သတင်းများ

ငွေကြေးမူဝါဒဖြေလျှော့ရန် အချိန်ကောင်း ရွေးချယ်သင့်ကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာများဖော်ပြ

တရုတ်နိုင်ငံ၏ ငွေကြေးမူဝါဒကို အပြောင်းအလဲ ပြုလုပ်မည်ဆိုပါက အချိန်ကောင်းရွေးချယ်ပြီး ဆောင်ရွက်သင့်ကြောင်း မတ်လ ၁၅ ရက်တွင် တရုတ်မီဒီယာများက ရေးသားဖော်ပြထားပါသည်။ 

လတ်တလော အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုများ၏ ဂယက် ရိုက်မှုများအကြားမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးမူဝါဒ အပေါ်ပြန်လည်သုံးသပ်ပြီး သင့်တော်မည့်အချိန်တွင်   ဖြေလျှော့သင့်ကြောင်း တရုတ်ဗဟိုဘဏ်က အကြံပြုထားကြောင်း သိရှိရပါသည်။ 

ငွေကြေးမူဝါဒကို ဖြေလျှော့ပါက အတိုးနှုန်းဖြတ်တောက်ခြင်းများ၊ ဘဏ်များ၏ သီးသန့်ရန်ပုံငွေအချိုးများ (Reserve Requirement Ratio) ကို ဖြေလျှော့ပေးရမည် ဖြစ်ပါသည်။ 

တရုတ်၏ ငွေကြေးမူဝါဒသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ပံ့ပိုးပေးခြင်းနှင့် စွန့်စားမှုများကို တားဆီးခြင်းအကြား ဟန်ချက်ညီအောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ပြည်တွင်းဘဏ်များ၏ အတိုးနှုန်းများသည် တရုတ်နိုင်ငံ၏ ငွေကြေးမူဝါဒအပေါ် ကန့်သတ်မှုများ ဖြစ်ပေါ်စေပါသည်။ 

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတိုးနှုန်းများနှင့် ဘဏ်များ၏ သီးသန့်ရန်ပုံငွေအချိုးများ (Reserve Requirement Ratio) များကို ၂၀၂၄ ခုနှစ်တွင် နှစ်ကြိမ်လျှော့ချပေးခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်သမ္မတ ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ခံခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အတိုးနှုန်းများ လျှော့ချခဲ့ခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ကိုးကား- https://money.usnews.com/

ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲဖြစ်လာက ရုရှားပါ ထိခိုက်မည် ဟု ကျွမ်းကျင်သူ ပြောကြား

အမေရိကန်နှင့် တရုတ်တို့အကြား ဖြစ်ပွားလာနိုင်သည့် ကုန်သွယ်ရေး စစ်ပွဲမှာ တရုတ်-ရုရှားကုန်သွယ်မှုကို ထိခိုက်စေနိုင်ကြောင်း အမေရိကန် အခြေစိုက် Navigator Principal Investors ၏ အမှုဆောင်အရာရှိချုပ် Kyle Shostak က TASS ကို ပြောပြထားပါသည်။

အမေရိကန်က ကနေဒါ၊ မက္ကဆီကို၊ တရုတ်နှင့် အီးယူတို့မှ တင်သွင်းသည့် ပစ္စည်းများအတွက် အခွန်တိုးမြှင့်လိုက်ပါက အပြန်အလှန် အနေဖြင့် အဆိုပါနိုင်ငံများအနေဖြင့် အမေရိကန်မှ တင်သွင်းလာသော ပစ္စည်းများကို ပြန်လည်အခွန်ကောက်ခံကြပါမည်။ ထိုအခွန်များက အဆိုပါနိုင်ငံများ၏ ဘဏ္ဍာငွေများကို တိုးမြှင့်ရန် အသုံးပြုနိုင်သော်လည်း ဈေးနှုန်းမြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း ကျွမ်းကျင်သူက ဆိုထားပါသည်။

တရုတ်စီးပွားရေးကျဆင်းလာပါက ၎င်းသည် ရုရှားထံမှ ဆီနှင့် သဘာဝ ဓာတ်ငွေ့ တင်သွင်းမှုကို လျော့ချလာနိုင်သဖြင့် ရုရှားစီးပွားရေး ထိခိုက်လာနိုင်သလို ရုရှားရင်းနှီး မြှုပ်နှံမှုများ နှောင့်နှေးလာနိုင်ပြီး ရုရှား ငွေကြေး ရူဘီတန်ဖိုး ကျဆင်းသွားနိုင်ကြောင်း ထပ်လောင်းရှင်းပြထားပါသည်။

ကိုးကား- TASS

Photo: The Diplomat

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

တောင်ကိုရီးယား၏ ပြည်ပပို့ကုန်တင်ပို့မှု ပြန်လည်မြင့်တက်လာပြီး ဘဏ်များ၏ စုပေါင်းအသားတင်ဝင်ငွေမှာ ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံခန့်အထိမြင့်တက်

တောင်ကိုရီးယားနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်၏ မတ်လ ၁၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပနိုင်ငံများ၏  ဓာတုထုတ်ကုန်ပစ္စည်းများနှင့်   သယ်ယူပို့ဆောင်ရေး ကိရိယာများအတွက် ဝယ်လိုအားမြင့်တက် လာမှုကြောင့် ပို့ကုန်တင်ပို့မှု အညွှန်းကိန်းသည် ဖေဖော်ဝါရီလ အတွင်း၌ ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ၁၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းလာပြီးနောက် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် လအတွင်းက ပြည်ပနိုင်ငံများသို့  တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနက် ဓာတုပစ္စည်းတင်ပို့မှုသည် ပြန်လည်မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံအတွင်းရှိဘဏ်များ၏  စုပေါင်းအသားတင်ဝင်ငွေမှာ ၂၂ ဒသမ ၄ ထရီလီယံ (ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံခန့်) အထိမြင့်တက်လာသည်။

တောင်ကိုရီးယားနိုင်ငံသည် အခြားနိုင်ငံများသို့ ဓာတုထုတ်ကုန်များ၊  အီလက်ထရွန်နစ်ပစ္စည်းများနှင့်  အခြားအရေးပါသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်တင်ပို့လျက်ရှိသည်။

Source: https://myawady.net.mm/

ကြက်ဥဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ကြက်ဥများတင်ပို့ရန် ဒိန်းမတ်အပါအဝင် ဥရောပနိုင်ငံများအား အမေရိကန်တောင်းဆို

အမေရိကန်ပြည်ထောင်စုတွင် ကြက်ဥဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် အစိုးရက ဒိန်းမတ်အပါအဝင် အခြားဥရောပနိုင်ငံများအား ကြက်ဥများပေးပို့ရန် တောင်းဆိုခဲ့သည်ဟု ဒိန်းမတ်ကြက်ဥရောင်းဝယ်ရေးအဖွဲ့အစည်းက မတ်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါပိုး ကူးစက်မှုများကြောင့် အာဏာပိုင်အဖွဲ့က ကြက်များအားဖယ်ရှားရှင်းလင်းခဲ့ရာ ယခုအခါ ကြက်ဥလက်ကားဈေးနှုန်းသည် စံချိန်တင်မြင့်တက်လျက်ရှိသည်။ သို့သော် ထရမ့်က ကြက်ဥဈေးနှုန်းများကို လျှော့ချမည်ဟု ၎င်းသမ္မတအဖြစ်တက်ရောက်လာပြီးနောက် ကတိပေးထားခဲ့သော်လည်း ကြက်ဥဈေးနှုန်းသည် ဖေဖော်ဝါရီလအတွင်းမှာပင် ၅၉ ရာခိုင်နှုန်းမြင့်တက်လာသည်။

ထို့ကြောင့် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ဒိန်းမတ်နိုင်ငံအပါအဝင် ဥရောပရှိ ကြက်ဥထုတ်လုပ်သည့် နိုင်ငံများအား အမေရိကန်ဈေးကွက်သို့ ကြက်ဥများတင်ပို့ရန် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် တရားဝင်တောင်းဆိုမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် တူကီယဲမှ ကြက်ဥတန်ချိန်ပေါင်း ၁၅၀၀၀ ခန့်ကို ယခုနှစ် ဖေဖော်ဝါရီလမှစ၍ တင်သွင်းရလျက်ရှိသည်။

နိုင်ငံအတွင်း၌ ဖြစ်ပွားသည့် ကြက်၊ ငှက်တုပ်ကွေးရောဂါကူးစက်မှုကို တိုက်ဖျက်နိုင်ရေးအတွက် အသုံးပြုမည့် ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အမေရိကန်က အခြားနိုင်ငံများမှ ကြက်ဥများကို တင်သွင်းသွားမည်ဖြစ်သည်ဟု အမေရိကန်စိုက်ပျိုးရေးဝန်ကြီး ဘရွတ်ရိုးလင်းက ကြေညာထားကြောင်း သိရသည်။

Source: မြဝတီသတင်းစာ

Photo: NewsBreak

ဥရောပက တင်ပို့လာသည့် ဝိုင်၊ ရှန်ပိန် နှင့် ယာမကာများကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ဥရောပကတင်ပို့လာသည့် ဝိုင်၊ ရှန်ပိန်နှင့် အခြားယာမကာများကို အခွန် ၂၀၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါသည်။

ဥရောပနိုင်ငံများသည် အမေရိကန်မှ တင်သွင်းနေသော ဝီစကီများ အပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံနေမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဆိုထားပါသည်။

အလူမီနီယမ်၊ သံမဏိ၊ မော်တော်ကား စသည်တို့အပေါ် အခွန် ကောက်ခံရန် ဆုံးဖြတ်ထားခြင်း ပြန်လည်ပြင်ဆင်မည် မဟုတ်ကြောင်း ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပါသည်။ ဥရောပ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တင်သွင်းလာသည့် အလူမီနီယမ်၊ သံမဏိများအပေါ်   အခွန် ၂၅ ရာခိုင်နှုန်းကို ပြီးခဲ့သည့် မတ်လ ၁၂ ရက် မှစ၍ ကောက်ခံနေပြီ ဖြစ်ပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်က ဂျပန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ်ရန် ဆုံးဖြတ်မှုအပေါ် စိတ်မကောင်းဖြစ်ရဟု ဂျပန်အစိုးရပြော

အမေရိကန်အစိုးရက ဂျပန်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ် ရန်ဆုံးဖြတ်မှုအပေါ်  စိတ်မကောင်းဖြစ်ရကြောင်း ဂျပန်အစိုးရက မတ်လ ၁၂ ရက်တွင်  ပြောကြားလိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှတင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဂျပန်-အမေရိကန်စီးပွားရေး ဆက်ဆံမှုများ၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အပေါ် သက်ရောက်လာနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ယိုရှီမာဆာ ဟာယာရှီက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

ထို့ပြင် ဂျပန်နိုင်ငံမှ အမေရိကန်သို့ တင်ပို့နေသည့်  သံမဏိပို့ကုန်များသည်  အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိဟု ၎င်းကဆက်လက်ပြောကြားသည်။

ဂျပန်အစိုးရ၏  ထုတ်ပြန်ချက်သည်  ဂျပန်နိုင်ငံက အမေရိကန်သို့တင်ပို့နေသည့် အလူမီနီယံနှင့် သံမဏိထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန်    မတ်လ  ၁၂  ရက်တွင်  အမေရိကန်က ချမှတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျပန်စီးပွားရေး၊  ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ယိုဂျိုမူတိုသည် ယခု ရက်သတ္တပတ် အစောပိုင်းက အမေရိကန် အစိုးရအဖွဲ့မှ အရာရှိများနှင့်   တွေ့ဆုံ၍ အခွန်တိုးမြှင့် ကောက်ခံခြင်းမှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက  ထုတ်ပြန်ထားသည်။

ကနေဒါမှ တင်ပို့သည့် သံမဏိနှင့် အလူမီနီယမ်အပေါ် အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်မကောက်ခံတော့ ဟု အိမ်ဖြူတော်ထုတ်ပြန်

ကနေဒါမှ အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယမ်ပစ္စည်းများအပေါ် မတ်လ ၁ ရက်မှစ၍ အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့် ကောက်ခံရန် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို လက်လွှတ်လိုက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်Kush Desai က ထုတ်ပြန်ပြောကြားလိုက် ပါသည်။

အွန်တာရီယို ပြည်နယ်ဝန်ကြီးချုပ် Doug Ford နှင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေး အတွင်းဝန် Lutnick တို့ ဆွေးနွေးပြီးနောက် ကနေဒါက အမေရိကန်သို့ လျှပ်စစ်ဓာတ်အားတင်ပို့မှု အပေါ် ၂၅ ရာခိုင်နှုန်း အခွန်ထည့်သွင်းမည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက် ကြောင်း သိရပါသည်။

သို့ရာတွင် ဒေါ်နယ်ထရမ့် ယခင်မူလညွှန်ကြားချက်အရ ကနေဒါနှင့် အခြားကုန်သွယ်ဖက်နိုင်ငံများအားလုံးအတွက် သံမဏိနှင့် အလူမီနီယမ် ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကို ခြွင်းချက်နှင့် ကင်းလွတ်ခွင့် မရှိစေဘဲ ကောက်ခံသွားမည်ဖြစ်ပြီး ထိုအမိန့်သည် မတ်လ ၁၂ ရက် ည ၁၂ နာရီတွင် အသက်ဝင်စေမည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားထားပါသည်။ 

ယခုလုပ်ဆောင်ချက်မှာ ဒေါ်နယ်ထရမ့်က ကမ္ဘာ့အကြီးဆုံး စီးပွားရေးစွမ်းအားကို အသုံးချပြီး အမေရိကန်ပြည်သူများအတွက် အောင်ပွဲတစ်ခု ဆောင်ကြည်းပေးနိုင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားပါသည်။

ကိုးကား- TASS

Photo: BBC

အမေရိကန် တင်သွင်းကုန်အပေါ် ကနေဒါစည်းကြပ်နေသည့် အခွန်များကို မရုတ်သိမ်းလျှင် ကနေဒါမော်တော်ကားလုပ်ငန်း ပျက်စီးစေရမည် ဟု ဒေါ်နယ်ထရမ့် ကြုံးဝါး

အမေရိကန်က တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် ကနေဒါကစည်းကြပ်နေသည့် အခွန်များကို ပြန်လည်မရုတ်သိမ်းလျှင် ကနေဒါမော်တော်ကား လုပ်ငန်းပျက်စီးစေရမည် ဟု ဒေါ်နယ်ထရမ့်က ကြုံးဝါးလိုက်ပါသည်။

ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၁ ရက်တွင် ကနေဒါ၊ တရုတ်နှင့် မက္ကဆီကို တို့မှ ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြင့်စည်းကြပ်ရန် အမိန့် ထုတ်ပြန် လိုက်ပြီးနောက် ဖေဖော်ဝါရီ ၄ ရက်တွင် တရုတ်သွင်းကုန်များအပေါ် ၁၀ ရာခိုင်နှုန်း တိုးမြင့်လိုက်ပြီး ကနေဒါနှင့်မက္ကဆီကို သွင်းကုန်များအပေါ် တစ်လအချိန်ဆိုင်းငံ့ပေးခဲ့ပါသည်။

တစ်လပြီးနောက် မတ်လ ၄ ရက်တွင် ထရမ့်က ကနေဒါနှင့်မက္ကဆီကို သွင်းကုန်များကို အခွန် ၂၅ ရာခိုင်နှုန်းတိုးမြင့် စည်းကြပ်လိုက်ပြီး အမေရိကန်-မက္ကဆီကို- ကနေဒါ သဘောတူညီချက် (USMCA) တွင် ပါဝင်သည့်ကုန်စည်များကို အဆိုပါစည်းကြပ်မှုမှ ကင်းလွတ်ပေးခဲ့ပါသည်။

တစ်ဖက်တွင်လည်း ကနေဒါသည် အမေရိကန်မှ တင်သွင်းလာသည့် မော်တော်ကား၊ နို့ထွက်ပစ္စည်းများ၊ ဘီယာ၊ ဝိုင်၊ အရက်၊ စိုက်ပျိုးထွက်ကုန်နှင့် သစ်တောထွက်ပစ္စည်းများကို ကာလကြာရှည်စွာ အခွန် စည်းကြပ်မှုနေမှုအပေါ်   ကစားလာသည်ဟု ဒေါ်နယ်ထရမ့်က ယုံကြည်နေပြီး အမေရိကန် စီးပွားရေးအတွက် အခက်အခဲဖြစ်စေသည်ဟု ယူဆနေပါသည်။

အကယ်၍ အမေရိကန်တင်သွင်းကုန်များအတွက် အခွန်စည်းကြပ်နေမှု အပေါ် ကနေဒါက မရုတ်သိမ်းပေးနိုင်ပါက ကနေဒါနိုင်ငံ၏ မော်တော်ကား တင်သွင်းခွန်ကိုဧပြီ ၂ ရက်တွင် မဖြစ်မနေ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုစည်းကြပ်မှုကို ထပ်မံဖြေလျော့ပေးမည် မဟုတ်တော့ကြောင်း၊ အမေရိကန်တွင် မော်တော်ကား လွယ်လွယ်ကူကူ ထုတ်လုပ်နိုင်သဖြင့် ကနေဒါမော်တော်ကားများကို အလိုမရှိပါကြောင်း၊ ကနေဒါ မော်တော်ကားလုပ်ငန်းပျက်စီးစေရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပါသည်။ 

ကိုးကား-TASS

Photo: RNZ

Musk က Tesla ကုမ္ပဏီထုတ်လုပ်မှုကို နှစ်နှစ်အတွင်း နှစ်ဆတိုးမည် ဟုဆို

Tesla ကုမ္ပဏီ၏ စီအီးအို Elon Musk က အမေရိကန်ပြည်ထောင်စု၌ လာမည့်နှစ်နှစ်အတွင်း ကားထုတ်လုပ်မှုကို နှစ်ဆတိုးမည်ဟု ပြောကြား လိုက်သည်။

Musk နှင့် အမေရိကန်သမ္မတ Trump တို့ မတ်လ ၁၁ ရက်နေ့က Tesla ကုမ္ပဏီထုတ် ကားများကို ကြည့်ရှုစဉ် သတင်းထောက်များနှင့် တွေ့ဆုံ ရာ၌ ထရမ့်က မက်အား ၎င်း၏ထောက်ခံမှုကို အားပေးစကားပြောဆိုစဉ် “မက်သည် အမေရိကန်ပြည်ထောင်စုအတွက် စိတ်အားထက်သန်တက်ကြွသူဖြစ်သကဲ့သို့ Tesla ကုမ္ပဏီတွင်လည်း အံ့သြဖွယ်ကောင်းသောအလုပ်များကို လုပ်ခဲ့သူဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်က ၎င်းကိုယ်တိုင်လည်း Tesla ကုမ္ပဏီထုတ် ကားတစ်စီးကို ဝယ်ယူသွားမည်ဟု ဆိုသည်။

မက်ကလည်း “သမ္မတကြီး ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့၏ မူဝါဒကောင်းများကြောင့် အမေရိကန်ပြည်ထောင်စုအပေါ် ယုံကြည်မှုအနေဖြင့် Tesla ကုမ္ပဏီသည် လာမည့်နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ကား ထုတ်လုပ်မှုကို နှစ်ဆတိုးသွားမည်” ဟု ပြောကြားခဲ့သည်။

အစိုးရဌာနများတွင် အလုပ်သမားအင်အားလျှော့ချခြင်းနှင့် အသုံးစရိတ်များ လျှော့ချခြင်းကို ဦးဆောင်နေသူ မက်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများကို ထရမ့်က ဦးစားပေးသည့်ပုံရသည်ဟု ဝေဖန်မှုများ ရှိနေသည်။ 

NBC သတင်းဌာနက “အစိုးရအကြီးအကဲတစ်ဦးအနေဖြင့် ထုတ်ကုန်တစ်ခုအား ဤမျှ ရှင်းရှင်းလင်းလင်း ထောက်ခံခြင်းသည် ရှားပါးလွန်းကြောင်း၊ သမ္မတတစ်ဦးအနေဖြင့်ဆိုပါက ကြုံထောင့်ကြုံခဲ အခိုက်အတန့်ပင် ဖြစ်သည်” ဟု ဆိုသည်။

အမေရိကန်နိုင်ငံသားအချို့က မက်နှင့် တက်စလာကုမ္ပဏီကို ကန့်ကွက်သည့်အနေဖြင့် Tesla Showroom များနှင့် Tesla Charging Station များကို ဖျက်ဆီးမှုများရှိခဲ့ပြီး ကုမ္ပဏီ၏ စတော့ရှယ်ရာဈေးနှုန်းလည်း ထိုးကျခဲ့သည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမနှစ်လအတွင်း ကော်ဖီတင်ပို့မှု မြင့်တက်ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံရရှိ

ဟနွိုင်း  မတ် ၁၀

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှာ ယခုနှစ် ပထမနှစ်လအတွင်း ၂၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို ကိုးကားပြီး မတ် ၁၀ ရက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ယင်းကာလအတွင်း ကော်ဖီတန်ချိန် ၂၈၄၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ပျမ်းမျှကော်ဖီဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၇၄ ဒသမ ၅ ဒေါ်လာရှိပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၇၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။

Source: မြန်မာ့အလင်းသတင်းစာ