သတင်းများ

ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ရုရှားသည် အမေရိကန်ထက် စီးပွားရေး တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်နေကြောင်း စီးပွားရေးပညာရှင်တစ်ဦး ပြောကြား

ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ရုရှားနိုင်ငံသည် အမေရိကန်ထက် စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုမြန်ဆန်နေကြောင်း Primakov Institute of World Economy and International Relations ၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးပညာရှင် Alexander Dynkin က မြူးနစ်လုံခြုံရေး ညီလာခံနှင့်ပတ်သက်၍ TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့သည်။

မြူးနစ်လုံခြုံရေးညီလာခံကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။ "ထောင်နှင့်ချီသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားစီးပွားရေးသည် EU နှင့် အမေရိကန်တို့၏ စီးပွားရေး ညွှန်းကိန်းများထက် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်မှာ ရုရှား၏ အံ့အားသင့်ဖွယ် ကြံ့ကြံ့ခံရပ်တည်နိုင်မှုပင် ဖြစ်ကြောင်း"  ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-TASS

Photo: The Economic Times

ထရမ့်၏ အကောက်ခွန်တိုးမြှင့်သတ်မှတ်မည့်အစီအစဉ်များမှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းတိုးမြှင့် သတ်မှတ်မည့်အစီအစဉ်များမှ ကင်းလွတ်ခွင့်ပြုရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi က တောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအား နိုင်ငံခြားသံမဏိနှင့် အလူမီနီယမ်ပစ္စည်းများအပေါ် အကောက်ခွန် ၂၅ % ကောက်ခံမည့်အစီအစဉ်မှ ကင်းလွတ်ခွင့်ပြုရန်လည်း Iwaya က တောင်းဆိုခဲ့သည်။ ထို့ပြင် “အမေရိကန်နိုင်ငံကို အခွန်စည်းကြပ်သည့် မည်သည့်နိုင်ငံကိုမဆို အဆိုပါနိုင်ငံများ၏ အခွန်နှုန်းထက် မပိုသည့် သို့မဟုတ် မလျော့သည့်နှုန်းထားအတိုင်း ပြန်လည် စည်းကြပ် ကောက်ခံမည့် (Reciprocal Tariffs)” ထရမ့်၏ အစီအစဉ်မှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အမေရိကန်သို့ တင်ပို့သည့် ဂျပန်မော်တော်ကားများ၏ အကောက်ခွန်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။ ယခုလ အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ဂျပန်-အမေရိကန် ထိပ်သီးအစည်းအဝေးကို အခြေခံ၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တွေ့ဆုံမည့် "two-plus-two" အစည်းအဝေးကို မကြာမီ ကျင်းပပြုလုပ်သွားလိုကြောင်း Iwaya က Rubio အား ပြောကြားခဲ့သည်။

ကိုးကား-NHK World

ထရမ့်၏ ကုန်သွယ်ရေးမူဝါဒအသစ်များကြောင့်  ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိလာနိုင်

ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ်သမ္မတသက်တမ်း (၁) လ မပြည့်မီမှာပင် ကုန်သွယ်ရေးမူဝါဒများကို ပိုမိုတင်းကြပ်စွာ ကျင့်သုံးလျက်ရှိပြီး အဆိုပါ ကုန်သွယ်ရေးအစီအမံများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။ 

ထရမ့်သည် သမ္မတတာဝန်စတင်ယူချိန်မှာပင် ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများထံမှ သွင်းကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့၏ ဒေါ်လာ ၁.၃ ထရီလီယံကျော်တန်ဖိုးရှိသည့် သွင်းကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အစီအစဉ်များလည်း ပါဝင်သည်။ ယင်းပမာဏသည် ၎င်း၏ ပထမသက်တမ်းကာလအတွင်း ကျင့်သုံးဆောင်ရွက်ခဲ့သည့်အကောက်ခွန်နှုန်းထားများကြောင့် သက်ရောက်ခဲ့သော ကုန်သွယ်မှုပမာဏထက် အဆများစွာ များပြားပါသည်။ 

ဖေဖော်ဝါရီ ၁၄ ရက်တွင် ထရမ့်သည် ၎င်း၏ ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများအပေါ် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းများကို ပြန်လည် ပြင်ဆင်ရန် အဆိုပြုချက်ထုတ်ပြန်ခဲ့ပြီး ထရမ့်၏ လုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံတစ်ခုတည်း အကျိုးအမြတ်ရရှိရေးအတွက် အခွန်ကို လက်နက်သဖွယ် အသုံးချ၍ ၎င်း၏ အဓိကကုန်သွယ်ဖက် နိုင်ငံများကိုပါ ခြိမ်းခြောက်ရန် စိုးရိမ်ပူပန်မှု အနည်းငယ်မျှ မရှိကြောင်း ထင်ရှားစွာ ပြသလျက်ရှိပေသည်။

ထို့ပြင် အကောက်ခွန်နှုန်းထားအသစ်များ သတ်မှတ်ရာတွင်လည်း “အမေရိကန်ပြည်ထောင်စုမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပါအဝင် ၎င်းတို့၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးသည့်လုပ်ငန်းများအား အခြားနိုင်ငံများက စည်းကြပ်ကောက်ခံသည့် အခွန်အကောက်နှုန်းထားများအပေါ် အခြေခံ၍” တွက်ချက်ကောက်ခံသွားရန် ထရမ့်က ၎င်း၏ အကြံပေးပုဂ္ဂိုလ်များအား ညွှန်ကြားခဲ့သည်။

ကိုးကား-New York Times

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြား

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြားခဲ့ပါသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အိုဗန်က Kossuth ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယူကရိန်းပဋိပက္ခအပြီးသတ်ပြီးနောက် ရုရှားအား ကမ္ဘာ့ စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် အပြည့်အဝပြန်လည် ပေါင်းစည်းနိုင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 

ထို့အပြင် ဟန်ဂေရီနိုင်ငံသည် ဥရောပစီးပွားရေးကို ထိခိုက်စေသည့် ရုရှား ဆန့်ကျင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန် နှစ်ရှည်လများ တိုက်တွန်းလျက်ရှိကြောင်း ထပ်လောင်းအလေးပေး ပြောကြားခဲ့ပါသည်။ ထိုဒဏ်ခတ်မှုများသည် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုအပါအဝင် ဥရောပစီးပွားရေးကို ကြီးမားစွာထိခိုက်စေသည်ဟု ၎င်းက ဖော်ပြခဲ့ပါသည်။ 

ကိုးကား - TASS

တရုတ်နိုင်ငံမြို့ကြီးများတွင် အိမ်ခြံမြေအရောင်းသွက်

လက်ရှိတွင် တရုတ်နိုင်ငံမြို့ကြီးများ၏ အိမ်ခြံမြေရောင်းဝယ်မှုများသည် အရောင်းသွက်နေသည့် အတွက် မတ်လသည် ရောင်းအားအမြင့်ဆုံးလ ဖြစ်နိုင်ကြောင်း တရုတ်နွေဦးပွဲတော်ကာလအတွင်း ငွေပေးချေမှုစာရင်းများကို အခြေခံပြီး တရုတ်ဈေးကွက်ကျွမ်းကျင်သူများက ဖေဖော်ဝါရီ ၁၃ ရက် (ကြာသပတေးနေ့) တွင် ခန့်မှန်းပြောကြားခဲ့ပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် တရုတ်နွေဦးပွဲတော် ကာလအတွင်း တရုတ်နိုင်ငံ မြို့ကြီး ၂၈ မြို့၏ အိမ်ခြံမြေရောင်းဝယ်မှု ငွေပေးချေမှုသည် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်းတိုးလာကြောင်း China Index Academy မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။ 

တရုတ်စီးပွားရေးဌာနက ထိုကဲ့သို့ အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာမှုသည် ရာသီဥတု ကောင်းမွန်မှု၊ အလုပ်သမားများ လုပ်ခမြင့်မားစွာ ရရှိမှု၊ ဈေးကွက်အရောင်းမြှင့်တင်မှု နည်းလမ်း ကောင်းမွန်မှုများကြောင့် ဖြစ်ပြီး အဓိကအချက်မှာ တရုတ်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ စည်းမျဉ်းများ ထိရောက်မှုကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

ကိုးကား -China Daily

အမေရိကန်၏ အကောက်ခွန်နှုန်းထားတိုးမြှင့်မှုအပေါ် တရုတ်နိုင်ငံ တုံ့ပြန်

တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အမေရိကန် က အကောက်ခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံ သည့်ကိစ္စအပေါ် တရုတ်နိုင်ငံက “ကုန်သွယ်ရေး စစ်ပွဲမဖြစ်ဘဲ ဆွေးနွေး သည့်နည်းလမ်းဖြင့်သာဖြေရှင်းလိုပါကြောင်း၊ သို့သော် တရုတ်နိုင်ငံ၏ အခွင့်အရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း” တရုတ်နိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်(ကြာသပတေးနေ့)တွင် ထုတ်ပြန်ခဲ့ပါသည်။ 

အမေရိကန်၏ တစ်ဖက်သတ်အခွန်စည်းကြပ်မှုသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး နိုင်ငံများ အကြား ကုန်သွယ်ရေးတင်းမာမှုများကို ဖြစ်ပေါ်စေသည့်အတွက် တရုတ် နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ပြီး နိုင်ငံ အချင်းချင်း လွတ်လပ်စွာကုန်သွယ်မှုကို ပြန်လည်တည်ဆောက်လို ပါကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ 

မကြာသေးမီက PVH Corp အမေရိကန်အထည်ကုမ္ပဏီနှင့် ဇီဝ နည်းပညာကုမ္ပဏီတို့အား တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးစည်းမျဉ်းများကို ဖောက်ဖျက်မှုဖြင့် တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီး ဌာနက ယုံကြည် စိတ်ချ၍မရသည့် ကုမ္ပဏီစာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ 

 တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံလိုက်ခြင်းသည် အမေရိကန်ပြည်သူများအတွက် ဈေးနှုန်းကြီးမြှင့်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် အမေရိကန်အနေဖြင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုကို အားပေးသည့်ကုန်သွယ်ရေးမူဝါဒကို ပြန်လည်စဉ်းစားသင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံအားလုံးကို ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်

အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံ ပစ္စည်းများအားလုံးကို ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ကြောင်း အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။

အဆိုပါအခွန်စည်းကြပ်မှုကို အထူးကင်းလွတ်ခွင့် သို့မဟုတ် ခြွင်းချက် မရှိစေရဟု ဖော်ပြထားပါသည်။ 

အမေရိကန်သို့ သံမဏိနှင့် အလူမီနီယံပစ္စည်းအများစုကို ကနေဒါ၊ ဘရာဇီးနှင့် မက္ကဆီကိုတို့မှ တင်သွင်းကြသော်လည်း ယခုအခွန်စည်းကြပ်မှုမှာ တရုတ်နိုင်ငံ၏ တစ်ဆင့်ခံတင်သွင်းနေမှုအပေါ် သွယ်ဝိုက်၍ အကြီးအကျယ်ထိခိုက်စေရန် ရည်ရွယ်ကြောင်း CNN က ဖော်ပြထားပါသည်။

ကိုးကား-CNN

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံအထိ ရှိလာ

ဖနောင်ပင်  ဖေဖော်ဝါရီ ၁၀

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံအထိရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလကထက် ၂၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ယနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏသည် ယခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလာထက် ၁၇ ရာခိုင်နှုန်းတိုးလာကာ စုစုပေါင်း သွင်းကုန်သည် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံအထိ မြင့်တက်ကာ ၃၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်တို့သည် ၎င်း၏ နောက်တွင် ရပ်တည်နေကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်း၊ စက်ဘီး၊ ကားတာယာ၊ ဆိုလာပြား၊ ရော်ဘာခြောက်၊ ဆန်စပါး၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ သရက်သီးများတင်ပို့ပြီး အထည်အလိပ်၊ ရေနံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ မိုဘိုင်းဖုန်း၊ မော်တော်ကားနှင့် ဆိုင်ကယ်၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် အလှကုန်များတင်သွင်းသည်။

ဒေသတွင်း ပြီးပြည့်စုံသည့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်နှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့အကြား လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များသည် နိုင်ငံ၏ ကုန်သွယ်မှုတိုးတက်ရေးအတွက် ခွန်အားဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချက်က ပြောကြားခဲ့သည်။

Source: ကြေးမုံသတင်းစာ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုကြောင့် အင်္ဂလန်ဘဏ်ရှိ ရွှေချောင်း ထောင်ပေါင်းများစွာကို ပြန်လည် ထုတ်ယူခဲ့ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုကြောင့် ၂၀၂၄ ခုနှစ် အကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှ ရွှေချောင်းထောင်ပေါင်းများစွာကို ပြန်လည်ထုတ်ယူခဲ့ကြကြောင်း နာမည်ကြီး Telegraph သတင်းစာကြီးက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက် ဈေးကွက်ရှိ ရွှေဈေးသည် လန်ဒန်မြို့ရှိ ငွေသားဈေးကွက်ထက် ဈေးနှုန်းမြင့်တက်လာပြီးနောက် နိုင်ငံအတွင်းရှိ ကုန်သည်အများအပြားက ရွှေချောင်းများ ပြန်လည်ထုတ်ယူရန် တောင်းဆိုလာခဲ့သည်ဟု အင်္ဂလန်ဘဏ်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဒေ့ရမ်စဒန်က ပြောကြားခဲ့ကြောင်း Telegraph သတင်းစာကြီးက   ဖေဖော်ဝါရီလ၈ ရက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှပြန်လည်ထုတ်ယူခဲ့သည့် ရွှေချောင်းများမှာ ၈၀၀၀ ခန့်ရှိပြီး ယင်းပမာဏသည်  ဘဏ်အတွင်းရှိ  ရွှေချောင်း စုစုပေါင်း၏ ၂   ရာခိုင်နှုန်းရှိကြောင်း  သိရသည်။

အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်က ရွှေချောင်းများအပေါ် အခွန်သစ်များ တိုးမြှင့်ကောက်ခံမည်ကို     ဗြိတိန်ရှိ ကုန်သည်များက စိုးရိမ်ခဲ့ခြင်းဖြစ်ကြောင်း ဒေ့ရမ်စဒန်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။       

Source: Myawady Web Portal           

သံမဏိနှင့် အလူမီနီယံသွင်းကုန်များအားလုံးကို အခွန် ၂၅% စည်းကြပ်မည် ဟု ထရမ့် ပြောကြား

ကနေဒါနှင့် မက္ကဆီကို အပါအဝင် အခြားနိုင်ငံများမှ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံများကို အမေရိကန်ပြည်ထောင်စုက သွင်းခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည့်ကိစ္စအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်သွင်းခွန်များကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်‌နေ့တွင် သမ္မတ ထရမ့်က ပြောကြားခဲ့ပါသည်။

နယူးအော်လန်မြို့တွင် ကျင်းပသည့် အမေရိကန်၏ အကြီးကျယ်ဆုံး အားကစားပွဲ Super Bowl သို့ တက်ရောက်ရန် ဖလော်ရီဒါမှ ထွက်ခွာသည့် Air Force One လေယာဉ်ပေါ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂါဇာ နှင့် ယူကရိန်းစစ်ပွဲများနှင့်ပတ်သက်၍လည်း ထရမ့်က မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

ကိုးကား-AP