သတင်းများ

ရေနံဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်နေ

ရုရှားသည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲခြင်းမပြုပါက ရုရှားနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအမေရိကန်သမ္မတထရမ့်က ပြောကြားပြီးနောက် ရေနံဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာပါသည်။ အကယ်၍ ရုရှားအနေဖြင့် ယူကရိန်း နှင့်စစ်ပွဲအား ရပ်တန့်မည်ဆိုပါက ရုရှား၏ စွမ်းအင်ကဏ္ဍအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးသွားမည်ဟုလည်း အမေရိကန် က ထုတ်ပြန်ထားပါသည်။ 

တစ်ဖန် ရုရှားနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော OPEC + အဖွဲ့က လာမည့် ဧပြီလမှစ၍ အဖွဲ့အစည်းအနေဖြင့် တင်ပို့မည့် ရေနံများ၏ ဈေးနှုန်းကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။ OPEC + အနေဖြင့် ရေနံ၏ ရောင်းလိုအားနှင့် ဝယ်လိုအား ဈေးကွက်ကို ထိန်းချုပ် နိုင်စွမ်း ရှိသည်ဟုလည်း ပြောကြားထားပါသည်။ 

ထိုအခြေအနေများကြောင့် ရေနံဈေးနှုန်းများအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနေသည့် လုပ်ငန်းရှင် များက OPEC အဖွဲ့ထံမှ ရေနံ၏ ရောင်းလိုအားနှင့် ဝယ်လိုအား ဈေးကွက် ခန့်မှန်းချက်ကို ယခုအပတ်ထဲတွင် တောင်းခံထားကြောင်း သိရှိရ ပါသည်။ 

ကိုးကား -Reuters

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊နစက-၃

တရုတ်၏ အကောက်ခွန်နှုန်းထားအသစ် အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် သက်ရောက်မှုရှိ

၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်မှ စတင်၍ အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံက အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ တရုတ်နိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်းများအတွက် အကြီးဆုံး နိုင်ငံခြားဈေးကွက်ဖြစ်သည့်အတွက် အဆိုပါကိစ္စသည် တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်ပေါ်စေမည့် အလားအလာကို ပြသနေပါသည်။ ကြေညာခဲ့သည့် တရုတ်နိုင်ငံ၏ အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ကြက်သား၊ ဂျုံ၊ ပြောင်း အစရှိသော ပစ္စည်းများ ပါဝင်ပြီး အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ပဲပိစပ်၊ ဝက်သား၊ အမဲသားနှင့

၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်မှ စတင်၍ အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံက အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ တရုတ်နိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်းများအတွက် အကြီးဆုံး နိုင်ငံခြားဈေးကွက်ဖြစ်သည့်အတွက် အဆိုပါကိစ္စသည် တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်ပေါ်စေမည့် အလားအလာကို ပြသနေပါသည်။ ကြေညာခဲ့သည့် တရုတ်နိုင်ငံ၏ အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ကြက်သား၊ ဂျုံ၊ ပြောင်း အစရှိသော ပစ္စည်းများ ပါဝင်ပြီး အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ပဲပိစပ်၊ ဝက်သား၊ အမဲသားနှင့် အသီးများ ပါဝင်ပါသည်။ မတ်လ ၁၀ ရက်(တနင်္လာ)နေ့၌ အမေရိကန်မှ တရုတ်သို့ တင်ပို့ပြီး ဧပြီ လ ၁၂ ရက်တွင် တရုတ်သို့ တင်သွင်းမည့် ကုန်ပစ္စည်းများအပေါ် အဆိုပါအကောက်ခွန်နှုန်းထား သက်ရောက်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ထားပါသည်။ 

လက်ရှိအချိန်အထိ တရုတ်အစိုးရအနေဖြင့် အမေရိကန်ကုမ္ပဏီ ၁၅ ခုကို တရုတ်ကုန်ပစ္စည်းများ ဝယ်ယူခွင့်မရရန် တားမြစ်ထားပြီး ထိုကုမ္ပဏီများအထဲတွင် အမေရိကန်စစ်တပ်အတွက် Drone ဝယ်ယူနေသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရှိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံတွင် စီးပွားရေး ပြုလုပ်ရန် ပိတ်ဆို့ခံထားရသည့် အမေရိကန်ကုမ္ပဏီ ၁၀ ခု ရှိကြောင်း သတင်းရရှိပါသည်။ 

ကိုးကား -New York Times

တရုတ်(တိုင်ပေ) ချစ်ပ်ကုမ္ပဏီကြီးက အမေရိကန်တွင် အမေရိကန် ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

တရုတ် (တိုင်ပေ) ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကြီး TSMC ၏ အမေရိကန် တွင် အမေရိကန်ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်အစီအစဉ်သည် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်  အခိုက်အတန့် တစ်ခုဖြစ်ကြောင်း တရုတ် (တိုင်ပေ)သမ္မတလိုင်ချန်တေးက မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံခြားထုတ်ချစ်ပ်များပေါ်တွင် အခွန်စည်းကြပ်မှုလုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်ခဲ့ပြီးနောက် Apple နှင့် Nvidia ကုမ္ပဏီတို့ကို ၎င်း၏ ဖောက်သည်များကြားတွင် ထည့်သွင်းရေတွက်သည့် TSMC ကုမ္ပဏီ သည် အဆိုပါအစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် TSMC ကုမ္ပဏီ၏ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၆၅ ဘီလီယံအထိ ရှိလာမည်ဖြစ်ပြီး အမေရိကန် သမိုင်းတွင် အကြီးမားဆုံးနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း TSMC ကပြောကြားခဲ့သည်။ TSMC ကုမ္ပဏီ၏စီအီးအိုဖြစ်သူ C.C. Wei နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တရုတ် (တိုင်ပေ) သမ္မတ လိုင်ချန်တေးသည် တရုတ်(တိုင်ပေ)-အမေရိကန်ဆက်ဆံရေးအတွက် သမိုင်းဝင် အခိုက်အတန့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တရုတ်(တိုင်ပေ)သည် အမေရိကန်ချစ်ပ်လုပ်ငန်းကို ခိုးယူခဲ့ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပြီး ၁၀ဝ ရာခိုင်နှုန်း အခွန် စည်းကြပ်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် TSMC ကုမ္ပဏီ ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ် (တိုင်ပေ) ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသော တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းအပေါ် စစ်ရေးနှင့်နိုင်ငံရေးအရဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်အခိုက်အတန့် တစ်ခုဖြစ်သော အဆိုပါ ရင်းနှီးမြှုပ်နှံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား-NP News

မြန်မာ - ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကျင်းပ

မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား မတ် ၆ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့ President ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ မြန်မာ- ဘယ်လာရုစ် စီးပွားရေးဖိုရမ်အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

စိန်ခေါ်မှုအမျိုးမျိုး အတူတကွ ကျော်လွှား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အားလုံးသိကြသည့်အတိုင်း မိမိတို့သည် မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးကို သံတမန်လမ်းကြောင်းမှနေ၍ အစပြုခဲ့ပြီး စိန်ခေါ်မှုအမျိုးမျိုးကို လက်တွဲပူးပေါင်းကာ အတူတကွကျော်လွှားခဲ့ကြခြင်းဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံနှင့်လည်း သံတမန်ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး အပြန်အလှန်ယုံကြည်မှုနှင့်နားလည်မှုကို အခိုင်အမာတည်ဆောက်နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း။

လက်ရှိတွင်လည်း နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်းဆက်ဆံရေး၊ စီးပွားရေးလုပ်ငန်းအချင်းချင်းဆက်ဆံရေး၊ အစိုးရဌာနအချင်းချင်းဆက်ဆံရေး၊ အစိုးရအချင်းချင်းဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ခြင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုသည် ပိုမိုခိုင်မြဲလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်နွှယ်မှုမှတစ်ဆင့် နှစ်ဦးနှစ်ဖက်ဘုံတူညီသည့် အနာဂတ်ကို လျှောက်လှမ်းရန် စတင်နိုင်ခြင်းပင်ဖြစ်ကြောင်း။

ဦးစွာ ဘယ်လာရုစ်နိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကတိကဝတ်များကို စတင်နိုင်ရန်သဘောတူစာချုပ်မူကြမ်းကို ပြီးခဲ့သည့်ဆယ်စုနှစ်ကျော်က ပေးပို့လာခဲ့သည်ကို မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှုနှင့်အတူ အကြောင်းပြန်ကြားခဲ့မှုအပေါ် ပြန်လည်အမှတ်ရမိကြောင်း၊ ယခုအချိန်တွင် အဆွေတော်တို့၏ စိတ်ပါဝင်စားမှုနှင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကတိကဝတ်ကို ပြန်လည်အသက်သွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကိုလည်း အဆွေတော်တို့ကို သိရှိစေလိုကြောင်း။

တိုးတက်မှုရှိလာ

လက်ရှိတွင် နှစ်နိုင်ငံအကြား ပူးတွဲကော်မရှင်ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများသတ်မှတ်ဖော်ပြနိုင်ခြင်း မရှိသေးသော်လည်း ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာပြီကို သက်သေပြနိုင်ခြင်းပင်ဖြစ်ကြောင်း၊ အစိုးရအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ဆက်ဆံရေးကို အားကောင်းလာစေရေး၊ ကုန်သွယ်မှုကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်းပြီး တိုးတက်မှုရှိလာခြင်းကို အထင်အရှားတွေ့မြင်နိုင်ပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုလက်မှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးနှင့် ဘယ်လာရုစ်နိုင်ငံနှင့် သိပ္ပံနှင့် ခေတ်မီပညာများကို လေ့လာနိုင်စေရန်အတွက်လည်း ပညာသင်ကျောင်းသားများကို စေလွှတ်နိုင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းမှုများကို အစပြုနိုင်ပြီဖြစ်ကြောင်းကြားသိရသည့်အတွက်လည်း များစွာဝမ်းမြောက်ရကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ် အလေးထားစဉ်းစားပေးမှုအတွက် များစွာကျေးဇူးတင်ရှိကြောင်း၊ ယခုနေရာမှ ပြောကြားလိုကြောင်း။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဘယ်လာရုစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကြိုးပမ်းအားထုတ်မှုအတွေ့အကြုံများကို ယခုလိုအခမ်းအနားများမှတစ်ဆင့် အနီးကပ်လေ့လာသိရှိခွင့်ရနိုင်မည်ဖြစ်ကြောင်း။

အထူးသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများ ပိုမိုရရှိနိုင်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာပိုမိုဖူလုံမှုရှိစေရေးတို့ကို အလေးထားလေ့လာလိုပါကြောင်း၊ အဆွေတော်တို့၏ အတွေ့အကြုံကောင်းများကို မျှဝေခြင်းနှင့်အတူ နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုပါ တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုများသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာလျက်ရှိသည်ကို ဂုဏ်ယူစွာပြောကြားလိုကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှုတွင် ဘယ်လာရုစ်နိုင်ငံက ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်ကို အားလုံးကလည်း သိကြမည်ဖြစ်ကြောင်း။

လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အလေးထားဖိတ်ခေါ်လို

စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဓာတ်မြေဩဇာတင်သွင်းမှုအပိုင်းကို အဓိကမြှင့်တင်လိုခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လာရုစ်နိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အလေးထားဖိတ်ခေါ်လိုခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတော်၏ အဓိကကုန်ထုတ်လုပ်ငန်းများအဖြစ် မြှင့်တင်လျက်ရှိကြောင်း၊ ယင်းထုတ်ကုန်လုပ်ငန်းများမှ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းတွင် ရှေ့တန်းကို ရောက်ရှိနေပြီဖြစ်သည့် ဘယ်လာရုစ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စက်မှုလယ်ယာစနစ်ဖြင့် Smart Agriculture အဖြစ် အဆင့်မြှင့်တင်လိုခြင်းပင်ဖြစ်ကြောင်း။

အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဒေသအလိုက် အလုပ်အကိုင်အခွင့် အလမ်းများကို ဖော်ဆောင်ပေးနေပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်အောင်တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် မိတ်ဖက်နိုင်ငံဖြစ်သည့် ဘယ်လာရုစ်နိုင်ငံ၏ ခေတ်မီနည်းပညာနှင့် ပံ့ပိုးကူညီမှုများရရှိပါက မြန်မာနိုင်ငံရှိ လုပ်သားအင်အားများ၏ စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာပြီး နှစ်ဦးနှစ်ဖက် ပိုမိုတည်တံ့ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း။

ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်တင်နိုင်

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့သည့် Myanmar– Belarus Business Forum အရ နှစ်နိုင်ငံတာဝန်ရှိသူများသည် ဓာတ်မြေဩဇာကဏ္ဍ၊ ကားထုတ်လုပ်ရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးနှင့် စားသောက်ကုန်ကဏ္ဍ၊ ရေထွက်ပစ္စည်းထုတ်ကုန်ကဏ္ဍများ၏ အလားအလာကို အပြန်အလှန်မျှဝေခွင့်ရရှိခဲ့ကြောင်း၊ မိမိတို့အတူတကွ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက်လည်း နောင်အနာဂတ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည့် အလားအလာကောင်းများ ရရှိမည်ဟုလည်း ယုံကြည်မိကြောင်း။

ယခုကဲ့သို့ မိမိတို့နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို သိရှိအောင် မျှဝေခွင့်ရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုမှု၊ အထူးသဖြင့် အပြန်အလှန်ပေးပို့ထားပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်(မူကြမ်း)အပေါ် မိမိတို့နှစ်နိုင်ငံအကြား ပြန်လည်အသက်သွင်းနိုင်ရန် လိုအပ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း၊ အနာဂတ်တွင် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်သည့် အလားအလာကောင်းများ အများကြီးရှိမည်ကို ယုံကြည်ကြောင်း၊ ယနေ့အခမ်းအနားတွင် အဆွေတော်တို့၏ အလေးထားစိတ်ဝင်စားမှုနှင့် တက်တက်ကြွကြွ ပါဝင်တက်ရောက်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

များစွာအကျိုး ဖြစ်ထွန်းစေမည်

ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုကြောင်း၊ ယခုကဲ့သို့ မြန်မာ- ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေး ဖိုရမ်ကိုကျင်းပခြင်းဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံဘက်မှ တာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးပြောကြားပြီး ဖိုရမ်ပထမပိုင်းကို ခေတ္တရပ်နားသည်။

ဆက်လက်၍ မြန်မာ - ဘယ်လာရုစ်စီးပွားရေးဖိုရမ် ဒုတိယပိုင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အကျဉ်းချုပ် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့က အပိတ်နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ထို့နောက် မြန်မာ - ဘယ်လာရုစ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများကို ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘယ်လာရုစ်နိုင်ငံဘက်မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သတင်းရရှိသည်။

Source: MOI

ကမ္ဘာ့ကုန်သွယ်ရေးစည်းစနစ်ကို ဖျက်ဆီးခြင်းက အမေရိကန် စီးပွားရေးအတွက် ဆိုးရွားသော ပေးဆပ်မှုများ ဆောင်ကြဉ်းပေးမည်ဟု ဗြိတိန် မီဒီယာဆို

ထရမ့်အစိုးရ၏ လတ်တလော ကမ္ဘာ့ကုန်သွယ်ရေးစနစ်နှင့် မဟာဗျူဟာမြောက် မဟာမိတ်များကို ပစ်မှတ်ထားသော အစွန်းရောက်မူဝါဒများသည် အမေရိကန် ဦးဆောင်တည်ထောင်ထားသော တံခါးဖွင့် ကုန်သွယ်မှုစနစ်ကို ဖျက်ဆီးလျက်ရှိရာ အမေရိကန်စီးပွားရေးအတွက် ဆိုးရွားသော ပေးဆပ်မှုများ ဆောင်ကြဉ်း ပေးလိမ့်မည်ဟု ဗြိတိန် “Financial Times” ဝက်ဘ်ဆိုက်၏ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သော ၎င်းသတင်းဌာန ထိပ်တန်း စီးပွားရေး သုံးသပ်သူ Martin Wolf ၏ ဆောင်းပါးတွင် ပြောကြားခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

အမေရိကန်က ကနေဒါ၊ မက္ကဆီကိုတို့အပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခဲ့ရာ နောက်ဆက်တွဲအနေဖြင့် ဥရောပသမဂ္ဂမှ အမေရိကန်သို့တင်သွင်းသော ကုန်ပစ္စည်းများမှာလည်း မြင့်မားသော စည်းကြပ်ခွန် များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ထိုလုပ်ရပ်မှာ အမေရိကန်က ၎င်းဦးဆောင် တည်ဆောက်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို စွန့်ပယ်လျက်ရှိခြင်း၏ အမှတ်သင်္ကေတဖြစ်သည်။

အမေရိကန် ကုန်သွယ်ရေး လိုငွေပြမှုသည် ကုန်သွယ်ရေးမိတ်ဖက်များ၏ မမျှတသော လုပ်ရပ်များကြောင့် မဟုတ်ကြောင်း၊ “စည်းကြပ်ခွန်နှင့်လိုငွေပြမှုကို ဖြေရှင်းတာက လေအပြည့်ဖြည့်ထားတဲ့ လေပူဖောင်းကို ဖျစ်ညှစ်နေတာနဲ့ အတူတူပဲ” ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့  ထိပ်တန်း စီးပွားရေးပညာရှင် Maurice Obstfeld က အလေးအနက် ပြောကြားခဲ့သည်။

အမေရိကန်က “ဥရောပသမဂ္ဂ ထူထောင်ခြင်းသည် အမေရိကန်အပေါ် အခွင့်ကောင်းယူရန် ဖြစ်သည်” ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ ဒိန်းမတ် စီးပွားရေး ပညာရှင် Jesper Jensen က အမေရိကန်သည် ကုန်ပစ္စည်း ကုန်သွယ်ရေးကိုသာ အာရုံစိုက်နေပြီး ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် အရင်းအနှီးအမြတ်များအပေါ် လျစ်လျူရှု ခဲ့ကြောင်း၊ အကယ်၍ ယူရိုဇုန်ရှိ အမေရိကန်၏ဝန်ဆောင်မှု ကုန်သွယ်ရေးပိုလျှံငွေနှင့် အရင်းအနှီး အမြတ်ငွေစသည်တို့ကို ၎င်း၏ ကုန်သွယ်ရေးလိုငွေပြမှုနှင့် ခုနှိမ်လိုက်ပါက ယူရိုဇုန်တစ်ခုလုံးနှင့် အမေရိကန် ၏ နှစ်ဖက်လက်ကျန်ငွေစာရင်း (current account) သည် လက်တွေ့တွင် တန်းတူညီမျှနီးနီးရှိကြောင်း ထောက်ပြခဲ့သည်။

မက္ကဆီကိုနှင့် ကနေဒါ၏ အမေရိကန် ကုန်ပစ္စည်းများတင်ပို့မှုသည် ၎င်းနိုင်ငံ ၂၀၂၃ ခုနှစ် ပြည်တွင်း ထုတ်ကုန်တန်ဖိုး (GDP) ၏ ၂၇ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း အသီးသီးရှိရာ အမေရိကန်၏ စည်းကြပ်ခွန် တိုးမြှင့်ခြင်းက အဆိုပါနိုင်ငံ နှစ်နိုင်ငံအတွက် ကြီးမားသော စီးပွားရေးကုန်ကျစရိတ်များ ဆောင်ကြဉ်း ပေးမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ၏ ထိုအချိုးအစားမှာ ၂.၉ ရာခိုင်နှုန်းသာရှိ၍ စည်းကြပ်ခွန်တိုးမြှင့်ခြင်း သက်ရောက်မှုက သိပ်ကြီးမားမည်မဟုတ်ကြောင်း၊ “သို့သော် ထိုအချက်သည်လည်း မျှတမှုမရှိသော အသိတရားမရှိသည့် စီးပွားရေးတိုက်ပွဲလုပ်ရပ်တစ်ခုအနေဖြင့် ရှိနေဆဲဖြစ်ကြောင်း၊ ဥရောမသမဂ္ဂအနေဖြင့် မဖြစ်မနေ ပြန်လည်တုံ့ပြန်မှာဖြစ်ပြီး အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေးမှာ ထာဝရပျက်စီးမှု ခံစား ရမည်ဖြစ်ကြောင်း” ၎င်းက ထောက်ပြခဲ့သည်။ အမေရိကန်သည် မဟာမိတ်များက တုံ့ပြန်လိုက်သော စီးပွားရေး၊ နိုင်ငံရေး နှစ်မျိုး၏ တိုက်ခိုက်မှုတွင် မိမိကိုယ်ကိုယ်တန်ပြန်တိုက်စားမှု မုချဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် “ဆိုးရွားစွာ ပေးဆပ်ရလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ကိုးကား-ဆင်ဟွာ

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံမှု ပိုမိုတိုးမြှင့်ရန် စိတ်ဝင်စားကြောင်း ဘယ်လာရုစ် ပြောကြား

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရန် စိတ်ဝင်စားနေပါကြောင်း ဘယ်လာရုစ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Yuri Shuleiko က မြို့တော်မင့်စ်သို့အလည်အပတ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း ဘယ်လာရုစ် သတင်းဌာန BelTA တွင် ဖော်ပြ ထားပါသည်။ 

ဘယ်လာရုစ်နှင့် မြန်မာကိုယ်စားလှယ်များအကြား ကဏ္ဍပေါင်းစုံတွင် တိုးမြှင့်ဆောင်ရွက်ရန် မတ်လ ၆ ရက်တွင် ဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံမှာ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးပုံစံ ဖြစ်သည့်အတွက် နှစ်နိုင်ငံစီးပွားရေးအရ အပြန်အလှန် အကျိုးပြုနိုင်သည်ဟု ဆွေးနွေးခဲ့ကြပါသည်။

မတ်လ ၆ ရက်၌ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-ဘယ်လ်လာရုစ် စီးပွားရေး ဖိုရမ်တွင် သဘောတူစာချုပ်များ အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါသည်။သဘောတူစာချုပ်များအရ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ဘယ်လာရုစ်နိုင်ငံ၏ အဓိကထုတ်ကုန်မှာ ကလေးအစားအစာ ဖြစ်သည့်အတွက် ပထမပို့ကုန်အနေဖြင့် မြန်မာနိုင်ငံသို့ ကလေးနို့မှုန့်များ တင်ပို့မည်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ  ကုမ္ပဏီများအား စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စက်ရုံများ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

ကိုးကား- BelTA (ဘယ်လာရုစ်)

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

အခွန်စည်းကြပ်မှု လျှော့ပေါ့ပေးရန် အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

တရုတ်ထုတ်ကုန်များအပေါ် ထပ်ဆောင်းအခွန်စည်းကြပ်မှုကို လျှော့ပေးရန် အမေရိကန်အား တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi က တောင်းဆို လိုက်ပါသည်။

ဝမ်ယိသည် ပေကျင်း၌ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အစည်းအဝေးနှင့်အတူ မတ်လ ၇ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အမေရိကန်အနေဖြင့် ထိခိုက်နစ်နာစေလိုမှုနှင့် မတုံ့ပြန်သင့်ဘဲ အခြေအမြစ်မရှိသော အခွန်များ ကောက်ခံခြင်းကို ရပ်သင့်သည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

Fentanyl နှင့် အခြားဆေးဝါးများ အမေရိကန်သို့ ဝင်ရောက်လာမှုကို အကြောင်းပြုကာ အမေရိကန်သမ္မတ Donald Trump ၏ အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ တင်သွင်းနေသည့် သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် လူသားချင်းစာနာသော စိတ်ဓာတ်ကိုအခြေခံပြီး အမေရိကန်ပြည်ထောင်စုကို ပံ့ပိုးမှုများ နည်းလမ်းပေါင်းစုံဖြင့် ပေးခဲ့ကြောင်း၊ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို တန်းတူညီတူဖော်ပြခဲ့ပြီး “ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးနှင့် ရလဒ်ကောင်းများရရှိစေမည်” ဟု ဝန်ကြီး Wang က မှတ်ချက် ပြုခဲ့ပါတယ်။

Wang က “တရုတ်နိုင်ငံသည် နိုင့်ထက်စီးနင်းဖိအားပေးမှုကို တုံ့ပြန်သည့်အနေဖြင့် တန်ပြန်ဆောင်ရွက်မှုကို အမှန်တကယ်လုပ်ဆောင်မည်” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

Trump အစိုးရ၏ “အမေရိကန်ပထမဦးစားပေး” မူဝါဒနှင့်ပတ်သက်၍ မေးမြန်းရာတွင် နိုင်ငံအားလုံးသည် ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားကို အလေးထားပြီး အင်အားအပေါ် မှီခိုကျင့်သုံးပါက နိုင်ငံငယ်များနှင့် အားနည်းသောနိုင်ငံများက ပထမဆုံး ထိခိုက်ခံစားရမည်ဖြစ်ပြီး၊ အဆိုပါ လုပ်ဆောင်မှုသည် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို ပြင်းထန်စွာ ထိုးနှက်ရာ ရောက်စေမည်ဖြစ်ကြောင်း Wang က ပြောဆိုခဲ့သည်။ 

အမေရိကန်သည် အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ၎င်း၏ နိုင်ငံတကာ တာဝန်ကို ကျေပွန်သင့်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

Microsoft က တောင်အာဖရိကတွင် AI နည်းပညာအတွက် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည်

အမေရိကန် နည်းပညာကုမ္ပဏီကြီး Microsoft ၏ Vice chair နှင့် President Brad Smith က တောင်အာဖရိကတွင် AI နှင့် Cloud အခြေခံအဆောက်အအုံများအတွက် လာမည့်နှစ်နှစ်အတွင်း ဒေါ်လာ သန်း ၃၀၀ နီးပါးရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။

မတ်လ ၆ ရက်(ကြာသပတေး)နေ့တွင် တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်မြို့၌ ကျင်းပသောအခမ်းအနားတစ်ခု၌ Smith က အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် Microsoft ၏ Azure ဝန်ဆောင်မှုများအတွက် ဒေသတွင်းမှ တိုးမြင့်လာသော ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်နှင့် တောင်အာဖရိက၏ AI နည်းပညာဈေးကွက်ကို ကမ္ဘာ့ အဆင့်မီဖြစ်လာရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးမည်ဟု ဆိုသည်။

Microsoft သည် တောင်အာဖရိကအတွက် နှစ် ၃၀ ကျော်ကြာ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ပေးနေသော မိတ်ဖက်တစ်ဦး ဖြစ်ပြီး ယခုနောက်ဆုံးရင်းနှီးမြှုပ်နှံမှုသည် တောင်အာဖရိက နိုင်ငံသားများအား နည်းပညာများပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတိုးတက်လာစေရေးနှင့် လူငယ်များ၏ လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးများ မြင့်မားလာစေရေး အတွက် ၎င်းတို့၏ တိုးချဲ့ဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည် ဟု Smith က ပြောကြားခဲ့သည်။

ကိုးကား-RT

ကနေဒါနှင့် မက္ကဆီကိုမှ မော်တော်ယာဉ်များအပေါ် ထပ်တိုးအခွန် စည်းကြပ်မှု အမေရိကန်ပြည်ထောင်စု တစ်လတာ ဆိုင်းငံ့

ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ သွင်းကုန်အချို့အပေါ် အခွန်စည်းကြပ်မှု ဆိုင်းငံ့ကြောင်း အမေရိကန်သမ္မတ Donald Trump အစိုးရအဖွဲ့က ကြေညာခဲ့ပါသည်။ အမေရိကန်-မက္ကဆီကို-ကနေဒါ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်၏ စည်းမျဉ်းများအရ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် မော်တော်ယာဥ်များအပေါ် အခွန် ကောက်ခံမှုကို အမေရိကန်အစိုးရက တစ်လတာ ဆိုင်းငံ့ထားမည် ဖြစ်သည်။

Trump သည် မတ်လ ၄ ရက်(အင်္ဂါ)နေ့မှစတင်ပြီး ယင်းနိုင်ငံများမှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရန် အမိန့်ချမှတ် ခဲ့ပါသည်။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt က "Big 3" ဟု ရည်ညွှန်းခေါ်ဆိုကြသည့် မော်တော်ကားထုတ်လုပ်သော ကုမ္ပဏီများမှ အမှုဆောင်အရာရှိများနှင့် သမ္မတ Trump တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မတ်လ ၅ ရက် (ဗုဒ္ဓဟူး)နေ့တွင် ပြောကြားခဲ့သည်။

Trump သည် အဆိုပါ မော်တော်ကားထုတ်လုပ်သူများ စီးပွားရေးအရ အခွင့်မသာသည့်အနေအထား ကျရောက်ခြင်းကိုလည်း မဖြစ်စေချင်ကြောင်း Leavitt က ပြောကြားခဲ့ပါသည်။

မက္ကဆီကိုနှင့် ကနေဒါတို့အပေါ် စည်းကြပ်ခဲ့သော အကောက်ခွန်သစ်များ အင်္ဂါနေ့တွင် စတင်အသက်ဝင်လာပြီးနောက် စတော့ရှယ်ယာဈေးကွက်များ ထိုးကျခဲ့သည်။

သုံးနိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲသည် နိုင်ငံသုံးနိုင်ငံစလုံး၏ စီးပွားရေး အတွက် ကြီးမားသော အန္တရာယ်များဖြစ်စေနိုင်ပြီး စီးပွားရေးတိုးတက်မှုကို ထိခိုက်စေကာ ဈေးနှုန်းများ မြင့်တက်လာစေပြီး အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်လာစေနိုင်သည်။

ပေကျင်း၊ မတ် ၄ ရက် 

အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် မတ် ၃ ရက်တွင် အမေရိကန်က မူလက ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် အခြေခံပေါ်တွင် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံသွားမည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအောက်တွင် အမေရိကန်၏ နောက်ဆုံး စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီ အမံကို တရားစွဲဆိုပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က မတ် ၄ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်၏ တစ်ဖက်သတ် စည်းကြပ်ခွန် ကောက်ခံသည့် အစီအမံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းကိုဆိုးရွားစွာ ချိုးဖောက်နေပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အခြေခံကို ဖျက်ဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံက ပြင်းပြင်းထန် ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းနှင့်အညီ မိမိ၏တရားဝင် လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို အခိုင်အမာကာကွယ်စောင့်ရှောက်ပြီး နိုင်ငံစုံကုန်သွယ်ရေး ယန္တရားနှင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေး စည်းစနစ်ကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

ကိုးကား-ဆင်ဟွာ

Photo: Mint