တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်မှုအပေါ် အမေရိကန်အား တရုတ် လက်တုံ့ပြန်မည်

News Image

  • တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်မှုအပေါ် အမေရိကန်အား တရုတ် လက်တုံ့ပြန်မည်

အမေရိကန်က တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်မှုအပေါ် ပြန်လည် လက်တုံ့ပြန်မည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေများကို ထည့်သွင်းစဉ်းစားလျက်ရှိပြီး အမေရိကန်အစိုးရ၏  ဆောင်ရွက်ချက်များကို အနီးကပ်စောင့်ကြည့်ကာ မိမိတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်တုံ့ပြန်မှုများကို   လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်သည့်    ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  စည်းမျဉ်းများကို  လိုက်နာ၍ ဈေးကွက်စီးပွားရေး၏   ဥပဒေများကိုလေးစားသင့်ကြောင်းနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို လက်နက်သဖွယ် အသုံးပြုခြင်းအား  ရပ်တန့်သင့်ကြောင်း   တရုတ်အစိုးရက တိုက်တွန်းထားသည်။

အမေရိကန်၏ကန့်သတ်မှုများသည် တရုတ်နှင့် အမေရိကန်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို ပျက်စီးစေပြီး   အမေရိကန်အတွက် အကျိုးရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံက    တုံ့ပြန်ပြောဆိုထားသည်။

တရုတ်အစိုးရ၏   တုံ့ပြန်မှုသည် အမေရိကန်အစိုးရက နိုင်ငံ၏အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို အခြားပြည်ပကုမ္ပဏီများ၏ ခြိမ်းခြောက်မှုမှ ကာကွယ်နိုင်ရေးအတွက်  တရုတ်နိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကန့်သတ်ရန် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ပြီးနောက်  ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: Ivt

Source: Myawady Web Portal