ဥရောပက တင်သွင်းလာသည့် ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်သော အမေရိကန် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်ပါသည်။

ဥရောပက အခွင့်အရေးယူနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ဥရောပက အမေရိကန်ကို တင်ပို့လာသည့် သွင်းကုန်များအပေါ်အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ကနဦးတွင် လာမည့်ဧပြီ ၁ ရက်နေ့ကစတင်ပြီး စည်းကြပ်ရန်ဖြစ်သော်လည်း ဧပြီ ၂ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ယေဘုယျအားဖြင့် မော်တော်ကားနှင့် အခြားသွင်းကုန်အများအပြား ပါဝင်ပါကြောင်း၊ သွင်းကုန်အားလုံးကို စည်းကြပ်မည် မဟုတ်သော်လည်း အများအပြားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အံ့ဩဖွယ်ရာ ထူးခြားချက်များကို တွေ့မြင်ရလိမ့်မည်ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားထားပါသည်။
“အမေရိကန်၏ ကုန်သွယ်မှုလိုငွေပြနေသည့် နိုင်ငံတိုင်းကို တန်ပြန် အခွန်စည်းကြပ်မည်” ဟု ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ကြေညာထားပါသည်။ အမေရိကန်က တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တန်ဖိုးဖြည့်ခွန် (VAT) သတ်မှတ်ကောက်ခံမည့် နိုင်ငံတိုင်းကိုလည်း မိမိအစီအစဉ်အတိုင်း အပြစ်ပေး ဒဏ်ခတ်သွားရန် စဉ်းစားထားကြောင်း ထရမ့်က ဆိုထားပါသည်။
ကိုးကား- The Times
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ရုရှားနှင့်အမေရိကန်တို့သည် မကြာသေးမီက နှစ်နိုင်ငံချစ်ကြည်ရေး ဆွေးနွေးပွဲများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာတိတ်ဒေသ၌ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

ဆွေးနွေးပွဲများတွင် သဘာဝသယံဇာတရှာဖွေရေး၊ ကုန်သွယ်ရေးလမ်းကြောင်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အမေရိကန်၏ အမျိုးသားလုံခြုံရေး ကောင်စီနှင့်ကရင်မလင်သည် ယင်းသတင်းနှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပြုသေးသော်လည်း ဆော်ဒီအာရေးဗီးယားတွင် ကျင်းပ ခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် ရုရှား၏ အထူးစီးပွားရေးသံတမန် Kirill Dmitriev က အာတိတ်ဒေသသည် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် တစ်ခုအဖြစ် အထူးသီးသန့်ဆွေးနွေးခဲ့ကြောင်း အတည်ပြုခဲ့ပါသည်။
သတင်းရင်းမြစ်များက Bloomberg ကို အာတိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အစ္စတန် ဘူးမြို့၌ကျင်းပမယ့် ရုရှား-အမေရိကန် နောက်ထပ်အစည်းအဝေး၏ ဆွေးနွေးပွဲအစီအစဉ်များတွင်ပါဝင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ၎င်းဆွေးနွေးပွဲကို ယခင်က ကြေညာခဲ့ပြီး နှစ်နိုင်ငံသံရုံးများ၏ လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် အဓိကထား ဆွေးနွေးသွားမည်ဟု ခန့်မှန်းထားသည်။
အာတိတ်ဒေသသည် မဖော်ထုတ်ရသေးသည့် ကြီးမားကျယ်ပြန့်သော စွမ်းအင်နှင့် သတ္တုတွင်းသယံဇာတများနှင့် မဟာဗျူဟာကျသည့် ကုန်သွယ်ရေး လမ်းကြောင်းများကြောင့် ကမ္ဘာ့အာရုံစိုက်မှုကို ပိုမိုရရှိ လာလျက်ရှိသည်။ ရုရှားသည် အာတိတ်နှင့် အရှေ့ဖျားဒေသများကို ဖြတ်သန်းပြီး အနောက် ယူရေးရှားနှင့် အာရှ-ပစိဖိတ်ဒေသများအကြား အတိုဆုံးသင်္ဘောလမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးသည့် Northern Sea Route (NSR) သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို တည်ဆောက်လျက်ရှိသည်။ ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ရုရှားအပေါ် အနောက် နိုင်ငံများက ဖြတ်တောက်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းဒေသ ရှိ NATO နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြတ်တောက်ခဲ့သည်။ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့် အိုက်စလန်နိုင်ငံတို့ ပါဝင်သော ဖိုရမ်တစ်ခုဖြစ်သည့် အာတိတ်ကောင်စီ (Arctic Council) အောက်တွင် စတင်ခဲ့သည့် စီမံကိန်း ၁၃၀ ၏ သုံးပုံ တစ်ပုံနီးပါးသည် မော်စကိုနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းသွားခဲ့ခြင်းကြောင့် ရပ်နားထားရသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

သမ္မတ ဘိုင်ဒင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် ဗင်နီဇွဲလားနိုင်ငံ၌ ရေနံထုတ်လုပ်ခွင့်လိုင်စင်ကို ဖျက်သိမ်းရန် လုပ်ဆောင်နေကြောင်း၊ အမေရိကန်မှ ဗင်နီဇွဲလားသို့ ပြန်ပို့မည့် ဒုက္ခသည်များအားလုံးကို သမ္မတ Nicolás Maduro က လက်ခံရန် ငြင်းပယ်ခဲ့သဖြင့် ထိုသို့ဆုံးဖြတ်လိုက် ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြောကြားလိုက်ပါသည်။

“၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဗင်နီဇွဲလားနိုင်ငံတွင် ရေနံထုတ်ယူခွင့်ပြုသည့် သဘောတူညီချက်ကို ယခုအခါမှာ မိမိတို့အနေဖြင့် ပြန်လည်ဖျက်သိမ်းရန် လုပ်ဆောင်နေပါကြောင်း” ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးသားခဲ့သည်။
ယခုဆုံးဖြတ်ချက်သည် ယခင်ဘိုင်ဒင်အစိုးရလက်ထက်က အမေရိကန် ရေနံကုမ္ပဏီ Chevron အား ဗင်နီဇွဲလားတွင် ရေနံထုတ်လုပ်ခွင့်ပြုသည့် သဘောတူညီချက်ကို ထိခိုက်စေပြီး လက်ရှိတွင် Chevron ကုမ္ပဏီသည် ဗင်နီဇွဲလားတွင် နေ့စဉ် ရေနံစည်ပေါင်း ၂၄၀,၀၀၀ (နိုင်ငံ၏ စုစုပေါင်း ရေနံထုတ်လုပ်မှု၏ ၂၅% ကျော်) ထုတ်လုပ်နေသဖြင့် ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးအပေါ်လည်း လွန်စွာသက်ရောက်မှုများ ရှိနိုင်ပါသည်။
ကိုးကား (Politico)
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် စန်ဂျီယမ်ပွန်ဆာ (Maris Sangiam -pongsa) သည် ၂၃-၂-၂၀၂၅ ရက်နေ့မှ ၂၄-၂-၂၀၂၅ ရက်နေ့အထိ ဗီယက်နမ်သို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဗွီထန်ဆိုင်း (Bùi Thanh Sơn) နှင့် တွေ့ဆုံဆွေးနွေး၍ သဘော တူညီမှု ရယူခဲ့သည်။

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရန်၊ စျေးကွက်ချဲ့ထွင်ရန်နှင့် အနာဂတ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အထိ ရရှိနိုင်ရေး လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီး၏ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် သံတမန်ဆက်ဆံရေးတိုးမြှင့်ရာတွင်အရေးပါပြီး အထူးသဖြင့် ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်နှင့် ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်အတွက် အရေးပါကြောင်း ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဖြစ်သူ Sơn က ပြောကြားခဲ့သည်။
ထို့ပြင် ဗီယက်နမ်-ထိုင်း မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမို ခိုင်မာအောင် လုပ်ဆောင်သွားရန်၊ နှစ်နိုင်ငံအကျိုးစီးပွားအား ဝေမျှ၍ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ် အခြေခံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။
ကုန်းလမ်းနှင့် ရေလမ်းပို့ဆောင်ရေးလုပ်ငန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကြား တိုက်ရိုက် လေကြောင်းခရီးစဉ်များ ပိုမိုများပြားလာစေရန်၊ ထိုင်းနိုင်ငံ၏ 'Six Countries, One Destination' အပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်လည်း သဘောတူညီခဲ့ကြပါသည်။
ထို့ပြင် သဘောတူညီချက်တွင် ကုန်သွယ်ရေးကာကွယ်မှုဆိုင်ရာ အစီအမံများကို လျှော့ချရန်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ E-commerce နှင့် Green Energy ကဲ့သို့သော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များလည်း ပါဝင်သည်။
ကိုးကား -Asia News
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်အစိုးရသည် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို မကြာမီ အနာဂတ်ကာလတွင် ဖြေလျှော့ပေးဖွယ်ရှိသည်ဟု Financial Times သတင်းစာက ဖေဖော်ဝါရီလ ၂၅ရက် တွင် ဖော်ပြသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တော်၌ ကျင်းပခဲ့သည့် ရုရှားနှင့် အမေရိကန် အဆင့်မြင့်အရာရှိကြီးများ၏ ဆွေးနွေးမှုအတွင်း ရုရှားအရာရှိကြီးများက စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆိုပြုချက် အများအပြားကို အမေရိကန်နိုင်ငံသို့ပေးအပ်ခဲ့ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် မဝေးတော့သည့် ကာလတွင် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးဖွယ်ရှိသည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။
နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်သည် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများအပေါ် အပြောင်းအလဲ လုပ်ဆောင်စေခဲ့ပြီး နှစ်နိုင်ငံကြား ဆက်လက်လုပ်ဆောင်မည့် စေ့စပ်ဆွေးနွေးမှုများအပေါ် မူတည်၍ ပိတ်ဆို့မှုများ ဖြေလျှော့ပေးရေးကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယူကရိန်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် အနောက်နိုင်ငံများ အနေဖြင့် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် ၎င်းတို့၏ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ဖိအားပေးခံရမည်ဖြစ်ပြီး အဆိုပါနိုင်ငံများအနေဖြင့် အလျှော့ပေးရန် လိုအပ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက ယခုလအတွင်း ပြောကြားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal

ထိုင်ဝမ်ချစ်ပ်ထုတ်လုပ်သည့်ကုမ္ပဏီ TSMC အနေဖြင့် အမေရိကန် ချစ်ပ် ထုတ်လုပ်သည့် ကုမ္ပဏီ Intel တွင် ရင်းနှီးမြှုပ်နှံမှုလျှောက်ထားခြင်းဆိုင်ရာ မည်သည့်အချက်အလက်ကိုမျှ မရရှိသေးကြောင်း ထိုင်ဝမ် စီးပွားရေးဝန်ကြီး Kuo Jyh-huei က ၂၅-၂-၂၀၂၄ ရက်နေ့တွင် ပြောကြား ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး Apple Inc. နှင့် Nvidia အပါအဝင် ကုမ္ပဏီအများအပြားအတွက် အဓိက ထုတ်လုပ်ပေးနေသည့် Taiwan Semiconductor Manufacturing Co (TSMC) သည် အမေရိကန် ချစ်ပ်ထုတ်လုပ်သူ Intel ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးနေကြောင်း အမေရိကန်သတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်ကုမ္ပဏီတစ်ခုသည် ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုပါက အစိုးရ၏ ခွင့်ပြုချက်လိုအပ်ပြီး အထူးသဖြင့် စီးပွားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုပြန်လည် သုံးသပ်ရေးကော်မရှင်၏ ခွင့်ပြုချက် လိုအပ်သည်။
TSMC နှင့် Intel ကုမ္ပဏီတို့ကမူ အဆိုပါရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သတင်းများအပေါ် အတည်ပြု ပြောကြားခဲ့ခြင်းမရှိပေ။
ထိုင်ဝမ်သည် အမေရိကန်၏ semiconductor ချစ်ပ်ထုတ်လုပ်သည့် လုပ်ငန်းဈေးကွက်ကို လုယူသိမ်းပိုက်ထားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ စွပ်စွဲပြစ်တင်ပြောဆိုခဲ့ပြီး အဆိုပါချစ်ပ် ထုတ်လုပ်မှုလုပ်ငန်းဈေးကွက်ကို အမေရိကန် ပြည်ထောင်စုက ပြန်လည် ရယူလိုကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သို့ ချစ်ပ်တင်သွင်းခြင်းနှင့် အမေရိကန်နှင့် ကုန်သွယ်ရေးမညီမျှမှု ကြီးမားသော နိုင်ငံများအပေါ် အကောက်ခွန်စည်းကြပ်မည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုခဲ့သည်။
ဤလအစောပိုင်းတွင် စီးပွားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Cynthia Kiang က အမေရိကန်ပြည်ထောင်စုသို့ သွားရောက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသေးစိတ် ဆွေးနွေးချက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
ကိုးကား-CNA
Photo: Yahoo Finance
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ယူကရိန်းမှ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအား ခွဲတမ်းပမာဏ (quota)အများအပြားဖြင့် ဥရောပသို့ တင်သွင်းခွင့်ပြုထားခြင်းကိုဖျက်သိမ်းရန်နှင့် ယူကရိန်းကုမ္ပဏီများက ဥရောပဈေးကွက်စံနှုန်းများကို လိုက်နာရန်လိုအပ်ကြောင်း ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား နှင့် ဆလိုဗက်ကီးယားနိုင်ငံတို့၏ လယ်ယာစိုက်ပျိုးရေးဝန်ကြီးများကဥရောပကော်မရှင်ထံ တောင်းဆိုထားကြကြောင်း ဟန်ဂေရီလယ်ယာ စိုက်ပျိုးရေးဝန်ကြီး Istvan Nagy က ပြောကြားထားပါသည်။

“မိမိတို့ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍ ဘူလ် ဂေးရီးယား၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများနှင့်အတူ ဘရပ်ဆဲလ်(အီးယူအဖွဲ့) သို့ ပူးတွဲစာတစ်စောင်ပေးပို့ကာ တိုက်တွန်းခဲ့ကြောင်း၊ ယူကရိန်းမှ သွင်းကုန်များအပေါ် စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသည့် ဥရောပစည်းမျဉ်းများမှာ ယခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ဥရောပ ကော်မရှင်သည် ယူကရိန်းစိုက်ပျိုးရေး ထွက်ကုန်များကြောင့် ဖြစ်ပေါ်လာသော ဈေးကွက်ဆိုင်ရာပြဿနာများကို ရေရှည်အတွက် ဖြေရှင်းရန် လိုအပ်ကြောင်း” Istvan Nagy က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီက ယူကရိန်းက တင်သွင်းခဲ့သော စိုက်ပျိုးရေးထွက်ကုန်များမှာ ခွဲတမ်းလွန်စွာများပြားနေသဖြင့် ယခုအခါ အဆိုပါခွဲတမ်းများကို ပြန်လည်ထိန်းချုပ်ကန့်သတ်သင့်သည်ဟု အရှေ့ ဥရောပနိုင်ငံများက ယူဆကြောင်း Nagy က ပြောကြားခဲ့သည်။
ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများသို့ ထောက်ပံ့မှုများ အတွက် အကောက်ခွန်များကို ပြန်လည်သတ်မှတ်ရန်နှင့် “ဒေသအလိုက် တစ်ဦးချင်းခွဲတမ်းများ” ကို မိတ်ဆက်ရန် ဝန်ကြီးများက ဥရောပ ကော်မရှင်ကို အကြံပြုခဲ့ကြပါသည်။ ထို့အပြင် ယူကရိန်းမှ ဥရောပဈေးကွက်သို့ ရောက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်များသည် ဥရောပသမဂ္ဂ၏ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်နှင့် အခြားစံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိကို စောင့်ကြည့်ရန် ဘရပ်ဆဲလ်ကို တောင်းဆိုခဲ့ကြသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်က တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်မှုအပေါ် ပြန်လည် လက်တုံ့ပြန်မည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေများကို ထည့်သွင်းစဉ်းစားလျက်ရှိပြီး အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်များကို အနီးကပ်စောင့်ကြည့်ကာ မိမိတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်တုံ့ပြန်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာ၍ ဈေးကွက်စီးပွားရေး၏ ဥပဒေများကိုလေးစားသင့်ကြောင်းနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို လက်နက်သဖွယ် အသုံးပြုခြင်းအား ရပ်တန့်သင့်ကြောင်း တရုတ်အစိုးရက တိုက်တွန်းထားသည်။
အမေရိကန်၏ကန့်သတ်မှုများသည် တရုတ်နှင့် အမေရိကန်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို ပျက်စီးစေပြီး အမေရိကန်အတွက် အကျိုးရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံက တုံ့ပြန်ပြောဆိုထားသည်။
တရုတ်အစိုးရ၏ တုံ့ပြန်မှုသည် အမေရိကန်အစိုးရက နိုင်ငံ၏အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို အခြားပြည်ပကုမ္ပဏီများ၏ ခြိမ်းခြောက်မှုမှ ကာကွယ်နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကန့်သတ်ရန် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Ref: Ivt

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ရုရှား၏စီးပွားရေးနှင့် နည်းပညာကဏ္ဍများကို မထင်မှတ်ဘဲ အားကောင်းလာစေခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က မော်စကိုမြို့၌ ကျင်းပသည့် အနာဂတ် နည်းပညာ ဖိုရမ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် အနောက်နိုင်ငံများမှကုမ္ပဏီများ ပြန်လည်ဝင်ရောက်လာနိုင်သည့်အလားအလာကို ပြည်တွင်းကုမ္ပဏီများ ကာကွယ်နိုင်ရန်အတွက် သေချာစွာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရန် လိုအပ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြား ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့သည် မော်စကို နှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါက အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ပေးနိုင်ကြောင်း မကြာသေးမီကပြသခဲ့သည်။ ထိုအချက်သည် ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားမှထွက်ခွာသွားခဲ့သည့် ကုမ္ပဏီများ ပြန်လည်ဝင်ရောက် လာနိုင်သည့် အလားအလာကိုမြင့်တက်စေခဲ့သည်။
ထို့အပြင်ကန့်သတ်မှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် သိပ္ပံ ပညာကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနီးကပ်စေခဲ့ကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ် ဒီနစ်မန်တူရိုဗ် ကဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရုရှားအတွက် အကျိုးစီးပွားရှိသည့် ကုမ္ပဏီ များကိုသာ ပြန်လည်ခွင့်ပြုမည်ဟုပြောကြားခဲ့သည်။ EU နှင့် အမေရိကန်တို့သည် ပိတ်ဆို့အရေးယူမှုများစွာကို လုပ်ဆောင်နေစဉ် ရုရှားသည် ၎င်း၏ အများပြည်သူပိုင်ဝယ်ယူမှုစနစ်နှင့် လုပ်ငန်း ထောက်ပံ့မှုများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အပြောင်းအလဲများကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒီနစ်မန်တူရိုဗ်က ဖြည့်စွက်ပြောကြားခဲ့သည်။
အနာဂတ်နည်းပညာဖိုရမ်တွင် ပူတင်က ပြည်တွင်းထုတ်လုပ်သူများအတွက် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ရန်အတွက် ရုရှားလုပ်ငန်းများနှင့် ၎င်းတို့၏ နိုင်ငံခြားပြိုင်ဘက်များအကြား ပြန်လည်ဆက်ဆံရေးကိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ရန် မူဝါဒတစ်ခုဖော်ဆောင်ရန် အစိုးရအားညွှန်ကြားခဲ့သည်။ ပြည်တွင်းထုတ်လုပ်သူများအတွက် ကောင်းမွန်သော အခြေအနေများကို သေချာစေရန်လိုအပ်သည့်အတွက် အဆိုပါ လုပ်ငန်းစဉ်ကို ဂရုတစိုက်ဆောင်ရွက်သင့်ကြောင်း ပူတင်က အလေးထား ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပိုင်းတွင် တရုတ်သို့ ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှု ၈၀% အထိ ကျဆင်းသွားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) မှ ထုတ်ပြန်ချက်အရသိရပြီး ထိုကာလအတွင်း ဒူးရင်းသီး ၃,၅၀၀ တန် သာတင်ပို့နိုင်ခဲ့သည်။

တင်ပို့မှုကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ သွင်းကုန်စည်းမျဉ်းအရ ဒူးရင်းသီးများအား ပိုမိုတင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ကက်ဒမီယမ်နှင့် Auramine O (Basic Yellow 2 - BY2) အကြွင်းအကျန်များကို စစ်ဆေးခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ ဒူးရင်းသီးများတွင် စည်းမျဉ်းချိုးဖောက်မှုများ တွေ့ရှိပြီးနောက် ထိုတင်းကျပ်မှုများကို စတင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် အစောပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် သွင်းကုန်ဒူးရင်းသီး အားလုံးအား အသိအမှတ်ပြုဓာတ်ခွဲခန်းများတွင် အကြွင်းအကျန် စစ်ဆေးမှုများ ပြုလုပ်ရန် ပြဋ္ဌာန်းခဲ့သည်။ ထိုသို့စစ်ဆေးမှုများကြောင့် တင်ပို့မှုလုပ်ငန်းစဉ်များ သိသိသာသာ ကြာမြင့်လာပြီး ပို့ဆောင်ရေး အစီအစဉ်များကို နှောင့်နှေးစေကာ နယ်စပ်ဂိတ်များတွင် ကြပ်တည်း မှုများ ဖြစ်ပေါ်စေခဲ့သည်။ အချို့ကုန်သည်များသည် မှောင်ခိုတင်ပို့မှု များကို အကူအညီယူခဲ့ကြသော်လည်း ထိုနည်းလမ်းသည် ဗီယက်နမ် ဒူးရင်းသီးလုပ်ငန်း၏ ရေရှည်တည်တံ့မှုအတွက် မဖြစ်နိုင်ပေ။
Sutech Science and Technology Consulting Co., Ltd ၏ CEO ဖြစ်သူ Phan Thi Men က တင်းကျပ်သောစစ်ဆေးမှုများကြောင့် တင်ပို့မှု ပမာဏများ သိသိသာသာကျဆင်းသွားပြီး အချို့နေ့များတွင် တင်ပို့မှုများ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်အစိုးရသည် တရုတ်နိုင်ငံနှင့် ယခင်တင်ပို့မှုစည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး စစ်ဆေးမှုလုပ်ငန်းစဉ် များကို ပိုမိုလွယ်ကူစေရန်နှင့် အကောက်ခွန်လုပ်ငန်းစဉ်များ ချောမွေ့ စေရန်ရည်ရွယ်သည်။ ထို့အပြင် အချို့တင်ပို့သူများသည် တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုမှုကို လျှော့ချရန်အတွက် အခြားဈေးကွက်များကို ရှာဖွေလျက်ရှိပြီး ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှုများအတွက် ပိုမို တည်ငြိမ်ပြီး ပြည့်စုံသောဗျူဟာများဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိသည်။
ကိုးကား-VN Express