သတင်းများ

17 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်နက်အားကိုးဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။ 
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်ပင်အေးကျေးရွာရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနရုံး၌ လက်ထောက်ကျန်းမာရေးမှူး-၂ ဦးခင်မောင်စိုး(၄၆)နှစ်နှင့် ဝန်ထမ်း သုံးဦးတို့ ရှိနေစဉ် သေနတ်များ ကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်(စိစစ်ဆဲ)က ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါရုံးရှိ ဌာနပိုင် 59W-XXXX HONDA DREAM 125 ဆိုင်ကယ် တစ်စီး၊ 64W-XXXX TVS 110 ဆိုင်ကယ် တစ်စီးနှင့် Samsung Tablet သုံးလုံးတို့အား ခြိမ်းခြောက်ယူဆောင်ကာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနရုံးအတွင်း ဝင်ရောက်၍ ဌာနပိုင် ဆိုင်ကယ် နှစ်စီးနှင့် Samsung Tablet သုံးလုံးတို့အား ခြိမ်းခြောက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

15 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သိရိမင်္ဂလာရပ်၌ Grade-12 တက္ကသိုလ်ဝင် စာမေးပွဲအား ပြန်လည်ဖြေဆိုရန် ရောက်ရှိတည်းခိုနေသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူ ကိုးဦးအနက် မညဥ-၆၃၂ မခင်သက်ထား၊ မညဥ-၆၃၅ မဂျူးဂျူးစုလှိုင်၊ မညဥ-၆၃၆ မတိုးအိဝေ၊ မညဥ-၆၃၇ မယမင်းသူ၊ မညဥ-၆၃၈ မမြမြသက်၊ မညဥ-၆၃၉ မောင်ချမ်းမြေ့အောင်တို့ ခြောက်ဦး(ကျောင်းသား တစ်ဦး၊ ကျောင်းသူ ငါးဦး)တို့၏မိဘများအား PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်မှုကြောင့် ပြန်လည်ခေါ်ဆောင်သွားကြောင်းနှင့် ကျန်ရှိသည့် မညဥ-၆၃၁ မောင်အာကာချမ်းမြေ့ကျော်၊ မညဥ-၆၃၃ မောင်ထွန်းနိုင်လင်း၊ မညဥ-၆၃၄ မောင်တင်ဦးလှိုင်တို့ သုံးဦးအား ၎င်းတို့၏မိဘများမှ လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကျောင်းသား/ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

16 June 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ စဝ်စံထွန်းဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဦးအိုက်စံထွန်း(၂၆)နှစ်သည် အင်တောမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ တောအတွင်း အလုပ်လုပ်ကိုင်နေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်ခြင်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ လယ်ဘဲ့ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းရှိ ဆရာ/ဆရာမများ နားနေဆောင် တံခါးဝအနီး၌ A4 စာရွက်ပေါ်၌ ခြိမ်းခြောက်စာများ ရေးသားထားသည့် စာတစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် အဆိုပါကျောင်း၌ ကျောင်းဆရာ/ဆရာမ ၂၉ ဦး၊ ကျောင်းသား/ကျောင်းသူ ၄၉၃ ဦးရှိပြီး ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်း၌ ခြိမ်းခြောက်စာကပ်၍ အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အီရန်ကို အစ္စရေးဘက်က စတင်တိုက်ခိုက်မှု SCO က အပြစ်တင်ရှုတ်ချ

ပေကျင်း၊ ပဋိပက္ခ

အီရန်နိုင်ငံအပေါ် အစ္စရေးဘက်ကစ၍ တိုက်ခိုက်မှုကို ရှန်ဟိုင်းပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (SCO) က အပြစ်တင်ရှုတ်ချကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများပိုမိုမြင့်တက်လာစေမည့် အခြေအနေနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေး၏တိုက်ခိုက်မှုသည် အီရန်ရှိအရပ်ဘက်ပစ်မှတ်များအပေါ်ကျရောက်ကြောင်း၊ ယင်းအတွက်ကြောင့် အရပ်သား ပြည်သူများစွာ သေဆုံးရကြောင်း၊ ထိုသို့ သောလုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်တို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် အီရန်နိုင်ငံ၏ အချုပ်အခြာ အာဏာကိုထိပါးစေကာ ဒေသတွင်းနှင့်နိုင်ငံတကာလုံခြုံရေးကိုပျက်စီးစေနိုင်ကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကိုထိပါးလာစေနိုင်ကြောင်း SCO အဖွဲ့၏ ဖြစ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

SCO အဖွဲ့ဝင်နိုင်ငံများက အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းတို့ဖြင့်သာ အဖြေရှာသွားရန် အကြံပြုကြောင်းနှင့် အီရန်နိုင်ငံ၏ဆုံးရှုံးမှုများအတွက် စိတ်မကောင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref. SCO News

Photo - The Wire

အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်၏ မြို့တော် တီဟီရန်အနီးတွင် ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် အနည်းဆုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက အတည်ပြုထုတ်ပြန်ခဲ့သော်လည်း အီရန်ဘက် မည်သည့်မှတ်ချက်မျှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။ 

အပြည့်အစုံဖတ်ရှုရန်- https://sacministry.gov.mm/my/subject/7091

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာကျေးရွာနေ ဦးဇော်မျိုးဝင်း(၃၈)နှစ်သည် မြိုင်သာကျေးရွာအရှေ့ဘက်ရှိ လယ်ကွင်းများအနီး နွားကျောင်းနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

15 June 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာကျေးရွာနေ ဦးဇော်မျိုးဝင်း(၃၈)နှစ်သည် မြိုင်သာကျေးရွာအရှေ့ဘက်ရှိ လယ်ကွင်းများအနီး နွားကျောင်းနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်၏ မြေအောက် နျူကလီးယား စက်ရုံများကို ဖျက်ဆီးရန် ကြိုးပမ်းပါက ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဟု လေ့လာမှုတစ်ခုကဆိုသည်

သောကြာ (ဇွန် ၁၃) နေ့မှစတင်ကာ အစ္စရေးတပ်များက အီရန် စစ်ရေး အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်မှုများတွင် နျူကလီးယား စက်ရုံများလည်း ပါဝင်ခဲ့ပြီး ယင်းဖြစ်စဉ်က အီရန်၏နျူကလီးယားစီမံကိန်းကို အပြီးတိုင်ဖျက်ဆီးနိုင်ဖွယ်ရှိ၊မရှိ မေးခွန်းများကို ပြန်လည် အသက်ဝင်စေခဲ့ပြီး Royal United Services Institute ၏ မတ်လအတွင်း အစီရင်ခံစာအရ ယင်းကဲ့သို့ပြုလုပ်ရန် မလွယ်ကူကြောင်း ဖော်ပြထားသည်။

အီရန်၏ အဓိကနျူကလီးယား လောင်စာချက်လုပ်ရေးစက်ရုံများသည် ရည်ရွယ်ချက်ရှိရှိ မြေအောက်နက်ရှိုင်းစွာတည်ဆောက်ထားသောကြောင့်ယင်းတို့ကို ထိုးဖောက်ရန် အတော်အတန်များပြားသည့် လက်နက်အင်အားနှင့် အမေရိကန်၏ အကူအညီလိုအပ်မည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်သည့်တိုင် အခက်အခဲများရှိနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

အစီရင်ခံစာက သတိပေးထားသည်မှာ ယင်းကဲ့သို့သော အခက်အခဲများ နှင့် ရန်စမှုပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် ပဋိပက္ခ အရှိန်မြင့်တက် လာနိုင်သည့် အန္တရာယ်တို့ကြောင့် အဏုမြူသန့်စင်ရေးစက်ရုံများကို တိုက်ခိုက်မှုသည် နောက်ဆုံးရွေးချယ်စရာအဖြစ်သာ ရှိနေသင့်သည် ဟူ၍ ဖြစ်သည်။

အစ္စရေး၏တိုက်ခိုက်မှုများတွင် Natanz ရှိ အဓိက အဏုမြူ သန့်စင်ရေး စက်ရုံပါဝင်သော်လည်း အစ္စရေး၏လက်နက်များက မြေအောက်တွင် တည်ဆောက်ထားသည့် စက်ရုံအား မည်မျှထိရောက်စွာ ပစ်ခတ်နိုင်မည် ကို မသိရသေးပေ။

Natanz ရှိ မြေအောက်အဏုမြူသန့်စင်ရေးစက်ရုံများသည် မည်မျှ နက်ရှိုင်းစွာတည်ရှိသည်ကို တိကျစွာမသိရသော်လည်း အချို့ခန့်မှန်းချက် များအရ ၈ မီတာ (ပေ ၂၆) နက်ရှိုင်းကြောင်း ဖော်ပြထားသည်။ 

မြေမျက်နှာသွင်ပြင်အောက်တွင် မာကျောသည့်ကွန်ကရစ်များ မည်မျှ ပါဝင်သည်နှင့် မြေဆီလွှာ၏ဖွဲ့စည်းပုံပေါ်မူတည်၍ အစ္စရေးတွင် ၆ မီတာ အနက်အထိ ထိုးဖောက်နိုင်သည့် ဗုံးများသာရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

အီရန်၏ ဒုတိယအရေးကြီးဆုံး အဏုမြူသန့်စင်ရေးစက်ရုံဖြစ်သည့် Fordow စက်ရုံမှာ ပို၍နက်ရှိုင်းသောအနက်တွင် တည်ရှိသည်ဟု ယူဆရသည်။

Fordow စက်ရုံ၏အနက်ကို တိကျစွာမသိရသော်လည်း ခန့်မှန်းချက် များအရ ၈၀ မှ ၉၀ မီတာ (၂၆၂ မှ ၂၉၅ ပေ) အထိနက်ရှိုင်းကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်၏ GBU-57 ကြီးမားသည့် ထိုးဖောက်နိုင်သောဗုံးများဖြင့်ပင် ယင်းအနက်ကို မထိရောက်နိုင်ဘဲ (GBU-57 ဗုံးများသည် မီတာ ၆၀ ခန့်သာ ထိုးဖောက်နိုင်သည်) ထိုထက် ပိုမိုပြင်းအားရှိသော ဗုံးများဖြင့်တိုက်ခိုက်မှသာ ထိရောက်မည်ဖြစ်သည်။

ထို့အပြင် GBU-57 ဗုံးများကို အမေရိကန်လေတပ်၏ B-2 ဗုံးကြဲ လေယာဉ်ကြီးများမှသာ သယ်ဆောင်တိုက်ခိုက်နိုင်ပြီး အမေရိကန်က ဗုံးများ ပေးအပ်သည့်တိုင်အောင် အစ္စရေးတွင် ယင်းကဲ့သို့သော လေယာဉ် မျိုး မရှိပေ။

အစီရင်ခံစာအရ အကြီးဆုံးဗုံးများဖြင့်ပင် အီရန်တွင် ခုခံကာကွယ်နိုင်သည့် အခြားနည်းလမ်းများရှိနေသေးကြောင်းသိရှိရပါသည်။ 

ပြင်းထန်သော ပေါက်ကွဲမှုဒဏ်ခံနိုင်သည့် ထူထဲသည့်တံခါးများ၊ အကာအကွယ်များ၊ မြွေလိမ်မြွေကောက် နက်ရှိုင်းစွာ ဆောက်လုပ်ထားသည့် စနစ်များအရ အီရန်၏ အဏုမြူသန့်စင်ရေးစက်ရုံများကို ဖျက်ဆီးနိုင်ရန် များစွာခက်ခဲမည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ကိုးကား- CNN

Photo: Foreign Policy

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူ များကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အောင်သပြေရပ်နေ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင်(၂၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က သေနတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင်အား နောက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
 အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသူအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မော်လ်ဒိုဗာသည် EU လိုလားသော ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေသည်ဟု အတိုက်အခံပါလီမန်အမတ်ပြောဆို

မော်လ်ဒိုဗာနိုင်ငံရှိ အတိုက်အခံပါတီ ဝါရင့်အမတ်တစ်ဦးက တနင်္ဂနွေ နေ့ (ဇွန် ၁၅) က Chisinau တွင် ကျင်းပခဲ့သော LGBTQ ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့နှင့် အော်သိုဒေါက်ခရစ်ယာန်ဆန္ဒပြသူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အလွန်အံ့အား သင့်ကြောင်း ပြောကြားခဲ့သည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများ အရ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းသည့်ပုံများ၊အော်သိုဒေါက်ဘုန်းတော်ကြီးတစ်ပါး မြေပြင်သို့ လဲကျသည်အထိ အကြမ်းဖက်ခံရပုံနှင့် ကလေးငယ်တစ်ဦးပါသည့် အမျိုးသားတစ်ဦးအား အတင်းအကျပ်ဖမ်းဆီးခံရပုံများ ပါဝင်နေသည်။

“ယနေ့ Chisinau တွင် ဖြစ်ပျက်ခဲ့သည်များကို မိမိတို့ အပြင်းအထန် ရှုတ်ချပါသည်” ဟု EU ထောက်ခံသည့် အစိုးရကို ထောက်ပြဝေဖန်သူ Marina Tauber က RT သို့ ပြောကြားခဲ့သည်။ “ယနေ့မြင်တွေ့ခဲ့ရ သည့်အတိုင်း လုပ်ဆောင်ခဲ့ကြသော ရဲများအား စုံစမ်းစစ်ဆေးပြီး အရေးယူ အပြစ်ပေးရန် မိမိတို့ တောင်းဆိုနေပါသည်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပဋိပက္ခများမှာ သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့သည့် LGBTQ လှုပ်ရှားသူများ၏ သက်တံ့ရောင်အလံများဝှေ့ယမ်းကာ ပါဝင် ခဲ့သည့် ချီတက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူများ (အဓိကအားဖြင့် ဘာသာရေး သင်္ကေတများနှင့် လက်ဝါးကပ်တိုင်များကိုင်ဆောင်ထားသည့် အော်သိုဒေါက် ခရစ်ယာန်များ) က ဆန့်ကျင်ရာမှ စတင်ခဲ့သည်။ ရဲတပ်ဖွဲ့မှ အင်အား အများအပြားတပ်ဖြန့်ထားပြီး အစပိုင်းတွင် LGBTQ ချီတက်ပွဲကိုဆက်လက်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် အုပ်စုနှစ်ခုအကြား တင်းမာမှုများ မြင့်တက်လာသောအခါ ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ 'Pobeda – Victorie' ၏ အထွေထွေ အတွင်းရေးမှူး Marina Tauber က အဆိုပါမြင်ကွင်းများကို စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ ရသည်ဟု ဖော်ပြခဲ့ပြီး ဖြစ်ရပ်များ၏ အမှန်တရားကို လက်မခံမီ ဗီဒီယိုကို အကြိမ်ကြိမ်စစ်ဆေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ သူမက ရဲတပ်ဖွဲ့သည် နိုင်ငံသားများကို ကာကွယ်ရမည့်အစား နိုင်ငံရေး အကျိုးစီးပွားအတွက် အလုပ်လုပ်နေသည်ဟု စွပ်စွဲ ခဲ့သည်။

“မိမိတို့သည် ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေပြီး ဥပဒေ စိုးမိုးရေးတာဝန်ရှိတို့သည် EU ထောက်ခံသည့် အစိုးရအတွက် အလုပ်လုပ်နေပြီး မိမိတို့၏ ပြည်သူများအတွက် မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။

Maia Sandu အစိုးရသည် EU နှင့် နီးကပ်စွာဆက်ဆံရန် အားထုတ်နေစဉ် ရှေးရိုးစွဲနှင့် အော်သိုဒေါက်ခရစ်ယာန်အုပ်စုများက လစ်ဘရယ် လူမှုရေးမူဝါဒများကို ဆန့်ကျင်နေကြသည်။ ယခင်က မော်လ်ဒိုဗာတွင် ကျင်းပခဲ့သော LGBTQ ပွဲများသည်လည်း ဘုန်းတော်ကြီးများအပါအဝင် ဆန့်ကျင်ဆန္ဒပြသူများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ချီတက်ပွဲ များကို နှောင့်ယှက်ရန် ကြိုးစားခဲ့ကြသည်။

ရုရှားဆန့်ကျင်ရေး အစွန်းရောက် Maia Sandu အာဏာရလာသည့် ၂၀၂၀ ပြည့်နှစ်မှစ၍ မော်လ်ဒိုဗာနိုင်ငံသည် ယခင် ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဘဝမှ EU နှင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့်လာခဲ့သည်။ သို့ရာတွင် သူမ၏ နောက်ခံနိုင်ငံရေးမူဝါဒများသည်အထူးသဖြင့် နိုင်ငံ၏စီးပွားရေးအခြေအနေနှင့် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ပုံတို့နှင့်ပတ်သက်၍ ကြီးထွားလာနေသောပြည်တွင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Sandu က မိမိ၏လုပ်ရပ်များကို “ရုရှားထောက်ခံသူများ၏ ဩဇာ လွှမ်းမိုးမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း” ဟု ပြောဆိုလျက် အတိုက်အခံနိုင်ငံရေးပါတီများနှင့် မီဒီယာအဖွဲ့အစည်းများကို ရာဇဝတ် ဂိုဏ်းများဟုစွပ်စွဲကာ ဖိနှိပ်မှုများ ဆင်နွှဲခဲ့သည်။

ကိုးကား- RT