ဘိုင်ဒင် အစိုးရလက်ထက် ဗင်နီဇွဲလားကို ခွင့်ပြုပေးထားသည့် ရေနံထုတ်လုပ်ခွင့် လိုင်စင်ကို ဖျက်သိမ်းမည်ဟု ထရမ့်ပြောကြား
သမ္မတ ဘိုင်ဒင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် ဗင်နီဇွဲလားနိုင်ငံ၌ ရေနံထုတ်လုပ်ခွင့်လိုင်စင်ကို ဖျက်သိမ်းရန် လုပ်ဆောင်နေကြောင်း၊ အမေရိကန်မှ ဗင်နီဇွဲလားသို့ ပြန်ပို့မည့် ဒုက္ခသည်များအားလုံးကို သမ္မတ Nicolás Maduro က လက်ခံရန် ငြင်းပယ်ခဲ့သဖြင့် ထိုသို့ဆုံးဖြတ်လိုက် ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြောကြားလိုက်ပါသည်။
“၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဗင်နီဇွဲလားနိုင်ငံတွင် ရေနံထုတ်ယူခွင့်ပြုသည့် သဘောတူညီချက်ကို ယခုအခါမှာ မိမိတို့အနေဖြင့် ပြန်လည်ဖျက်သိမ်းရန် လုပ်ဆောင်နေပါကြောင်း” ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးသားခဲ့သည်။
ယခုဆုံးဖြတ်ချက်သည် ယခင်ဘိုင်ဒင်အစိုးရလက်ထက်က အမေရိကန် ရေနံကုမ္ပဏီ Chevron အား ဗင်နီဇွဲလားတွင် ရေနံထုတ်လုပ်ခွင့်ပြုသည့် သဘောတူညီချက်ကို ထိခိုက်စေပြီး လက်ရှိတွင် Chevron ကုမ္ပဏီသည် ဗင်နီဇွဲလားတွင် နေ့စဉ် ရေနံစည်ပေါင်း ၂၄၀,၀၀၀ (နိုင်ငံ၏ စုစုပေါင်း ရေနံထုတ်လုပ်မှု၏ ၂၅% ကျော်) ထုတ်လုပ်နေသဖြင့် ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးအပေါ်လည်း လွန်စွာသက်ရောက်မှုများ ရှိနိုင်ပါသည်။
ကိုးကား (Politico)
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃