အစ္စရေးနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၆ တွင် ဟိုင်ဖာမြို့ရှိ ရေနံ ချက်စက်ရုံကို အီရန်က တိုက်ခိုက်မှုမတိုင်မီကတည်းက လောင်စာဆီ လုံလောက်စွာစုဆောင်းထားရှိရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည့် အတွက် လောင်စာဆီချို့တဲ့မှု မရှိဟု ပြောကြားခဲ့သည်။

“ဝန်ကြီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အစ္စရေး တွင် သိုလှောင်စုဆောင်းထားသော လောင်စာဆီ ပမာဏများစွာရှိပြီး လောင်စာဆီ ရှားပါးမှု မဖြစ်နိုင်ပါ ၊ ဟိုင်ဖာရှိ Bazan ရေနံချက်စက်ရုံ ထိခိုက်ပျက်စီးမှုများရှိသော်လည်း ကုမ္ပဏီများအား လောင်စာဆီ ဖြန့်ဝေရာတွင် အခက်အခဲ မရှိနိုင်ကြောင်း မျှော်လင့်ထားပါသည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တနင်္လာနေ့ (ဇွန် ၁၆) အစောပိုင်းက အီရန်၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၏ Bazan Group ရေနံကုမ္ပဏီမှ ဝန်ထမ်း ၃ ဦး သေဆုံးခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
အစ္စရေး၏ အကြီးမားဆုံးနှင့် ပေါင်းစပ်ပါဝင်မှုအများဆုံး စွမ်းအင် အုပ်စုများထဲမှတစ်ခုဖြစ်သည့် ဟိုင်ဖာအခြေစိုက် Bazan က Tel Aviv Stock Exchange သို့ ပေးပို့သည့် အစီရင်ခံစာတစ်ခုတွင် ပျက်စီးမှုနှင့် ဝန်ထမ်း သေဆုံးမှုများကို ဖော်ပြခဲ့သည်။ ပေးပို့မှုတွင် “စက်ရုံအတွင်းရှိ ဆက်စပ် စက်လိုင်းများအတွက် ရေနွေးငွေ့နှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးသည့် ဓာတ်အားပေးစက်ရုံ ပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ပြီး ရေနံချက်စက်ရုံနှင့် ၎င်း၏ ဆက်စပ်စက်ရုံအားလုံး ပိတ်သိမ်းထားရကြောင်း” ဖော်ပြထား သည်။
အစ္စရေးက အီရန်သည် တနင်္လာနေ့ (ဇွန် ၁၆) အစောပိုင်းတွင် ဒုံးကျည် အမြောက်အမြားဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု ပြောကြားပြီးနောက် ကမ်းရိုးတန်းမြို့ဖြစ်သော ဟိုင်ဖာမြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားကာ အဆောက်အဦများ ပျက်စီးခဲ့ပြီး အခြေခံအဆောက်အအုံများ မီးလောင်ကျွမ်းခဲ့သည်။
ကိုးကား- CNN
Photo: The Times of Israel
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားစစ်တပ်သည် ယူကရိန်း၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံများကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အင်္ဂါနေ့ (ဇွန် ၁၇) တွင် ထုတ်ပြန်သော ကြေညာချက်၌ အဆိုပါ တိုက်ခိုက်မှုတွင် ကြည်း၊ရေ၊လေ အခြေစိုက် အဆင့်မြင့်တိကျသော လက်နက်များနှင့် ဒရုန်းများ ပါဝင်ပြီး ကိယက်ဗ်ဒေသနှင့် ဇာပိုရိုဇီးယား ဒေသရှိ စစ်ဘက်ဆိုင်ရာနေရာများနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံများကို ပစ်မှတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

“တိုက်ခိုက်မှု၏ ရည်မှန်းချက်အောင်မြင်ပြီး သတ်မှတ်ထားသော ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ပါသည်” ဟု ရုရှားအရာရှိများက ပြောကြားခဲ့သည်။
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက လူမှုကွန်ရက်တွင် အိုဒက်ဆာ၊ ချာနီဂါဗ်၊ ဇီတိုမီယာ၊ ကီရိုဗိုဂရတ်နှင့် နီကိုလာယက် ဒေသများရှိ အဆောက်အအုံများကို ဒရုန်း ၄၄၀ ကျော်နှင့် ဒုံးကျည် ၃၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၅ ဦးသေဆုံးကာ ၇၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းမှ “အမေရိကန်နှင့် ဥရောပသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ခုအနေဖြင့် အကြမ်းဖက်သမားများကို တုံ့ပြန်သင့်သည့်အတိုင်း နောက်ဆုံးတွင်တုံ့ပြန်ရန်” တိုက်တွန်းခဲ့သည်။
ယူကရိန်းသတင်းဌာန Strana.ua က တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ကိယက်ဗ်ဒေသတွင်း လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ယူကရိန်းမြို့တော်ရှိ လေကြောင်းတက္ကသိုလ်အတွင်းမှ အဆောက်အဦတစ်ခုလည်း ဒုံးကျည်ထိမှန် ခံခဲ့ရသည်ဟုဆိုသည်။
ကိုးကား- RT

အီရန်တာဝန်ရှိသူများသည် အစ္စရေး နိုင်ငံမှထောက်လှမ်းရေးနှစ်ဦးကို တီဟီရန် မြို့အနီး၌ ဖမ်းဆီးရမိထားကြောင်း အီရန် ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဆာအိမွန် တယ်ဇာမာဒီကပြောသည်။
အဆိုပါ အစ္စရေးထောက်လှမ်းရေး နှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းကီလိုဂရမ်၂၀၀ ကျော်၊ ဒရုန်း ၂၃ စင်း၊ ဒရုန်းလွှတ်လောင်ချာ တစ်လက်အပြင် ထိန်းချုပ်ရေးကိရိယာ များနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်ကို ကိုးကား၍ Fars News သတင်းဌာနကဖော်ပြထားသည်။

အစောပိုင်းကလည်း အီရန်ရဲတပ်ဖွဲ့ သည် အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို တီဟီရန်မြို့မြောက်ပိုင်းရှိ အယ်ဘော့ ပြည်နယ်၌ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့ သည် ဗုံးများနှင့်ဖောက်ခွဲရေးပစ္စည်းများ လုပ်ဆောင်မှုတွင်ပါဝင်ခြင်းဖြစ်ကြောင်း ISNA သတင်းဌာနကဖော်ပြထားသည်။ အလားတူ အစ္စရေးမှဒရုန်းများတင်လာ သည့်ယာဉ်များကိုလည်း ဇွန်လ ၁၄ ရက် တွင် ဖမ်းမိထားကြောင်း Nour သတင်း ဌာနကဖော်ပြထားသည်။
Ref; Sputnik
Photo - Tempo.co English

အီရန်နိုင်ငံ ခေါင်းဆောင် အရာတိုလာ အလီ ခါမီနီအား အစ္စရေးက လုပ်ကြံမည့် အစီအစဉ်အား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်သည်ဟု အမေရိကန် အရာထမ်း ၃ ဦးက ဘီဘီစီ ၏ မိတ်ဖက် အမေရိကန်အစိုက် စီဘီအက်စ် သတင်းဌာနသို့ ပြောကြားလိုက်ပါသည်။

သမ္မတ ထရမ့်က ခါမီနီအားလုပ်ကြံမည့် အစီအစဉ်သည် “မကောင်းသည့် စိတ်ကူး” ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟုထံသို့ ပြောကြားလိုက်ကြောင်း အဆိုပါ အရာထမ်း တစ်ဦးက ဆိုပါသည်။ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ သမ္မတက တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပါ။ အစ္စရေးက အီရန်သို့ တိုက်လိုက်ခဲ့သည့် သောကြာနေ့ (ဇွန် ၁၃) က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
Fox သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်း နေတန်ယာဟုက အရာတိုလာအား လုပ်ကြံမည့်အစီအစဉ်နှင့်ပတ်သက်၍ တိုက်ရိုက် ငြင်းဆိုခြင်းမရှိသလို၊ အတည်ပြုခဲ့ခြင်းလည်း မရှိပါ။ “ပြောစကားများနှင့် စပ်လျဉ်း၍ သတင်းအမှားများစွာရှိပါကြောင်း၊ မိမိအနေဖြင့် ဖြေရှင်းလိုခြင်း မရှိကြောင်း” “ဒါပေမယ့် မိမိပြောနိုင်သည်က မိမိတို့အနေဖြင့် လုပ်သင့်သည့်ကိစ္စလုပ်ခြင်း ဖြစ်ပါသည်၊ အမေရိကန် ပြည်ထောင်စုကလည်း ဘယ်လိုလုပ်သင့်လဲဆိုတာ သိမှာပါ” ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြား ပါသည်။
“မူအားဖြင့်” အစ္စရေးက “နိုင်ငံရေး ခေါင်းဆောင်များကို သတ်ဖြတ်ရန် အစီအစဉ်မရှိပါသော်လည်း စစ်ဘက်ဆိုင်ရာနှင့် နျူကလီးယား ပစ်မှတ်များကိုတော့ အလေးပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ အစီအစဉ်နှင့်ပတ်သက်ပြီး တစ်ယောက်ယောက်က ဆုံးဖြတ်ချက်ချလိုက်ရင်ဖြင့် မိမိအထင်တော့ မည်သူမျှ သက်သာမှာတော့မဟုတ်ပါ” ဟု အစ္စရေးအရာထမ်းတစ်ဦးက စီဘီအက်စ် သတင်းဌာနသို့ ပြောကြားပါသည်။
အစ္စရေးသည် သောကြာနေ့ (ဇွန် ၁၃) က အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံနှင့် အခြား ပစ်မှတ်များကို ဦးစွာပစ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ အပြန်အလှန် အလုံးအရင်းဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းသည် တနင်္ဂနွေနေ့ (ဇွန် ၁၆) အထိဆိုလျှင် သုံးရက်တိုင်ပြီဖြစ်ပါသည်။
အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်၍ တင်းမာမှု ပြင်းထန်နေသည့် အပေါ် ထရမ့်က ၎င်း၏ Truth လူမှုကွန်ယက်တွင် “အီရန်နှင့် အစ္စရေးတို့အကြား၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့ ညှိနှိုင်းမှု ပြုလုပ် သင့်ကြောင်း” လတ်တလောဖြစ်ပွားခဲ့သည့် နိုင်ငံများအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ရည်ညွှန်း ပြောကြားခဲ့ပါသည်။
ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်မည့် G7 ထိပ်သီးအစည်းအဝေးသို့ မထွက်ခွာမီ အမေရိကန်နိုင်ငံ အနေဖြင့် အစ္စရေးကို ဆက်လက်ထောက်ပံ့နေဦးမည်ဖြစ်ကြောင်း၊ အီရန်ကို တိုက်ခိုက်နေခြင်းကို လျော့ဖို့တော့ ပြောမည်ဖြစ်ကြောင်း သတင်းထောက်များအား ထရမ့်က ပြောကြားခဲ့ပါသည်။ အမေရိကန်-အီရန် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲကို တနင်္ဂနွေနေ့ (ဇွန် ၁၆) က ပြုလုပ်ရန် စီစဉ် ထားသော်လည်း ကြားဝင်စေ့စပ်ပေးသည့် အိုမန်နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ ဆွေးနွေးပွဲ ပျက်သွားပြီ ဖြစ်ကြောင်း ဆွေးနွေးပွဲမတိုင်မီ တစ်ရက်ကပြောကြားပါသည်။
ကာတာနှင့်အိုမန်တို့သည် အစ္စရေးမှ တိုက်ခိုက်နေသည့်တိုင် အပစ်ရပ်ရေးအတွက် ညှိနှိုင်း ဆွေးနွေးရန် လမ်းမဖွင့်ပေးကြကြောင်း အရာထမ်းတစ်ဦးက တနင်္ဂနွေနေ့ (ဇွန် ၁၆) က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ “အီရန်ကို တိုက်ခိုက်ခြင်းအတွက် အမေရိကန်အနေဖြင့် ဘာမျှ မလုပ်ထားပါ၊ အကယ်၍ မိမိတို့ကို တိုက်ခိုက်ဖို့ တနည်းနည်းဖြင့် အီရန်က ပြုလုပ်လာပါက အမေရိကန် တပ်သားများကလည်း အင်ပြည့်အားပြည့် မကြုံစဖူးသည့် အဆင့်နှင့် လက်တုန့်ပြန်မှာ ဖြစ်ကြောင်း” ဟု စနေနေ့ တွင် သတိပေးစကား သမ္မတထရမ့်က ပြောကြားလိုက်ပါသည်။
ကိုးကား - BBC
ဘာသာပြန်ဆိုသူ-ဦးခိုင်ထွဋ်လှ

အစ္စရေးစစ်တပ်သည် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံအား ဗုံးကြဲ တိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နိုင်ငံပိုင်ရုပ်သံလိုင်း (IRINN) ၏ ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အီရန်မီဒီယာများ၏ ဖော်ပြချက်အရ ပျက်စီးမှုရှိသော်လည်း ရုံးလုပ်ငန်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် IRINN ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံပိုင် သတင်းမီဒီယာ IRINN ၏ ထုတ်ပြန်ချက်အရ အနည်းဆုံး ဗုံးလေးလုံးသည် အီရန်အစိုးရပိုင် ရုပ်သံလွှင့်ဌာန (IRIB) ၏ ဌာနခွဲဖြစ်သော နိုင်ငံရေးရာဌာန (Political Affairs Office) ကို ထိမှန်ခဲ့သည်။ ဖြစ်စဉ်နေရာမှ ဓာတ်ပုံနှင့် ဗီဒီယိုများတွင် အဆောက်အဦ မီးလောင် ကျွမ်းပြီး မီးခိုးများထူထဲစွာ ထွက်ပေါ်နေသည်ကို တွေ့ရှိရသည်။
IRIB ၏ ပြောကြားချက်အရ တိုက်ခိုက်မှုပြီးနောက် မိနစ်ပိုင်းအတွင်း ထုတ်လွှင့်မှုများ ပြန်လည်စတင်ခဲ့သည်။ သို့သော် အဆိုပါ တိုက်ခိုက်မှုကြောင့် မည်မျှထိခိုက်ခဲ့သည်ကို မသိရသေးပေ။ အမျိုးသမီးသတင်းထောက် Sahar Emami သည် ၎င်း၏ရုံးခန်း ထိခိုက်ခဲ့သော်လည်း ဒဏ်ရာ မရရှိခဲ့ဘဲ အလုပ်ပြန်လုပ်နိုင်ခဲ့ပြီး IRIB နှင့် တွေ့ဆုံခန်းတွင် “သတင်းသမား များ၏ အသံကို ပိတ်ဆို့ခြင်းကို ကမ္ဘာ့အသိုင်းအဝိုင်းက မည်သည့်အတွက်ကြောင့် လက်ပိုက်ကြည့်နေရသနည်း” ဟု အဆိုပါတိုက်ခိုက်မှု ကို ရှုတ်ချခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ် (IDF) က ထိုရုပ်သံလွှင့်ရုံးကို တိုက်ခိုက်ကြောင်း အတည်ပြုခဲ့ပြီး ၎င်းအဆောက်အဦသည် အီရန်စစ်တပ်မှ အရပ်သား လှုပ်ရှားမှုအသွင်ဖြင့် အသုံးပြုနေသည်ဟု စွပ်စွဲကာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz ၏ အဆိုအရ အဆိုပါရုပ်သံလွှင့်ဌာနအား အထူးပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ပြီး Jerusalem Post ၏ ဖော်ပြချက်အရ တိုက်ခိုက်မှုမတိုင်မီ ၎င်းက “အီရန်၏ ဝါဒဖြန့်မှုနှင့် လှုံ့ဆော်မှု အာဘော်များ ပျောက်ကွယ်တော့မည်” ဟု ကြေညာခဲ့သည်။
တီဟီရန်အစိုးရက ရုပ်သံလွှင့်ဌာနအား တိုက်ခိုက်မှုကို “စစ်ရာဇဝတ်မှု” အဖြစ် သတ်မှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် “လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်နေသော ကျူးကျော်သူ ကို မိမိတို့၏ ပြည်သူများအပေါ် နောက်ထပ်ရက်စက်မှုများ မပြုလုပ် နိုင်စေရေး ယခုပင်ရပ်တန့်ရမည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Esmaeil Baqaei က ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြား ခဲ့သည်။
သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ကလည်း အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အစ္စရေး၏ လုပ်ရပ်ကို လွန်စွာ ကြေကွဲဝမ်းနည်းရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ နယူးယောက် အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း က “အဆိုပါ သွေးထွက်သံယိုမှု များကို ယခုပင် ရပ်တန့်ရမည်” ဟု X (Twitter) တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

17 June 2025
လက်နက်ကိုင်အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဒုံဇရစ်(အနောက်)ကျေးရွာနေသူများဖြစ်သည့် ဦးသိန်းမင်းလတ် (၃၄)နှစ်နှင့် မချောစုအောင်(၂၀)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် မချောစုအောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသိန်းမင်းလတ်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ညောင်လေးပင်မြို့နယ်ရှိ ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာနှင့် ကျောက်ပုံဆိပ်ကျေးရွာအနီး၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ နေရာအနီး ဖြတ်သန်းသွားလာနေသည့် ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာနေ ဦးမင်းနိုင်ဦး(၃၂)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တိုးတိုးလွင်(၃၆)နှစ်၊ အင်းဂနီကျေးရွာနေ မခိုင်လွင်ဦး(၁၇)နှစ်၊ ကန့်နီကျေးရွာနေ မသင်းရတီထွေး သုံးနှစ်တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော် ဇွန် ၁၆
မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီး ရှေ့တွင် သတင်းအရ မောင်အောင်သန်း (ခ) ကျော်သန်း၊ မောင်ကျော်နိုင်နှင့် သန်းလွင်တို့ သုံးဦးသယ်ဆောင်လာသည့် စက္ကူဂျပ်ဖာပုံးအား စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပြည်သာမြို့နယ် (၂၀) ရပ်ကွက် မြောင်းမြ (၆) လမ်းရှိ ကျော်နိုင်၏ နေအိမ်ကို ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ သုံးဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဖာသွန်းကျေးရွာနေ မောင်ကျော်ဆန်းထူး(၁၇)နှစ်သည် ဇွန် ၁၀ ရက် နံနက် ၇ နာရီတွင် ကျေးရွာအရှေ့ဘက် သုံးမိုင်ခန့်အကွာရှိ တောစပ်၌ ကျွဲကျောင်းနေစဉ် ၎င်းနေရာအနီးသို့ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ် လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မောင်ကျော်ဆန်းထူးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ပညာရေးကဏ္ဍ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိတည်းခိုနေထိုင်လျက်ရှိသော ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူများဖြစ်ကြသော မခင်သက်ထား၊ မဂျူးဂျူးစုလှိုင်၊ မယမင်းသူ၊ မတိုးအိဝေ၊ မမြမြသက်နှင့် မောင်ချမ်းမြေ့အောင်တို့ ခြောက်ဦးသည် ဇွန် ၁၆ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ညောင်ဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် အဆိုပါစာစစ်ဌာနအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ဇွန် ၁၆ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများဖြစ်ကြသော မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်း၊ မောင်တင်ဦးလှိုင်တို့ သုံးဦးနှင့် မခင်သက်ထားပါ ခြောက်ဦးတို့၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်မှုများ ထပ်မံပြုလုပ်လာသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအား ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ မိဘများနှင့်အတူ ၎င်းတို့၏နေထိုင်ရာ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာသို့ ပြန်သွားကြောင်း သိရှိရပါသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။