သတင်းများ

ပိတ်ဆို့မှုချမှတ်ရေး မူဝါဒကြောင့် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုအပေါ် ထိခိုက်စေနိုင်ဟု အမေရိကန်စီးပွားရေး ပညာရှင်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပိတ်ဆို့မှုချမှတ်ရေးမူဝါဒကြောင့် အမေရိကန် ဒေါ်လာငွေကြေး၏ လွှမ်းမိုးမှုအပေါ် ထိခိုက်စေနိုင်ကြောင်း အမေရိကန်စီးပွားရေး ပညာရှင် ဘယ်ရီ အိုက်ချင် ဂရစ်က ပြောကြားလိုက်သည်။

အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုသည် ကုန်သွယ်ရေး၊  မဟာမိတ်နိုင်ငံများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် အမှီသဟဲပြုနေခြင်းကြောင့် ပြီးခဲ့သည့်လများအတွင်း ထရမ့်၏ပိတ်ဆို့မှုချမှတ်ရေး မူဝါဒသည် မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးကို လျှော့ပါးစေခဲ့ သို့မဟုတ် ပျက်စီးစေခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆုံးတွင် ဒေါ်လာငွေကြေးသည်   ကမ္ဘာပေါ်တွင် ဦးဆောင်နေသည့်   ငွေကြေးအဖြစ်မှ ကျဆင်းလာနိုင်ကြောင်း အိုက်ချင်ဂရစ်၏ ပြောကြားချက်ကို ကိုးကား၍ Financial Times သတင်းဌာနကဖော်ပြသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများအပြားက ကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာငွေကြေးကို အသုံးပြုရန်ငြင်းဆန်လျက်ရှိပြီး အခြားငွေကြေးများအား အသုံးပြုလျက်ရှိသောကြောင့် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုချမှတ်ရေးမူဝါဒအား ပြန်လည်ပြင်ဆင်ရန် သမ္မတထရမ့်က ညွှန်ကြားခဲ့ရကြောင်း ဘဏ္ဍာရေးဝန်ကြီး  စကော့ ဘက်ဆန့်က အစောပိုင်းတွင်  ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားက ကုန်သွယ်မှုလုပ်ဆောင်ရာတွင်  ဒေါ်လာငွေကြေးအား အသုံးပြုရန် ငြင်းဆန်လာခြင်းကြောင့် အမေရိကန်အစိုးရအနေဖြင့် အများဆုံးဖိအားပေး ပိတ်ဆို့သည့် နည်းလမ်းကို အသုံးမပြုဘဲ ပယ်ဖျက်သွားမည်ဖြစ်သည်ဟု  ဘက်ဆန့်က ဆက်လက် ပြောကြားသည်။

Source: https://myawady.net.mm/

ရုရှားနိုင်ငံအပေါ် အီးယူကချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ထိခိုက်စေလျက်ရှိဟုဆို

ရုရှားနိုင်ငံအပေါ် အီးယူအဖွဲ့က ချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများသည် တဖြည်းဖြည်း အဓိပ္ပာယ်မဲ့လာပြီး ယင်းလုပ်ဆောင်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ဓားဖြင့်ထိုးသကဲ့သို့ ထိခိုက်စေလျက်ရှိသည်ဟု  ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆစ်ဂျာတိုက ပြောကြားလိုက်သည်။

ယူကရိန်းပဋိပက္ခအား အဆုံးသတ်စေရန်နှင့် ရုရှားစီးပွားရေး တည်ငြိမ်မှုပျက်ပြားစေရန် အဓိကပစ်မှတ်ထား လုပ်ဆောင်သည့် အီးယူအဖွဲ့၏ ကန့်သတ်မှုများသည် အောင်မြင်မှုမရှိကြောင်း ဆစ်ဂျာတိုက RT သတင်းဌာနနှင့်  မတ်လ  ၂၂ ရက်တွင် လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌  ပြောကြားခြင်းဖြစ်သည်။

အီးယူအဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ရုရှားနိုင်ငံအပေါ် အဓိကပစ်မှတ်ထားသည့် ကန့်သတ်ပိတ်ဆို့မှု ၁၆ ခု ချမှတ်ထားခဲ့ပြီး ကနဦးတွင် အီးယူ၏  အဆိုပါလုပ်ဆောင်ချက်ကို ဟန်ဂေရီနိုင်ငံကထောက်ခံခဲ့သည်။ သို့သော် ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှု ပိတ်ပင်ခြင်းနှင့် နျူကလီးယားကဏ္ဍအပေါ် အီးယူက ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာမှ ဟန်ဂေရီနိုင်ငံအပေါ် စီးပွားရေးအရ ထိခိုက်လာခြင်းကြောင့် ဟန်ဂေရီအစိုးရက အီးယူ၏ပိတ်ဆို့မှုများကို ကန့်ကွက်လာခြင်းဖြစ်သည်။

အီးယူ၏ ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ စီးပွားရေး အားချည့်နဲ့စေခြင်းမရှိသည့်အပြင် ယခုအခါယူကရိန်းပဋိပက္ခကို အဆုံးသတ်စေရန် နီးစပ်လာပြီဖြစ်ကြောင်း၊ ထိုသို့ နီးစပ်လာခြင်းမှာလည်း အီးယူ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် မဟုတ်ကြောင်း ဆစ်ဂျာတိုက ဆက်လက်ပြောကြားထားသည်။

Source: https://myawady.net.mm/'

ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များက ဒေါ်လာငွေကြေးအစား ရွှေချောင်း ၁၀၄၄ ဒသမ ၆ မက်ထရစ်တန်ချိန်ကို အရန်အဖြစ် သိုလှောင်ရန် ဝယ်ယူ

ကမ္ဘာပေါ်ရှိဗဟိုဘဏ်များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရွှေချောင်း ၁၀၄၄ ဒသမ ၆ မက်ထရစ်တန်ချိန်ကို အရန်အဖြစ်သိုလှောင်ရန် ဝယ်ယူခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံများရှိ ဗဟိုဘဏ်များသည် ဒေါ်လာငွေကြေးအစား ရွှေချောင်းများကို ပိုမိုဝယ်ယူ၍ အရန်အဖြစ်သိုလှောင်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်သည် ရွှေချောင်းများအား မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀ ကျော်ထက် ပိုမိုများပြားသည့် ပမာဏကိုဝယ်ယူသည့် တတိယမြောက်နှစ် ဖြစ်လာခဲ့သည်ဟု အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗဟိုဘဏ်များ၏ ရွှေချောင်းဝယ်ယူမှု ပမာဏသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆမြင့်တက်လာပြီး လာမည့် ၁၂ လအတွင်း ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်များအနက် ၈၁ ရာခိုင်နှုန်းသည် ရွှေချောင်းကို အရန်အဖြစ် သိုလှောင်ရန်အတွက် ပိုမိုဝယ်ယူမည်ဟု မျှော်လင့်ထားသည်။

ရွှေချောင်းများကို အရန်အဖြစ် အများဆုံး သိုလှောင်ထားသည့် နိုင်ငံ ၁၀ နိုင်ငံတွင် အမေရိကန်ပြည်ထောင်စုက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရုရှားနိုင်ငံက နံပါတ် ၅ နေရာနှင့် တရုတ်နိုင်ငံက နံပါတ် ၆ နေရာတို့တွင် ရပ်တည်လျက်ရှိသည်။

ရုရှားဗဟိုဘဏ်က  အရန်အဖြစ် သိုလှောင်ထားသည့် ရွှေချောင်းပမာဏမှာ ၂၃၃၂ ဒသမ ၇၄  မက်ထရစ်တန်ရှိပြီး တရုတ်နိုင်ငံကမူ ၂၂၇၉ ဒသမ ၅၆ မက်ထရစ်တန် ကိုသိုလှောင်ထားသည်ဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

ရုရှားမှ အိန္ဒိယသို့ ရေနံစိမ်းတင်ပို့မှု သိသိသာသာတိုးလာ

မတ်လအတွင်း စျေးနှုန်းကျဆင်းလာမှုကြောင့် ရုရှားမှ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုများ ပြန်လည်တိုးတက်လာကြောင်း Financial express သတင်းစာက မတ်လ ၂၄ရက် (တနင်္လာနေ့)တွင် ဖော်ပြခဲ့သည်။ စျေးနှုန်းချိုသာမှုသည် ရေနံတင်သင်္ဘောများရရှိနိုင်မှုကို တိုးမြင့်စေပြီး အိန္ဒိယကုမ္ပဏီများအတွက် ရေနံသယ်ယူမှုကို ပိုမိုလွယ်ကူစေခဲ့ပါသည်။ ထို့ကြောင့် ယခင်လများက ကျဆင်းခဲ့သော ရုရှားရေနံတင်သွင်းမှုသည် မတ်လတွင် ပြန်လည်တိုးတက်လာခဲ့ပါသည်။

Kpler ၏ စာရင်းဇယားအရ မတ်လပထမ ၂၁ ရက်အတွင်း အိန္ဒိယ၏ ရုရှားရေနံတင်သွင်းမှုသည် သိသိသာသာတိုးလာခဲ့ပြီး ပျမ်းမျှတစ်ရက်လျှင် ဗြိတိသျှပုံစံ ဘားရယ်လ် ၁.၈၅ သန်း (bpd) အထိ ရှိခဲ့ပါသည်။ ယခင်လ ဖြစ်သော ဖေဖော်ဝါရီလတွင် ၁.၄၇ သန်း bpd နှင့် ဇန်နဝါရီလတွင် ၁.၆၄ သန်း bpd သာရှိခဲ့ပါသည်။ မတ်လတွင် ရုရှားရေနံသည် အိန္ဒိယ၏စုစုပေါင်းရေနံတင်သွင်းမှု၏ ၃၅% ကျော်ကို ကိုယ်စားပြုနေပြီး ဖေဖော်ဝါရီလက ၃၁% သာရှိခဲ့ပါသည်။ အဆိုပါတိုးတက်မှုက ရုရှားအား အာရှနိုင်ငံများသို့ အဓိကရေနံပေးသွင်းသူအဖြစ် ပိုမိုခိုင်မာစေခဲ့ပါသည်။

အနောက်နိုင်ငံများ၏ ဖေဖော်ဝါရီလပိုင်းက ပိုမိုတင်းကျပ်လာသော ပိတ်ဆို့မှုများအပြီး အိန္ဒိယသည် ရုရှားရေနံကို ဘားရယ်လ်တစ်ခု (ရေနံ တစ်စည်) လျှင် အမေရိကန်ဒေါ်လာ ၆၀ အောက် စျေးနှုန်းဖြင့် ရောင်းချပါက၊ အရေးယူပိတ်ဆို့ခံမထားရသော ရေနံတင်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ကာ ပိတ်ဆို့ခံအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များ မပါဝင်ပါက ဆက်လက်ဝယ်ယူမည်ဟု ကတိပြုခဲ့ကြောင်း Financial express က ဖော်ပြခဲ့ပါသည်။

Kpler မှ လေ့လာသုံးသပ်သူ ဆူမစ်ရီတိုလီယာက “ယူကရိန်း၏ ရုရှား စက်ရုံများကို ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှား၏ ပြည်တွင်းရေနံ လိုအပ်ချက် ဖေဖော်ဝါရီနှင့် မတ်လများတွင် ကျဆင်းသွားခြင်းက ရုရှား ရေနံထုတ်လုပ်မှုကို တိုးစေခဲ့ပါသည်။ ရုရှားရေနံထွက်လာမှု တိုးလာခြင်းက ယူရယ်လ် (ရုရှား၏ အဓိကရေနံအမျိုးအစား) စျေးနှုန်းကို ဖေဖော်ဝါရီ တွင် ပျမ်းမျှဒေါ်လာ ၅၉.၉ နှင့် မတ်လတွင် ဒေါ်လာ ၅၆ အထိ ကျဆင်းစေခဲ့ပါသည်။ ယင်းသည် G7 ၏ သတ်မှတ်စျေးနှုန်းထက် နိမ့်နေသေးသဖြင့် ဝယ်ယူသူနှင့် ရောင်းချသူများအနေဖြင့် အနောက်တိုင်းသင်္ဘောနှင့် အာမခံဝန်ဆောင်မှုများကို အသုံးပြုနိုင်ဆဲဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

Bloomberg သတင်းအရ အိန္ဒိယ၏ ရုရှားမှ ရေနံတင်သွင်းမှုသည် ယခင်လတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလပြီးနောက် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အမေရိကန်က ရုရှားစွမ်းအင်ကုမ္ပဏီများနှင့် ရေနံတင်သင်္ဘော ၁၈၃ စီးကို အရေးယူပိတ်ဆို့မှုများချမှတ်အပြီးတွင် ဖြစ်ပွားခဲ့ပါသည်။ 

အဆိုပါအစီအမံများသည် ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူဖြစ်ပြီး ပင်လယ်ရေနံသယ်ယူမှုကို မှီခိုနေရသော အိန္ဒိယနှင့် ကမ္ဘာ့အကြီးဆုံးရေနံတင်သွင်းသူ တရုတ်တို့အပေါ် သက်ရောက်မှုရှိခဲ့ပါသည်။

ကိုးကား - RT

BMW ကား အမြတ်ငွေ ၂၀၂၄ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်းအထိ စံချိန်တင် ထိုးကျ

ဂျာမနီအခြေစိုက် ကမ္ဘာကျော် မော်တော်ကားကုမ္ပဏီဖြစ်သည့် BMW သည် ၂၀၂၃ ခုနှစ် အမြတ်ငွေနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်း (ယူရို ၇ ဒသမ ၇ ဘီလီယံ) အထိ အမြတ်စံချိန်တင်ကျဆင်းခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာဖော်ပြချက်အရ သိရ ပါသည်။

BMW ကုမ္ပဏီအချက်အလက်များအရ BMW ကား ဝယ်လိုအားအများဆုံး ဈေးကွက်မှာ ဥရောပဖြစ်ပါသည်။ စုစုပေါင်းကားထုတ်လုပ်မှု၏ ၄၂.၇ ရာခိုင်နှုန်းကို ဝယ်ယူကြပါသည်။ ၎င်းနောက်တွင် အာရှသည် ဒုတိယ အကြီးဆုံး ဈေးကွက်နေရာတွင်လိုက်နေပြီး ၃၂.၇ ရာခိုင်နှုန်းရှိပါသည်။ မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့မှာ တတိယ ၂၂.၄ ရာခိုင်နှုန်း ဖြစ်ပြီး ကျန်နိုင်ငံများကမူ ၂.၂ ရာခိုင်နှုန်း ဝယ်ယူကြပါသည်။

နိုင်ငံအားဖြင့်ဆိုလျှင် တရုတ်နိုင်ငံသည် BMW ကား ဝယ်လိုအား အများဆုံး နိုင်ငံဖြစ်ပြီး ၂၉.၂ ရာခိုင်နှုန်း ရှိပါသည်။ အမေရိကန်သည် ဒုတိယ ဝယ်လိုအား အများဆုံးဖြစ်ပြီး ၁၆.၃ ရာခိုင်နှုန်းရှိပါသည်။ ဂျာမနီသည် ၁၀.၈ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေပါသည်။

ဂျာမနီစီးပွားရေးသုတေသနအဖွဲ့အစည်း Ifo ထုတ်ပြန်ချက်အရ  လက်ရှိ အခြေအနေတွင် BMW သည် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာပါ ရောင်းလိုအား စံချိန်တင် ထိုးကျနေကြောင်း ဖော်ပြထားပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ တရုတ်ကားများ၏ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ EV အဆင့်မြင့်ကားများ ဥရောပတွင် အစားထိုးနေရာ ဝင်ယူလာခြင်း၊  ဂျာမနီပြည်တွင်းစီးပွားရေး မငြိမ်မသက် ဖြစ်နေခြင်းတို့အပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဥရောပမှ တင်ပို့သည့်ကားများအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန် ခြိမ်းခြောက်နေမှုတို့ကြောင့် ဟု Ifo မှ ဈေးကွက်ကျွမ်းကျင်သူက ပြောကြားထားပါသည်။ 

ကိုးကား- TASS

Photo: MSN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တောင်ကိုးရီးယားနိုင်ငံမှ ကြက်ဥများ အမေရိကန်သို့ တင်သွင်းလျက်ရှိ

အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားလျက်ရှိသော ကြက်ငှက်တုပ်ကွေးရောဂါကြောင့် နိုင်ငံတစ်ဝှမ်းတွင် ကုန်စည်မလုံလောက်မှုဖြစ်ပြီး ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လက်ရှိတွင် တောင်ကိုးရီးယားမှ ကြက်ဥများကို တင်သွင်းနေပြီ ဖြစ်ပါသည်။ 

အမေရိကန်စိုက်ပျိုးရေးဌာန အကြီးအကဲဖြစ်သူ ဘရွတ်ရိုလင်းက  တောင်ကိုရီးယား နှင့် တူရကီနိုင်ငံတို့မှ ကြက်ဥများ အမေရိကန်နိုင်ငံသို့ စတင်တင်သွင်းနေပြီဖြစ်ကြောင်းနှင့် အိမ်ဖြူတော်မှလည်း အခြားနိုင်ငံများမှ ကြက်ဥများ တင်သွင်းရန်လည်း ညှိနှိုင်းပြောကြားထားပြီးဖြစ်ကြောင်း ဝါရှင်တန် သတင်းထောက်များထံသို့ ပြောကြားခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စုတွင် ကြက်ငှက်တုပ်ကွေးရောဂါ အများအပြား ဖြစ်ပွားခဲ့မှုကြောင့် လယ်သမားများသည် ကြက်ငှက်ပေါင်း သန်း ၃၀ ဆုံးရှုံးခဲ့သောကြောင့် ပြည်တွင်းကြက်ဥ လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည့်အတွက် ကြက်ဥဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်သွားပါသည်။

ထိုကဲ့သို့ ကြက်ဥဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပြီးခဲ့သည့်နှစ်က သမ္မတ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်သည့်ကာလအတွင်း ၎င်း၏ ပြိုင်ဖက် ဂျိုးဘိုင်ဒင်အား   မဲအသာစီးရပြီး အနိုင်ရခဲ့သည့် အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့ပါသည်။ 

ကိုးကား-South China Morning Post

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ပရိုတင်းဓာတ်ကြွယ်ဝသည့် ပြောင်းဖူးမျိုးစိတ်အား ပဲပိစပ်အစားထိုး အသုံးပြုနိုင်ရေး တရုတ်နိုင်ငံမှ တီထွင်လျက်ရှိ

တရုတ်စိုက်ပျိုးရေးသိပ္ပံပညာရှင်များသည် တိရစ္ဆာန်အစာအတွက် ပဲပိစပ် အစားထိုး ပရိုတင်းဓာတ်ကြွယ်ဝသော ပြောင်းဖူးမျိုးစိတ် အသစ်များကို တီထွင်လျက်ရှိပြီး ၎င်းသည် ကောက်ပဲသီးနှံသွင်းကုန်အပေါ် မှီခိုမှု ကို လျှော့ချရန် ကြိုးပမ်းမှုအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်။

နိုင်ငံတွင်း အသားနှင့်နို့ထွက်ပစ္စည်းများ စားသုံးမှုများပြားလာသည့်အတွက် မကြာသေးမီ နှစ်များအတွင်းက တိုးချဲ့လာသည့် မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစာ လိုအပ်ချက်ဖြစ်သည့် ပဲပိစပ် ပမာဏ တိုးမြှင့်တင်သွင်းရန် အကြောင်းအရင်းဖြစ်လာသည်။

ပေကျင်းအစိုးရသည် ပြည်ပစိုက်ပျိုးရေးထွက်ကုန်များအပေါ် မှီခိုမှု တိုးမြှင့်လာခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအတွက် ခြိမ်းခြောက်မှုတစ်ရပ် အဖြစ်လည်းကောင်း၊ အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ တိုးမြှင့်လာခြင်း၏ ပဋိပက္ခဖြစ်နိုင်ခြေတစ်ရပ်အဖြစ်လည်းကောင်း ရှုမြင်သည်။

ထို့ကြောင့် တိရစ္ဆာန်အစာ ပဲပိစပ်အစားထိုးအဖြစ် ပရိုတင်းဓာတ် ကြွယ်ဝသော ပြောင်းဖူးမျိုးစိတ်များကို တီထွင်ထုတ်လုပ်ခြင်းသည် လက်တွေ့ ကျသည့် ဖြေရှင်းနည်းဖြစ်ပြီး၊ အခြားမျိုးကွဲများစွာကိုလည်း တရုတ်နိုင်ငံ Huazhong စိုက်ပျိုးရေးတက္ကသိုလ် သုတေသီများမှ တီထွင်ထုတ်လုပ်လျက်ရှိကြောင်း တက္ကသိုလ်၏ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ပြောင်းဖူးပမာဏ အများအပြား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြောင်းဖူးတွင် ပရိုတင်းပါဝင်မှု ၁%မျှ တိုးတက်လာပါက ပြည်ပပဲပိစပ် ဝယ်လိုအား တန်ချိန် ၈ သန်းထိ လျှော့ချနိုင်ကြောင်း Huazhong စိုက်ပျိုးရေးတက္ကသိုလ် ဥက္ကဋ္ဌ Yan Jianbing က ပြီးခဲ့သည့် အပတ်၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုရေးနှင့် အတိုင်ပင်ခံ အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် နိုင်ငံတကာဈေးကွက် မတည်ငြိမ်မှုများ မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကို ပိုမိုအလေးထားဆောင်ရွက်လျက် ရှိသည်။

တရုတ်နိုင်ငံ၏ ပဲပိစပ်သွင်းကုန်ပမာဏသည် ကမ္ဘာ့ကောက်ပဲသီးနှံ စုစုပေါင်းကုန်သွယ်မှု၏ ၆၀%ခန့်ရှိပြီး၊ အမေရိကန်နိုင်ငံနှင့် ဘရာဇီး နိုင်ငံတို့သည် အဓိကတင်သွင်းသည့်နိုင်ငံများ ဖြစ်ပါသည်။ 

ကိုးကား- South China Morning Post

ဘာသာပြန်ဆိုသူ-ဒေါ်ငြိမ်းဆုသာ၊ ဦးစီးအရာရှိ၊ နစက-၃

ရုရှားစီးပွားရေးသည် လုံခြုံစိတ်ချရသော ကွန်းခိုရာနေရာဖြစ်လာရမည်ဟု ပူတင် ပြောကြား

ရုရှားစီးပွားရေးသည် လုံခြုံစိတ်ချရသော ကွန်းခိုရာနေရာ ဖြစ်လာရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြိုင်ဆိုင်မှုမှာ ပိုမိုချဲ့ထွင်လာနေကြသည်ကို သတိထားကြလိုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က   မတ်လ ၁၈ ရက်တွင် ပြုလုပ်သည့် ရုရှားစက်မှုလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအသင်း ညီလာခံ၌ ပြောကြားလိုက်ပါသည်။

“အနောက်နိုင်ငံများသည် ရုရှားစီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့မှုမျိုးစုံ လုပ်ဆောင်ခဲ့ကြသည်ကို အားလုံးတွေ့မြင်ရမှာ ဖြစ်ပါကြောင်း၊ အဆိုပါ ပိတ်ဆို့မှုမှာ ယာယီမဟုတ်ဘဲ ထိုနိုင်ငံများက အစဉ်တစိုက် ဖန်တီးလာမည့်ကိစ္စကြောင်း၊ ကမ္ဘာ့စီးပွားရေးလွတ်လပ်မှုမှာ ယခင်ကလို မဖြစ်လာနိုင်တော့ပါကြောင်း၊ အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုကို မယုံကြည်သင့်ကြောင်း” ရုရှားသမ္မတက တက်ရောက်လာသူ ရုရှားလုပ်ငန်းရှင်များကို  ပြောကြားခဲ့ပါသည်။

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း  အကြောင်းအမျိုးမျိုးပြကာ စွန့်ခွာသွားကြသော နိုင်ငံခြားကုမ္ပဏီများကို  ပြန်လာရန် အခွင့်အရေး မပေးတော့ကြောင်း၊ ထိုလစ်လပ်သွားသောနေရာတွင် ပြည်တွင်းလုပ်ငန်းရှင်များက  ဝင်ရောက်နေရာယူကာ ပိတ်ဆို့မှုကို အသုံးချကာ  အခက်အခဲများကြားမှ  ပိုမိုခိုင်မာအားကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို  မိမိချီးကျူးပါကြောင်း၊ နောက်ပိုင်းတွင်လည်း အနောက်နိုင်ငံ ကုမ္ပဏီများကို အထူးအခွင့်အရေးပေးတော့မည်မဟုတ်ကြောင်း၊ ရုရှားကုမ္ပဏီများ၏ အကျိုးစီးပွားကိုသာ ဦးစားပေးတော့မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုက ၂၀၂၄  ခုနှစ်တွင်  ဒေါ်လာ ၃၃ ထရီလီယံအထိ စံချိန်တင်မြင့်တက်

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်တွင် ဒေါ်လာ ၃၃ ထရီလီယံအထိ စံချိန်တင်မြင့်တက်လာခဲ့သည်ဟု  ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ကထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုမြင့်တက်လာခြင်း၏ အဓိကအကြောင်းရင်းမှာဝန်ဆောင်မှုများကြောင့်ဖြစ်ပြီး အဆိုပါ ကဏ္ဍတိုးတက်မှုသည် စုစုပေါင်းကုန်သွယ်မှု ပမာဏ၏ ၆၀ ရာခိုင်နှုန်းရှိသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်၏ ကုန်သွယ်မှုပမာဏထက်  ၃  ဒသမ  ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်မှု နောက်ဆုံးရအချက်အလက်များဟု အမည်ပေးထားသည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာ့ကုန်သွယ်မှုတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ကုန်သွယ်မှုပမာဏသည် ဖွံ့ဖြိုး ပြီးနိုင်ငံများ၏  ကုန်သွယ်မှုပမာဏကို ကျော်တက်လာပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကုန်သွယ်မှုပမာဏမှာ နှေးကွေးနေခဲ့သည်။

ယခု ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် တည်ငြိမ်လျက်ရှိသော်လည်း နိုင်ငံများကြား ပထဝီစီးပွားရေးတင်းမာမှုများ၊ မိမိနိုင်ငံ၏အကျိုး စီးပွားကိုကာကွယ်သည့် မူဝါဒများနှင့် ကုန်သွယ်ရေးအငြင်းပွားမှုများကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို ရပ်တန့်စေနိုင်သည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

Ref: Xinhua

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်နိုင်ရန် ထရမ့်၏ ဆောင်ရွက်ချက်များက ရုရှားအား အနောက်နိုင်ငံများ၏ ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာစေနိုင်ဟုဆို

အမေရိကန်နှင့် ရုရှားတို့ကြား ယူကရိန်းနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆောင်ရွက်ချက်များသည် ရုရှားနိုင်ငံအား အနောက်နိုင်ငံများ၏ ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာစေနိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူများက မြော်တွေးလျက်ရှိကြောင်း Bloomberg ကဖော်ပြသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်အနောက်နိုင်ငံများသည် ၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ ရုရှားအပေါ်ပိတ်ဆို့မှုများချမှတ်ခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံအား အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများမှလည်း ဖယ်ရှားပစ်ခဲ့ပြီး ရုရှားနိုင်ငံရှိ အကြီးမားဆုံး အစုရှယ်ယာဈေးကွက်အပေါ်ကိုလည်း ပိတ်ဆို့ခဲ့ကြသည်။

သို့သော် မကြာမီရက်သတ္တပတ်များအတွင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ကုန်သည်များသည် ရုရှားနိုင်ငံ၏ အစုရှယ်ယာလက်မှတ်များကို ဝယ်ယူရန်ကြိုးပမ်းလာခဲ့သည်ဟု Bloomberg က ဆက်လက်ဖော်ပြသည်။ ၎င်းကုန်သည်များသည် ရုရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Gazprom မှ ဒေါ်လာငွေကြေးဖြင့် ထုတ်ဝေသည့် အစုရှယ်များကို ဝယ်ယူရန် အာရုံစိုက်လာခြင်းဖြစ်သည်။

အကယ်၍ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ခဲ့ပြီးနောက် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမေရိကန်က ဖယ်ရှားပေးမည်ဆိုပါက ရုရှား၏ အစုရှယ်ယာဈေးနှုန်းမှာ ပိုမိုမြင့်တက်လာနိုင်သည်ဟု ကုန်သည်များက ခန့်မှန်းထားခြင်းဖြစ်သည်။

Source: မြဝတီသတင်းစာ