သတင်းများ

မိမိနိုင်ငံ အကျိုးအမြတ်ရှိမည်ဆိုပါက ပြည်ပကုမ္ပဏီများ ပြန်လည် ဝင်ရောက် ခွင့်ပြုမည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် ပြောကြား

မိမိနိုင်ငံ အကျိုးအမြတ်ရှိမည်ဆိုပါက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံ သူများကိုရုရှားသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါးနိုဗက်က ရုရှားနိုင်ငံပိုင်သတင်းဌာန ဖြစ်သည့် TASS ကို ပြောကြားလိုက်သည်။ 

နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်မှုမှာ မိမိတို့အတွက် အကျိုးရှိပါကြောင်း၊ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး တိကျစွာ လုပ်ဆောင်ရပါမည်ဖြစ်ပြီး လစ်ဟာနေသည့် နေရာအများအပြားကို ရုရှားထုတ်လုပ်သူများ သို့မဟုတ် မိတ်ဖက်နိုင်ငံများမှ ပါတနာများ အတွက် အဆင်သင့်လျာထားပါကြောင်း နိုဗက်က အလေးပေးပြောကြား ခဲ့ပါသည်။ 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအများအပြား ရုရှားမှ ထွက်ခွာခဲ့ရာ ယခုအခါ ရုရှား အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်သူများနှင့် မိတ်ဖက်နိုင်ငံများမှ ပါတနာများကို အားပေးထောက်ခံရန် အလေးပေးလုပ်ဆောင်လျက် ရှိနေပါသည်။

ကိုးကား- TASS

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေပမာဏ တိုးမြှင့်ပေးအပ်သွားမည်

ပုဂ္ဂလိကကဏ္ဍများအတွက် ချေးငွေပေးအပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် မူလချေးငွေနှင့် ကြွေးမြီချေးငွေများကို ပမာဏတိုးမြှင့်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ အမျိုးသားဘဏ္ဍာ စီမံခန့်ခွဲရေးအဖွဲ့က Website တွင် ထုတ်ပြန်ထားပါသည်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့် စာတမ်းဖတ်ပွဲ ကျင်းပပြီးစီးပြီးနောက် အစိုးရက ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးရန်အတွက် နည်းပညာကဏ္ဍကိုလည်း တိုး

ပုဂ္ဂလိကကဏ္ဍများအတွက် ချေးငွေပေးအပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် မူလချေးငွေနှင့် ကြွေးမြီချေးငွေများကို ပမာဏတိုးမြှင့်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ အမျိုးသားဘဏ္ဍာ စီမံခန့်ခွဲရေးအဖွဲ့က Website တွင် ထုတ်ပြန်ထားပါသည်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့် စာတမ်းဖတ်ပွဲ ကျင်းပပြီးစီးပြီးနောက် အစိုးရက ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးရန်အတွက် နည်းပညာကဏ္ဍကိုလည်း တိုးတက်စေရေး လုပ်ဆောင်သင့်ကြောင်း ထပ်မံထုတ်ပြန် ကြေညာခဲ့ပါသည်။ 

ကိုးကား - China Daily

Photo: Dimsum Daily

အသေးစိတ်ဖတ်ရှုရန်- https://english.www.gov.cn/news/202502/20/content_WS67b6d428c6d0868f4e8efd66.html

အမေရိကန်ကုမ္ပဏီများအနေဖြင့် ရုရှားမှ ထွက်ခွာသွားခြင်းကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ဆုံးရှုံးရကြောင်း RDIF ပြောကြား

အမေရိကန်ကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံမှ ထွက်ခွာသွားခြင်းကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ပမာဏသည် အနောက်နိုင်ငံများတွင် အပိတ်ခံထားရသည့် ရရှားဘဏ် ပိုင်ဆိုင်မှုပမာဏနီးပါးရှိကြောင်း၊ မော်စကိုနှင့် ဝါရှင်တန်တို့သည် နှစ်နိုင်ငံ စီးပွားရေးကို ထိခိုက်စေသည့် ပြဿနာများကို ပူးပေါင်းဖြေရှင်းရန် အတွက် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် လိုအပ်ကြောင်း ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (RDIF) ၏ CEO Kirill Dmitriev က ထောက်ပြ ပြောဆိုခဲ့ပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး မော်စကို ကလည်း ၎င်းတို့အပေါ် တန်ပြန်ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အ‌မေရိကန်ကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံမှ ထွက်ခွာသွားခဲ့ရပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အမြတ်ငွေဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက နိုင်ငံခြားကုမ္ပဏီ ၁,၀၀၀ ကျော်သည် ရုရှားရှိ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အတိုင်းအတာ တစ်ခုအထိ လျှော့ချခဲ့ကြကြောင်း Yale University School of Management ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။

ယခုကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုများကို ထည့်သွင်းစဉ်းစား၍ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းသည် အမေရိကန်အတွက် သာမက ရုရှားအတွက်ပါ အကျိုးရှိကြောင်း Dmitriev က ထောက်ပြခဲ့သည်။

ကိုးကား -TASS

၇၅ နှစ်မြောက် တရုတ်- ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အသစ် (၃) ခု ချုပ်ဆို

၇၅ နှစ်မြောက် တရုတ်-ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တရုတ်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခုကို တရုတ်-ဆွစ်ဇာလန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဖလှယ်ပွဲ၌ ဖေဖော်ဝါရီ ၁၇ တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါပွဲကို  Beijing Investment Promotion Bureau နှင့် Swiss Cedrus Group တို့က ပူးပေါင်း စီစဉ်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ Chaoyang ခရိုင်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။  အဓိကအားဖြင့် သိပ္ပံနှင့်ဇီဝဆေးပညာနယ်ပယ်များရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ဦးစားပေးဆွေးနွေးခဲ့ကြပြီး

၇၅ နှစ်မြောက် တရုတ်-ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တရုတ်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခုကို တရုတ်-ဆွစ်ဇာလန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဖလှယ်ပွဲ၌ ဖေဖော်ဝါရီ ၁၇ တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါပွဲကို  Beijing Investment Promotion Bureau နှင့် Swiss Cedrus Group တို့က ပူးပေါင်း စီစဉ်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ Chaoyang ခရိုင်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။  အဓိကအားဖြင့် သိပ္ပံနှင့်ဇီဝဆေးပညာနယ်ပယ်များရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ဦးစားပေးဆွေးနွေးခဲ့ကြပြီး တရုတ်နှင့် ဆွစ်ဇာလန်နိုင်ငံများမှ ကုမ္ပဏီပေါင်း (၈၀) ကျော် ထိုရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါပွဲတွင် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခု ချုပ်ဆိုနိုင်ခဲ့သောကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု များပြားလာမည်ဟု မျှော်မှန်းထားကြပါသည်။ တရုတ်ထိပ်တန်း ကုမ္ပဏီ Dachao Biotechnology Co Ltd သည် ဆွစ်ဇာလန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံကုမ္ပဏီများဖြစ်ကြသည့် Orexa နှင့် Kadence Bio တို့သည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုးကား - China Daily 

အသေးစိတ်ဖတ်ရှုရန်- https://www.chinadaily.com.cn/a/202502/20/WS67b68dc6a310c240449d644c.html

အမေရိကန်သို့ တင်သွင်းလာသော မော်တော်ကားများအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်းခန့် စည်းကြပ်မည်ဟု ထရမ့်ပြောကြား

အမေရိကန်သို့ တင်သွင်းလာသော မော်တော်ကားများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းခန့် ကောက်ခံမည်ဖြစ်ပြီး အဆိုပါစည်းကြပ်ခွန်အစီအမံကို ဧပြီလ ၂ ရက်တွင် တရားဝင်ကြေညာမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဆေးဝါးနှင့် ချိ(ပ်)စသည့် ကုန်ပစ္စည်းများ၏ တင်သွင်းမှု စည်းကြပ်ခွန်ကိုလည်း ကနဦးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့်သတ်မှတ်ထားပြီး တစ်နှစ်အတွင်း “သိသိသာသာတိုးမြှင့်” မည်ဟု ထရမ့်က အဆိုပါနေ့တွင် ဖလော်ရီဒါပြည်နယ် ပါမ်ကမ်းခြေရှိ မာအာလာဂိုစံအိမ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

စည်းကြပ်ခွန်က ကုမ္ပဏီများအား အမေရိကန်သို့ ပြန်လာရန် တွန်းအားပေးမည်ဖြစ်ပြီး အကယ်၍ အမေရိကန် နိုင်ငံအတွင်း၌စက်ရုံတည်ထောင်ပါက စည်းကြပ်ခွန်ရှိမည်မဟုတ်ဟု ထရမ့်က ပြောကြားခဲ့သည်။ တချို့သော ကုမ္ပဏီလုပ်ငန်းကြီးများက အမေရိကန်၏ စည်းကြပ်ခွန်၊ အကောက်ခွန် အားပေးမှု အစီအမံကဏ္ဍ၏ စီးပွားရေးမူဝါဒများကြောင့် အဆိုပါ ကုမ္ပဏီလုပ်ငန်းများက “အမေရိကန်သို့ ပြန်လာရန်မျှော်လင့်” ကြောင်း ၎င်းထံ ပြောကြားခဲ့သည်ဟု ထရမ့်က ဆိုသည်။

ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာချက်လက်မှတ်ရေးထိုးကာ အမေရိကန်သို့ တင်သွင်းသော သံ၊ သံမဏိနှင့် လူမီနီယံအားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံပြီး ကုန်သွယ်ရေးမိတ်ဖက်အချို့၏ သံ၊ လူမီနီယံ အခွန်ကင်းလွတ်ခွင့် ပမာဏနှင့် အခွန်ကင်းလွတ်ခွင့် မူဝါဒကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီ ၁၃ ရက်က စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး သက်ဆိုင်ရာဌာနများအား နိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်တစ်ဦးစီအပေါ် အပြန်အလှန် “ညီမျှသောစည်းကြပ်ခွန်” အတည်ပြုရန် တောင်းဆိုခဲ့သည်။

အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒသည် ဘက်ပေါင်းစုံ၏ ကန့်ကွက်မှုကိုခံခဲ့ပြီး ယင်းသည် စည်းမျဉ်းစည်းကမ်းများကို အခြေခံထားသော နိုင်ငံစုံကုန်သွယ်မှုယန္တရားအပေါ် ပြင်းထန်စွာချိုးဖောက်သလို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်အပေါ် ရိုက်ခတ်မှုများ၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်းအပေါ် အဟန့်အတားများဖြစ်စေပြီး ဘက်ပေါင်းစုံ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဟု နိုင်ငံအများအပြားမှ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များက ယူဆကြသည်။ 

ကိုးကား-ဆင်ဟွာ

မော်တော်ကား၊ လျှပ်ကူးပစ္စည်းနှင့် ဆေးဝါးများ အခွန်၂၅% အမေရိကန် စည်းကြပ်မည်

အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ကားများ၊ လျှပ်ကူးပစ္စည်းများနှင့် ဆေးဝါးများအားလုံးကို လာမည့် ဧပြီ ၂ ရက်နေ့မှစတင်၍ အခွန် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၎င်းအထက် စည်းကြပ်သွားလိုကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ မာအလာဂို အပန်းဖြေစခန်း၌ သတင်းထောက်များကို ပြောကြားလိုက်ပါသည်။

ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့အနေဖြင့် လာမည့် ဧပြီ ၁ ရက်တွင် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးမူဝါဒများကို ပြန်လည်သုံးသပ်ခြင်း ပြီးမြောက် မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။ 

ကိုးကား- france24

စင်္ကာပူအိမ်ထောင်စုများသည် လစဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၈,၄၀၀ ထက်ကျော်လွန်

စင်္ကာပူရှိအိမ်ထောင်စုများသည် အလုပ်မှပျမ်းမျှဝင်ငွေပိုမိုမြင့်မားလာပြီး တစ်လလျှင် စင်္ကာပူဒေါ်လာ ၁၁,၂၉၇ (အမေရိကန်ဒေါ်လာ ၈,၄၁၃) အထိရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် အစိုးရအစီအစဉ်များမှ ပံ့ပိုးမှု ပိုမို ရရှိခဲ့သည်။

၎င်းသည် ငွေကြေးဖောင်းပွမှုကို ထိန်းညှိပြီးနောက် ဝင်ငွေ ၁.၄% တိုးလာခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှဝင် ၂.၈% တိုးတက်မှုထက်နည်းခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော မြို့တော်-ပြည်နယ်စာရင်းအင်းဌာနမှ အချက်အလက်များကို ကိုးကား၍ CNA က ဖော်ပြခဲ့သည်။

 ၂၀၂၄ ခုနှစ်တွင် စင်္ကာပူရှိအိမ်ထောင်စုများအတွက် ပျမ်းမျှလစဉ် အလုပ်အကိုင် ဝင်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ သတ်မှတ်ချက်ထက် သုံးနှစ်ဆက်တိုက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် စင်ကာပူ ဒေါ်လာ ၁၀,၀၉၉ နှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁၀,၈၆၉ ဖြစ်ခဲ့၍ ပျမ်းမျှလစဉ် အလုပ်အကိုင်ဝင်ငွေ သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

အိမ်ထောင်စုဝင်တစ်ဦးလျှင် ၀င်ငွေသည် တစ်လလျှင် စင်္ကာပူဒေါ်လာ ၃,၆၁၅ ဖြစ်၍ ၀.၈% တိုးလာပြီး ဝင်ငွေအုပ်စုအားလုံးတွင် တိုးလာပါသည်။

ဝင်ငွေအနည်းဆုံး ၁၀% အုပ်စုရှိ အိမ်ထောင်စုများ၏ ၁၄.၁% သည် ကားတစ်စီးပိုင်ဆိုင်ပြီး ၈.၅% သည် ကိုယ်ပိုင်အိမ်များတွင် နေထိုင်ကြသည်။

စာရင်းအင်းဌာန၏ ပြောကြားချက်များအရ အလုပ်လုပ်ကိုင်ခြင်းမရှိသူများ ပါဝင်သည့် အိမ်ထောင်စုများအပါအဝင် နေထိုင်သူအိမ်ထောင်စုများသည် အစိုးရ၏ အစီအစဉ်များမှ တစ်ဦးချင်းစီအတွက် ပျမ်းမျှ စင်္ကာပူ ဒေါ်လာ ၇,၈၂၅ ရရှိခဲ့ပြီး ယခင်နှစ် ၂၀၂၃ ထက် ၂၂% တိုးလာခဲ့ကြောင်းThe Business Times က ဖော်ပြထားသည်။

ဤအချက်အလက်များသည် အစိုးရ၏ လူမှုဖူလုံရေးနှင့် ငွေကြေးထောက်ပံ့မှုများ ပိုမိုမြှင့်တင်လာခြင်းကိုဖော်ပြနေပြီး စီးပွားရေး စိန်ခေါ်မှုများနှင့် အိမ်ထောင်စုများ၏ ဝင်ငွေတိုးတက်ရေးအတွက် ကြိုးပမ်းမှုများကို ထင်ဟပ်စေပါသည်။

ကိုးကား-VN Express

ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ထိပ်ဆုံးမှ ဦးဆောင်

ကုမ္ပဏီပေါင်း ၃,၄၆၇ ခုဖြင့် တရုတ်ကုမ္ပဏီများသည် ဥဇဘက်ကစ္စတန် ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များအရ သိရှိရပါသည်။ 

စာရင်းအင်းဌာန၏အစီရင်ခံစာအရ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ လာရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံ ကုမ္ပဏီနှင့် လုပ်ငန်းစုစုပေါင်းသည် ၁၅,၁၆၃ ဖြင့် ပထမနေရာမှ ဦးဆောင်နေပြီး ရုရှားနိုင်ငံက ကုမ္ပဏီပေါင်း ၂,၉၇၃ ခုဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ တူရကီနိုင်ငံက ကုမ္ပဏီပေါင်း ၁,၈၆၉ ဖြင့် တတိယနေရာတွင် ရှိနေကြောင်း သိရှိရ ပါသည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံအထိ လက်ခံသွားမည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Mirziyoyev က ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ 

ကိုးကား -China Daily

Tesla သည် အိန္ဒိယတွင် လုပ်ငန်းများ စတင်နိုင်ရေး အစီအစဉ်များ လုပ်ဆောင်

Tesla သည် အိန္ဒိယနိုင်ငံ၌ လုပ်ငန်းများစတင်နိုင်ရန်နှင့် အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံတွင် ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်ကို စတင်ခဲ့သည်ဟု သိရသည်။ နည်းပညာဘီလီယံနာ Elon Musk ဦးဆောင်သော ကုမ္ပဏီသည် ဝန်ထမ်းရာထူး ၁၃ နေရာအတွက် ဝန်ထမ်းများခန့်အပ်ရန် ရှာဖွေနေကြောင်း အိန္ဒိယမီဒီယာများကဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထိုရာထူးများတွင် ဖောက်သည်များနှင့် တိုက်ရိုက်ဆက်ဆံရသော ရာထူးများနှင့် နောက်ကွယ်မှ ပံ့ပိုး ဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်များ ပါဝင်သည်။

အဆိုပါသတင်းသည် အိန္ဒိယဝန်ကြီးချုပ် Narendra Modi  အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့စဉ် လွန်ခဲ့သော သီတင်းပတ်က Washington ၌ Musk နှင့် တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တွေ့ဆုံပြီးနောက် Modi က X တွင် ၎င်းနှင့် Musk တို့သည် အာကာသ၊ ရွေ့လျားမှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများအပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြောင်း မျှဝေခဲ့သည်။ အိန္ဒိယ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် အစိုးရ၏ချုပ်ကိုင်မှုအနည်းဆုံးဖြင့် ကဏ္ဍအလိုက်ဆောင်ရွက်မှု အများဆုံးအကောင်အထည်ဖော်နိုင်ရေးကို မြှင့်တင်ရန် အားထုတ်မှုများအကြောင်း Modi က Musk အား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကိုးကား-RT

တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာခြင်းနှင့် အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာပြီး အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း တရုတ်သမ္မတ Xi Jinping က Alibaba စီးပွားရေး လုပ်ငန်းစုကို ပူးတွဲတည်ထောင်ခဲ့သူ Jack Ma အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရှိရသည်။ သမ္မတရှီ သည် အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၊ Great Hall of the People ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်လို၍ ကျင်းပခြင်းဖြစ်ကြောင်း သိ

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာပြီး အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း တရုတ်သမ္မတ Xi Jinping က Alibaba စီးပွားရေး လုပ်ငန်းစုကို ပူးတွဲတည်ထောင်ခဲ့သူ Jack Ma အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရှိရသည်။ သမ္မတရှီ သည် အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၊ Great Hall of the People ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်လို၍ ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။ 

အဆိုပါဆွေးနွေးပွဲသို့ Huawei တည်ထောင်သူ Ren Zhengfei၊ Xiaomi တည်ထောင်သူ Lei Jun၊ နာမည်‌ကျော်ကားကုမ္ပဏီဖြစ်သည့် BYD ဥက္ကဋ္ဌ Wang Chuanfu စသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုးကား-CNA