAS) မှ Academician အဖြစ် ရွေးချယ်တင်မြှောက် လိုက်ကြောင်း ကြေညာခဲ့သည်။

ဘူမိဗေဒဖြင့် ပါရဂူဘွဲ့ရပြီး Donetsk အမျိုးသားနည်းပညာ တက္ကသိုလ် တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Azarov သည် ၂၀၁၀ ပြည့်နှစ် မှ ၂၀၁၄ ခုနှစ်အထိ ယူကရိန်းအစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။၎င်းသည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အနောက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ဖြစ်ပွားခဲ့သော Euromaidan ဆန္ဒပြမှု များကြောင့် နုတ်ထွက်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသော သမ္မတ Viktor Yanukovich အား ဖယ်ရှားခံရပြီးနောက် ရုရှားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ရုရှားသိပ္ပံအကယ်ဒမီက သောကြာနေ့ (မေ ၃၀) တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Azarov နှင့်အတူ နိုင်ငံခြားသား ၃၉ ဦးအပါအဝင် စုစုပေါင်း ၈၅ ဦးအား Academician အဖြစ် ရွေးချယ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ RAS အဖွဲ့ဝင် ၅၂၁ ဦးက Azarov ၏ အမည်စာရင်းကို ထောက်ခံ မဲပေးခဲ့ကြသည်။

Azarov သည် ဘူမိဗေဒဌာန (Department of Earth Sciences) တွင် Academician အဖြစ် ရွေးချယ်ခံရပြီး ၎င်း၏ ၀ါသနာသည် သတ္တု တူးဖော်ရေးသိပ္ပံ (mining sciences) ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

RAS အဆိုအရ သိပ္ပံစာတမ်း ၁၀၀ ကျော်ရေးသားခဲ့သူ Azarov သည် မာကျောသောသတ္တုအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွင်း ကမ္ဘာ့မြေအနက်ပိုင်း၏ စက်မှုဆိုင်ရာ ပြောင်းလဲမှုသီအိုရီ (rational industry - related transformation of Earth’s depth) တွင် အရေးပါသော ပံ့ပိုး မှုများ ပြုခဲ့သည်ဟု ဆိုသည်။

ကိုးကား- RT

ထရမ့်၏ အေဂျင်စီအချို့တွင် ဝန်ထမ်းအများအပြားအား အလုပ် ထုတ်ပယ်မှုများကို ဆိုင်းငံ့ထားရန် အယူခံတရားရုံးက ဆုံးဖြတ်

သမ္မတ ဒေါ်နယ်ထရမ့်၏ အေဂျင်စီများစွာတွင် အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပယ်မှုဆိုင်ရာ ညွှန်ကြားချက်များကို ဆိုင်းငံ့ထားရန် အယူခံ တရားရုံးက သောကြာနေ့ (မေ ၃၀) ညနေပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

ဒေါ်နယ်ထရမ့်အစိုးရသည် အေဂျင်စီပေါင်း ဒါဇင်ကျော်တွင် အလုပ် ထုတ်ပယ်မှုများကို ရပ်တန့်ထားသည့် အောက်တရားရုံး၏ အမိန့်ကို ဆိုင်းငံ့ပေးရန် US 9th Circuit Court of Appeals သို့ တောင်းဆိုခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် ဖက်ဒရယ်အစိုးရအဖွဲ့အစည်းကို ကြီးမားစွာ လျှော့ချရန် ထရမ့်၏ ကြိုးပမ်းမှုများအတွက် အဓိကအတားအဆီးတစ်ခုဖြစ်သည်။ RIFs (reductions in force) ဟုခေါ်သော အစုလိုက် အပြုံလိုက် အလုပ်ထုတ်ပယ်မှုဆိုင်ရာ အစီအစဉ်များကို US District Judge Susan Illston က လွှတ်တော်ခွင့်ပြုချက်မရှိဘဲ ဖက်ဒရယ် အေဂျင်စီများကို ထိုကဲ့သို့သော ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်နိုင်ဟု မေလ ၉ ရက်တွင် ဆုံးဖြတ်ပြီးနောက် ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။

၂-၁ မဲဖြင့် ဆုံးဖြတ်သည့် 9th Circuit အဖွဲ့က အဆိုပါအမှုတွင် အငြင်းပွားမှုဖြစ်နေသော ထရမ့်၏ အမိန့်စာအား “ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ ကြီးကြပ်ရေးအာဏာကို သိသိသာသာ ကျော်လွန်နေသည်” ဟု ပြောကြား ခဲ့သည်။

“အများစုက အလုပ်ထုတ်ပယ်မှုများသည် တရားမဝင်ကြောင်း” စွပ်စွဲသည့် တရားစွဲဆိုသူများ၏ အကြောင်းပြချက်များက အောင်မြင်နိုင်ခြေရှိပြီး အစိုးရက အရေးပေါ်အယူခံဝင်ရောက်စွက်ဖက်ရန် လိုအပ်သော အချက် အလက်များကို ဖြည့်ဆည်းနိုင်ဖွယ်မရှိကြောင်း အများစုက ကောက်ချက် ချခဲ့သည်။ 

Trump သည် တရားရုံးချုပ်အား အမှုတွင်ပါဝင်ဆုံးဖြတ်ပေးရန် တစ်ချိန်က တောင်းဆိုခဲ့ပြီး (ကနဦးတွင် တုံ့ပြန်မှုမရှိခဲ့ပါ) အဆိုပါအငြင်းပွားမှုသည် နောက်ဆုံးတွင် အမြင့်ဆုံးတရားရုံးသို့ ပြန်လည်ရောက်ရှိလာနိုင်သည်ဟု ယူဆရသည်။

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။

မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။

ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

Source: Popular Myanmar

ရာသီဥတုပြောင်းလဲမှုအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် ပစိဖိတ်ကျွန်း နိုင်ငံများအား ထောက်ပံ့မည်ဟု တရုတ်နိုင်ငံ ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ပစိဖိတ်ကျွန်းနိုင်ငံများအား ဆက်လက် ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် ပစိဖိတ်ဒေသအပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် ရည်ရွယ်ထားပြီး ကမ္ဘာကြီး ပူနွေးလာမှု အပေါ် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ကီရီဘာတီ၊ ဆော်လမွန် ကျွန်းစုနှင့် နော်ရူး အပါအဝင် ပစိဖိတ်ကျွန်းနိုင်ငံ ၁၁ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်ရှိ Xiamen မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါတွေ့ဆုံမှုအပြီး မေလ ၂၉ ရက်တွင် ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

ထိုကြေညာချက်တွင် ကုန်သွယ်မှုဆက်ဆံရေးအား တိုးမြှင့်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုသည် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အစိုးရ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ကွဲပြားနေသည်။ ထရမ့်အစိုးရ သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး ပစိဖိတ်ဒေသရှိ အမေရိကန်၏ အကူအညီအထောက်အပံ့အချို့ကို ရပ်ဆိုင်းခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝှမ်း ရှိ နိုင်ငံများတွင် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

ကိုးကား-NHK

ဘာသာပြန်ဆိုသူ -ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ပြင်သစ်နိုင်ငံက သေခြင်းတရားဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းကို အတည်ပြု

ပြင်သစ်နိုင်ငံ၏ အောက်လွှတ်တော်သည် ကက်သလစ်ဓလေ့ ထုံးစံ ပြင်းထန်သော နိုင်ငံတစ်နိုင်ငံတွင် နက်ရှိုင်းသော အမြင်မတူညီမှုများ ကြားမှ အဆုံးသတ်ရောဂါခံစားနေရသော အသက်အရွယ်ကြီးရင့်သူများ အတွက် ဆေးဝါး အကူအညီဖြင့် သေဆုံးခွင့်ကို တရားဝင်ခွင့်ပြုသည့် အငြင်းပွားဖွယ် ဥပဒေကြမ်းကို အတည်ပြုလိုက်ပါသည်။

အမျိုးသားလွှတ်တော်က ယင်းအဆိုကို ထောက်ခံမဲ ၃၀၅ မဲ ၊ ကန့်ကွက်မဲ ၁၉၉ မဲဖြင့် ထောက်ခံအတည်ပြုခဲ့ပြီး ၎င်းကို သမ္မတ အီမန်နူရယ် မက်ခရွန်က ထောက်ခံထားသည်။ ယခုအဆိုသည် ဆီးနိတ် လွှတ်တော်သို့ဆက်လက်တင်သွင်းမည်ဖြစ်ပြီး နောက်ဆုံးတွင် အောက်လွှတ်တော်၌ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးရန် ရှိသည်။ ထောက်ခံသူများက ၂၀၂၇ ခုနှစ်မတိုင်မီ အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ရန် မျှော်လင့်ထားသည်။

လက်ရှိပြင်သစ်နိုင်ငံတွင် အသက်ရှင်ရပ်တည်ရေး ကုသမှုစနစ်များ ရုပ်သိမ်းခြင်း (Passive Euthanasia) နှင့် ညင်သာစွာ သေဆုံးစေနိုင်သည့် ဆေးဝါးများပေးခြင်း (Deep Sedation) ကို ခွင့်ပြုထားသည်။

အဆိုပါ ဥပဒေကြမ်းအရ လူနာများသည် အဆုံးစီရင်နိုင်သော ဆေးဝါး များကို တောင်းဆိုနိုင်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် သောက်သုံးနိုင်သည် (သို့မဟုတ်) ကိုယ်ခန္ဓာမစွမ်းနိုင်ပါက ဆရာဝန် သို့မဟုတ် သူနာပြုမှ အကူအညီပေးနိုင်သည်။ ယင်းအခွင့်အရေးအတွက် အသက် ၁၈ နှစ်ပြည့်ပြီး ပြင်သစ်နိုင်ငံသား သို့မဟုတ် နေထိုင်ခွင့်ရသူဖြစ်ရမည့်အပြင် ပြန်လည်ကုသ၍မရနိုင်သော၊ အဆင့်သတ်မှတ်ချက်မြင့်မားသည့်ရောဂါ သို့မဟုတ် အဆုံးသတ်ရောဂါကြောင့် ပြင်းထန်သောနာကျင်မှုကို ခံစား နေရသူ ဖြစ်ရမည်။ အယ်လ်ဇိုင်းမားကဲ့သို့သော စိတ်ရောဂါ ပြင်းထန် သူများ သို့မဟုတ် အာရုံကြောယိုယွင်းရောဂါရှိသူများသည် အဆိုပါ အစီအစဉ်အတွက် အကျုံးမဝင်ပေ။

ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့က တစ်ဦးချင်းစီ၏ အခြေအနေကို အကဲဖြတ်မည်ဖြစ်ပြီး စဉ်းစားဆင်ခြင်ရန် ကာလအပြီးတွင် လူနာသည် အိမ်၊ စောင့်ရှောက်ရေးနေရာ သို့မဟုတ် ဆေးရုံတွင် ဆေးဝါးကို ရရှိနိုင် မည်ဖြစ်သည်။

အစိုးရက အဆိုပါဥပဒေကြမ်းကို “နာမကျန်းသူများနှင့် ဝေဒနာ ခံစား နေရသူများအား ပံ့ပိုးရန် လိုအပ်ချက်အတွက် ကျင့်ဝတ်နှင့်ညီသောတုံ့ပြန်မှု” အဖြစ် ဖော်ပြခဲ့ပြီး ၎င်းကို “အခွင့်အရေးအသစ် သို့မဟုတ် လွတ်လပ်ခွင့်တစ်ခု မဟုတ်ဘဲ လေးစားမှုနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တို့ကြား ဟန်ချက်ညီမှု” ဟု ရည်ညွှန်းခဲ့သည်။ သမ္မတ မက်ခရွန် က အဆိုပါ မဲပေးမှုကို ဘဝအဆုံးသတ်ခြင်းတွင် လူသားချင်း စာနာထောက်ထားမှုရှိသော ချဉ်းကပ်မှုဆီသို့ “အရေးပါသောခြေလှမ်း” တစ်ခု အဖြစ် ဂုဏ်ပြုခဲ့သည်။

သို့သော် ဝေဖန်သူများက အဆိုပါဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် များသည် ကျယ်ပြန့်လွန်းပြီး နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သည့် လူနာများကိုပါ အဆုံးစီရင်မှုကို အလွယ်တကူခွင့်ပြုနိုင်ကြောင်း သတိပေးခဲ့သည်။ အချို့က အဆိုပါဥပဒေသည် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိခိုက်စေပြီး စောင့်ရှောက်မှုစံနှုန်းများ ကျဆင်းကာ အားနည်းသူများကို အသက်စွန့်ရန် ဖိအားပေးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု စိုးရိမ်နေ ကြသည်။

မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော် မေ ၂၉

မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ဒုတိယအကြိမ်မြောက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေများ လက်ခံသည်။

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70516

တရုတ်လူမျိုး ပါရာဂလိုက်ဒါတစ်ဦး အောက်ဆီဂျင်မပါဘဲ မိုးကုပ် စက်ဝိုင်း နီးပါးအထိ မတော်တဆ ပျံတက်သွားခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်

တရုတ်ပါရာဂလိုက်ဒါ ပန်းယူကျန့် သည် စနေနေ့ (မေ ၂၄) က ကီလီယန်း (Qilian)တောင်တန်း (Gansu ပြည်နယ်) အထက် ရုတ်တရက် ပြင်းထန်သော လေပြင်းတိုက်ခတ်မှုကြောင့် မိုးကုပ်စက်ဝိုင်းနီးပါးအထိ မတော်တဆ ပျံတက်သွားခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ကာ ကံကောင်းစွာ မြေပြင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

သတင်းများအရ ၎င်းသည် အောက်ဆီဂျင်မပါဘဲ ၈,၅၉၈ မီတာ (ပေ ၂၈,၂၀၈ ခန့်) အမြင့်အထိ ပျံသန်းခဲ့ရသည်။ တရုတ်အစိုးရမီဒီယာများမှ ဖြန့်ဝေသည့် အပျော်တမ်းဗီဒီယိုတွင် ပန်းယူကျန့်၏ မျက်နှာနှင့် အဝတ်အစားများ ရေခဲများဖြင့် ဖုံးလွှမ်းနေပြီး တိမ်ထဲ၌ မျောပါနေပုံကို တွေ့ရသည်။

“ကျွန်တော်က အသုံးပြုပြီးသား ပါရာဂလိုက်ဒါ ခါးပတ်ကို ဝယ်ထားတော့ စမ်းကြည့်ချင်လို့ မြေပြင်မှာ ပါရာရှိတ်လှုပ်တဲ့ လေ့ကျင့်မှုလုပ်နေတာပါ။ ခဏကြာတော့ လေတွေရုတ်တရက် ပြင်းလာပြီး ကျွန်တော့်ကို လေထဲ ပင့်တင်သွားတယ်။ မြန်မြန်ဆန်ဆန် ဆင်းဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး” ဟု ပန်းယူကျန့်က တရုတ်အစိုးရရုပ်သံ CCTV သို့ အင်္ဂါနေ့ (မေ ၂၇) က ပြောကြားခဲ့သည်။

(မှတ်ချက် - ပါရာရှိတ်လှုပ်သည် ဆိုသည်မှာ ပါရာရှိတ်အိတ်ကို လေဖြင့် ဖောင်းစေရန် မြေပြင်မှ လှုပ်ခါသည့် အစပျိုးလေ့ကျင့်မှုကို ရည်ညွှန်းပါသည်။)