သတင်းများ

အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို ပို့ကုန် ကြီးကြပ်ထိန်းချုပ်ရေး နာမည်စာရင်းတွင် တရုတ်နိုင်ငံ ထည့်သွင်း

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် 

Leidos ကုမ္ပဏီ စသည့် အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို ပို့ကုန် ကြီးကြပ်ထိန်းချုပ်ရေး နာမည်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာ အစီအမံများ လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လ ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်စီမံထိန်းချုပ်မှုဆိုင်ရာဥပဒေ” နှင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်မျိုးသုံး ကုန်ပစ္စည်းများ၏ ပို့ကုန်စီမံထိန်းချုပ်မှုဆိုင်ရာဥပဒေ” စသည့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်၊ ပြန့်ပွားမှုတားဆီးရေးစသည့် နိုင်ငံတကာ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် Leidos ကုမ္ပဏီစသည့် အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို တင်ပို့မှု ကြီးကြပ် ထိန်းချုပ်ရေး နာမည်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး အောက်ပါအစီအမံများကို လုပ်ဆောင်သွားမည် ဖြစ်ရာ (၁) ဤ အမေရိကန် အဖွဲ့အစည်း ၁၅ ခုသို့ နှစ်မျိုးသုံးကုန်ပစ္စည်းများတင်ပို့မှုကို တားမြစ်ခြင်း၊ လုပ်ဆောင်လျက်ရှိသော သက်ဆိုင်ရာပို့ကုန်လုပ်ငန်းများကို ချက်ချင်းရပ်တန့်ခြင်း၊ (၂) အထူးအခြေအနေအရ အမှန်တကယ် လိုအပ်ပါက တင်ပို့သူသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လျှောက်ထား ရမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ကြေညာချက်ထုတ်ပြန်သည့်ရက်မှစ၍ တရားဝင် စတင်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 ကိုးကား-ဆင်ဟွာ

Photo: Report.az

၂၀၂၅ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၅% ဝန်းကျင်ရှိရန် တရုတ် နိုင်ငံရည်မှန်း

တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး နိုင်ငံရေးဆိုင်ရာ အခမ်းအနားဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက်ညီလာခံကို ပေကျင်းမြို့၌ စတင်ကျင်းပ လျက်ရှိပြီး ယခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းခန့်ရရှိရန် မျှော်မှန်းထားကြောင်း တရုတ်အစိုးရက ဆိုပါသည်။

အဆိုပါရည်မှန်းချက်ကို ဝန်ကြီးချုပ် Li Qiang က ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်မှ တိုးတက်မှုနှုန်းနှင့် တူညီကာ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ ၅ ရာခိုင်နှုန်းရည်မှန်းချက် ပြည့်မီစေရေး လုပ်ဆောင်နိုင်ခဲ့ပါသည်။

လတ်တလောတွင် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး ပဋိပက္ခများ ရှိနေသော်လည်း တရုတ်အစိုးရသည် စီးပွားရေးကို ပံ့ပိုးရန်နှင့် တိုးတက်မှုကို ထိန်းသိမ်းရန် ရည်ရွယ်နေသည်။

မကြာသေးမီက အမေရိကန်အစိုးရသည် တရုတ်ကသွင်းကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန်စည်းကြပ်မှုကို နှစ်ဆတိုးပြီး ၂၀ ရာခိုင်နှုန်း အထိ မြှင့်တင်ခဲ့ပါသည်။ တရုတ်အစိုးရက တန်ပြန်အစီအမံများကို ကြေညာထားသော်လည်း ပို့ကုန်ကဏ္ဍသည် တရုတ်စီးပွားရေးကို မြင့်မားလာစေရန် ကာလရှည်ကြာ တွန်းအားပေးစေခဲ့ခြင်းဖြစ်ပါသည်။ အခြား လုပ်ဆောင် မှုများတွင် ပြည်တွင်းဝယ်လိုအား မြှင့်တင်ရေးအတွက် ဝယ်ယူစားသုံးမှုများကို လှုံ့ဆော်အားပေးရန် တရုတ်အစိုးရက စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

ကိုးကား-NHK World

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်မည့် ထရမ့်၏အမိန့်စတင်အသက်ဝင်

ဝါရှင်တန်၊ စီးပွားရေး

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်ကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်ကြေညာချက်သည် မတ်လ ၄ ရက်မှစ၍ အသက်ဝင်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ်ကောက်ခံနေသည့် သွင်းကုန်ခွန်ကို နှစ်ဆတိုးမြှင့်လိုက်သည့် ထရမ့်၏အမိန့်ကြေညာချက်သည် ယခုအချိန်မှစ၍ အသက်ဝင်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်မှတာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားခြင်းဖြစ်သည်။

တရုတ်အစိုးရသည် သဘာဝအတိုင်းမဟုတ်ဘဲ ဖန်တီးထားသည့် အကိုက်အခဲပျောက်ဆေးကဲ့သို့သော တရားမဝင်ဆေးဝါးများ အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်နေခြင်းနှင့်စပ်လျဉ်း၍ ထိရောက်စွာတုံ့ပြန်လုပ်ဆောင်နိုင်ခြင်းမရှိဟု ထရမ့်ကစွပ်စွဲပြီး တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ကောက်ခံနေသည့်သွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည့်အမိန့်ကြေညာချက်အား မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်ကုန်ပစ္စည်းများအပေါ် ယခုကဲ့သို့ အခွန်တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံအတွင်းသို့ တရားမဝင်ဆေးဝါးများဝင်ရောက်နေခြင်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း ထရမ့်အစိုးရက ပြောကြားထားသည်။

သို့ရာတွင် အမေရိကန်အစိုးရသည် အကိုက်အခဲပျောက်ဆေးကိစ္စရပ်အား အကြောင်းပြချက်တစ်ရပ်အဖြစ်အသုံးချ၍ တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထိုသို့သောလုပ်ဆောင်ချက်မျိုးကို တရုတ်နိုင်ငံကဆန့်ကျင်ကြောင်းနှင့် တရုတ်အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏တရားဝင်အကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် လိုအပ်သည့်အရာများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက တုံ့ပြန်ပြောကြားခဲ့ကြောင်းသိရသည်။ 

Source: https://myawady.net.mm/

ထိုင်ဝမ်၏ Chip ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TSMC က အမေရိကန်တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TSMC သည် အမေရိကန် ပြည်ထောင်စု၌ ဒေါ်လာ ၁၀၀ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ ၎င်းသည် အမေရိကန် အနေဖြင့် AI လောကကို ကြီးစိုးနိုင်သည့် အခြေအနေရောက်အောင် မြှင့်တင်ပေးနိုင်မည့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများသည် ၂၁ ရာစု စီးပွားရေး၏ အဓိကကျောရိုးဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က TSMC ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ C.C.Wei နှင့် မတ်လ ၃ ရက်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထို့အပြင် ထရမ့်က တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် AI နည်းပညာမှသည် မော်တော်ယာဉ်များထိ နည်းပညာ တိုးမြှင့်ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် အရာပင်ဖြစ်ကြောင်း၊ အဆိုပါ Chip နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အမေရိကန်နိုင်ငံတွင်းရှိ အမေရိကန်စက်ရုံများတွင် အမေရိကန် နည်းပညာကိုသုံးကာ အမေရိကန်နိုင်ငံသား လုပ်သားများဖြင့် ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TSMC သည် လာမည့် ၄ နှစ်ကျော် အတွင်း ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း စသည်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း Arizona ရှိ Chip ထုတ်လုပ်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း TSMC က ထုတ်ပြန်ကြေညာခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

တရုတ်နိုင်ငံသည် အမေရိကန်၏ အခွန်စည်းကြပ်မှုများကို တုံ့ပြန် လိုက်သော်လည်း ညှိနှိုင်းဆွေးနွေးလိုသည့် ဆန္ဒလည်းရှိ

“တရုတ်နိုင်ငံသည် မည်သည့်ကုန်သွယ်ရေးစစ်ပွဲကိုမဆို အဆုံးတိုင် တိုက်ခိုက်မည်” ဟု ပေကျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့သည်။ ယင်းကြေညာချက်သည် တရုတ်နိုင်ငံက အမေရိကန်မှ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် တုံ့ပြန်အခွန်စည်းကြပ်မှုများ ကျင့်သုံးမည်ဟု ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် တရုတ်၏ နောက်ဆုံးတုံ့ပြန်အစီအမံများသည် အစပိုင်း တိုက်ခိုက်မှုသာဖြစ်ပြီး တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သေးကြောင်း ဆိုသည်။

“အမေရိကန်အား အနိုင်ကျင့်မှုများကို ရပ်တန့်ပြီး အချိန်မီ ပြန်လည်၍ ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရန် အကြံပြုလိုပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်းကျန်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ အခွန်စည်းကြပ်မှုများကို တုံ့ပြန်ရန် လုပ်ဆောင်လျက်ရှိသော်လည်း တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် လိုလားနေသည်။ တရုတ်နိုင်ငံ၏ အဆိုပါချဉ်းကပ်မှုသည် ကုန်သွယ်ရေးပဋိပက္ခကို ထိန်းချုပ်ရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်၏ ကုန်သွယ်ရေးဆိုင်ရာ ဖိအားများကို ခုခံတုံ့ပြန်ရန် လိုအပ်သည်ဟု ခံယူထားသော်လည်း၊ နှစ်နိုင်ငံအကြားကုန်သွယ်ရေးပဋိပက္ခ ပိုမိုကြီးထွားလာပါက ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သိရှိထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံ သည် ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားရန်နှင့် နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူများက အမေရိကန်အား ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခကို ဖြေရှင်းရန် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် တိုက်တွန်းလျက်ရှိသည်။ နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးသည် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ အရေးကြီးသည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်း သိရှိရပါသည်။

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

TikTok သည် လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

TikTok သည် လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း၊ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံ၊ လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အွန်လိုင်း လုံခြုံရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း TikTok ၏ အကြီးတန်းအမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ByteDance ပိုင်ဆိုင်သည့် Social Platform သည် Amazon၊ Google နှင့် Microsoft တို့ပြီးနောက် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏမြင့်မားသည့် နည်းပညာကုမ္ပဏီကြီးဖြစ်သည်။

TikTok ၏ လူမှုမူဝါဒ ဒုတိယဥက္ကဋ္ဌ Helena Lersch သည် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအား ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် Paetongtarn က ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံနှင့် AI ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံအတွက် အဓိကအခွင့်အလမ်းတစ်ခုအဖြစ် ဂုဏ်ပြုခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် စီးပွားရေးလုပ်ငန်းများနှင့် ဖန်တီးသူများအတွက် လေ့ကျင့်ရေးအစီအစဉ်များ၊ လိမ်လည်မှုတိုက်ဖျက်ရေး လှုပ်ရှားမှုများနှင့် ဒေသတွင်း Cloud စွမ်းဆောင်ရည်များကိုမြှင့်တင်ရန် ဒေတာ လက်ခံသည့် ၀န်ဆောင်မှုအသစ်တစ်ခု ပါဝင်သည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော ထိုင်းနိုင်ငံ သည် နည်းပညာကဏ္ဍတွင် စင်ကာပူနှင့် အင်ဒိုနီးရှားတို့နောက်တွင် ကျန်ရှိနေပြီး နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အစီအမံများအား ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တရုတ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်အားလုံးကို လာမည့် သီတင်းပတ်တွင် အခွန် ၂၀ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ထရမ့်ပြောကြား

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်အားလုံးကို အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံသွားမည့်အပြင် ၂၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့် ကောက်ခံသွားရန်စီစဉ်လျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဤသည်မှာ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာရှိသည့် နှစ်နိုင်ငံကုန်သွယ်မှုကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်ပြီး ထရမ့်အနေဖြင့် ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ရေးသားခြင်းများ လုပ်ဆောင်ခြင်းဖြင့် တရုတ်နှင့် စီးပွားရေး ပြိုင်ဆိုင်မှုတွင် ရှယ်ယာများ သိသိသာသာ တိုးလာစေသည့်အပြင် ပြုပြင်ပြောင်းလဲမှု အသွင်သဏ္ဍာန်ကိုလည်း ပြသရာရောက်စေပါသည်။ ထို့အပြင်  တရုတ်၏ fentanyl ဆေးဝါးကုန်သွယ်မှုကို ထိန်းချုပ်လိုက်ခြင်းပင်ဖြစ်သည်။

Fentanyl ဆေးဝါးပုံစံဖြင့်ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများအများစုကို တရုတ်နိုင်ငံက ထုတ်လုပ်ပြီး ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း၊ အဆိုပါဆေးဝါး ထုတ်လုပ်တင်သွင်းမှုများ ရပ်တန့်သွားသည်အထိ သို့မဟုတ် ထိထိ ရောက်ရောက် ကန့်သတ်ထိန်းချုပ်နိုင်သည်အထိ ရည်မှန်း၍ သွင်းကုန်စည်းကြပ်မှုကို မတ်လ ၄ ရက်တွင် စတင် ကျင့်သုံးရန် စီစဉ်ထားရှိကြောင်း၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ်ပြီး မတ်လ ၄ ရက်(အင်္ဂါနေ့)တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ကုန်သွယ်ဖက် နိုင်ငံအားလုံးသို့ အပြန်အလှန်အခွန်စည်းကြပ်ခြင်းကို ဧပြီလ ၂ ရက်တွင် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ထရမ့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာစာမျက်နှာတွင် ထုတ်ဖော်ရေးသားခဲ့သည်။

ကိုးကား-South China Morning Post

အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြား ထိုင်းဗဟိုဘဏ်က အတိုးနှုန်း လျှော့ချ

ထိုင်းဗဟိုဘဏ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်စည်းမျဉ်းများကြောင့် ဘဏ်အတိုးနှုန်းကို ၂.၅ ရာခိုင်နှုန်း လျှော့ချထားရာမှ ၂ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချလိုက်ကြောင်းနှင့် အဆိုပါ အတိုးနှုန်းလျှော့ချမှုသည် လေးလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း  NHK သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။ မူဝါဒချမှတ်သူများက ထိုင်းနိုင်ငံ၏စီးပွားရေးသည် အဓိကစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် စိုးရိမ်ခြေအမှတ်သို့ တဖြည်းဖြည်းဦးတည်လာနေသည် ဟု ထိုင်းဗဟိုဘဏ်က ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုမှုသည် အမေရိကန်ကို ရည်ညွှန်းထားခြင်းဖ

ထိုင်းဗဟိုဘဏ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်စည်းမျဉ်းများကြောင့် ဘဏ်အတိုးနှုန်းကို ၂.၅ ရာခိုင်နှုန်း လျှော့ချထားရာမှ ၂ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချလိုက်ကြောင်းနှင့် အဆိုပါ အတိုးနှုန်းလျှော့ချမှုသည် လေးလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း  NHK သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။ မူဝါဒချမှတ်သူများက ထိုင်းနိုင်ငံ၏စီးပွားရေးသည် အဓိကစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် စိုးရိမ်ခြေအမှတ်သို့ တဖြည်းဖြည်းဦးတည်လာနေသည် ဟု ထိုင်းဗဟိုဘဏ်က ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုမှုသည် အမေရိကန်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ကြောင်းကိုလည်း ဗဟိုဘဏ်က ခန့်မှန်းပြောကြားထားသည်။ အထူးသဖြင့် မော်တော်ကားနှင့် ရေနံဓာတုပစ္စည်းများ ထုတ်လုပ်သည့် ထိုင်းလုပ်ငန်းရှင်များသည် သွင်းကုန်ပစ္စည်းများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် ခက်ခက်ခဲခဲရုန်းကန်နေရသောကြောင့် ဖြစ်သည်။

နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်ဦးဆောင်သူများက အတိုးနှုန်းလျှော့ချရန် တောင်းဆိုသံများ ကျယ်လောင်လျက်ရှိသော်လည်း ထိုင်းဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းလျှော့ချရေးကို အထူးဂရုပြုလုပ်ဆောင်လျက်ရှိသည်။

အခြားအာရှနှင့် ပစိဖိတ်ဒေသများရှိဗဟိုဘဏ်များကလည်း အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအပေါ် စိုးရိမ် ပူပန်မှုများ မြင့်တက်လာမှုနှင့် ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်နိုင်ရန် အတိုးနှုန်းလျှော့ချမှုများကို လုပ်ဆောင်လျက် ရှိကြောင်း NHK သတင်းစာမျက်နှာတွင်ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

အိန္ဒိယ ဥရောပ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ယခုနှစ် အကုန် အဆုံးသတ်မည်ဟု မိုဒီပြောကြား

အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘော တူညီချက် (Free Trade Agreement) ကို ယခုနှစ်အကုန်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ဥရောပ ကော်မရှင်အကြီးအကဲ Ursula von der Leyen နှင့် ဆွေးနွေးပြီးနောက် ကြေညာလိုက်ပါသည်။

ဥရောပကော်မရှင်အကြီးအကဲ Leyen သည် ဥရောပကော်မရှင် အဖွဲ့ဝင် များအတူ ဖေဖော်ဝါရီ ၂၇ ရက်တွင် နယူးဒေလီသို့ ရောက်ရှိနေကြသည်။

ဥရောပနှင့် အိန္ဒိယတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် စတင်ဆွေးနွေးခဲ့ကြသော်လည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ နည်းပညာကုမ္ပဏီများ၏ သတင်းအချက်အလက်လုံခြုံရေးနှင့် မော်တော်ကား အစရှိသော ကုန်ပစ္စည်းများကို ဘုံစျေးကွက်သို့ ဝင်ရောက်ခွင့်ပြုခြင်း စသည့်ပြဿနာများကြောင့် ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့လိုက်ပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည် စတင်ခဲ့ကြပါသည်။

ကိုးကား- TASS

Photo: Euronews.com

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

Trump က မတ်လ ၄ ရက်တွင် တရုတ်နိုင်ငံအပေါ် နောက်ထပ် အကောက်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်

အမေရိကန်သမ္မတ Donald Trump က Fentanyl တရားမဝင် ကူးသန်းမှုများကို တိုက်ဖျက်ရန် ပိုမိုအားစိုက်မလုပ်ဆောင်ပါက လာမည့် သီတင်းပတ်မှစတင်၍ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ဟု ပြောဆိုခဲ့ပါသည်။

သမ္မတ Trump က “အဆိုပါ မူးယစ်ဆေးဝါးများ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခြင်းအား ပေကျင်းက ခွင့်မပြုသင့်သကဲ့သို့ ဝါရှင်တန်ကလည်း ခွင့်ပြုမည်မဟုတ်” ဟု အိမ်ဖြူတော်၌ သတင်းထောက် များကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

ထရမ့်၏ တရုတ်အပေါ် အခွန်တိုးမြှင့်စည်းကြပ်မှု အသစ်သည် မတ် ၄ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ယခုလအစောပိုင်း၌ ၎င်းချမှတ်ခဲ့သော နောက်ထပ် ၁၀ ရာခိုင်နှုန်း၏ ထပ်ဆောင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်နေသော Fentanyl ကို တရုတ် က အမြောက်အမြား ထောက်ပံ့ပေးနေကြောင်း Trump က စွပ်စွဲခဲ့ပြီး ယင်းကိုရပ်တန့်ရန် သို့မဟုတ် ထိရောက်စွာ ကန့်သတ်ရန်လိုသည်ဟု ထရမ့်က ပြောကြားခဲ့ပါသည်။

မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ကုန်စည်များအပေါ် စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းကိုလည်း စီစဉ်ထားသည့်အတိုင်း မတ်လ ၄ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း Trump က ဆိုသည်။ 

ကုန်သွယ်ဖက်များအားလုံးအပေါ် “အပြန်အလှန်အကောက်ခွန်များ” ကိုလည်း စီစဉ်ထားသည့်အတိုင်း ဧပြီလ ၂ ရက်နေ့၌ စတင်မည်ဖြစ်ကြောင်းလည်း Trump က ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂