သတင်းများ

အမေရိကန်နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဟု တရုတ်ပြော

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့်ရရှိသော ကုန်သွယ်ရေး သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန က ဇွန်လ ၂ ရက်တွင် ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံ၏   အကျိုးစီးပွားများကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကတိပြုထားသည်။ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘော တူညီချက်များကို ချိုးဖောက်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါနှစ်နိုင်ငံမှ ကုန်သွယ်ရေးတာဝန် ရှိသူများက ဂျီနီဗာမြို့၌ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် မေလ ၁၂ ရက် တွင်ကြေညာလိုက်သော သဘောတူညီချက်အရ ဧပြီလအစောပိုင်းတွင် ချမှတ်လိုက်သည့် သွင်းကုန်အခွန်တိုးမြှင့်မှုများကိုဆိုင်းငံ့ရန် နှစ်နိုင်ငံစလုံးက သဘောတူထားသည်။

တရုတ်နိုင်ငံက ဖော်ပြထားသည့် အမေရိကန်အစိုးရက ချိုးဖောက်သော သဘောတူညီချက်များတွင် ဟွားဝေကုမ္ပဏီ၏ ချစ်ပြားများ အသုံးပြုမှုကိစ္စ၊ တရုတ်ကုမ္ပဏီ များသို့ ချစ်ပြားဒီဇိုင်းဆော့ဝဲများ ရောင်းချမှုဆိုင်းငံ့ခြင်းနှင့် တရုတ်ကျောင်းသားများကို ဗီဇာများ ပယ်ဖျက်ခြင်းတို့ ပါဝင်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲထားသည့် တရုတ်နိုင်ငံက ကုန်သွယ်ရေး သဘောတူညီချက်ကိုချိုးဖောက်သည် ဟူသော ပြောဆိုချက်တွင်မူ တရုတ်နိုင်ငံအနေဖြင့် မည်သည့်အချက်များကို ချိုးဖောက်သည်ဟူ၍ အသေးစိတ်ဖော်ပြထားခြင်း မရှိဘဲ တရုတ်နိုင်ငံကို စီးပွားရေးအရ အန္တရာယ်ကြီး ဖြစ်သည်ဟုသာ ပြောထား ကြောင်း သိရသည်။     

Source: MWD Web Portal

ယခုသီတင်းပတ်တွင် သမ္မတ ထရမ့်နှင့် ရှီကျင့်ဖျင် တို့ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို တယ်လီဖုန်းမှတဆင့် ဆွေးနွေး ဖွယ်ရှိ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်တို့သည် ယခုအပတ်တွင် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို တယ်လီဖုန်းဖြင့် ဆွေးနွေးရန် အလားအလာရှိကြောင်း အိမ်ဖြူတော်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ မေလ တွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးမှုများအပြီး နှစ်နိုင်ငံအနေဖြင့် ထပ်တိုး အကောက်ခွန် များကို ၁၁၅ ရာခိုင်နှုန်းအထိ လျှော့ချရန် သဘောတူညီမှုရယူခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်အရ အကောက်ခွန် ကင်းလွတ်ခွင့် ပြုထားသည့် အချို့ထုတ်ကုန်များ၊ အထူးသဖြင့် အမေရိကန် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် အရေးကြီးသတ္တုများကို အချိန်မီ မတင်ပို့ခဲ့ကြောင်း အမေရိကန်က စွပ်စွဲထားပြီး ထိုအချက်မှာ အမေရိကန် နှင့် ကုန်သွယ်မှုသဘောတူညီချက်ကို လုံးဝချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း မေလ ၃၀ ရက်တွင် ထရမ့်က ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် ထရမ့်သည် ရှီနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ထားကြောင်း အိမ်ဖြူတော် စီးပွား ရေးရာ ကောင်စီဒါရိုက်တာ Kevin Hassett က ပြောကြားခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများနှင့်စပ်လျဉ်း၍ သမ္မတ ထရမ့်သည် သမ္မတ ရှီနှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု မျှော်လင့်ရပြီး အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးပဋိပက္ခ တစ်ဖန် ပြန်လည်တင်းမာလာနိုင်ချိန်တွင် အဆိုပါဆွေးနွေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကိုးကား - NHK

Photo: CBS News

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ထရမ့်က သံမဏိအတွက် အကောက်ခွန်ကို ၅၀% အထိ တိုးမြှင့်မည်ဟု “အဓိက ကြေညာချက်” ထုတ်ပြန်

သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်သို့ တင်သွင်းသည့် သံမဏိပစ္စည်းများအား လက်ရှိ အကောက်ခွန် ၂၅% မှ ၅၀% အထိ တိုးမြှင့်မည်ဟု သောကြာနေ့ (မေ ၃၁) တွင် ကြေညာခဲ့သည်။

ပဲန်ဆီလ်ဗေးနီးယားပြည်နယ်၊ ဝက်စ်မစ်ဖလင်းမြို့ရှိ US Steel စက်ရုံတွင် မိန့်ခွန်းပြောကြားစဉ် ထရမ့်က ၎င်း၏ “အဓိကကြေညာချက်” အဖြစ် အဆိုပါဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ အမေရိကန် သံမဏိ လုပ်သား များ၏ အားပေးသံများကြားတွင် ၎င်းက “အမေရိကန် သံမဏိလုပ်ငန်း ကို ကာကွယ်ရန် အကောက်ခွန်ကို ၅၀% အထိ တိုးမည်” ဟု ပြောကြား ခဲ့သည်။

“အမေရိကန်ပြည်ထောင်စုထဲကို တင်သွင်းသည့် သံမဏိအတွက် အကောက်ခွန်ကို ၂၅% ကနေ ၅၀% အထိ တိုးပါမည်။ ဒါက အမေရိကန်၏ သံမဏိလုပ်ငန်းကို ပိုမိုလုံခြုံစေမည်ဖြစ်ပြီး မည်သူမျှ ဒီအဆင့်ကို ကျော်ဖြတ်၍ မရပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က မူလက ၄၀% အကောက်ခွန် စဉ်းစားထားသော်လည်း လုပ်ငန်းရှင် များက “၅၀% ဖြစ်မှ ထိရောက်မည်” ဟု အကြံပြုခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

“၂၅% ဆိုပါက ၎င်းတို့အနေဖြင့် အတန်ငယ် ရုန်းကျော်နိုင်သော်လည်း ၅၀% ဆိုလျှင် မည်သူမျှ မကျော်နိုင်တော့ပါ” ဟု ဆိုသည်။

နောက်ပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “အကောက်ခွန် အသစ်သည် ဇွန်လ ၄ ရက်၊ ဗုဒ္ဓဟူးနေ့မှ စတင်အကျိုးသက်ရောက်မည်” ဟု ထပ်မံအတည်ပြုခဲ့သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဂျပန်အစိုးရသိုလှောင်ထားသော အရံဆန်များ စားသုံးသူများထံ ရောက်ရှိ

ဂျပန်အစိုးရအနေဖြင့် သိုလှောင်ထားသော အရံဆန်များကို လက်လီ ရောင်းချသည့် ကုမ္ပဏီများသို့ ထုတ်ရောင်းပေးလျက်ရှိရာ ယခုအခါ ပြည်သူများအနေဖြင့် ဆန်ဆိုင်အများအပြားတွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ ထိုသို့ သိုလှောင်ထားသော အရံဆန်များအား ကျယ်ကျယ်ပြန့်ပြန့်ထုတ်ရောင်းပေးခြင်းဖြင့် ဆန်ဈေးနှုန်းများ ကျဆင်းစေရန် အကူအညီဖြစ်စေနိုင်မည်လားဆိုသည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။ 

ဂျပန်နိုင်ငံတွင် ဆန်ဈေးနှုန်းများ မြင့်တက်လာပြီးနောက် အိမ်ထောင်စုများအား ထိခိုက်လာသည့်အတွက် အစိုးရသည် သိုလှောင်ထားသော အရံဆန်များကို တိုက်ရိုက်စာချုပ်ဖြင့် စတင်ထုတ်ရောင်းခဲ့သည်။ 

ဂျပန်အစိုးရသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ရိတ်သိမ်းခဲ့သော ဆန်စပါးတန်ချိန် စုစုပေါင်း ၃၀၀,၀၀၀ ကို တင်ဒါစနစ်ဖြင့် မဟုတ်ဘဲ တိုက်ရိုက်စာချုပ်ချုပ်ဆို၍ ရောင်းချလျက်ရှိသည်။ 

ဇွန်လ ၁ ရက် (တနင်္ဂနွေနေ့) တွင် အချို့စူပါမားကတ်ဆိုင်များ၌ ၅ ကီလိုဂရမ် အလေးချိန်ရှိ ဆန်အိတ်များကို ယန်း ၂,၀၀၀ (အမေရိကန် ဒေါ်လာ ၁၄ ခန့်) ဖြင့် ရောင်းချပေးလျက်ရှိပြီး ပြည်သူ အများအပြားကလည်း အဆိုပါအရံဆန်များကို ဝယ်ယူရန် ရောက်ရှိနေကြသည်။ 

ယခုလို အရံဆန်များ ထုတ်ရောင်းပေးခြင်းသည် ဆန်ဈေးနှုန်းများအတိုင်း အတာတစ်ခုအထိ ကျဆင်းစေနိုင်မည်ဟု ထင်မြင်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Koizumi Shinjiro က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီးဌာနသည် မေ ၃၀ ရက် (သောကြာနေ့) မှစတင်၍ အစိုးရအရံဆန်များကို ဝယ်ယူရန် အသေးစားနှင့် အလတ်စား လက်လီဆိုင်များ၏ လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး   လျှောက်လွှာ ၁,၃၀၀ ခန့် လက်ခံရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကိုးကား -NHK 

အရှေ့တောင်အာရှနိုင်ငံများသည် ကုန်သွယ်ရာတွင် ကြီးမားသော ဈေးကွက်ကို ပိုမိုချိတ်ဆက်နိုင်အောင် ဆောင်ရွက်သင့်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ ရောင်းလိုအား ကွင်းဆက် များ (Supply Chain) ကို ဒေသတွင်း နှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ရန်နှင့် ကြီးမားသော ဈေးကွက်ကို ချိတ်ဆက်နိုင်ပြီး စီးပွားရေးအကျိုးကျေးဇူးများရရှိရန် ဆောင်ရွက်သင့်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

လက်တလောနှစ်များတွင် လွပ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်များနှင့် အမေရိကန်အကောက်ခွန်နှုန်းထား တိုးမြင့်မှုများကြောင့် တရုတ် နိုင်ငံကုမ္ပဏီများက အာဆီယံဒေသများအတွင်း ပိုမိုရင်းနှီးမြှုပ်နှံလာသောကြောင့် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည် သိသိသာသာ များပြားလာပါသည်။ 

ပြီးခဲ့သည့်နှစ်တွင်   ဗီယက်နမ်နိုင်ငံ သည် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှုကို အများဆုံးလက်ခံခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည်လည်း ဒုတိယအများဆုံး တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှု လက်ခံ သည့်နိုင်ငံ ဖြစ်ပါသည်။ တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် လာရောက် ရင်းနှီးမြှုပ်နှံသည့် တရုတ်ကုမ္ပဏီများထံမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ကိုးကား - Eleven Media Group 

ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ငါးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှု (Trade Surplus)

တနင်္လာနေ့ (ဇွန် ၂) တွင် ထုတ်ပြန်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ၊ စာရင်းအင်းဌာနမှ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၁၆၀ မီလီယံဝန်းကျင် တွင် ရှိခဲ့ပါသည်။ 

၂၀၂၅ ခုနှစ်၊ မတ်လတွင် နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှုသည် အမေရိကန် ဒေါ်လာ ၄.၃၃ ဘီလီယံ အထိ မြင့်တက်ခဲ့ပါသည်။ 

သွင်းကုန်တင်သွင်းမှုကို လေ့လာကြည့်ပါက ရင်းနှီးမြှုပ်နှံကုန်စည် (Capital Goods) တင်သွင်းမှုသည် အများဆုံးဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀.၅၉ ဘီလီယံ ဖြင့် ယခင်လ ထက် ၂၁.၈၄ % ခုန်တက်ခဲ့ပြီး ပို့ကုန်တင်ပို့မှုကို လေ့လာကြည့်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀.၇၄ ဘီလီယံဖြင့် ယခင်လထက် ၅.၇၆ % မြင့်တက်ခဲ့ပါသည်။ 

သို့ပါ၍ အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှုသည် ငါးနှစ်အတွင်း အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပါသည်။ 

ကိုးကား- CNA

Photo: Tech in Asia

တရုတ်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ထရမ့်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံသည် ယခုလ အစောပိုင်းက သဘောတူညီခဲ့သည့် အကောက်ခွန်သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံ နှစ်ခုကြား အားနည်းနေသော ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲမှုကို ပြန်လည် တင်းမာလာစေခဲ့သည်။

မေလ ၁၂ ရက်က ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် အဆုံးသတ် ဆွေးနွေးပွဲ များအပြီး ကြေညာခဲ့သည့် သဘောတူညီချက်အရ အမေရိကန်နှင့် တရုတ် နိုင်ငံတို့သည် ဧပြီလအစောပိုင်းကတည်းက စတင်ကျင့်သုံးခဲ့သည့် အကောက်ခွန် အသစ်အများစုကို ယာယီရပ်ဆိုင်းထားရန် သဘောတူညီခဲ့ကြသည်။

သောကြာနေ့ (မေ ၃၀) တွင် ထရမ့်သည် ၎င်း၏ Truth Social လူမှု မီဒီယာပလက်ဖောင်းတွင် “တရုတ်နိုင်ငံသည် မိမိတို့နှင့်ချုပ်ဆိုထားသော သဘောတူညီချက်ကို လုံးဝချိုးဖောက်ခဲ့ပြီ” ဟု ရေးသားခဲ့သည်။ ၎င်းက အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း အကောက်ခွန်များကြောင့် တရုတ်နိုင်ငံသည် “စီးပွားရေးအရ ကြီးမားသော အန္တရာယ် နှင့် ရင်ဆိုင်နေရကြောင်း” ထည့်သွင်းရေးသားခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့သည် အဆင့်မြင့်ပစ္စည်းများ (ချစ်ပ်ဒီဇိုင်း ဆော့ဖ်ဝဲ နှင့် အထူးဓာတုပစ္စည်းများအပါအဝင်) တရုတ်သို့ တင်ပို့မှုများကို ရပ်တန့်ရန် အမိန့်ပေးခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ကျွမ်းကျင်သူများက အဆိုပါဆုံးဖြတ်ချက်သည် တရုတ်နှင့် ဆက်ဆံရေးတင်းမာမှုကို ပိုမို မြင့်တက်လာစေနိုင်ကြောင်း သတိပေးခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထရမ့်၏ အကောက်ခွန်များ ပြန်လည်အသက်ဝင်

US federal appeals တရားရုံးမှ သမ္မတဒေါ်နယ်ထရမ့်၏ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေးအကောက်ခွန်များကို ယာယီပြန်လည် အသက်ဝင်စေခဲ့ပြီး ယခင်ကအကောက်ခွန်များကို တားဆီးခဲ့သည့် ဆုံးဖြတ်ချက်နှင့် အိမ်ဖြူတော်၏အာဏာကျော်လွန်ခဲ့သည် ဟူသောတွေ့ရှိချက်ကို ရပ်ဆိုင်း လိုက်သည်။

ကြာသပတေးနေ့ (မေ ၂၉) တွင် US Court of Appeals for the Federal Circuit မှ အမေရိကန်နိုင်ငံတကာကုန်သွယ်ရေးတရားရုံး၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော အမြဲတမ်းတားမြစ်ချက်များကို ချက်ချင်းရပ်ဆိုင်းရန် အုပ်ချုပ်ရေးဆိုင်ရာအမိန့် ထုတ်ပြန်ခဲ့ပြီး အကောက်ခွန်များကို အနည်းဆုံး ဇွန်လ ၉ ရက်နေ့အထိ ဆက်လက်ကျင့်သုံးမည်ဖြစ်သည်။

“တရားလို-အယူခံဝင်သူများသည် ဇွန်လ ၅ ရက်၊ ၂၀၂၅ မတိုင်မီ အမေရိကန် ပြည်ထောင်စု၏ ပြန်လည်အသက်ဝင်စေမှုအား တုံ့ပြန်ချေပရန် ညွှန်ကြား ထားသည်” ဟု အယူခံတရားရုံးက ပြောကြားခဲ့သည်။ “အမေရိကန် ပြည်ထောင်စုသည် ဇွန်လ ၉ ရက်၊ ၂၀၂၅ မတိုင်မီ တစ်စောင်တည်းသော ပေါင်းစပ်ပြန်ကြားချက်ထောက်ခံစာကို တင်သွင်းနိုင်သည်” ဟု ဆိုသည်။

ကုန်သွယ်ရေးတရားရုံးက ထရမ့်အာဏာကျော်လွန်ခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ (မေ ၂၈) က ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတကာ စီးပွားရေး အရေးပေါ် အာဏာဥပဒေ (IEEPA) ၏အနက်ဖွင့်ဆိုချက်တွင် အုပ်ချုပ်ရေးမှ ကွန်ဂရက်ကို ကျော်ဖြတ်၍ အကောက်ခွန်များကျင့်သုံးရန် ထိုအာဏာများကို အသုံးပြုခဲ့သည်ဟုဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်တရားရုံးက ထရမ့်၏ ကုန်သွယ်ခွန်များ တိုးမြှင့် စည်းကြပ်ခြင်းကို တားမြစ်

ဗဟိုအစိုးရတရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် သမ္မတ ဒေါ်နယ်ထရမ့်အား စီးပွားရေးလုပ်ငန်းကြီးများမှ သာမန်အမေရိကန် နိုင်ငံသားများအထိ လူတိုင်းအတွက် သွင်းကုန်စျေးနှုန်းများ မြင့်တက်စေခဲ့သည့် ကုန်သွယ်ခွန်များ တိုးမြှင့်စည်းကြပ်ရန် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်အသုံးပြုခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့သော် အုပ်ချုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့ (မေ ၂၈) ညနေပိုင်းတွင် ချက်ချင်းပင် ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး ထရမ့်၏ သွင်းကုန်ခွန်များ ဆက်လက်တည်ရှိနေမည် (သို့မဟုတ်) ကမ္ဘာ့စီးပွားရေးကို ပြန်လည် ပုံဖော်နိုင်ခြေရှိသည်ဆိုသည့် အားပြိုင်မှုကို ရှည်လျားစေကာ စားသုံးသူများနှင့် ကုမ္ပဏီများအတွက် အခြေအနေကို မရေရာဖြစ်စေခဲ့သည်။

မန်ဟက်တန်ရှိ လူသိနည်းသော တရားရုံးတစ်ခုဖြစ်သည့် US Court of International Trade မှ တရားသူကြီး သုံးဦးပါဝင်သည့် အဖွဲ့က အရေးပေါ်စီးပွားရေးဆိုင်ရာအာဏာများကို ကိုးကား၍ ဧပြီလ ၂ ရက်နေ့တွင် ကြေညာခဲ့သည့် “Liberation Day” ကုန်သွယ်ခွန်များအပါအဝင် ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ခွန်များကို ရပ်တန့်လိုက်သည်။ ၎င်းက ထရမ့်အား အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် ဖန်တန်နီလ် ကို တိုက်ဖျက်ရန်အတွက် ယခုနှစ်အစောပိုင်းတွင် တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့အပေါ် စည်းကြပ်ခဲ့သည့် ကုန်သွယ်ခွန်များကို အတည်ပြုခြင်းမှလည်း တားမြစ်လိုက်သည်။

တရားရုံးက အခြားကုန်သွယ်ဖက်အများစုနှင့် သဘောတူညီချက်များ မပြုလုပ်ရသေးမီတွင် ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ခွန်များကို ရပ်တန့်သွားစေမည့် အမြဲတမ်းတားမြစ်ချက်တစ်ရပ်ကို ဆုံးဖြတ်ခဲ့သည်။ တရားရုံးက အမြဲတမ်းတားမြစ်ချက်ကို အာဏာတည်စေရန် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအတွက် ၁၀ ရက် သတ်မှတ်ပေးခဲ့သည်။ 

အမိန့်သည် တရုတ်နိုင်ငံအပေါ် ထရမ့်၏ ၃၀% ကုန်သွယ်ခွန်၊ မက္ကဆီကိုနှင့် ကနေဒါမှ တင်သွင်းသည့် အချို့သော ကုန်ပစ္စည်းများအပေါ် ၂၅% ခွန်နှင့် အမေရိကန်သို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းအများစုအပေါ် ၁၀% အထွေထွေကုန်သွယ်ခွန်များကို ရပ်တန့်လိုက်သည်။သို့သော် ၎င်းက ကားများ၊ ကားအစိတ်အပိုင်းများ၊ သံမဏိ သို့မဟုတ် အလူမီနီယမ်များအပေါ် ၂၅% ကုန်သွယ်ခွန်များကို မသက်ရောက်စေဘဲ ထိုကုန်သွယ်ခွန်များကို Trade Expansion Act ၏ Section 232 အရ သတ်မှတ်ထားခြင်းဖြစ်ပြီး ထရမ့်၏ ကုန်သွယ်ရေးလုပ်ဆောင်ချက်များအတွက် ကိုးကားခဲ့သည့် ဥပဒေနှင့်ကွဲပြားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Trump အစိုးရက အမေရိကန်ကုမ္ပဏီအချို့အား တရုတ်နိုင်ငံသို့ ကုန် ပစ္စည်းရောင်းချခြင်းကို ရပ်တန့်ရန် အမိန့်ပေးခဲ့

Financial Times (FT) မှ ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ရေးသားဖော်ပြချက်အရ Trum အစိုးရသည် အမေရိကန်ကုမ္ပဏီအချို့အား တစ်ပိုင်းလျှပ်ကူး ပစ္စည်းဒီဇိုင်းဆော့ဖ်ဝဲများ တရုတ်နိုင်ငံသို့ ရောင်းချခြင်းကို ထိထိရောက်ရောက် တားမြစ်လိုက်သည်။

FT ၏ သတင်းတွင် အဆိုပါကိစ္စရပ်နှင့် ရင်းနှီးသူများကို ကိုးကား၍ Cadence၊ Synopsys နှင့် Siemens EDA အပါအဝင် ကုမ္ပဏီများ ထိခိုက်မည်ဟု ဖော်ပြထားပြီး CNN အနေဖြင့် ယခုအချက်အလက်ကို ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ Cadence နှင့် Synopsys တို့မှလည်း အတည်ပြုချက်တောင်းခံမှုများကို အကြောင်းမပြန်သေးပေ။ နောက်ပိုင်း တွင် New York Times သတင်းစာက ဂျက်အင်ဂျင်နည်းပညာနှင့် ဓာတုပစ္စည်းအချို့၏ တရုတ်သို့ရောင်းချမှုများလည်း ရပ်ဆိုင်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ဖော်ပြခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဌာန (Commerce Department) က CNN အား ဗုဒ္ဓဟူးနေ့တွင် “တရုတ်နိုင်ငံသို့ မဟာဗျူဟာမြောက် အရေးပါသော တင်ပို့မှုများကို ပြန်လည်သုံးသပ်နေသည်” ဟု ပြောကြားခဲ့သည်။

“အချို့သောကိစ္စရပ်များတွင် ကူးသန်းရောင်းဝယ်ရေးဌာနသည် လက်ရှိ ပို့ကုန်လိုင်စင်များကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် ပြန်လည်သုံးသပ်မှုကို ဆိုင်းငံ့ထားစဉ်တွင် အပိုလိုင်စင်လိုအပ်ချက်များ ချမှတ်ထားသည်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့သည် မည်သည့်ကုမ္ပဏီများ ပါဝင်သည်ဆိုသည့် CNN ၏ မေးမြန်းချက်ကို အကြောင်းမပြန်ခဲ့ပေ။

Siemens ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN အား အမေရိကန် အစိုးရသည် သောကြာနေ့ (မေ ၃၀) တွင် တရုတ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်စစ်တပ်ထုတ်ပစ္စည်းများ သုံးစွဲသူများသို့ ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲ တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်အသစ်များနှင့် ပတ်သက်၍ စက်မှုလုပ်ငန်း ကို အသိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“Siemens သည် သက်ဆိုင်ရာနိုင်ငံ၏ တင်ပို့မှုထိန်းချုပ်ရေး စည်းမျဉ်းများနှင့်အညီ လုပ်ငန်းလည်ပတ်နေစဉ် အဆိုပါ ကန့်သတ်ချက်အသစ်များ၏ သက်ရောက်မှုကို လျှော့ချရန် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ ဖောက်သည်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ၎င်းက ဆိုသည်။